အခန်း (၁၀၀)
Vol. 8 Ch. 100
လင်းဟွေ့သည် လူများက သူတို့ကိုယ်သူတို့ ဒီလို အရှက်ခွဲသည်ကို ကြားရတာ ပထမဆုံးအကြိမ်ပင်။ "တကယ်တော့ ဒါတွေက လုပ်ရတာ အရမ်းလွယ်တယ်။ ဒီနေ့က ကလေးရဲ့ မွေးနေ့ဆိုတော့ အမြန်လုပ်လိုက်တာ"
ချင်းရှောင်မေ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ "ဘာလဲ၊ ဒီနေ့ ငါ့ရဲ့ အဖိုးတန်မွေးစားသမီး မွေးနေ့လား? နင် ငါတို့ကို ဘာလို့ စောစောက မပြောခဲ့တာလဲ?"
လက်ဆောင်ပြင်ဆင်ရန် သေချာပေါက် နောက်ကျသွားပြီ။ ချင်းရှောင်မေသည် သူမ၏ တစ်ကိုယ်လုံးကို ထိလိုက်သည်နှင့် သင့်လျော်မှု တစ်စုံတစ်ရာ မတွေ့ရပေ။ ထို့နောက် သူမသားကို ခေါ်လိုက်သည်။
ရှန်းထျန်းရုံက သူ့အမေ ဘာလုပ်ချင်လဲဆိုသည်ကို မသိပေ။ သူ့လည်ပင်းပေါ်က ရွှေဆွဲသီးကို အဖြုတ်ခံလိုက်ရသည်။
"သား၊ ဒါက အစ်မအတွက် မွေးနေ့ လက်ဆောင်ပဲ။ အမေက နောက်မှ တစ်ခုခု ပြန်ဝယ်ပေးမယ်" ချင်းရှောင်မေက အမှန်အတိုင်းပြောလိုက်သည်။
ရှန်းထျန်းရုံ - သားအမေ ဟုတ်သေးရဲ့လား?
ရှန်းမိသားစု ရောက်ရှိလာသောကြောင့် နေ့လယ်စာကို ပိုမိုများပြားစွာ ပြင်ဆင်ခဲ့သည်။
ရွှယ်ချွမ်သည် သာ့ချောင်အတွက် အနီရောင် စွံပလွံသီးကိတ်မုန့်လုပ်ပေးသည်။ ချိုမြိန်သော အနီရောင် သွံပလွံကိတ်မုန့်ကို သကြားညိုနှင့် အနီရောင်စွံပလွံများဖြင့် ပြုလုပ်ထားသည်။ အနီရောင်စွံပလွံသီးများ၏ ရနံ့များနှင့် မွှေးပြီး နူးညံ့နေသည်။
ကလေးများက ၎င်းကို အလွန် ကြိုက်သည်။
ဤအစားအစာကို သာ့ချောင်၏ မွေးစားသမီးအဖြစ်အသိအမှတ်ပြု အစားအစာအဖြစ်လည်း မှတ်ယူနိုင်သည်။ ညစာစားပွဲတွင် သူမသည် မွေးစားအဖေနှင့် မွေးစားအမေဟု ချိုသာစွာ ပြောင်းခေါ်သည်။
ချင်းရှောင်မေသည် အလွန်ဝမ်းသာသွားပြီး နားရွက်ချိတ်သည်အထိ ပြုံးသွားသည်။ သူမသည် သားထံမှ ယူထားသော ရွှေဆွဲသီးကို သာ့ချောင်၏ လည်ပင်းပေါ်တွင် ကိုယ်တိုင်ဆွဲပေးလိုက်သည်။
ချောင်ကျန်းကျွင်းက မသင့်တော်ဘူးဟု ခံစားမိသည်။ "ဒီလက်ဆောင်က အရမ်းအဖိုးတန်တယ်။ မင်းတို့ပြန်ယူသင့်တယ်"
ရှန်းရှီခိုင်က ပြောသည်။ "ဒါက ရွှေဆွဲသီးလေးပဲ။ သာ့ချောင်က ကျုပ်တို့ရဲ့ မွေးစားသမီးလေးလေ။ ကျုပ်တို့ မွေးစားမိဘတွေ ဘယ်လိုလုပ် ကပ်စေးနှဲရမှာလဲ?"
သာ့ချောင်က တောက်ပြောင်သည့် ရွှေဆွဲသီးကို ဆွဲကိုင်လိုက်ပြီး ပြောသည်။ "မွေးစားအမေ၊ ဒီလက်ဆောင်က အရမ်းတန်ဖိုးကြီးလွန်းတယ်။ ပြန်ယူသင့်တယ်"
ချင်းရှောင်မေသည် သူမ၏သမင်နှင့်တူသောမျက်လုံးများကိုတွေ့လိုက်ရပြီး နှလုံးသားသည် ပျော့ပျောင်းသွားသည်။ "အဖိုးမတန်ပါဘူး။ ဘယ်လိုတန်ဖိုးကြီးမှာလဲ? မင်းကြိုက်သလောက်တော့ အရာအားလုံးကို မွေးစားအမေက ဝယ်ပေးမယ်!"
သာ့ချောင်သည် မွေးစားအမေက အမှန်တကယ် ပြန်မယူချင်ကြောင်းကို မြင်လိုက်ရပြီး သူမ ခေါင်းကို ငုံ့ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူမသည် မျက်နှာကို နမ်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် မွေးစားအမေ၊ သမီး အရမ်းကြိုက်တယ်"
ချင်းရှောင်မေ၏ နှလုံးသားသည် ပျားရည်ရေထဲသို့ ရုတ်တရက် ကျသွားပုံရသည်။ ဆဲလ်တိုင်းသည် ချိုမြိန်မှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်းထျန်းရုံသည် သူ၏ 'ညီအမ လင်းယုန်' အနားတွင် ရှိနေသည်။ သူ့အမေကို တစ်စုံတစ်ယောက်က ခိုးယူသွားသည်ကို လုံးဝမသိလိုက်ပေ။
တစ်ဖက်တွင် ဝမ်ချွမ်ကျီက ရွှေဆွဲသီးကို စိုက်ကြည့်နေသည်။ သူမ၏ တစ်ကိုယ်လုံးသည် မုန်လာဥချဉ်အဖြစ်သို့ ပြောင်းလဲသွားတော့မည်။
ဖိနပ်လျက်တဲ့ သာ့ချောင်က ဘယ်လိုလုပ် ကောင်းတဲ့အရာတွေ သိမ်းသွားတာလဲ?
အရမ်းစိတ်တိုတယ်။
ချောင်ကျန်းမင်သည် ထောင့်တွင်ထိုင်ကာ လူတိုင်း၏ ပျော်ရွှင်ရယ်မောမှုကို ကြည့်နေသည်။ သူ့နှလုံးသားက ခါးသီးစွာ ပေါက်ကွဲနေသည်။
ဒီအချိန်မှာ သူ့သမီး ဘယ်ရောက်နေလဲ မသိပေ။
သူမ ဗိုက်ပြည့်ရဲ့လား? နွေးနွေးထွေးထွေးဝတ်ထားသလား? ပြန်ပေးဆွဲသူက သူမကို ကောင်းမွန်စွာ ဆက်ဆံပ့ါမလား?
ပြန်ပေးဆွဲခံရသူက ကောင်လေးတစ်ယောက်ဆိုလျှင် သူ့ကိုယ်သူ လိမ်လည်ပြီး ကလေးက သားမရှိသည့် မိသားစုဆီ သွားနိုင်သည်ဟု ပြောလို့ရသည်။
သို့သော် ဝမ်အာသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး စကားမပြောချင်ပေ။ သူမ ဘာဖြစ်လာမလဲဆိုတာကို လေးလေးနက်နက် မတွေးဝံ့ပေ။
သယ်ယူပို့ဆောင်ရေးလုပ်တုန်းက တစ်စုံတစ်ယောက်က သမီးများစွာ မွေးထားသဖြင့် သမီးလေးကို ကလေးသတို့သမီးလေးအဖြစ် ရောင်းစားသည်ဟု မကြာခဏကြားရးဖူးသည်။ ကလေးသတို့သမီးလောင်းများသည် တစ်ယောက်မှ ကောင်းကောင်းမနေထိုင်ရပေ။
သူ့ကလေးဝမ်အာက ကလေးသတို့သမီးအဖြစ် ရောင်းစားခံရရင် သူဘာလုပ်ရမလဲ?
အတွေးက သူ့နှလုံးသားကို နာကျင်စေသလို အသက်ရှူမဝလောက်အောင် ဖြစ်သွားသည်။
ဝမ်းနည်းမှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားကာ သူ့ကိစ္စကြောင့် လူတိုင်း၏ စိတ်ခံစားချက်ကို မထိခိုက်စေလိုပေ။
...
ဖန်အိမ်၌။
ဖန်ရှောင်ကျွမ်းက နိုးလာသောအခါတွင် သူမသည် အဆိပ်သင့်ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ ကျေးဇူးတရားနှင့် မုန်းတီးမှုတို့သည် သူမ၏နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။ သူမသည် လင်းဟွေ့နှင့် သာ့ချောင်တို့ကို အကြိမ်ရာပေါင်းများစွာ ကျိန်ဆဲခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ဝမ်ရှင်းရှန်က စကားတစ်ခွန်းမှ မပြောဘဲ ပါးရိုက်လိုက်သည်။
ဖန်ရှောင်ကျွမ်းက အံ့ဩသွားသည်။ နောက်အခိုက်အတန့်တွင် သူမ၏ မီးတောက်က ပြန်တောက်လာသည်။ "ဝမ်ရှင်းရှန်၊ ရှင် ကျွန်မကိုထပ်ပြီးရိုက်ပြန်ပြီလား? ဒီနေ့ရှင်းအောင်မပြောရင် ရှင်နဲ့ကျွန်မတိုက်မယ်!"
ဒီရက်တွေ ဆက်မနေနိုင်တော့ပေ။
သူမက အပြင်၌ အနိုင်ကျင့်ခံရသည်။ သူမ၏ ယောက်ျားအနေနှင့် သူမကို မထောက်ပေးသည့်အပြင် ပိုရက်စက်သည်။
ဝမ်ရှင်းရှန်က ဒေါသတကြီး မျက်နှာထားနှင့် ပြောသည်။ "အပြင်ထွက်ပြီး ဒုက္ခထပ်မပေးဖို့ ငါဘယ်နှစ်ခါသတိပေးထားတာလဲ? ငါ့စကားနားထောင်ရဲ့လား? မင်းမလုပ်ချင်ရင် ဒီကနေထွက်သွား!"
ဖန်ရှောင်ကျွမ်းက ဒေါသကြောင့် တုန်ယင်နေသည်။ "ဝမ်လူယုတ်မာ။ ရှင် ကျွန်မကို ကောင်းကောင်း ဆက်ဆံမယ် လို့ မပြောရင် ကျွန်မက ရှင်နဲ့ ဘယ်လို နေမှာလဲ? ကျွန်မ ဒီမှာ ရှိနေတော့ တန်ဖိုး မထားတော့ဘူး။ မဟုတ်လား?"
ဝမ်ရှင်းရှန်းက နှုတ်ခမ်းစူပြီး လှောင်ပြောင်လိုက်သည်။ "ဖန်ရှောင်ကျွမ်း၊ မင်း ဘယ်လောက် အပြစ်ကင်းစင်တယ် ဆိုတာ မပြောနဲ့။ မင်းတကယ် မိန်းမကောင်း တစ်ယောက် ဆိုရင် လက်မထပ်ခင် ငါနဲ့ အိပ်မှာ မဟုတ်ဘူး! ငါက လူယုတ်မာ ဆိုရင် မင်းက မကောင်းတဲ့ မိန်းမပဲ။ ငါတို့အထဲက ဘယ်တစ်ယောက်က တခြားသူကို အထင်သေးနိုင်မလဲ? ဒါပေမယ့် မင်းကိုပြောပြမယ်။ မင်းအသိုင်းအဝိုင်းကို သတင်းပို့မှာကို ငါမကြောက်ဘူး။ဒါကြောင့် ဝမ်အိမ်မှာ ဆက်နေချင်တယ်ဆိုရင်တော့ နာခံမှု။ မဟုတ်ရင် ဒီကနေ အမြန်ဆုံး ထွက်သွား!"
သူပြောပြီးနောက်မှာ ဖန်ရှောင်ကျွမ်းကို ပြန်လည်ချေပရန် အခွင့်အရေး မပေးဘဲ လက်ကျန်ငွေကို ယူကာ ထွက်သွားပြန်သည်။
"ဝမ်ရှင်းရှန်၊ ဒီကိုပြန်လာ!"
ဖန်ရှောင်ကျွမ်းက ဝမ်ရှင်းရှန်၏ နောက်ကျောကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲတော့မည်။
သူမကို စိတ်တိုစေသည်!
သူမနဲ့ လက်ထပ်ခဲ့တာ ဘာကောင်လဲ?
ဖန်ရှောင်ကျွမ်းသည် သူမ၏ အကြောင်းကို ပိုတွေးလေ ပိုဒေါသဖြစ်လာသည်။ နောက်ဆုံးတွင် 'ဝါး' ခနဲ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။
မီးဖိုချောင်တွင် ချက်ပြုတ်နေသော ရှောင်ချောင်သည် လျစ်လျူရှုကာ မီးဖိုရှေ့တွင် ထိုင်နေသည်။
ဒီနေ့က သူမ၏ မွေးနေ့ ဖြစ်သည်။ သို့သော် မနက်အိပ်ရာနိုးကတည်းက အိမ်အလုပ်များကို လုပ်နေရသည်။
ကြက်ဥနီ မရှိပေ။ သက်ရှည်ခေါက်ဆွဲလည်းမရှိပေ။ အညိုရောင်သကြားကိတ်မုန့် မရှိပေ။ အဝတ်အစားသစ်ဆို ပိုဆိုးသည်။
ဘာမှ မရှိဘူး!
သူမအမေ၏ ငိုကြွေးသံသည် သူမနားထဲတွင် ဆက်တိုက်ကြားနေရသည်။ သူမကို နှစ်သိမ့်ပေးရန် လုံးဝ မသွားချင်ပေ။
အရင်တုန်းက ချောင်အိမ်တွင် သူမအမေက လူများကို နေ့တိုင်း ကြိမ်းမောင်းနေသည်။ ထိုအချိန်တွင် သူမနှင့်မဆိုင်သောကြောင့် စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။
ထိုအချိန်တွင် ကဲ့ရဲ့ခံရသူမှာ သာ့ချောင် ဖြစ်သည်။ သူမက ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်နေရကာ ဘာအလုပ်မှ လုပ်စရာ မလိုပေ။ ထို့ကြောင့် သူမအမေ၏ စရိုက်နှင့် ပတ်သတ်ပြီး ပြဿနာရှိသည်ဟု မခံစားရပေ။
သို့သော် ယခုအခါ သူမအမေကို လုံလောက်နေပြီ။
ဒီလိုကောင်းသည့် ဘဝမျိုးနှင့် နေ့တိုင်း လှည့်ပတ်နေရတယ်။ ဘယ်သူကမှ ပျော်ရွှင်စရာ မွေးနေ့ကို မပိုင်ဆိုင်နိုင်လောက်အောင်ပင်။
ဒီလိုရှုပ်ထွေးတဲ့အခြေအနေမျိုး၌ ဖဲချပ်ကောင်းကောင်းတစ်ချပ်ကို ကစားနိုင်ရန် သူမအမေက အတော်လေးကို စွမ်းဆောင်နိုင်ခဲ့သည်။
"ရှောင်ချောင်၊ ရှောင်ချောင်! ဒီကိုလာ!" ဖန်ရှောင်ကျွမ်း၏ စူးရှသော အသံသည် ပင်မအခန်းမှ ထွက်ပေါ်လာသည်။
ရှောင်ချောင်က ဆွံ့အဟန်ဆောင်လိုက်သည်။ သူမက ရုတ်တရက်ထရပ်ကာ လှည့်ထွက်သွားသည်။
သူမသည် ဒေါသတကြီးဖြင့် ချောင်အိမ်ငယ်လေးဆီသို့ ပြေးသွားသည်။
သို့သော် ချောင်အိမ်ငယ်လေးက တိတ်ဆိတ်နေသည်။ ဘယ်သူမှ မရှိတော့ပေ။
သူမက အနားကပ်ပြီး ကြည့်မည်လုပ်သောအခါ ခွေးတစ်ကောင်က ဘေးကနေ ရုတ်တရက် ခုန်တက်လာပြီး သူမဆီ ပြေးလာသည်။
"ဝုတ် ဝုတ် ဝုတ် ဝုတ်!"
ရှောင်ချောင်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ အကယ်၍ ခြံတံခါးများ ပိတ်ထားခြင်း မရှိပါက သူမသည် ဤအခိုက်အတန့်တွင် ဤခွေးဆိုးကြီး၏ ခေါက်ခြင်းကို ခံရပေလိမ့်မည်။
ဖီဖီသည် ရှောင်ချောင်အား ဆက်လက်၍ ဟောင်နေသည်။ "ဝုတ် ဝုတ် ဝုတ် ဝုတ်..."
ချောင်အိမ်ငယ်လေးရှိ သစ်တော်သီးများသည် ရင့်မှည့်လာသောကြောင့် လူများစွာသည် သစ်တော်သီးကို တိတ်တဆိတ် ခူးချင်ကြသည်။ ကံမကောင်းစွာဖြင့် သူတို့က မအောင်မြင်ခဲ့ပေ။
ဖီဖီသည် ကျောက်စိမ်းပုတီးရေသောက်ရင်း ကြီးပြင်းလာခဲ့သည်။ သာမာန်ခွေးထက် ပိုကြီးရုံသာမက အကြားအာရုံလည်း ပြတ်သားသည်။ လှုပ်ရှားမှုတိုင်းမှာ လေတိုက်သကဲ့သို့ ချက်ချင်း ပျံသွားလိမ့်မည်။
ယခု ပီပီက ရွာ၌ ခေါင်းဆောင်ကြီး ဖြစ်သည်။ ရွာကလူကြီးရော ကလေးတွေပါ အရမ်းကြောက်ကြတယ်။
ရှောင်ချောင်သည် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ချောင်အိမ်လေးရှိ လူများက အိမ်ဟောင်းကို သွားကြမည်ဟု သူမက မှန်းဆလိုက်သည်။
သူမသည် အိမ်ဟောင်းဆီသို့ လျှောက်မသွားမီ ခဏလောက် စဉ်းစားနေမိသည်။
အိမ်ဟောင်းသို့ရောက်သောအခါ အိမ်ဟောင်းတံခါးဖွင့်၍ လူတစ်စုထွက်လာသည်ကိုတွေ့လိုက်ရသည်။
ရှောင်ချောင်က မသိစိတ်ဖြင့် သစ်ပင်ကြီးတစ်ပင်၏ အနောက်တွင် ပုန်းနေလိုက်သည်။
ချင်းရှောင်မေက သာ့ချောင်၏ လက်ကို ကိုင်ထားပြီး တွန့်ဆုတ်နေသည့် အကြည့်နှင့် ပြောသည်။ "နောက်တစ်ပတ်မှာ သမီးရဲ့ကျောင်းပိတ်ရက်ရောက်ရင် သမီးကို အိမ်မှာနေဖို့ ကားမောင်းသမားနဲ့ လာခေါ်ခိုင်းလိုက်မယ်။ ပြီးတော့ အမေက အဝတ်အစားကောင်းကောင်းဝယ်ဖို့ ခေါ်သွားမယ်"
သာ့ချောင်သည် မွေးစားအမေ၏ ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားသည်။ သူမက ချိုမြိန်သော အပြုံးဖြင့် ခေါင်းကို မော့ကာ တိုးတိုးလေး ပြောသည်။
"ကျေးဇူးတင်ပါတယ် မွေးစားအမေ၊ ဒါပေမယ့် သမီးဝတ်ဖို့ အဝတ်အလုံအလောက်ရှိတယ်။ ဒါကြောင့် မွေးစားအမေက သမီးအတွက် ဝယ်စရာ မလိုဘူး"
ချင်းရှောင်မေသည် သာ့ချောင်၏ ပျော်ရွှင်စွာ ကွေးညွတ်နေသော မျက်ခုံးများနှင့် မျက်လုံးများကို ဖမ်းယူလိုက်ပြီး သူမ၏ မျက်နှာက မည်မျှ ဖြူစင်ပြီး လှပနေသည်ကို ကြည့်နေသည်။
ဒီလောက်လှသည့် မိန်းကလေး။ ထို့အပြင် သူမသည် ဆင်ခြင်တုံတရားရှိသော စကားများကို ပြောသည်။ သူမ၏ နှလုံးသားကို တကယ် အရည်ပျော်စေသည်။
သူမသည် ကလေး၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို ကိုင်လိုက်သည်။ "သမီးက မွေးစားအမေအတွက် ပိုက်ဆံချွေတာစရာ မလိုပါဘူး။ သမီးကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတာကို မြင်နေရတာကို သဘောကျတယ်"
ကလေးမလေးက အရမ်းကြည့်ကောင်းသည်။ သူမကိုကြည့်ရုံနှင့် စိတ်အခြေအနေက ကောင်းလာသည်။
ထို့အပြင် ယခုအခါ သာ့ချောင်က သူမ၏ မွေးစားသမီးလေး ဖြစ်လာသဖြင့် သူမ၏ အခင်ဆုံးသူငယ်ချင်းများက သူမကို မနာလိုနိုင်အောင် ၀တ်ဆင်ထားရမည် သေချာသည်။
ချင်းရှောင်မေနှင့် သာ့ချောင်တို့၏ ပြောဆိုမှုကို ကြားလိုက်သောအခါ ကြည့်ရှုနေသူများက အံ့သြသွားကြသည်။
ဘာလဲ?
မွေးစားအမေ?
လက်ထောက်အကြီးအကဲရဲ့ဇနီးက သာ့ချောင်ကို သူတို့ရဲ့ မွေးစားသမီးအဖြစ် အသိအမှတ်ပြုလိုက်တာလား?
တစ်စုံတစ်ယောက်သည် မျက်နှာမည်းကြီး ဝမ်ချွမ်ကျီထံသို့ တိတ်တဆိတ်သွားပြီး စုံစမ်းမေးမြန်းသည်။
ဝမ်ချွမ်ကျီသည် သူမ၏ နှလုံးသားထဲတွင် ချဥ်နေသော်လည်း သူမသည် အပြင်လူများရှေ့တွင် ကြွားဝါနေသည်။
"ဟုတ်တယ်၊ ရှန်းမိသားစုက သူတို့ရဲ့သားလေးကို ကယ်တင်ခဲ့တဲ့ ချောင်မိသားစုကို အရမ်းကျေးဇူးတင်နေတယ်၊ ငါတို့ ချောင်မိသားစုနဲ့ တကယ်ပဲ ဆွေမျိုးသားချင်းအဖြစ် ဆက်ဆံချင်လို့ သာ့ချောင်ကို မွေးစားသမီးလေးအဖြစ် အသိအမှတ်ပြုကြတယ်"
"အိုး၊ မူလက သူတို့က ငါ့ရဲ့ အန်းပင်းကို အရင်ဆုံး စိတ်ကူးယဉ်ခဲ့တာ။ ဒါပေမယ့် ငါ မလိုလားဘူး။ ငါ့ရဲ့အန်းပင်းက ချောင်မိသားစုရဲ့ တစ်ဦးတည်းသော မြေးပဲ။ တခြားသူတွေကို အဖေနဲ့ အမေ ဘယ်လိုခေါ်နိုင်မလဲ? သာ့ချောင်က တစ်မိသားစုလုံးကို ကပ်ဖားရင်းနဲ့ ရသွားတယ်။ ဒါကြောင့် သူတို့ သူမကို အသိအမှတ်ပြုလိုက်ကြတယ်"
အချို့လူများက ဝမ်ချွမ်ကျီ၏ စကားကို ယုံကြပြီး အချို့က မယုံကြပေ။
အကြမ်းမရေးဘဲ ဒီလောက်ကြီး လိမ်ပြောနေတယ်။ သူမလေသံက ရှာလကာရည်အိုးဟောင်းလို ချဉ်သည်။ သူမက သည်းမခံနိုင်တော့ဘူး!
သို့သော် ရှန်းမိသားစုက သာ့ချောင်ကို ဘာကြောင့် လိုချင်နေပါစေ၊ ရလဒ်က လူတိုင်းကို မနာလိုဖြစ်စေလောက်အောင်ပင်။
"အိုး သာ့ချောင်က တကယ်ကံကောင်းတာပဲ။ တကယ်ပဲ လက်ထောက်အကြီးအကဲရဲ့ သမီးဖြစ်သွားတယ်!"
"အဲဒါတော့ မဟုတ်ဘူး၊ ငါတော့ မနာလိုပြီး သေတော့မယ်။ နောင်တစ်ချိန်မှာ သူက ဒုဦးစီးချုပ်မိသားစုရဲ့ သမီးဖြစ်လိမ့်မယ်။ ငါတို့နဲ့ မတူတော့ဘူး!"
"သာ့ချောင်က ကပ်ဘေးကြယ်လို့ ဘယ်သူက ပြောတာလဲ? သူမက အရမ်းကံကောင်းတယ်လို့ ထင်တယ်။ ဖန်ရှောင်ကျွမ်းက သိတဲ့အခါ နောင်တရနိုင်မလားလို့ တွေးမိတယ်"
"ကံဆိုးပြီး မွေးဖွားလာတဲ့သူက တကယ်တော့ ဖန်ရှောင်ကျွမ်းလို့ ထင်တယ်။ ချောင်အိမ်မှာ ချောင်မိသားစုက ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့တယ်။ သူမထွက်သွားတာနဲ့ ချောင်မိသားစု ချက်ချင်းကြီး ချမ်းသာလာတယ်!"
များများတွေးလေ ကျိုးကြောင်းဆီလျော်လေလေပင်။
ဖန်ရှောင်ကျွမ်းက ထွက်သွားသည်နှင့် ချောင်မိသားစု၏ သစ်တော်သီးပင် ပွင့်လာပြီး ဒုတိယချောင်၏ ခြေထောက်က ပျောက်ကင်းသွားသည်။
ယခု သာ့ချောင်သည် ဒုတိယအကြီးအကဲ၏ မွေးစားသမီးဖြစ်လာသည်။ ဖန်မိသားစုသည် ကံမကောင်းဘဲ ထပ်ခါထပ်ခါ ဖြစ်နေသည်။