အခန်း (၉၉)
Vol. 8 Ch. 99
နောက်ဆုံးတွင် စူးစမ်းချင်စိတ်က အနိုင်ရသွားသည်။ချူးရှန်မေသည် စားပွဲပေါ်ရှိ ပုံကြမ်းများကို ကိုင်ကာ စစ်ဆေးကြည့်ခဲ့သည်။
တူတယ်!
လုံးဝကို တူတယ်!
အထူးသဖြင့် ထိုမျက်လုံးတစ်စုံ။ ၎င်းတို့သည် သူမ၏ တူမငယ်နှင့် လုံးဝတူသည်။ ထို့အပြင် သူမ၏ အမူအရာက အလွန်တူသည်။
ရှန်းမိသားစုမှာ ဘာလို့ သူမတူမရဲ့ ပုံကြမ်းရှိနေတာလဲ? ဒါမှမဟုတ် တစ်ယောက်ယောက်က ပုံစံတူလား?
ထိုအချိန်တွင် ရှန်းလင်းလင်းသည် လက်ဖက်ရည်နှစ်ခွက်နှင့် ထွက်လာသည်။
ထိုမှသာ ချူးရှန်မေသည် သူမ၏ အပြုအမူသည် ရိုင်းစိုင်းကြောင်း သဘောပေါက်သွားသည်။ ချက်ခြင်း ထရပ်ပြီး တောင်းပန်သည်။ "တောင်းပန်ပါတယ်။ နင်သဘောမတူဘဲ စားပွဲပေါ် က တစ်ခုခုကို ထိလိုက်တယ်!"
ရှန်းလင်းလင်းက စိတ်ထဲမထားပေ။ "ရတယ်။ ကြည့်ချင်ရင် ယူသွားလိုက်။ ပုံကြမ်းထဲက ကလေးမလေးက လူကုန်ကူးသူတွေ ပြန်ပေးဆွဲခံရတဲ့ ကံဆိုးတဲ့ ကလေး။ တစ်နေ့နေ့ သူ့ပုံစံနဲ့ တူတဲ့သူကို တွေ့ရင် ငါ့ကို ပြောပြဖို့ မမေ့နဲ့နော်!"
ချူးရှန်မေ၏ နှလုံးခုန်သံက မြန်သွားပြီး မျက်နှာက အနည်းငယ် ထူးဆန်းနေသည်။ "ပုံကြမ်းထဲက မိန်းကလေးကို ပြန်ပေးဆွဲသွားတယ်လို့ ဆိုလိုတာလား?"
ရှန်းလင်းလင်းသည် လက်ဖက်ရည်ခွက်နှစ်ခွက်ကို စားပွဲပေါ်တင်ကာ သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒီဒီကလေးမလေး နာမည်က ဝမ်အာ"
ဝမ်အာလေးက ပျောက်ဆုံးသွားသည့် အကြောင်းအား သူမ၏ သူငယ်ချင်းကို အတိုချုံးပြောပြသည်။
နားထောင်ပြီးနောက် ချူးရှန်မေ၏ မျက်နှာပေါ်ရှိအမူအရာသည် ပို၍ပင်ထူးဆန်းလာသည်။
ကောင်မလေးနှစ်ယောက်က ရုပ်ချင်းဆင်တူပြီး အသက်အရွယ်တူပြီး အကျင့်လည်း တူသည်။ အစ်ကို၏ သမီးလေးက မိဘများ ဆုံးပါးသွားသည်ကလွဲ၍ ကျန်သည်မှာ အတူတူပင်။
သူမက ဘာမှမသိဟန်မဆောင်နိုင်လောက်အောင် ဆင်တူသည်။
ရှန်းလင်းလင်းသည် သူမ၏ သူငယ်ချင်းက ထူးဆန်းနေသည်ကို သတိပြုမိပြီး "ဘာဖြစ်နေတာလဲ? ဘယ်မှာ နေမကောင်းဘူးလဲ?" ဟု မေးသည်။
ချူးရှန်မေက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ခဏအကြာတွင် သူမက စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ "ငါ နင့်ကို ပြောစရာရှိတယ်"
ထို့နောက် သူမသည် သူမ၏အစ်ကိုအကြီးဆုံးနှင့် ယောက်မတို့က ချူးဝမ်ကို မွေးစားသည့်အကြောင်း သူငယ်ချင်းကို ပြောပြသည်။
သူမ၏ စကားကို ကြားလိုက်ရသောအခါ ရှန်းလင်းလင်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူမ သူငယ်ချင်း၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
"နင့်အစ်ကို မွေးစားထားတဲ့ တူမလေးက ဒီပုံကြမ်းထဲက လူနဲ့ တော်တော်တူတယ်လို့ နင်ပြောတာလား? ပြီးတော့ သူမကို လူကုန်ကူးသူတွေလက်ကနေ ကယ်တင်ခဲ့တာလား?"
ချူးရှန်မေက ခေါင်းညိတ်သည်။ "အရမ်းတူတယ်။ အကျင့်က နင်ပြောတာနဲ့ တော်တော်ဆင်တူတယ်။ ငါ့တူမလေးနဲ့ တူတူနေတာ တစ်လခွဲလောက်ရှိပြီ။ အခုချိန်ထိ ငါ့ကို စကားတစ်ခွန်းမှ မပြောသေးဘူး။ ဒါပေမယ့် ငါ့တူမလေးမှာ မိဘတွေရှိတယ်။ ဒါတင်မကသေးဘူး။ သူမရဲ့ မိဘအရင်းတွေ ဆုံးပါးသွားကြောင်း ရဲတွေက အတည်ပြုခဲ့တယ်"
ရှန်းလင်းလင်းက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခဏလောက်စဉ်းစားသည်။ "ရှန်မေ၊ ဒီကိစ္စက ချောင်မိသားစုကို ပြောပြတာ ပိုကောင်းမယ်ထင်တယ်။ နားလည်မှုလွဲနေရင် တင့်မိသားစုက ကလေးကို အနာဂတ်မှာ ပိုပြီး ယုံကြည်မှုအပြည့်နဲ့ မွေးစားနိုင်တယ်။ မှားသွားရင်... ကလေးကို မိဘတွေဆီ ပြန်ပေးသင့်တယ် မဟုတ်လား?"
ချူးရှန်မေက ချက်ချင်းပြန်မဖြေပေ။
သူမသည် တိုက်ဆိုင်မှုတစ်ခုသာဟု တစ်ကိုယ်ကောင်းဆန်စွာ မျှော်လင့်ခဲ့သည်။ သူမအစ်ကိုနှင့် ယောက်မက ထိုကလေးကို ဘယ်လောက်ချစ်ကြောင်း သူမ သိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူမ၏ တူမ ကွယ်လွန်သွားသောအခါ အစ်ကိုကြီးနှင့် ယောက်မတို့ နှစ်ဦးစလုံး အလွန်ဝမ်းနည်းကြေကွဲကြသည်။ အထူးသဖြင့် ယောက်မဖြစ်သူက ကလေးနောက်သို့ လိုက်လုနီးပါး ဖြစ်သွားသည်။
ယခုတွင် သူတို့၏ ခံစားချက်များကို ဒီကလေးဆီသို့ လွှဲပြောင်းပေးထားသည်။ ကလေးကို သူတို့ဆီကနေ ခေါ်သွားရသည်က ရက်စက်စရာကောင်းသည်။
သူမ၏ သူငယ်ချင်းက ဘာမှပြန်မပြောသည်ကို မြင်သောအခါ ရှန်းလင်းလင်းက အနည်းငယ်စိုးရိမ်သွားသည်။
"ရှန်မေ၊ ဒီကလေးနဲ့ခွဲခွာဖို့ ဝန်လေးနေတယ်ဆိုတာ ငါနားလည်တယ်။ ဒါပေမယ့် ဝမ်အာရဲ့အဖေက ဘယ်လောက်သနားစရာကောင်းလဲဆိုတာ နင်မသိဘူး။ အစ်ကိုကြီး ကူညီပေးချင်တယ်လို့ ကြားတဲ့နေ့မှာတော့ အသက်ကြီးတဲ့ လူကြီးက ငိုယိုနေတယ်။ ခရိုင်နဲ့ ခရိုင်မြို့မှာ ရှာဖို့ အကြိမ်ပေါင်းများစွာ သွားသေးတယ်လို့ ကြားတယ်။ နင်..."
သူမ၏ သူငယ်ချင်းက အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်လို စိုးရွံ့နေသည်ကို မြင်လိုက်ရသောအခါ ချူးရှန်မေက ရုတ်တရက် ရယ်မောလိုက်သည်။ "နင်စိတ်တွေပူနေတာ ကြည့်စမ်း၊း။ ငါမလုပ်ချင်ဘူးလို့ မပြောခဲ့ဘူး!"
ရှန်းလင်းလင်းသည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကောင်းလိုက်တာ၊ နင်ငြင်းမှာကို ငါ အရမ်းကြောက်နေတာ!"
ဒီကိစ္စကို သူမ၏ သူငယ်ချင်းက ခွင့်ပြုပေးရမည်။ ဒီကိစ္စကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို မထိခိုက်စေချင်ပေ။
ချူးရှန်မေက ပြောသည်။ "တစ်ချက်လောက်တော့ ငြင်းချင်သွားတယ်။ ဒါပေမဲ့ ကလေးဆုံးရှုံးရတဲ့ မိသားစုရဲ့ နာကျင်မှုကို တွေးကြည့်ရင် အစ်ကိုကြီးနဲ့ ယောက်မတို့က သိရင် ငါ့ကို သဘောတူလိမ့်မယ်!"
ရှန်းလင်းလင်းသည် စိတ်မရှည်သော စရိုက်ရှိသူဖြစ်သည်။ သူမက မတ်တပ်ထရပ်ပြီး ပြောသည်။ "ဒါဆို ချောင်အိမ်ကို အခုသွားရအောင်!"
အိမ်တွင် အစ်ကိုဖြစ်သူက မောင်းသွားသည့် ကားတစ်စီးသာ ရှိသည်။ ကံကောင်း၍ အိမ်၌ စက်ဘီးရှိသည်။
ရှန်းလင်းလင်းက စက်ဘီးကို တွန်းထုတ်လိုက်ပြီး လှည့်ကာ ချူးရှန်မေဆီသို့ မေးပင့်ပြီး ခေါ်သည်။ "လာ၊ ငါလိုက်ပို့ပေးမယ်!"
...
ချောင်အိမ်ဟောင်း...
ရှန်ရှီခိုင်သည် ဤတစ်ကြိမ်လာရန် ရည်ရွယ်ချက်ကို ပြောပြပြီးနောက်တွင် သူသည် ပါးစပ်ပိတ်ပြီး ချောင်မိသားစုကို ကြည့်ရှုနေသည်။
သာ့ချောင်ကို သူတို့၏ မွေးစားသမီးလေးအဖြစ် အသိအမှတ် ပြုလိုကြောင်း ကြားသိရသောအခါ ချောင်မိသားစုဝင်အားလုံး အံ့ဩသွားကြသည်။
ဝမ်ချွမ်ကျီသည် ပြတင်းပေါက်အောက်တွင် ဝပ်နေသည်။ ဒီစကားကြားသောအခါ သူမက အလွန် စိုးရိမ်သွားသည်။
အိုက်ယား၊ ရှန်းမိသားစုက ဘာတွေဖြစ်နေတာလဲ?
အန်းပင်းက ဘယ်လောက် အံ့သြစရာကောင်းလဲ? ဉာဏ်ကောင်းပြီး ရုပ်ရည်လည်း ကောင်းသည်။ အန်းပင်းကို သူတို့ရဲ့ မွေးစားသားအဖြစ် ဘာကြောင့် လက်မခံချင်တာလဲ?
သူမထံတွင် သမီးနှစ်ယောက်ရှိသေးသည်။ ဘာကြောင့် ဘေးဆိုးသာ့ချောင်ကို စိတ်ကူးယဉ်တာလဲ?
ချောင်ကျန်းကော် အပြင်မှ ဝင်လာစဉ်တွင် ဝမ်ချွမ်ကျီသည် အလျင်အမြန်သွားပြီး ထိုအကြောင်းကို ပြောပြသည်။
နားထောင်ပြီးနောက် ချောင်ကျန်းကော်က သက်ပြင်းချလိုက်သည်။ "မိန်းမ၊ ငါတို့ကလေးတွေက သာ့ချောင်လောက် ရုပ်မချောဘူးဆိုတာ မင်းဝန်ခံရမယ်။ မင်းအပြစ်ပဲ..."
"ရပ်၊ ရပ်၊ ရပ်! ဆက်မပြောနဲ့တော့!" ဝမ်ချွမ်ကျီသည် 'မင်းအပြစ်ပဲ' ဟူသော စကားကိုကြားသောအခါ ကျိန်ဆဲချင်လာသည်။
"အခု ဘာလုပ်ရမလဲဆိုတာ ပြောပြပါဦး။ ရှင်အထဲဝင်ပြီး ကျွန်မတို့ကလေးတွေကိုလည်း မွေးစားသားသမီးတွေ အသိအမှတ်ပြုဖို့ အမေ့ကိုပြောခိုင်းရင် ဘယ်လိုလဲ?"
ချောင်ကျန်းကော်က သူမကို ဉာဏ်ရည်မမီသည့်လူအား ကြည့်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ "မိန်းမရေ၊ မင်းက ဦးနှောက်မကြီးဘဲ ဘယ်လိုလုပ် အသားပဲ ကြီးထွားလာတာလဲ? ငါတို့ ကလေးတွေက မင်းလိုပဲ၊ ဉာဏ်လည်းမကောင်းသလို ရုပ်ရည်လည်း မလှဘူး။ ဘာလို့ လူတွေက သူတို့ကို မွေးစားသားသမီးအဖြစ် လိုချင်ရမှာလဲ? မိန်းမ၊ ငါတို့က လူသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို သတိရှိရမယ်!"
သူသည် လေးနက်သော ပုံစံနှင့်ပြောသည်။ သူ့လက်ကို မြှောက်လိုက်ပြီး သူမပုခုံးကို လေးနက်စွာ ပုတ်လိုက်သည်။
ဝမ်ချွမ်ကျီ - "..."
သူမကို သေတဲ့အထိ ဒေါသထွက်အောင် လုပ်နေတယ်။
"ဒါ မင်းအပြစ်ပဲ" ကို မပြောရန် တားခဲ့သည်။ သူဘယ်လိုလှည့်ပြီး သူမကို မိုက်မဲပြီး ရုပ်ဆိုးတယ်လို့ ပြောနိုင်သေးလဲ?
အခန်းထဲက ထွက်လာသည့် ချောင်တုန်းယင်နှင့် ချောင်တုန်းဟယ်တို့ ညီအစ်မနှစ်ယောက်က မိဘများ၏ စကားပြောသံကို ကြားပြီး ဆွံ့အသွားသည်။
ချောင်ရှို့ကျီက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "သာ့ချောင်ရဲ့မိဘတွေကို ဒီအကြောင်းမေးကြည့်ပါ"
ရှန်းရှီခိုင်နှင့် ချင်ရှောင်မေတို့သည် ကန့်ကွက်ခြင်းမရှိပေ။
ချောင်ကျန်းကော်က ဝင်လာသည်နှင့် ချောင်ရှို့ကျီသည် ဒုတိယသားနှင့် လင်းဟွေ့ကို လာရန် ချက်ချင်း အကြောင်းကြားခိုင်းလိုက်သည်။
ချောင်ကျန်းကျွင်း ရောက်ရှိလာပြီးနောက် ရှန်းမိသားစုသည် သူ့သမီးကို မွေးစားသမီးလေးအဖြစ် အသိအမှတ်ပြုလိုကြောင်း သိလိုက်ရသည်။ "ခင်ဗျားတို့ နောက်နေတာ မဟုတ်ဘူးလား?"
ရှန်းရှီခိုင်က ရယ်မောလိုက်သည်။ "ကျွန်တော်န်တော်တို့က ဒီလိုကိစ္စမျိုးကို ဟာသမလုပ်ပါဘူး။ ဟာသတစ်ခုအတွက် ပစ္စည်းအများကြီးကို ဒီလောက်အဝေးကြီး မယူလာပါဘူး။ ကျွန်တော်တို့က လွန်လွန်းသွားမယ် မဟုတ်ဘူးလား?"
အဲဒါက မှန်တယ်။
ချောင်ကျန်းကျွင်းက ခေါင်းညိတ်လိုက်သည်။ "ဘာလို့ သာ့ချောင်ကိုလဲ?"
ရှန်းရှီခိုင်က မျက်ခုံးပင့်လိုက်သည်။ "ဘာလို့ သာ့ချောင် မဖြစ်ရမှာလဲ? ကလေးက မတော်ဘူးလို့ ထင်နေတာလား? ဒါမှမဟုတ် သူက ချစ်စရာမကောင်းဘူးလို့ မင်းထင်နေတာလား?"
ချောင်ကျန်းကျွင်းက စကားပျောက်ရှသွားသည်။ "ခင်ဗျား ကလေးကို တကယ်ချစ်သရွေ့ အဖေတစ်ယောက်အနေနဲ့ ကျုပ်က ကန့်ကွက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကလေးက ဉာဏ်ရည်ထက်မြက်နေပြီမို့ ကျုပ်တို့ သူမကို ကိုယ်တိုင်မေးသင့်တယ်"
သာ့ချောင် ဝင်လာသောအခါ လူတိုင်း၏ မျက်လုံးများက သူမကို စူးစိုက်ကြည့်နေကြသည်။
သာ့ချောင်က လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
သူမ၏ နူးညံ့ပြီး ချစ်စရာကောင်းသည့် ပုံစံကို မြင်လိုက်ရသောအခါ ချင်ရှောင်မေ၏ နှလုံးသားက ချက်ချင်း အရည်ပျော်သွားသည်။ သူမ၏ လက်ကို ဆုပ်ကိုင်ပြီး ပြောသည်။ "သာ့ချောင်၊ သမီးက အဒေါ်နဲ့ ဦးလေးရှန်းကို သဘောကျလား?"
ရှန်းထျန်းရုံက ပြေးလာပြီး မကျေမနပ်နှင့် ပြောသည်။ "အမေ၊ ဘာလို့ သားကို မေ့သွားတာလဲ?"
ချင်းရှောင်မေက ရယ်မောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ မင်း။ သာ့ချောင်က သားကို ကြိုက်လားလို့ မေး"
ရှန်းထျန်းရုံသည် သူ့မိဘများက သာ့ချောင်ကို သူ့အစ်မအဖြစ် အသိအမှတ်ပြုလိုကြောင်း သိထားပြီးဖြစ်သည်။ ဤအစီအစဉ်ကို သူအလွန်ကျေနပ်သည်။
"အစ်မသာ့ချောင်၊ မောင်လေးမိဘတွေက အစ်မကို သူတို့ရဲ့ မွေးစားသမီးအဖြစ် အသိအမှတ်ပြုချင်တယ်။ အစ်မကို မောင်လေးရဲ့ မွေးစားအစ်မ ဖြစ်စေချင်တယ်။ အစ်မကော ဖြစ်ချင်လား?"
သာ့ချောင်၏ မျက်လုံးကြီးများက မှိတ်တုတ်မှိတ်တုတ်နှင့် ရှုပ်ယှက်ခတ်နေသည့် အရိပ်အယောင်များ ပြနေသည်။ အဖွားဘက်သို့ လှည့်လိုက်သည်။
ချောင်ရှို့ကျီက သူမ၏ ဆံပင်ကို ပွတ်သပ်ပြီး ပြောသည်။ "သမီးအဘိုးနဲ့ ငါက ကန့်ကွက်စရာ မရှိဘူး။ သမီးအဖေလည်း တူတူပဲ။ ဦးလေးရှန်းနဲ့ အန်တီချင်းတို့နှစ်ယောက်လုံးက လူကောင်းတွေပဲ"
ရှန်းမိသားစုက သာ့ချောင်ကို သူတို့၏ မွေးစားသမီးလေးအဖြစ် အသိအမှတ်ပြုချင်ကြောင်း ကြားသိရသည့်အခါ သူမက အနည်းငယ် ထိတ်လန့်သွားသည်။ မကြာခင်မှာပင် သူမက တုန်လှုပ်ချောက်ချားပြီး သက်သာရာရသွားသည်။
သူတို့၏ ချောင်မိသားစုက သာမန်လူများသာ ဖြစ်သည်။ ရှန်းမိသားစုက ပူးပေါင်းကြံစည်ရန် ဘာမှမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့၏ ချောင်မိသားစုသည် ပတ်ဝန်းကျင်အမြင်တွင် အဆင့်အတန်း တိုးလာသည်။
သူတို့က သာ့ချောင်ကို အရမ်းကြိုက်သည်။ ၎င်းက သာ့ချောင်နှင့် ရှန်းမိသားစု၏ ကံကြမ္မာဖြစ်သည်။ သာ့ချောင်၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်သည်။ သူမကို တားရန် အကြောင်းမရှိပေ။
သာ့ချောင်သည် မောင်လေးထျန်းရုံကို နူးညံ့စွာ စိုက်ကြည့်နေသော သူမ၏ ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက မေးလိုက်သည်။
"သမီးက အန်တီရဲ့မွေးစားသမီးဖြစ်ရင် သမီးမိဘရဲ့သမီးဖြစ်သေးလား?"
လက်ရှိမိသားစုကို အရမ်းသဘောကျသည်။ သူမ လုံးဝမထားခဲ့ချင်ပေ။
ချင်းရှောင်မေက ပြုံးပြီး ပြန်ပြောသည်။ "ဟုတ်ပါတယ်။ အန်တီတို့ရဲ့ မွေးစားသမီးလေး ဖြစ်လာပြီးရင် သမီးမိဘတွေရဲ့ သမီးဖြစ်နေတုန်းပဲ။ သမီးက ချောင်အိမ်မှာ နေနေရတုန်းပဲ။ အရင်ကနဲ့ ဘာမှ မပြောင်းလဲဘူး!"
အရင်အတိုင်းပဲဆိုတော့ ဘာမှစိုးရိမ်စရာမရှိပေ။
သာ့ချောင်က သူမ၏ လှပသော မျက်လုံးလေးကို မှိတ်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေသညိ။ "ဒါဆို သမီးလက်ခံတယ်"
ချင်ရှောင်မေသည် ချက်ချင်းပင် ကြည်နူးသွားသည်။ ရှန်းရှီခိုင်က အိမ်ပြန်ပြီး လက်ထပ်ခွင့်တောင်းသည်ထက်ပင် ပိုပျော်သည်။
ဒီနေ့ကစပြီး သူမမှာ သမီးလေးတစ်ယောက်ရှိသညါ။
လင်းဟွေ့ ပြန်ရောက်ပြီးနောက် ချင်ရှောင်မေသည် သာ့ချောင်ကို တရင်းတနှီး ပွေ့ဖက်ထားပြီး လက်မလွှတ်သဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။
သမီးက သူမကို အမေဟုပဲ ခေါ်သေးသည်။ ဘာကြောင့် ခေါင်းလှည့်လိုက်ရုံနဲ့ မွေးစားအမေက ရောက်လာတာလဲ?
သို့သော် မကြာခင်မှာပင် သူမ၏ အမြင်က ပြောင်းသွားသည်။
သာ့ချောင်သည် အတိတ်တွင် ခါးသီးစွာ နေထိုင်ခဲ့ရသည်။ ယခု ခါးသီးမှုအဆုံး၌ ချိုမြိန်မှုများ ရှိနေသည်။ လူအများက သူမကို နှစ်သက်ကြသည်။ ၎င်းက သူမ၏ ကောင်းချီးပင်င်။ သူမအတွက် ပျော်ရွှင်သင့်သည်!
ချင်းရှောင်မေနှင့် လင်းဟွေ့တို့သည် အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးများဖြစ်သည်။ နှစ်ယောက်သား စကားစမြည်ပြောကြပြီးနောက် လျင်မြန်စွာ သူငယ်ချင်း ဖြစ်လာကြသည်။
သာ့ချောင် ဝတ်ထားသည့် အဝတ်အစားများကို လင်းဟွေ့က ဖန်တီးထားကြောင်း ချင်းရှောင်မေ သိပြီးနောက် ပို၍ မနာလိုဖြစ်သွားသည်။
" ရိုးရိုးသားသားပြောရရင် ငါ့လက်တွေက မကောင်းဘူး။ အဝတ်အစားတွေ ပြင်ဖို့နေနေသာသာ လက်မှုပညာနဲ့ ပတ်သက်ရင် ငါဘာမှ မလုပ်နိုင်ဘူး။ ကြောက်စရာကောင်းတဲ့အဆုံးသတ် ဖြစ်သွားကြတယ်!"