← Chapters

အခန်း (၁၀၅)

Vol. 9 Ch. 105

အခန်း (၁၀၅)

Vol. 9 Ch. 105

သာ့ချောင်က ခေါင်းကို စောင်းပြီး မျက်တောင်ခတ်လိုက်သည်။ "မသိဘူး၊ ဒါပေမယ့် ဝမ်းကွဲအစ်မ လုပ်တာက အရသာရှိတယ်။ စိတ်မဆိုးပါနဲ့ ဝမ်းကွဲအစ်မ"

"စိတ်မပူပါနဲ့။ ဝမ်းကွဲအစ်မက စိတ်ဓာတ်ကျနေတာ မဟုတ်ပါဘူး။ ညီမလေး နှစ်သိမ့်စရာ မလိုဘူး"

ချောင်တုန်းဟယ်သည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ သူမ၏ လက်ကို ဆန့်တန်းပြီး ညှစ်လိုက်သည်။

သာ့ချောင်က အညှစ်ခံရသည့်အတွက် စိတ်မဆိုးပေ။ ယင်းအစား သူမသည် အလွန်ချိုမြိန်စွာ ပြုံးလိုက်သဖြင့် သူမ၏ မျက်ခုံးများနှင့် မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားကာ လူအများ၏ နှလုံးသားတစ်ခုလုံးကို အရည်ပျော်သွားစေသည်။

ချောင်မိသားစုတွင် အသက်ကြီးမှ အငယ်အထိ စုစုပေါင်း ဆယ့်ခြောက်ယောက်ရှိသည်။ စားပွဲတစ်လုံးတည်းသည် သူတို့အားလုံးနှင့် အံကိုက်မဖြစ်နိုင်ပေ။ အရင်ကလိုပင် စားပွဲနှစ်ခုကို ခွဲထားသည်။ တစ်ခုမှာ လူကြီးများအတွက်ဖြစ်ပြီး တစ်ခုမှာ ကလေးများအတွက်ဖြစ်သည်။

ထိုအချိန်တွင် စားပွဲနှစ်ခုလုံးတွင် ဟင်းငါးမျိုးရှိသည်။ အလယ်ဗဟိုတွင် ဟင်းရွက်ချဥ်များပါသော ဝက်သားပန်းကန်ကြီးတစ်ခုရှိသည်။ ပြီးလျှင် အာလူးနှင့် ဝက်သားချက်၊ မှိုကြော်၊ ကြက်ဥနှင့် ခရမ်းချဉ်သီးကြော်၊ တရုတ်ဂေါ်ဖီထုပ်ဟင်းချို အိုးကြီးတစ်လုံး တို့ဖြစ်သည်။

အသား၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုတို့ ရှိသည်။ နှစ်သစ်ပင် ၎င်းကို မနှိုင်းယှဉ်နိုင်ပေ။

အထူးသဖြင့် အနံ့က အရမ်းမွှေးသည်။ ကလေးပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် အားလုံးက သွားရည်ယိုမတတ်ပင်။

"ရှင့်ရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်" ချောင်ရှို့ကျီသည် သူမ၏ ခင်ပွန်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် နွေးထွေးမှုနှင့် တောင့်တမှုအပြည့်ရှိသည်။

ရွှယ်ချွမ်က သူ့မိန်းမကို တောက်ပသော မျက်လုံးဖြင့် ကြည့်နေသည်။ "ဒီအလုပ်ကြိုးစားမှုက မင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"

နှစ်ယောက်သား ခွဲခွာရသည်မှာ ဆယ်ရက်နီးပါးရှိပြီ။ အိမ်ထောင်သက် ဆယ်စုနှစ်များစွာကြာသက်တမ်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အရမ်းလွမ်းသည်။

မစားခင် ခွေးစာတစ်လုတ်အကျွေးခံခဲ့ရတဲ့ ချောင်မိသားစု - "..."

မကျွေးပါနှင့်။ ဆက်ကျွေးရင် မစားနိုင်တော့ဘူး။

ချောင်ရှို့ကျီက လူတိုင်း၏ မျက်လုံးကို ခံစားမိပြီး ချောင်းဟန့်လိုက်သည်။ "နင်တို့ ဘာကြည့်နေတာလဲ? စားကြရအောင်"

ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ တူများက ပန်းကန်ပြားပေါ်ရှိ အသားဆီသို့ ချက်ချင်း ပျံသန်းသွားကြသည်။

ဝမ်ချွမ်ကျီသည် အသားတစ်ပိုင်းကို ယူပြီး သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သို့သော် မမျိုချမီတွင် သူမ၏ လက်ထဲတွင်ရှိသော တူက ပန်းကန်ပြားဆီသို့ ထပ်၍ရောက်ရှိနေပြီဖြစ်သည်။

သို့သော် နောက်အခိုက်အတန့်တွင် ပျို့အန်ခြင်းက လည်ချောင်းထဲ ပြည့်သွားသည်။ သူမ လှည့်ပြီး အန်လိုက်သည်။

သူ့မိန်းမကိုမြင်ပြီး ချောင်ကျန်းကော်က အသားကို မြန်မြန်နှင့် တိတိကျကျစားသည်။ စားနေရင်းနှင့် သူက မှတ်ချက်ပေးသည်။ "မိန်းမရေ၊ မင်း နောက်ဆုံးအကြိမ်လို ဖြစ်တာလား? အသားနံ့ကြောင့် အန်ချင်နေတာလား?"

မိုးကြိုးပစ်ခံလိုက်ရသည့် ဝမ်ချွမ်ကျီ - "..."

ချောင်ကျန်းကော်၏ နှလုံးသားသည် သူ့ဇနီးအတွက် မနာကျင်ပေ။ သူက နောက်ထပ် ဓားတစ်ချောင်းကို ထပ်ထည့်သည်။ "အိုး၊ မင်းက ဘာလို့ ဒီလောက် ကံမကောင်းရတာလဲ? ဒါဆို မင်းရဲ့ နေရာမှာ ငါ ပိုစားရမှာပေါ့"

အရမ်းစိတ်တိုလွန်းလို့ သွေးအန်လုမတတ် ဖြစ်နေသော ဝမ်ချွမ်ကျီ - …

သူမကို ဒေါသထွက်စေသည်!

သူမက ဘယ်လိုယောက်ျားမျိုးနဲ့ လက်ထပ်ခဲ့တာလဲ?

ဝမ်ချွမ်ကျီက မယုံဘဲ နောက်တစ်လုတ် စားလိုက်သည်။ သို့သော် သူမပါးစပ်ထဲရှိ အသားကို မမျိုချမီ အန်ထွက်သွားသည်။

မထင်မှတ်ဘဲ သူမက အန်ထွက်ပြီးပြီးချင်းမှာပင် စားပွဲတစ်ဖက်မှာရှိနေသည့် လင်းဟွေ့ကလည်း ရုတ်တရက် အော့အန်သွားသည်။

ချောင်ကျန်းကျွင်းက ချက်ချင်းဆိုသလို သူ့တူတွေကို ချလိုက်ပြီး မေးသည်။ "ဘာဖြစ်နေတာလဲ? မင်းနေမကောင်းဘူးလား?"

လင်ူဟွေ့သည် သူမ၏ ရင်ဘတ်ကို ပွတ်သပ်ကာ တိုးတိုးလေးပြောသည်။ "မသိဘူး၊ ဒါပေမယ့် ရင်ဘတ်မှာ အနည်းငယ် ကျဉ်းကျပ်နေသလို ခံစားရတယ်။ အသားနံ့ကို ရလိုက်တာနဲ့ ချက်ချင်း မအီမသာ ဖြစ်နေတယ်"

ချောင်ကျန်းကျွင်းက လောဆော်သည်။ "ကိုယ်မင်းကို အခု ဆေးခန်းကို လိုက်ပို့ပေးမယ်"

တစ်ဖက်တွင် ဝမ်ချွမ်ကျီက သူမ၏ ​တူများကို ကိုက်လိုက်သည်။ ချဉ်လွန်းသဖြင့် သူမ၏ သွားများက ကျွတ်ထွက်လုမတတ်ပင်။

ချောင်ကျန်းကျွင်းက ခေါင်းမော့ပြီး မေးသည်။ "ဒုတိယရဲ့ဇနီး၊ နင် ကိုယ်ဝန်ရှိနေတာလား?"

လင်းဟွေ့နှင့် ချောင်ကျန်းကျွင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

သူတို့နှစ်ယောက်၏ အိမ်ထောင်ရေးက နှစ်လတောင် မပြည့်သေးသည့်အတွက် ၎င်းကို မစဉ်းစားမိကြပေ။

သို့သော် ယခု သူ့အမေက ၎င်းကို အစပြုခဲ့သဖြင့် တကယ်ဖြစ်နိုင်သည်!

လင်းဟွေ့၏ ပါးပြင်သည် ပါးနီလိမ်းကျံထားသကဲ့သို့ ပန်းရောင်သန်းသွားသည်။ သူမသည် ချောင်ကျန်းကျွင်းကို မှီကာ နားထဲသို့ တိုးတိုးလေးပြောသည်။ "ကျွန်မ အန်တီမလာတာ တစ်လကျော်ပြီ"

သူမ၏ ရာသီလာချိန်က အမြဲတမ်း မတည်မငြိမ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်လက ရာသီမလာသဖြင့် စိတ်ထဲမထားမိပေ။

ချောင်မိသားစုတွင် လက်ထပ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်က ပိုကောင်းလာသည်ဟု ခံစားခဲ့ရသည်။ သူမ၏ စိတ်အခြေအနေ ကောင်းမှုကြောင့် ဖြစ်နိုင်သည်။

နွေရာသီမှာပင် လက်၊ ခြေများက အေးစက်နေတတ်သည်။ သူမ၏ တစ်ကိုယ်လုံးတွင် အပူချိန် မရှိပေ။

လက်ရှိတွင် သူမ၏ ခန္ဓာကိုယ်က နွေးထွေးမှုကို ခံစားရသည်။ သူမ၏ အစာစားချင်စိတ်နှင့် အိပ်စက်ခြင်းမှာလည်း တိုးတက်ကောင်းမွန်လာသည်။

ချောင်ကျန်းကျွင်းက အေးခဲသွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးက တောက်ပလာသည် "ဒါဆို ဆေးခန်းသွားပြပြီး ဆရာဝန်နဲ့ စစ်ဆေးကြည့်ရအောင်!"

သာ့ချောင်က အန်တီဟွေ့ အန်သည်ကိုမြင်ပြီး စိတ်ပူလာသည်။ "အမေ၊ ဘာဖြစ်နေတာလဲ? အဖေနဲ့ ဆေးခန်းလိုက်ပို့ပေးရမလား?"

လင်းဟွေ့က သူမကို နှစ်သိမ့်သည်။ "စိတ်မပူပါနဲ့။ အမေ နေကောင်းပါတယ်"

ဝမ်ချွမ်ကျီ၏ မျက်လုံးများသည် မနာလိုစိတ်ဖြင့် နီရဲနေသည်။ သူမသည် ချဉ်သောလေသံဖြင့်ပြောလိုက်သည်။

"သာ့ချောင်၊ နင့်ရဲ့မိထွေးက ကိုယ်ဝန်ရှိနေပြီ။ နင်က မကြာခင်မှာ မောင်လေး၊ ညီမလေးတစ်ယောက် ရလာလိမ့်မယ်။ အဲဒီချိန်ကျရင် နင့်ကို သူတို့နောက်ထပ် မချစ်တော့ဘူး!"

လင်းဟွေ့သည် ပို၍ပင် နီရဲလာသည်။ ဒီတစ်ခါတွင် ဒေါသကြောင့် ဖြစ်သည်။ "အစ်မအကြီးဆုံး၊ ကလေးကို ဒီလိုစကားမျိုး မပြောနဲ့။ ကလေးက အလေးအနက်ထားရင် ဆိုးလိမ့်မယ်!"

ဝမ်ချွမ်ကျီက သရော်လိုက်သည်။ "ကမ္ဘာပေါ်က မိထွေးတွေက ယေဘူယျအားဖြင့် လူမည်းတွေပဲ။ ငါဘယ်မှာ မှားနေလို့လဲ? နင့်မှာ ကလေးရရင် သာ့ချောင်ကို ကောင်းကောင်းဆက်ဆံမယ်လို့ မင်းပြောရဲလား? စကားမပြောနဲ့။ နင့်ရဲ့စကားတွေက ကလေးတွေကိုလှည့်စားနိုင်မယ်။ ငါ့ကိုလိမ်လို့ မရဘူး"

လင်းဟွေ့သည် ဒေါသအရမ်းထွက်ကာ တုန်လှုပ်သွားသည်။ သူမက သာ့ချောင်ကို ထိတ်လန့်တကြားကြည့်ကာ ပြောသည်။

"သာ့ချောင်၊ အဖေနဲ့အမေ နောင်မှာ တခြားကလေးတွေ ရှိပါစေ၊ အမေက သမီးကို အချစ်ဆုံးပဲ။ သမီးရဲ့အကြီးဆုံး အဒေါ်ပြောတာကို နားမထောင်နဲ့!"

သာ့ချောင်က တောက်ပသည့် မျက်လုံးများကို ပုတ်ခတ်ပြီး ပြောသည်။ "အမေ၊ စိတ်မပူနဲ့။ အဒေါ်ကြီးရဲ့ စကားကို နားမထောင်ဘူး။ မောင်လေး၊ ညီမလေးတွေကို ချစ်တယ်။ သမီးကို မောင်လေး၊ ညီမလေးတွေ ပေးမှာလား?"

ရှောင်ချောင်သည်လည်း သူမ၏ ညီမဖြစ်သည်။ သူမသည် အလွန်နှစ်သက်ခဲ့ဖူးသည်။ သို့သော် သူမကို မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေမှန်း သိပြီးနောက် သူမ၏ ခံစားချက်ကို တဖြည်းဖြည်း ဆုတ်ခွာလိုက်သည်။

လင်းဟွေ့သည် နူးညံ့၊ ချိုမြိန်ပြီး အသိဥာဏ်ရှိသော ကလေးဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမ၏ နှလုံးသားသည် လုံးဝ အရည်ပျော်သွားသည်။

ဝမ်ချွမ်ကျီသည် သာ့ချောင်၏ စကားကို ကြားသောအခါ ဒေါသတကြီး အံကြိတ်လိုက်သည်။ "ငတုံးကလေး၊ အကြီးဆုံး အဒေါ်က နင့်အတွက် အ​ကောင်း တွေးပေးနေတာ..."

ဘန်း!

ချောင်ရှို့ကျီက စားပွဲပေါ်သို့ တူကို တင်လိုက်သည်။အကြီးဆုံးချွေးမကို အေးတိအေးစက် စူးစိုက်ကြည့်လိုက်သည်။ "သွား! နင်ဘယ်နေရာနေမှန်း မသိမချင်း စားပွဲမှာ လာစားဖို့ ခွင့်မပြုဘူး!"

ဝမ်ချွမ်ကျီသည် မိုးကြိုးပစ်ခံရသည့် ခံစားချက်ကို ထပ်မံခံစားခဲ့ရပြန်သည်။ သူမ၏ မျက်နှာ ဖြူဖျော့သွားသည်။ "...အမေ၊ ကျွန်မမှားမှန်းန်း သိပါပြီ!"

"ထွက်သွား!" ချောင်ရှို့ကျီက သူမကို နောက်တချက် တစ်ချက် မကြည့်ပေ "ဒါကို တတိယအကြိမ် ထပ်မပြောရစေနဲ့!"

ဝမ်ချွမ်ကျီ၏ မျက်နှာသည် နီရဲလာပြီး ဖြူလာသည်။

သူမသည် သူ့ကိုယ်စား တောင်းပန်နိုင်မည်ဟု မျှော်လင့်ရင်း သူ့ဘေးမှ လူကို လှမ်းဆွဲလိုက်သည်။

ချောင် 'မိန်းမထက်အစားက ပိုအရေးကြီးတယ်' ကျန်းကော် - "မိန်းမ၊ မြန်မြန်လုပ်။ အမေပြောတာကို နားထောင်ရမယ်။ မဟုတ်ရင် ပိုဆိုးပြီး သေလိမ့်မယ်!"

စကားပြောနေရင်းနှင့် အသားညှပ်နေသည်။ သူ့မိန်းမကို အစအဆုံး ဘယ်တော့မှ မကြည့်ပေ။

ဝမ်ချွမ်ကျီ၏ အသက်ရှုသံက ရင်ဘတ်ထဲတွင် ကျပ်နေသည်။ သူမက ဒေါသကြောင့် ပြိုလဲလုမတတ်ပင်။

ချောင်ကျန်းကျွင်းက စိတ်လှုပ်ရှားလွန်းသဖြင့် မစားနိုင်ဖြစ်သွားသည်။ လင်းဟွေ့ကို ဆေးခန်းသို့ လိုက်ပို့ပေးသည်။

နာရီဝက်ကျော်ကြာပြီးနောက် နှစ်ယောက်သား ချောင်အိမ်ဟောင်းသို့ ပြန်လာကြသည်။ သူတို့၏အမူအရာသည် စိတ်လှုပ်ရှားမှုနှင့် စိတ်ဓာတ်တက်ကြွမှုတို့ဖြင့် ဖုံးလွှမ်းထားသည်။

လူတိုင်းသည် သူတို့၏မျက်နှာကို မြင်သောအခါ အမှန်တရားကို ခန့်မှန်းကြသည်။

ချောင်ကျန်းကော်က ပြောသည်။ "ဒုတိယညီလေး၊ ကလေးက အများကြီးစားနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်"

ချောင်ကျန်းကျွင်းက စိတ်လှုပ်ရှားသဖြင့် နီရဲနေသည်။ "အစ်ကိုကြီး၊ စိတ်မပူနဲ့။ ကျွန်တော့်ခြေထောက်တွေက လယ်ကွင်းထဲကို ဝင်လို့ရနေပြီ၊ ဒါကြောင့် ကျွန်တော့်မိန်းမနဲ့ ကလေးတွေကို သေချာထောက်ပံ့နိုင်မှာပါ!"

ချောင်ကျန်းမင်က ရွှင်မြူးစွာအော်ပြောသည်။ "ဒုတိယအကို၊ ဂုဏ်ယူပါတယ်။ မင်းက တကယ်ကို အံ့သြစရာကောင်းတယ်။ မင်းလက်ထပ်ပြီး မကြာခင်မှာ ကလေးရခဲ့တယ်။ ဘယ်လောက်ကြာသေးလဲ?"

ချောင်ကျန်းကျွင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။ "မင်းရဲ့ ဒုတိယခယ်မက မကြာခင် ကိုယ်ဝန်ရလာဖို့ ငါ မမျှော်လင့်ထားဘူး။ ပဉ္စမ​ညီလေး၊ ဒုတိယအကိုက မင်းအကြောင်း ပြောချင်တာ မဟုတ်ဘူး။ အခု ကလေး ရှာတွေ့ပြီ၊ မင်းတို့နှစ်ယောက် ရင်ကြားစေ့သင့်တယ်။ လင်နဲ့မယားကြားမှာ ညတွင်းချင်း ရန်ငြိုးဖွဲ့တာ မဟုတ်ဘူး။ မင်းက ဝမ်အာအတွက် မောင်နှမကို စောစောစီးစီး မွေးထားသင့်တယ်ကွ။ ဝမ်အာလေးက တစ်ဦးတည်းသောသမီး အရမ်းအထီးကျန်လွန်းတယ်!"

ချောင်ကျန်းမင်က ပြုံးပြီး ပြန်မဖြေပေ။

သူ့စိတ်ထဲတွင် ခါးသီးသော အရသာရှိနေသည်။

သူ့အမေ၏ သွေးဆောင်မှုကို ခံရပြီးနောက် သူက ချောင်ချောင်ကို အပြစ်မတင်တော့ပေ။ သို့သော် ဒီရက်ပိုင်းအတွင်းတွင် ချောင်ချောင်၏ လုပ်ရပ်များက သူ့နှလုံးသားကို တကယ်ကို အေးခဲသွားစေခဲ့သည်။

ဝမ်အာလေးသည် ပျောက်ဆုံးနေသည်မှာ နှစ်လကျော်ရှိပြီဖြစ်ပြီး ကလေးပျောက်ဆုံးမှုနှင့် ပတ်သက်၍ မည်သည့်စကားမှ မပြောခဲ့ပေ။

ကလေးက ပျောက်သွားသဖြင့် စိုးရိမ်ပူပန်နေသည် မဟုတ်ဘဲ ကွာရှင်းခံရမည် စိုးရွံ့နေသည်။

ထို့ကြောင့် သူသည် ဤအိမ်ထောင်ရေးကို မည်သို့ဆက်လုပ်ရမည်ကို မသိပေ။

အန်တီဟွေ့ကကိုယ်ဝန်ရှိနေပြီဆိုသည်ကို သိလိုက်ရသဖြင့် သာ့ချောင်က အလွန်ပျော်သွားသည်။

သူမသည် ပြေးလာကာ အန်တီဟွေ့၏ ဝမ်းဗိုက်ကို ထိလိုက်သည်။ "အမေ၊ ဒီမှာ မောင်လေး တကယ်ရှိလား?"

လင်းဟွေ့က ညင်သာစွာ ပြုံးလိုက်ပြီး "ညီမလေးလည်း ဖြစ်နိုင်တယ်။ မောင်လေးနဲ့ ညီမလေးမှာ သမီးက ဘယ်သူ့ကို ပိုချစ်လဲ?"

"ညီမလေး!" တုန်းလင်လေးကလည်း သူ့အမေ၏ ဗိုက်ကို ထိရန် လက်လေးကို ဆန့်ထုတ်လိုက်သည်။

အိမ်တွင် ယိမင်က သူနှင့် ပြိုင်နေပြီ။ ထို့ကြောင့် ညီလေးကို ထပ်မလိုချင်တော့ပေ။

ယိမင်လည်း ထိုသို့ပင် တွေးမိသည်။ သူက ရောက်လာပြီး ဗိုက်ကို ကိုင်ကာ ပြောသည်။ "ညီမလေး လိုချင်တယ်"

ဖက်ထုပ်ငယ်နှစ်ခု၏ ပုံစံကို လူတိုင်းက မြင်သောအခါ ရယ်မောလိုက်ကြသည်။

အထူးသဖြင့် ယိမင်ကြောင့်ပင်။ ကိုယ်ဝန်ရှိနေသည်မှာ သူ့အမေ မဟုတ်ပေ။ သူက ဘာကြောင့် အပျော်တွေတက်နေတာလဲ?

သာချောင်က ခေါင်းညိတ်လိုက်သည်။ မျက်တောင်ခတ်ကာ ပြောသည်။ "အမေ၊ ဗိုက်ထဲမှာ မောင်လေး ရှိနေပုံပဲ"

All Chapters