← Chapters

အခန်း (၁၀၉)

Vol. 9 Ch. 109

အခန်း (၁၀၉)

Vol. 9 Ch. 109

ဟော်ချီက ဝက်ချေးကောက်ပြီးနောက် သူ့လက်ကို ဆေးပြီး မနေ့က ကျန်သည့် ပေါင်မုန့်ကြမ်းကို ယူလိုက်သည်။ သူသည် သာ့ချောင်ဖြတ်သွားမည့် လမ်းငယ်လေးဆီသို့ သွားပြီး စောင့်ဆိုင်းနေလိုက်သည်။

နေဝင်ခါနီးပြီ။ အနီရောင် တိမ်များသည် ချီလီရွာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သာ့ချောင်ကို မတွေ့ရသေးပေ။

ဟော်ချီသည် နောက်ဆုံး ပေါင်မုန့်အပိုင်းလေးကို မျိုချလိုက်သည်။ လက်ကိုသပ်ပြီး အခြေအနေကို စစ်ဆေးရန် ချောင်အိမ်သို့ တိတ်တဆိတ်သွားရန် ပြင်ဆင်သည်။

ထိုအချိန်တွင် သာ့ချောင် ရောက်လာခဲ့သည်။ မနေ့က ကျောင်းလွယ်အိတ်ကို သယ်လာသေးသည်။

အတွေးလွန်ပြီး သူ့ကို လုံးဝသတိမထားမိသဖြင့် ဟော်ချီက ခေါ်လိုက်သည်။ "ချောင်နျန်နျန်!"

သာ့ချောင်က သူမကို တစ်ယောက်ယောက်ခေါ်နေတာကိုကြားသည့်အခါ ဟော်ချီကို တွေ့သွားသည်။ ချက်ချင်းဆိုသလိုပင် သူမက ပြုံးပြလိုက်သည်။ "မောင်လေးဟော်ချီပဲ!"

ဟော်ချီ - "..."

သူ့မျက်နှာက ချက်ချင်းမည်းသွားသည်။ "ငါက မောင်လေးမဟုတ်ဘူး။ ငါက မင်းထက်အသက်ကြီးတယ်"

သာ့ချောင်က သူ့ကို ကြည့်ပြီး တိုးတိုးလေးပြောခဲ့သည်။ "ငါက ဒီနှစ် ခုနစ်နှစ်ရှိပြီ၊ နင်က ဘယ်လောက်လဲ?"

သာ့ချောင်က အရပ်ရှည်လာသည်နှင့်အမျှ သူမက အရပ်ရှည်ပြီး ကြီးလာသည်ဟု အမြဲခံစားရသည်။ မြင်လိုက်ရသည့် ကလေးတိုင်းကို သူမထက်အငယ်ဟု ခံစားရသည်။

ထို့ကြောင့် ယခုအချိန်တွင် ဟော်ချီသည် သူမထက် ဦးခေါင်းထက်ဝက်ခန့် မြင့်နေသော်လည်း တစ်ဖက်လူက သူမထက်ငယ်ပြီး မောင်လေးဟု ခံစားမိသေးသည်။

ဟော်ချီ၏ မျက်နှာသည် အလွန်ရုပ်ဆိုးနေသည်။ "ငါက ကိုးနှစ်ရှိပြီ!"

လယ်ထဲ၌ နေ့စဉ် စားနပ်ရိက္ခာ မလုံလောက်ပေ။ ထို့ကြောင့် အာဟာရ မလုံလောက်သဖြင့် လယ်ကွင်းမှာမွေးသည့် ကလေးများက သာမန်ကလေးများထက် အရပ်ပိုပုသည်။

ဤသည်မှာ ဟော်ချီ၏အနာ ဖြစ်သည်။ သူတို့၏ တတိယအကြိမ်တွေ့ဆုံမှုတွင် သာ့ချောင်က ဓားနှင့်ထိုးမည်ဟု ဘယ်တုန်းကမှ မထင်ထားပေ။

သာ့ချောင်သည် သူမ၏ အမှားများကို သိရှိပြီး ပြုပြင်ပေးနိုင်သော ကလေးကောင်းတစ်ယောက်ဖြစ်သည်။ သူမက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောခဲ့သည်။ "နင်က ငါ့ထက် နှစ်နှစ်ကြီးတယ်။ နင့်ကို အကိုကြီးဟော်ချီလို့ ခေါ်မယ်"

သူ့ရှေ့က ကလေးမလေးက ဖြူစင်သန့်ရှင်းပြီး ခေါင်းပေါ်မှာ ဆံမြီးလေးနှစ်ခု ချည်ထားသည်။ ခေါင်းကို ငုံ့လိုက်သဖြင့် ဆံမြီးလေးနှစ်ခုက အနည်းငယ် လှုပ်သွားသည်။

ချိုသာသောအသံဖြင့် သူ့ကို "အစ်ကိုကြီးဟော်ချီ" ဟုခေါ်ကာ နက်မှောင်ကြည်လင်သော မျက်လုံးများဖြင့် သူ့ကို သမင်တစ်ကောင်လို ကြည့်နေသည်။ ဒါကို ဘယ်သူက ခံနိုင်မှာလဲ?

ဟော်ချီ၏ မျက်နှာပေါ်တွင် အနီကွက် နှစ်ခုရှိနေသည်။ သူသည် မြက်ခင်းပြင်ကို ကြည့်ရန် ခေါင်းကို လှည့်ကာ "မင်းသဘောပဲ" ဟု ရှုပ်ပွသော အသံဖြင့် ပြောသည်။

သာ့ချောင်က ညင်သာစွာ ပြုံးလိုက်သည်။ "ဒါဆို ​ဆုံးဖြတ်လိုက်ပြီ။ နောက်ကျနေပြီ ငါပြန်တော့မယ်"

သူမက ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

ဟော်ချီက သူမကို အမြန်ရပ်လိုက်သည်။ "ဟေ့ ချောင်နျန်နျန်၊ မင်းအမေ နေကောင်းသွားပြီလား?"

ထိုမှပင် သာ့ချောင်သည် စောစောက သူမအမေအကြောင်း ပြောပြသည်ကို သတိရမိသည်။ ထို့ကြောင့် သူမက ရပ်ပြီး လှည့်ကြည့်ကာ ပြောသည်။

"ညီမလေး အမှားလုပ်မိသွားတာ။ မတော်တဆ ဖြစ်တဲ့သူက မိထွေးလို့ ထင်ခဲ့တာ။ သူမက နေကောင်းတယ်။ မတော်တဆဖြစ်တဲ့သူက ညီမလေးရဲ့ မိခင်အရင်းပဲ"

ဟော်ချီ - "..."

မိထွေးတွေက များသောအားဖြင့် အရမ်းစိတ်ထားဆိုးကြတယ် မဟုတ်ဘူးလား?

သူမက မိထွေးနှင့် ပိုနီးစပ်ပုံရသည်။

ဟော်ချီ၏ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားသည်။

အိပ်မက်ထဲမှ မြင်ကွင်းများနှင့် မကြာသေးမီက သူကြားခဲ့ရသည့် ကောလဟာလများကို ပေါင်းစပ်ပြီး အမှန်တရားကို ချက်ချင်း သဘောပေါက်လိုက်သည်။

သူက ခေါင်းညိတ်လိုက်သည်။ "သူမ နေကောင်းတာ ကောင်းတယ်။ စကားမစပ် မင်းရဲ့ ကြက်ဥနဲ့ ပေါင်မုန့်အတွက် ကျေးဇူးတင်ပါတယ်"

"ရပါတယ်" သာ့ချောင်က ပြုံးလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ကျောင်းလွယ်အိတ်ထဲမှ ကြက်ဥတစ်လုံးကို ထုတ်ယူလိုက်သည်။ "အစ်ကိုကြီးအတွက်" ဟု လွှဲပေးလိုက်သည်။

ဟော်ချီက ဆန့်ထုတ်လာသော သူမလက်ကို ကြည့်နေသည်။ အခွံခွာထားသော ကြက်ဥတစ်လုံးကဲ့သို့ သေးငယ်ပြီး ဖြူဝင်းသော လက်တစ်စုံ။ လက်​​ဖမိုးပေါ်တွင် အသား​များ ရှိ​နေသည်။ ခြောက်သွေ့ပြီး အသားမာများ ပြည့်နေသော သူ၏လက်နှင့် နှိုင်းယှဥ်ကြည့်လျှင် ခြားနားချက် ဖြစ်သည်။

ရုတ်တရတ် သူ့လက်ကို ဖွက်ထားချင်စိတ်များ ပေါ်လာသည်။ ထိုသို့လုပ်မည့်အစား သူက ဆန့်ထုတ်လိုက်ပြီး သူမပေးသည့် ကြက်ဥကို ဆုပ်ကိုင်လိုက်သည်။

"နံပါတ်ကို မှတ်ထား။ နောင်ကျရင် ဒီပမာဏရဲ့ နှစ်ဆနဲ့ မင်းကို ငါ သေချာပေါက် ပြန်ပေးပါ့မယ်"

သာ့ချောင်က မငြင်းပေ။ အစာကောက်နေသည့် ကြက်ကလေးလို သူမက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ဒါဆို ငါပြန်သွားပြီး နံပါတ်ကို ချရေးထားလိုက်မယ်။ နောင်မှာ ဖြေရှင်းကြမယ်!"

တစ်ဖက်သားကို ပြန်ပေးခိုင်းရန် သူမ တကယ်မတွေးခဲ့ပေ။ သို့သော် သူဘာတွေတွေးနေလဲဆိုသည်ကို သူမနားလည်နိုင်သည်။

အန်တီဟွေ့က သူမကို ကူညီသည့်အခါ သူမက အရမ်းစိတ်မသက်မသာဖြစ်မိပြီး တစ်ဖက်ကိုပြန်ဆပ်ရန် တစ်ခုခုကို အမြဲလုပ်ချင်နေခဲ့သည်။ ဟော်ချီက သူမနှင့် အတူတူပဲဟု သူမထင်သည်။

သာ့ချောင်၏ စကားကို ကြားလိုက်သည်နှင့် ဟော်ချီ၏ အမူအရာက ပြေလျော့သွားသည်။ သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ငါ သေချာပေါက် ပြန်ပေးပါ့မယ်။ ငါ့စကားကို ငါတည်တယ်"

"ညီမလေး သိတယ်။ အစ်ကိုကြီးကို ယုံတယ်။ ညီမလေးပြန်တော့မယ်၊ နှုတ်ဆက်တယ်" သာ့ချောင်က သူ့ကို လက်ဝှေ့ယမ်းပြပြီး လှည့်ထွက်သွားခဲ့သည်။

ဟော်ချီသည် သူမကို ယခင်အတိုင်း ကြည့်နေသည်။ သူမကို မတွေ့တော့မှ လှည့်ပြန်သည်။

ဝမ်ချွမ်ကျီသည် ဗိုက်ပြည့်နေပြီး မပြန်ချင်ပေ။ ထို့ကြောင့် သူမသည် ရွာတစ်ဝိုက်တွင် လှည့်ပတ်ကာ သူမကဲ့သို့ အတင်းအဖျင်းပြောသူများနှင့် ကြုံတွေ့ခဲ့ရသည်။ လင်းဟွေ့နှင့် သာ့ချောင်၏ မကောင်းပြောရန် သူမ ရပ်တန့်လိုက်သည်။

မကောင်းကြောင်းပြောပြီးနောက် ပိုသက်တောင့်သက်သာ ခံစားရသည်။

သူမခါးကိုကိုင်ပြီး ချောင်အိမ်ဟောင်းဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။ သစ်ပင်ကြီးတစ်ပင်ကို ဖြတ်သွားသောအခါ လေပြင်းသည် ရုတ်တရက် တိုက်ခတ်သွားသည်။

ကံကောင်းထောက်မစွာ သူမ၏အလေးချိန်သည်မသေးငယ်ပေ။ မဟုတ်လျှင် သူမက လေပြင်းကြောင့် လွင့်စင်သွားလိမ့်မည်။ တင်ပါးသေး ချန်ချောင်ချောင်ဆိုလျှင် မိုးကုပ်စက်ဝိုင်းဆီ လွင့်သွားလိမ့်မည်။

သူမ ဂုဏ်ယူနေချိန်၌ အစိမ်းရောင် အဝါရောင် အရာများသည် လေနှင့်အတူ သူမ၏ မျက်နှာဆီသို့ ကပ်လာသည်။

ဘာလဲ?

သူမ မျက်လုံးပြူးသွားသည်။ နောက်အခိုက်အတန့်တွင် သူမ သိသွားသည်။

သူမသည် ဝက်အော်သံများ ထွက်ပေါ်လာသည်။ အော်ဟစ်ရင်း သူမ​က ခုန်ဆင်းလိုက်သည်။ "သွား၊ ထွက်သွား... အား အား အား... ဒီအချိန်မှာ ဘာလို့ ခူယား ရှိနေတာလဲ?"

ဤ ခူယား များသည် ပိုးဖလံ၏ ပိုးလောင်းအဆင့်တွင် ရှိနေသည်။

၎င်းသည် တောက်ပြောင်သောအရောင်ရှိပြီး မျှော့ပုံသဏ္ဍာန်ရှိပြီး အဆိပ်ဆူးများဖြင့် ဖုံးအုပ်ထားသည်။ နှောင့်ယှက်ခံရသည့်အခါ လူများကို ချက်ချင်းပင် သူတို့၏ အဆိပ်ဆူးများဖြင့် ကပ်လိမ့်မည်။

ခူယား ကိုက်ခံရခြင်းသည် အလွန်နာကျင်သည်ဟု ဆိုနိုင်သည်။ အလွန်ယားယံပြီး နာကျင်သည်။ နီမြန်းခြင်း သို့မဟုတ် အရည်ကြည်ဖုများကိုလည်း ဖြစ်စေသည်။

ရွာမှကလေးငယ်တစ်ဦး အဆိပ်ဆူးကပ်ခံရပြီး နေ့တစ်ဝက်အတွင်း မျက်နှာအဖုအပိမ့်များဖြင့် ရောင်ရမ်းလာခဲ့သည်!

သို့သော် များသောအားဖြင့် ခူယားသည် မေလနှောင်းပိုင်းတွင်သာ တွေ့ရတတ်သည်။ အခုက ဧပြီလကုန်သာ ရှိသေးသည်။ ဒီအချိန်မှာ ဘာကြောင့်ပေါ်လာတာလဲ?

ခူယားသည် သူမ၏မျက်နှာကိုထိလိုက်သည်နှင့် တပြိုင်နက် ဝမ်ချွမ်ကျီသည် နာကျင်မှုကို ခံစားလိုက်ရသည်။ သူမလက်ဖြင့် ထိလိုက်သည်နှင့် လှုပ်ရှားနေသော ခူယားကို ခံစားလိုက်ရသည်။ သူမက ထိတ်လန့်စွာ ထအော်ခဲ့သည်။

ရွာသားအချို့က ဝမ်ချွမ်ကျီသည် အော်ဟစ်ပြီး သစ်ပင်ကြီးအောက်၌ ခုန်နေသည်ကို တွေ့ကာ ချက်ချင်း ရယ်လိုက်ကြသည်။ "အကြီးဆုံးချောင်ရဲ့ မိန်းမက ဘယ်တုန်းက ပြဇာတ်ကြီးတွေ ကတတ်တာလဲ?"

ဝမ်ချွမ်ကျီသည် ငိုကြွေးကာ အိမ်သို့ ပြေးသွားသည်။ သူမ၏ မျက်နှာတစ်ခုလုံး ဖောင်းပွနေသော ဝက်ခေါင်းထဲသို့ ရောင်ရမ်းသွားသည်။

ချောင်ကျန်းကော် အလုပ်မှ ပြန်ရောက်သောအခါ တံခါးထဲသို့ ဝင်လိုက်သည်နှင့် သူမနှင့် မျက်နှာချင်းဆိုင်မိသွားသည်။ "ဒီဝက်ခေါင်းက ဘယ်ကလာတာလဲ?"

သူမယောက်ျားကို မြင်လိုက်ရသောအခါ ဝမ်ချွမ်ကျီက မထိန်းနိုင်ဘဲ မျက်ရည်ကျသွားသည်။ သူမက ငိုရှိုက်ရင်း ကုတ်ခြစ်နေသည်။ "ကျန်းကော်၊ ငါ ခူယားတွေ အဆိပ်ဆူးကပ်ခံရတယ်၊ အရမ်းယားယံတယ်။ ငရဲလိုပဲ နာကျင်တယ်... ဝါး ဝါး..."

ထိုမှသာ ချောင်ကျန်းကော်သည် သူ့ရှေ့မှ ဝက်ခေါင်းရှိသောသူသည် သူ့ဇနီးဖြစ်သည်ကို သိလိုက်သည်။ သူက တုန်လှုပ်သွားသည်။

"မိန်းမ၊ မင်းက တကယ်ကို ပြောင်းလဲတတ်တာပဲ။ ခဏလေး၊ မင်းက ဝက်ကင် ဖြစ်သွားတယ်။ နောက်အခိုက်အတန့်မှာ မင်းက အသက်ရှည်တဲ့ နတ်ဘုရား အခြေအနေ ဖြစ်သွားတယ်။ အခု ဝက်ခေါင်း ပုံပေါက်နေတယ်!"

မျက်ရည်ကျလုမတတ် ဖြစ်နေသော ဝမ်ချွမ်ကျီ - "... ငါလုပ်ချင်တယ်လို့ ရှင်ထင်နေတာလား?"

သူမကဘာကြောင့်ဒီလောက်ကံမကောင်းခဲ့လဲမသိဘူး?

ပါးစပ်ရှိ အနာရှစ်ခုက မပျောက်သေးပေ။ အခု သူမကို ခူယားက အဆိပ်ဆူးဖြင့် ကပ်ခဲ့သည်။ သူမဘဝက သနားစရာပင်။

ချောင်ရှို့ကျီက ငိုသံကြားသဖြင့် ပြေးထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူမက ဆွံ့အသွားသည်။ "အကြီးဆုံး၊ ဘာလို့​ မင်းမိန်းမကို ဆေးခန်း မခေါ်သွားသေးတာလဲ?"

ချောင်ကျန်းကော်က ခေါင်းညိတ်ပြပြီး သူ့မိန်းမကို ခေါ်သွားခဲ့သည်။

တစ်ယောက်ယောက်က သူ့ကိုမေးသည့်အခါ မိန်းမ၏ ဝက်ခေါင်းမျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။ "ငါ့မိန်းမက တော်တော်ဒုက္ခပေးတယ်။ သူမက ခူယား ကြောင့် ဒီအခြေအနေကို ရောက်သွားတယ်!"

လမ်းတစ်လျှောက်လုံး ချီလီရွာမှ ရွာသားတစ်ဝက်နီးပါးသည် သူ၏ စကားကို ကြားလိုက်ရသည်။

ဝမ်ချွမ်ကျီသည် ပါးစပ်မှ သွေးများ အန်လုမတတ်ပင်။

ဆေးခန်းကို ရောက်သည့်အခါ အမျိုးသားဆရာဝန်အသစ်က ဝမ်ချွမ်ကျီကို တွေ့လိုက်ရသည်။ သူက ကြက်သေသေနေသည်။

"တစ်စုံတစ်ယောက်က ဝက်ခေါင်းလိုမျိုး တကယ် ရောင်ယမ်းသွားနိုင်တာပဲ"

ဝမ်ချွမ်ကျီ၏ ဝက်ခေါင်းသည် နာကျင်စွာ နီရဲနေသည် - "..."

နောက်ဆုံးတွင် အမျိုးသားဆရာဝန်က ဆေးရည်ပုလင်းကို ညွှန်ကြားပေးသည်။ သို့သော် ဝမ်ချွမ်ကျီ၏ မျက်နှာပေါ်ရှိ အရည်ကြည်ဖုများသည် ခူယား၏ အဆိပ်ဆူးများ ရှိနေဆဲပင်။ ၎င်းကို ဖယ်ထုတ်ရမည်။ မဟုတ်လျှင် ရောင်ရမ်းပြီး အဖုများ ပေါက်လာမည်။

ပြန်လာပြီးနောက် ချောင်ကျန်းကော်သည် ဂျုံမှုန့်အစိမ်းကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ရောစပ်သည်။ ထို့နောက် ဝမ်ချွမ်ကျီ၏ မျက်နှာကို ပွတ်တိုက်ပေးသည်။

"အ အ အ..."

ထိုညတွင် ချောင်အိမ်ဟောင်းတွင် ဝက်သတ်သံသည် သံပြိုင် ထွက်ပေါ်လာသည်။

အနီးနားတွင် နေထိုင်သော ကလေးများသည် ထိတ်လန့်တကြား ငိုပြန်သည်။

...

ညက ပိုမှောင်လာပြီး ကြယ်များ လင်းလာသည်။

ဝမ်မိသားစု၏ ခန်းမကို တင်းကျပ်စွာ ပိတ်ထားသည်။ ပြတင်းပေါက်များပင် ပိတ်ထားသည်။

အဘိုးကြီးဝမ်သည် အပေါ်ဆုံး ကုလားထိုင်ပေါ်တွင် ထိုင်သည်။ သူ့မျက်နှာသည် အိုးအောက်ခြေကဲ့သို့ မည်းနက်နေသည်။

ဝမ်ရှင်းရှန်၏ လက်နှင့် ခြေများကို ကြိုးများဖြင့် ချည်နှောင်ထားသည်။

လူကို ခေါ်ဆောင်ပြီးနောက် ဝမ်ရွှေရှန်က သူ့ကို အနက်ရောင် မျက်နှာဖြင့် ကန်လိုက်သည်။

"ဘုန်း!"

ဒူးနှစ်ဖက်ကို ပြင်းထန်စွာ ထောက်ခိုင်းလိုက်သည်။ သူ့မေးစေ့က ကြမ်းပြင်ကို ထိသွားသည်။ ချက်ချင်းပင် သူ့ပါးစပ်ထဲတွင် သွေးအရသာ ထွက်ပေါ်လာသည်။

အဘွားကြီးဝမ်သည် ချက်ချင်းပင် စိတ်ဆင်းရဲသွားသည်။ "အကြီးဆုံး၊ မင်းဘာလုပ်နေတာလဲ? မင်းညီလေးကို သတ်ချင်တာလား?"

ဝမ်ရွှေရှန်က မည်းမှောင်သော မျက်နှာဖြင့် ပြောသည်။ "သတ်ဖို့က တရား၀င်တယ်ဆိုရင် ကျွန်တော် သူ့ကို အခုပဲ သတ်ပစ်မယ်!"

အဘွားကြီးဝမ်သည် ဒေါသအလွန်ထွက်ကာ ရင်ဘတ်ကို နာကျင်နေသည်။ ဆူပူကြိမ်းမောင်းရန် ရည်ရွယ်ချက်ဖြင့် သူ့ကို လက်ညှိုးထိုးသည်။

သို့သော် အဘိုးကြီးဝမ်က ဆေးပေ့ါလိပ်ခြောက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ "ပါးစပ်ပိတ်ထား။ အခြေအနေကို ကြည့်ဦး၊ မင်း သူ့ကို ကာကွယ်ချင်သေးတာလား? တစ်မိသားစုလုံးကို သူနဲ့အတူ မြှုပ်စေချင်တာလား? ဒီလိုမျိုး လုပ်မှ နင် ပျော်မှာလား?"

အဘွားအိုဝမ်သည် အများအားဖြင့် သန်မာသော်လည်း အဘိုးကြီး အမှန်တကယ် ဒေါသထွက်သောအခါတွင် သူမ စကားမပြောရဲပေ။

အဘိုးကြီးဝမ်က မြေပြင်ပေါ်ရှိ အငယ်ဆုံးလေးကို စိုက်ကြည့်လိုက်သည်။ "ဝမ်ရှင်းရှန်၊ အာ ဝမ်ရှင်းရှန်၊ ဒီတစ်ခါ မင်းမကျေနပ်ခင် ဝမ်မိသားစုတစ်ခုလုံးကို မင်းနဲ့အတူ သင်္ဂြိုဟ်ချင်တာလား?"

အပြင်မှာ ပျံ့နှံ့နေသည့် အပြင်းထန်ဆုံး ကောလဟာလများက အမှန်တရားနှင့် နီးစပ်သည်။

ဖန်ရှောင်ကျွမ်းကို ယဲ့ကျန်းကျန်းက တွန်းချခြင်း မဟုတ်ပေ။ သို့သော် သူမနှင့် ဝမ်ရှင်းရှန်ကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ဖန်ရှောင်ကျွမ်းသည် ဝမ်ရှင်းရှန်နှင့် ယဲ့ကျန်းကျန်းတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။ သူမက စိတ်ဆိုးလွန်းပြီး ယဲ့ကျန်းကျန်း၏ ဆံပင်ကို ဆွဲကာ ရိုက်နှက်ရန် ချက်ခြင်း ပြေးသွားသည်။

ယဲ့ကျန်းကျန်းသည် လက်ဝါးချက်အနည်းငယ်ကို ခံယူလိုက်ရသည်။ မကြာခင်မှာပင် သူမက ပြန်လည်သတိဝင်လာပြီး ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဖန်ရှောင်ကျွမ်း အပြင်းအထန် တွန်းထုတ်ခံရပြီး သူမနောက်တွင်ရှိသော ဝမ်ရှင်းရှန်ကို တိုက်မိသွားသည်။

ဝမ်ရှင်းရှန်က သူမလက်ကို ဖမ်းကိုင်လိုက်ပြီး ပြဿနာမရှာရန် ပြောလိုက်သည်။ ဖန်ရှောင်ကျွမ်း၏ ဒေါသသည် အဆမတန် ပူလောင်လာပြီး မျက်နှာကို ကုတ်ခြစ်လိုက်သည်။

ဝမ်ရှင်းရှန်၏ ဒေါသလည်း တောက်လောင်လာသည်။ သူမကို နှစ်ကြိမ် ပါးရိုက်ပြီး ဗိုက်ကို ကန်သည်။

ဖန်ရှောင်ကျွမ်းက နာကျင်စွာအော်လိုက်သည်။ သူမတစ်ကိုယ်လုံး နောက်ပြန်ဆုတ်သွားကာ ယဲ့ကျန်းကျန်းကို ဝင်တိုက်လိုက်သည်။

ယဲ့ကျန်းကျန်းသည် မသိစိတ်က သူမအား အတင်းတွန်းထုတ်လိုက်သည်။ ဖန်ရှောင်ကျွမ်းက လွင့်ထွက်သွားပြီး သူမ၏ ဗိုက်က မြေပြင်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ ထို့နောက် ဒီအဖြစ်ဆိုးကြီး ဖြစ်ပျက်သွားသည်။

All Chapters