← Chapters

သဘောတူညီချက်လုပ်ရအောင်

Vol. 104 Ch. 1445

သဘောတူညီချက်လုပ်ရအောင်

Vol. 104 Ch. 1445

“မိသားစု ခေါင်းဆောင်”

သူတို့သည် မျိုးနွယ်အကြီးအကဲများနှင့် လူကြီးများဖြစ်သဖြင့် ရှီမာကျိယွင် သူတို့ကို မိသားစုမှနှင်မထုတ်နိုင်သည်ကိုသိသော်လည်း ထိုသို့ ပြောလိုက်သည်ကို အံ့ဩနေမိတုန်းပင်။

“ငါ ဒီကို လူအများကြီးခေါ်မလာသင့်ဘူး ဒီကနေထွက်သွားကြတော့ သွား သွား သွားကြ” ရှီမာကျိယွင်သည် စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက် သည်။

ရှီမာထူနှင့် တခြားသူများသည် ရှီမာယူယူကို ကြည့်ကြလိုက်ကြသည်။ သို့သော် မည်သည့်စကားမှ မပြောရဲကြပေ။ သူတို့သည် အင်္ကျီလက်များကို စိတ်တိုစွာဖြင့် ဝင့်ပြီး ထွက်သွားကြလေသည်။

သူတို့ထွက်သွားသည်ကို ရှီမာယူယူမြင်ပြီးနောက် ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့၏ မျက်နှာမှအပြုံးကို မြင်လိုက်ရသည်။

အစကတည်းကပင် အဘိုးနှင့်အဘွားတို့ မပျော်မရွှင်ဖြစ်သည်ကို သူမ သိထားပြီး ရှီမာထူကိုကြည့်သောအကြည့်များမှ ဒေါသနှင့် ချုပ်တည်းမှုကို မြင် နေရသည်။

အခု သူထွက်သွားလိုက်ပြီဆိုတော့ သူတို့ အကြည့်ကို ထိန်းချုပ်ဖို့ မလို တော့ဘူး။

“ဟုတ်ပြီ အခု အဲလူတွေသွားပြီဆိုတော့ ယူယူ ဘိုးဘိုးကြီးကိုပြောပြဦး သူတို့ ပြန်ကောင်းဖို့ အဲလောက်ကြာလား” ရှီမာကျိယွင် ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့ခန္ဓာကိုယ်ထဲက အဆိပ်ကို ရက်တစ်ရာအိပ်ဆေးလို့ခေါ်တယ်… အဆိပ်မိတဲ့လူက ရက်တစ်ရာ အိပ်ပျော်ပြီးတော့ အိပ်ပျော်နေတုန်းကို ဖြတ်လပ်မှုကို စားသုံးခံလိုက်ရတယ် ရက်တစ်ရာပြည့်ပြီးရင် သူတို့ဖြတ်လပ်မှုက ခြေကုန်လက်ပမ်းကျသွားလို့ အသက်ဆုံးရှုံးနိုင်တယ်”

“ရက်တစ်ရာ အိပ်ဆေးဟုတ်လား အရင်က ဒီအဆိပ်ကိုမကြားဖူးပါဘူး”

“အရမ်းကိုရှေးကျတဲ့ အဆိပ်ပဲ၊ သက်ရောက်မှုက လူတွေကို အိပ်နေတာ နဲ့တူစေတယ်၊ အဲဒါကြောင့် တော်တော်များများ မပြောနိုင်ကြဘူး၊ ပြီးတော့ သူ့ ပါဝင်ပစ္စည်းတွေက အရမ်းရှားလို့ အဆိပ်ဖြေဆေးကလည်း ဖော်စပ်ဖို့ အရမ်း ခက်တယ် နောက်တော့ ပျောက်ကွယ်လုနီးပါးပဲ” ရှီမာယူယူ ပြောလိုက်သည် “သမီးလည်း မတော်တဆတွေ့ခဲ့တာကြောင့်သာမဟုတ်ရင် ရောဂါလက္ခဏာ ကို ခွဲနိုင်မှာမဟုတ်ဘူး”

“ဒါဆိုရင် အဆိပ်ဖြေနိုင်မလား”

“အဆိပ်ဖြေဆေးကို ဖော်စပ်နိုင်ပါတယ် ဒါပေမဲ့ ခုနက သမီးပြောသလိုပဲ တစ်လကြာပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူတို့က လတစ်ဝက် ကျော် အိပ်ပြီးပြီဆိုတော့ အဆိပ်ဖြေဆေးသောက်ပြီးရင်တောင် သူတို့ ဖြတ်လပ် မှုတွေက အစားခံရပြီးလောက်ပြီ တချို့ကတော့ ပြန်ကောင်းဖို့ အချိန်ကြာလိမ့် မယ်”

သူမ ရှင်းပြချက်ကို နားထောင်ပြီးနောက် ထိုပြိုင်ပွဲတွင် ရှီမာမျိုးနွယ် မပါဝင်နိုင်အောင် လုပ်ခြင်းဖြစ်နိုင်သည်။

ထိုအကြောင်းတွေးလိုက်သည်နှင့် ရှီမာကျိယွင်၏ မျက်လုံးများမှာ စိတ်ဓာတ်ကျသည့် အနေအထားဖြစ်သွားလေသည်။

ရှီမာယူယူသည် သူ စိတ်ဓာတ်ကျသွားသည်ကို သတိထားမိပြီး မေးလိုက် သည် “ဘိုးဘိုးကြီး တကယ်ပဲ လနက်ရှိုင်းအသီးကိုလိုချင်တာလား”

“ဘိုးဘိုးကြီးတို့က ဆေးပါဝင်ပစ္စည်းတချို့ကို ရှာနေတာ နှစ်တွေကြာနေ ပြီ၊ ပြီးတော့ဗုဒ္ဓပြုံးတော်မူအသီးကိုတော့ တစ်ယောက်ယူလာနိုင်တယ်၊ ဒီနှစ် တွေမှာ ကြိုးစားပြီး ဆေးပစ္စည်းအားလုံးနီးပါးရှိပေမဲ့ အခု လနက်ရှိုင်းအသီးလို နေတာ” ရှီမာကျိယွင် ပြောလိုက်သည်။

“ဆေးဖော်ဖို့လား” ရှီမာယူယူသည် တိကျစွာပြောလိုက်သည်။

“ဟုတ်တယ် ဆေးနည်းတစ်ခုရထားတယ် အဲဒါနဲ့ဆိုရင် ဘိုးဘေးကြီး အဆင့်တက်နိုင်တယ်” ရှီမာကျိယွင် ပြောလိုက်သည် “ငါတို့ဘိုးဘေးကြီးက စံတင်အဆင့်မြင့်မှာ အဆင့်မတက်နိုင်ဘဲ ရပ်နေတာတော်တော်ကြာပြီ အခု သူ့အချိန် နီးကပ်နေပြီ အဆင့်ကလည်းမတက်နိုင်ဘူး ငါကြောက်တာက…”

ရှီမာမိသားစု၏ အားအင်မှာ များစွာ လျော့ကျနေသည်။ သူတို့ဘိုးဘေးပါ မရှိတော့ပါက တခြားအင်အားစုများကို ဖိနှိပ်နိုင်တော့မည်မဟုတ်ပေ။

သို့သော် သူသာ ထိုအဆင့်ကိုချိုးဖျက်နိုင်ပါက ရှီမာမိသားစု၏ အားမှာ များစွာတက်သွားနိုင်သည်။ တစ်ခုသိထားရမည်မှာ မိသားစုတစ်ခု၏ သခင်ဆို သည်မှာ အရေးကြီးလှသည်။

အဲဒါကြောင့် ရှီမာကျိယွင်က ဒီပြိုင်ပွဲကို အရမ်းစိတ်ပူနေတာကိုး။

ရှီမာယူယူသည် ဝိညာဉ်လေးကို ဆက်သွယ်ုလိုက်သည် “ဝိညာဉ်လေး ဝိညာဉ်စေတီထဲမှာ လနက်ရှိုင်းအသီးရှိလား”

“ရှိတယ်” ဝိညာဉ်လေးသည် ဝိုင်အသစ်စပ်နေရသည်နှင့် အလုပ်များနေ ကာ သာမန်ကာလျှံကာပင် ပြန်ဖြေလေသည်။

“နှစ်တစ်သောင်းနဲ့အထက်ဟာရှိလား”

“နှစ်တစ်သောင်းလား” ဝိညာဉ်လေး နှာရှုတ်လေသည် “နှစ်တစ်သောင်း မပြောနဲ့ နှစ်တစ်သိန်းသက်တမ်းရှိတဲ့ဟာတောင် ရှိသေးတယ်”

“တကယ်ကြီးလား”

“အဲဒါက တောင်တွေမှာတော့ ပေါက်တယ် ဘယ်သူမှခူးမယ့်သူမရှိရင် အဲဒီမှာရှိနိုင်တယ်၊ ငါ အခုကြည့်ဖို့ အချိန်မရှိသေးဘူး ကိုယ့်ဘာသာသွားခူးချေ” ဝိညာဉ်လေးသည် ပြောပြီးသည်နှင့် သူမကို လျစ်လျူရှုလိုက်သည်။

ရှီမာယူယူသည် အံ့ဖွယ်အာရုံကိုလွှတ်ပြီး ခဏအကြာတွင် လနက်ရှိုင်း အသီးကို တွေ့လေသည်။ အပင်တစ်ပင်တည်းတင် မဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကိုပါ တွေ့လိုက်ခြင်းဖြစ်သည်။

ချောက်ကမ်းပါးတစ်ခုပေါ်တွင် လနက်ရှိုင်းအသီး အတွဲလိုက်ရှိနေကာ အပင်တိုင်းတွင် အနည်းဆုံး လနက်ရှိုင်းအသီး တစ်လုံး နှစ်လုံးရှိကြပြီး သက်တမ်းမှာလည်း မနည်းလှပေ။

အပြင်လူသာဆိုလျှင် ထိုသို့မြင်ကွင်းကို မြင်လိုက်ရလျှင် ရူးသွားနိုင် သည်။ သို့သော် အထဲတွင်တော့ သာမန်ချောက်ကမ်းပါးဖြစ်သည်။

ထိုအရာ ဝိညာဉ်စေတီတွင်ရှိသည်ကို အတည်ပြုပြီးသည်နှင့် အကြံရလာ သည်။ သူမသည် ချက်ချင်းမထုတ်ဘဲ စဉ်းစားကြည့်ပြီး ပြောလိုက်သည် “ဘိုးဘိုးကြီး မစိုးရိမ်ပါနဲ့ အခုတစ်ခေါက်မရလိုက်ရင် ရှာလို့ရမယ့် တခြားနေရာ ကိုသိတယ်”

“ဟုတ်လား ဘယ်မှာလဲ”

“အဲဒါကိုတော့ မမေးပါနဲ့ သမီးနည်းလမ်းရှာပါ့မယ်” ရှီမာယူယူ ပြော လိုက်သည်။

“အဲဒါရဖို့ အန္တရာယ်မများလွန်းဘူးလား မဟုတ်ရင် ဘိုးဘိုးကြီးကိုပြော လေ တခြားတစ်ယောက်ကိုလွှတ်လိုက်မယ်….”

“ဘိုးဘိုးကြီ တစ်ဖက်လူက လူတွေကိုမသိစေချင်ဘူး” ရှီမာယူယူ ပြော လိုက်သည် “အဲဒါကြောင့် မစိုးရိမ်ပါနဲ့ သမီးဖြေရှင်းပါ့မယ်”

“ကောင်းပြီ တစ်ခုခုလိုတာရှိရင် ပြောလေ” ရှီမာကျိယွင် သူမကို ပြန်ဖြေ လေသည်။

“ဟုတ်ကဲ့ပါ အခု သူတို့ကို အဆိပ်ထိန်းချုပ်ပေးလိုက်ဦးမယ် မဟုတ်ရင် သမီးအဆိပ်ဖြေဆေး မဖော်စပ်နိုင်ခင်ကို ဖြတ်လပ်မှုတွေ ပျက်စီးသွားလိမ့် မယ်”

“ဟုတ်ပြီ”

“သမီး အပ်စိုက်လိုက်ဦးမယ် ဘိုးဘိုးကြီးတို့…”

“အပြင်မှာပဲ စောင့်နေမယ်”

ရှီမာကျိယွင်သည် လူများကိုခေါ်ထွက်သွားရာ လန်ကျုံးသည် ခေတ္တမျှ တိတ်ဆိတ်တွေဝေကာ ရပ်နေလေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “ဘာလုပ်နေတာလဲ”

“ဒီ ရက်တစ်ရာအိပ်ဆေးကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ကြည့်ချင်လို့” လန်ကျုံး ပြောလိုက်သည်။

ရှီမာယူယူသည် သူ့ကိုစိက်ကြည့်ပြီး တိုးညင်းစွာပြောလိုက်သည် “ရှင်က ရက်တစ်ရာအိပ်ဆေးကိုသိတယ်လား”

“သိတယ်လေ” လန်ကျုံးသည်လည်း မဖုံးကွယ်တော့ပေ။

“ဒါဆိုရင် အဆိပ်ဖြေဆေးကိုသိလား”

“သိတယ် ဒါပေမဲ့ မင်းအဆိပ်ဖြေပေးမှာကို ကြည့်ချင်လို့” လန်ကျုံးပြော လိုက်သည်။

“ရှင်က အဆိပ်သခင်လား”

“အဲလို တစ်ဝက်ပြောလို့ရတယ်”

ရှီမာယူယူသည် သူပြောသည့်အကြောင်းအရာကို စိတ်ထဲတွင် သေချာ စဉ်းစားကြည့်မိသည်။

“ကျွန်မ သူတို့ကို အပ်စိုက်ကုထုံးလုပ်ဖို့ အင်္ကျီတွေချွတ်ဖို့လိုတယ် အဲဒါ ကြောင့် ရှင်ဒီမှာနေလို့မရဘူး” သူမ ပြောလိုက်သည် “ဒါပေမဲ့ အဆိပ်ဖြေဆေးနဲ့ လဲတဲ့အနေနဲ့ နည်းလမ်းကိုတော့ ပြောပြနိုင်တယ်”

“ထိန်းချုပ်တဲ့နည်းလမ်းကို ရက်တစ်ရာအိပ်ဆေးအဆိပ်ဖြေပေးနဲ့ လဲမယ် ပေါ့” လန်ကျုံးသည် မျက်ခုံးများကို ပင့်တင်လိုက်သည် “ဒီကမ္ဘာကြီးမှာ ဒီလောက်ကောင်းတဲ့ အရာဘယ်မှာရှိတော့မှာလဲ”

“ဟုတ်တယ် ရှိတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါက ရှင့်အတွက် ကောင်းတဲ့အရာပဲ”

“အိုး”

“ရှင် အဆိပ်ဖြေဆေးကိုမပြောပြရင်တောင် ရက်နည်းနည်းလောက် လေ့လာလိုက်တာနဲ့ အဆိပ်ဖြေဆေးကို ဖော်စပ်နိုင်တယ်၊ ဒါပေမဲ့ ရှင်မလုပ်နိုင် ဘူး၊ ကျွန်မနည်းလမ်းကို ရှင့်ကိုမပြောပြရင် ရှင်စဉ်းစားနိုင်လို့လား” ရှီမာယူယူ ပြုံးလိုက်သည်။ ယုံကြည်ချက်ရှိသော်လည်း မောက်မာနေခြင်းမဟုတ်ပေ။

သူမ မျက်နှာမှ အပြုံးကိုမြင်သောအခါ လန်ကျုံးသည် နောက်တစ်လှမ်း ဆုတ်ကာ ပြောလိုက်သည် “ဒါဆိုလည်း မင်း နည်းလမ်းက ငါ့ကိုဘယ်လောက် ဆွဲဆောင်မှုရှိမလဲ ကြည့်ကြတာပေါ့”

“ဒါဆို ရှင်အရင်ထွက်သွားလိုက်ပါ ခဏနေမှ ပြန်လာပြီးရလဒ်ကို ကြည့် လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ”

လန်ကျုံးသည် လှည့်ထွက်သွားကာ သူမ ထိန်းချုပ်မှုရလဒ်ကို ကြည့်ရန် စောင့်နေလေသည်။

ထိုအရာကို ထိန်းချုပ်ချင်သည် သို့သော်…

သူ အဆိပ်ဖြေဆေးဖော်နေချိန်တွင် လူနာသည် တစ်သက်လုံး ထွက်သွား ခဲ့သည်ချည်းသာ…

ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူး…

သူသည် အိမ်အပြင်သို့လာသည်နှင့် ရှီမာကျိယွင်သည် လက်သီးဆုပ် နှုတ်ဆက်ကာ ပြောလေသည် “လိမ္မော်သီးမြို့တော် မြို့ဝန်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူးပဲ အစောပိုင်းက မလေးမစားဖြစ်သွားပါတယ်”

သူသည် ရှီမာယူယူနောက်လိုက်လာမည်ဆိုသည်ကို သူ သိပြီးသားဖြစ် သည်။ အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း သူမ သဘောတူထား သဖြင့် နှင်ထုတ်၍မရပေ။

“ရှီမာမိသားစု ယဉ်ကျေးတာပဲ” လန်ကျုံးသည် လောကဝတ်စကားသာ ပြောလေသည်။

အရင်ကဆိုလျှင် သူသည် ထိုကဲ့သို့မိသားစုမျိုးနွယ်ခေါင်းဆောင်များ၏ နှုတ်ဆက်မှုကို အရေးမထားတတ်ပေ။ ဒါပေမဲ့ သူက သူမ၏ ဘိုးဘိုးကြီး ဖြစ်နေတာကို ဘယ်လိုလုပ် အရေးမထားလို့ရမလဲ။

*

All Chapters