← Chapters

အခန်း (၁၁၁)

Vol. 9 Ch. 111

အခန်း (၁၁၁)

Vol. 9 Ch. 111

သာ့ချောင်က အနည်းငယ် စဉ်းစားမိသည်။ သူမက မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ "ဒါဆို ညီမလေး အစ်ကိုကြီးအတွက် ကျောင်းစာအုပ်ကို ကူးပေးမယ်"

အစ်ကိုကြီးဟော်ချီအတွက် ကျောင်းသုံးစာအုပ်ကို သူမ တိုက်ရိုက်ဝယ်ပါက ဖမ်းမိလျှင် ပြဿနာများစွာ ရှိလာနိုင်သည်။ သို့သော် လက်ဖြင့် ကူးယူခြင်းသည် မျက်စိကျစရာ နည်းပါးလိမ့်မည်။

ဟော်ချီက သူမကို ထပ်ခါတလဲလဲ မနှောက်ယှက်ချင်သော်လည်း သူ့ကိုယ်ပိုင်စာအုပ်တစ်အုပ်ရှိချင်သည်။ "ကျေးဇူးတင်ပါတယ်!"

သာ့ချောင်သည် နောက်ဆုံးတွင် သူစိတ်မဆိုးတော့သည်ကို မြင်သောအခါ နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။ "ရပါတယ်။ ကြက်ဥကို ယူသွားလိုက်ပါ။ စကားမစပ် အဖိုးက ကျန်းမာရေးကောင်းပြီလား?"

ဟော်ချီက ခေါင်းညိတ်လိုက်သည်။ "သူက ပိုကောင်းပြီ။ အဖိုးက ကျေးဇူးတင်ဖို့ ပြောလိုက်တယ်"

သူ့အဖိုးက အရင်က ချောင်းဆိုးသည်။ သူမပေးသော အစားအစာကို စားပြီးနောက် ချောင်းဆိုးခြင်းသည် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသည်။ သူ့မျက်နှာက အရင်ကထက် အများကြီး ပိုကောင်းလာသည်။

"အဲဒါအရမ်းကောင်းတယ်!" သာ့ချောင်က သက်ပြင်းချကာ ပြောလိုက်သည်။

မူလက သူ့အဖိုး ကျန်းမာရေးမကောင်းလျှင် တစ်ဖက်လူအတွက် ကျောက်စိမ်းတုံးကို ခိုးသုံးရန် နည်းလမ်းကို သူမ တွေးခဲ့သည်။

သို့သော် ဒီနည်းလမ်းက နည်းနည်း အန္တရာယ်များသည်။ ကျောက်စိမ်းပုတီးများကို တွေ့ရှိလာမည်အား သူမစိုးရိမ်ခဲ့သည်။

ထို့အပြင် သူတို့သည် လူဆိုးများဖြစ်သည်။ သူတို့၏ ကျန်းမာရေးက အလွန်ကောင်းနေလျှင် မကောင်းသည့်အရာ ဖြစ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် သူတို့က စားသောက်နေပြီး အလုပ်မလုပ်ဟု ထင်ကြပေမည်။ ၎င်းက သူတို့ကို အန္တရာယ်ဖြစ်စေနိုင်သည်။

ဟော်ချီသည် သူမ၏ ဖိထားသော နှုတ်ခမ်းကို မြင်ပြီး ပြုံးလိုက်သည်။ သူ့ပါးစပ်ထောင့်က ပါးချိုင့်လေးများ ပေါ်လာသည်။ ၎င်းက လူများကို လက်လှမ်းပြီး ထိရန် ဆွဲဆောင်နေသည်။ "ခဏနေဦး၊ ငါ မင်းကို ပေးစရာရှိတယ်"

သူပြောပြီးနောက် ဂေါ်ပြားကိုချကာ အိမ်သို့ ပြန်ပြေးသွားသည်။ ခဏအကြာတွင် ပြေးထွက်လာပြန်သည်။ ဒီတစ်ခါ သူ့လက်ကို ဆေးကြောထားပြီး သူ့လက်ဖဝါးပေါ်တွင် ကောက်ရိုး နှံကောင်နှစ်ကောင် ရှိနေသည်။

သာ့ချောင်၏ လှပသော ပန်းသီးမျက်လုံးများ တောက်ပလာသည်။ သူမက သူ့ကိုကြည့်ကာ မေးသည်။ "ဒါက ညီမလေးအတွက်လား?"

သူမ ကြိုက်ကြောင်း မြင်လိုက်ရသဖြင့် သူ့မျက်လုံးထဲ၌ ကြည်နူးမှုတစ်ခု ပေါ်လာသည်။ ဟော်ချီက တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "အင်း၊ မင်းအတွက်။ ကျပန်းလုပ်လိုက်တာ"

"ကျေးဇူးတင်ပါတယ်!" သာ့ချောင်က ဥတွေကို သူ့ဆီပေးပြီး နှံကောင်နှစ်ကောင်ကို သူမလက်ထဲ၌ ကိုင်လိုက်သည်။ "ဒါကို အစ်ကိုကြီး ကိုယ်တိုင်လုပ်လိုက်တာလား?"

ကောက်ရိုးနှံကောင်နှစ်ကောင်သည် အလွန်နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းပြီး အသက်ဝင်နေသည်နှင့်တူသည်။ ဒီလို ကောက်ရိုးနှင့် ဖန်တီးသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဟော်ချီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ယမ်းသွားသည်။ သူက ခေါင်းညိတ်ပြီး "အင်း၊ မင်း တခြားတိရစ္ဆာန်တွေ ကြိုက်လား? ငါ့မှာ အချိန်ရှိမယ်ဆိုရင် မင်းအတွက် ငါလုပ်ပေးနိုင်တယ်" ဟု ဖြေသည်။

၎င်းကို တွေးပြီးနောက် သူက ပြောလိုက်သည်။ "စာအုပ်ကူးပေးလို့ ကျေးဇူးတင်တဲ့ လက်ဆောင်တစ်ခုအနေနဲ့ပေါ့"

သာ့ချောင်က ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားသည်။ ထို့နောက် သူမသည် တိတ်ဆိတ်သောအသံဖြင့် "ကြက်မကို ယက်နိုင်လား?" ဟု မေးသည်။

ဟော်ချီ - "..."

သာမန်မိန်းကလေတွေက ယုန် သို့မဟုတ် လိပ်ပြာလိုမျိုးအကောင်လေးတွေကို ကြိုက်တယ် မဟုတ်လား?

သူမက ဘာကြောင့် ကြက်မတစ်ကောင်ကို အထူးလိုချင်တာလဲ?

သူပြန်မဖြေသည်ကိုမြင်ပြီး သာ့ချောင်က လုပ်ရန်မလွယ်ဟု ထင်လိုက်သည်။ "မလုပ်နိုင်ရင် လုပ်နိုင်တာပဲလုပ်လိုက်"

ဟော်ချီက ပြန်ဖြေသည်။ "ငါ အရင်က ကြက်မလုပ်ဖူးဘူး။ ငါစမ်းကြည့်မယ်"

"ကောင်းပြီ။ ဒါဆို စောင့်နေမယ်"

...

ဖန်ရှောင်ကျွမ်းကို မြို့ဆေးရုံသို့ ပို့လိုက်ချိန်တွင် သွေးများစိုရွဲနေသည်။

သူမကို အုပ်ထားသည့် စောင်နှင့် အဝတ်အားလုံးက အနီရောင်သွေးများ စွန်းထင်းနေခဲ့သည်။

ထိုအချိန်တွင် ရထားကို မောင်းနှင်နေသော ဝမ်ရွှေရှန်သည် ဤမြင်ကွင်းကို မြင်ပြီး အပေါ်၊ အောက် တုန်လှုပ်နေသည်။

သူမအသက်မရှင်တော့ဘူးဟု လူတိုင်းက ထင်နေကြသည်။ ဖြစ်နိုင်ခြေနည်းသည်ဟု ဆရာဝန်ပင် ပြောသည်။

နောက်ဆုံးတွင် သူမက နိုးထလာသည်။ ဆေးရုံရှိလူနာများက သူမက သန်မာသည်ဟု ဆိုသည်။

ဖန်ရှောင်ကျွမ်း နိုးလာသည်နှင့် ဒုက္ခရောက်မည်ဟု ဝမ်မိသားစုက ထင်ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သူမနိုးလာကတည်းက ရက်အနည်းငယ်ကြာ တိတ်ဆိတ်နေသည်။

လုံးဝ တိတ်ဆိတ်နေသည်။

"အစ်ကိုကြီး၊ သူ စကားမပြောတာ ရက်အနည်းငယ်ကြာနေပြီ။ ကြီးကြီးမားမား တစ်ခုခု လုပ်ချင်နေတာလား?"

ဒုတိယဝမ်သည် ဝမ်ရွှေရှန်အား စိုးရိမ်သောကဖြင့် ပြောလိုက်သည်။

ဝမ်ရွှေရှန်သည် လူနာဆောင်အတွင်းသို့ တစ်ချက်ကြည့်လိုက်သည်။ ဖန်ရှောင်ကျွမ်းသည် ဒုတိယခယ်မ၏ ဂရုစိုက်မှုအောက်တွင် ယာဂုသောက်နေသည်။ သူမကို အပြစ်ရှာမတွေ့ပေ။ တကယ့်ကို ငြိမ်သက်နေသည်။ အရင်က ဖန်ရှောင်ကျွမ်းနှင့် မတူပေ။

ဝမ်ရွှေရှန်သည် သူ့စိတ်ထဲတွင် မတင်မကျဖြစ်နေသော်လည်း ပြောလိုက်သည်။ "မကြောက်နဲ့၊ မင်းက သူမကို ပြဿနာ ရှာစေချင်တာလား?"

ဒုတိယဝမ်က နားရွက်ကိုကုတ်ပြီး ပြန်တုံ့ပြန်သည်။ "မရှာစေချင်ဘူး၊ ဒါပေမယ့် ပဉ္စခယ်မရဲ့ စရိုက်ကို အစ်ကို မမြင်ဖူးတာလည်း မဟုတ်ဘူး။ သူမက အခု ပြဿနာမရှာဘဲ နောက်မှ ကြီးကြီးကျယ်ကျယ်လုပ်မှာ ကြောက်လို့!"

ဥပမာအားဖြင့် ပဉ္စမမြောက် ညီငယ်ကို အစီရင်ခံရန် ရပ်ရွာ သို့မဟုတ် မြို့သို့ သွားခြင်း။

ပညာတတ်လူငယ်များအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှု တိုက်ဖျက်ရေးစာတမ်းကို ယမန်နှစ်တွင် ထုတ်ပြန်ခဲ့ပြီးကတည်းက ပညာတတ်လူငယ်များသည် အခြားရွေးချယ်စရာ အကာအကွယ်များ ရရှိခဲ့ပြီး မထိခိုက်နိုင်သော မြေမြုပ်မိုင်းဖြစ်လာသည်။

မိသားစုရှိသော ဝမ်ရှင်းရှန်သည် အမျိုးသမီး ပညာတတ်လူငယ်တစ်ဦးနှင့် ပတ်သက်ပြီး သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ ဒီအဖြစ်အပျက်ကို ဖော်ထုတ်ပြီးသည်နှင့် သူက ပစ်သတ်ခံရရုံမက ဝမ်မိသားစုလည်း ဒုက္ခရောက်လိမ့်မည်။

ပထမဆုံး ဒဏ်ခံနိုင်ရမည့်သူမှာ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဝမ်ရွှေရှန် ဖြစ်သည်။ ထို့နောက် စစ်တပ်ထဲရှိ တတိယမြောက်ဝမ် ပါလာမည်။

နှစ်ဦးစလုံး အလုပ်ထုတ်ခံရနိုင်သည်။ ဝမ်ရွှေရှန်သည် ဖုံးကွယ်ထားသော ပြစ်မှုအတွက် ထောင်ကျနိုင်သည်။

ဝမ်ရွှေရှန်နှင့် တတိယဝမ်တို့သည် ဝမ်မိသားစု၏ အလားအလာအကောင်းဆုံးနှစ်ဦးဖြစ်သည်။ သူတို့ပြုတ်ကျလျှင် ဝမ်မိသားစုက ပြီးသွားလိမ့်မည်။

၎င်းက ဝမ်မိသားစုရှိ ဘယ်သူမှ မမြင်ချင်သည့် အရာဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် အရေးကြီးဆုံးအချက်မှာ ဖန်ရှောင်ကျွမ်းကို တည်ငြိမ်အောင်ထားပြီး တိုင်ကြားရန် စိတ်ကူးကို စွန့်လွှတ်ခိုင်းရမည်။

ဝမ်ရွှေရှန်သည် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါ အထဲဝင်ပြီး သူနဲ့ စကားပြောမယ်"

တစ်နာရီအကြာတွင် အခြားလူနာတစ်ဦးကို နေပူစာလှုံရန် ဆွဲထုတ်နေစဉ် ဝမ်ရွှေရှန်က မျက်မှောင်ကြုတ်ကာ ဝင်လာသည်။

ဝမ်ရှောင်ကျွမ်းသည် ဝမ်ရွှေရှန်ဝင်လာသည်ကို တစ်ချက်သာကြည့်လိုက်သည်။ စကားတစ်ခွန်းမှ မပြောပေ။

မဆဲတဲ့ ဖန်ရှောင်ကျွမ်းက ဖန်ရှောင်ကျွမ်းပဲလား?

ဝမ်ရွှေရှန်၏ နှလုံးက တုန်ယင်သွားပြန်သည်။ "ပဉ္စမညီမ၊ ပဉ္စမညီငယ်က မင်းကိုဒီကိစ္စမှာ မှားခဲ့တယ်။ ငါသူ့ကို ပြင်းပြင်းထန်ထန်ရိုက်ခဲ့ပြီးပြီ"

ဖန်ရှောင်ကွမ်းက ငြိမ်နေကာ သူ့ကို အနက်ရောင်အကြည့်နှင့် စိုက်ကြည့်နေသည်။

ဝမ်ရွှေရှန်က သူ့နဖူးပေါ်မှ ချွေးအေးများကို ခံစားလိုက်ရသည်။ "ပဉ္စမခယ်မ၊ ငါ အဆုံးထိ မသွားဘူး။ မင်း ငါတို့ ဝမ်မိသားစုနဲ့ အိမ်ထောင်ကျပြီးကတည်းက ငါတို့က မိသားစုတစ်ခုပဲ။ နှံကောင်လို တစ်ဖက်တည်းမှာပဲ ရှိတယ်။ ပဉ္စမညီလေး တစ်ခုခု ဖြစ်သွားရင် မင်းလည်း ဘာအကျိုးမှ မရှိဘူး။ မင်းဘယ်လိုထင်လဲ?"

ဖန်ရှောင်ကျွမ်း၏ နှုတ်ခမ်းထောင့်ကို တွန့်ကာ ရွဲ့ပြုံးကို ထုတ်ဖော်လိုက်သည်။ "အစ်ကိုကြီး၊ ခံရသူတစ်ယောက်အနေနဲ့ ကျွန်မက ဘာကြောင့် အကျိုးအမြတ်မရနိုင်ရတာလဲ? အများဆုံးတော့ စကားနည်းနည်း သင်ကြားခံရရုံပဲ။ မနာဘူး။ ဒါပေမယ့် ဝမ်ရှင်းရှန်က ပညာတတ်လူငယ်တစ်ဦးနဲ့ ဖောက်ပြန်ပြီး သူ့မိန်းမကို နှိပ်စက်ပြီး ကလေးကို ပွဲချင်းပြီး သေဆုံးစေခဲ့တာကို အစီရင်ခံရင် ရှင်ကရော သူ့အတွက်ရော ဘယ်လိုဖြစ်မယ်ထင်လဲ?"

ဝမ်ရွှေရှန်၏နဖူးမှာ ထုံးနေပြီ။ "ဒါဆို ပဉ္စမခယ်မ တိုင်တာကို စွန့်လွှတ်ဖို့ ဘာလိုလဲ?"

ဖန်ရှောင်ကျွမ်းသည် သူမနိုးလာကတည်းက မတူညီသောလူတစ်ယောက်ဖြစ်လာကြောင်း သူခံစားရသည်။ ရှင်းမပြနိုင်လောက်အောင် ထူးဆန်းနေသည်။

ဖန်ရှောင်ကျွမ်းက သူမ၏ တောင်းဆိုချက်ကို တိုက်ရိုက်မပြောပေ။ ထိုအစား သူမက ဘောလုံးကို ပြန်ပစ်ပေးသည်။ "ဒါဆို နင်တို့ရဲ့ ဝမ်မိသားစုက ငါ့ကို ပေးနိုင်တဲ့ အရာပေါ်မှာ မူတည်တယ်"

သေချာသည်မှာ အရင်တုန်းက ဖန်ရှောင်ကျွမ်း မဟုတ်ပေ။

ဖန်ရှောင်ကျွမ်းက မှုန်ဝါးနေသင့်သည်။ သူမသည် စိတ်မြန်ပြီး ရူးမိုက်သင့်သည်။ အခု သူနှင့် အေးအေးဆေးဆေး ညှိုနှိုင်းနေသင့်သည် မဟုတ်ပေ!

ဝမ်ရွှေရှန်က သူမကို တစ္ဆေတစ်ကောင်လို ကြည့်နေသည်။

သူ့ရှေ့ကလူက ဖန်ရှောင်ကျွမ်းနှင့် တူပုံမပေါ်ဘဲ ပဒေသရာဇ်အယူသီးမှု အခုပြိုကွဲသွားခဲ့လျှင် သူမကို တစ်စုံတစ်ခုက လွှဲပြောင်းယူသွားသည်ဟု သူတကယ်သံသယဖြစ်မိသည်။

ဖန်ရှောင်ကျွမ်းက သူစိုက်ကြည့်နေသည်ကို ကြည့်နေသည်။ သူမ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင် ပေါ်လာသည်။ "အစ်ကိုကြီး၊ ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ?"

ဝမ်ရွှေရှန်က ပြန်ပြောသည်။"ပဉ္စမခယ်မက အရင်နဲ့ မတူတော့ပုံပဲ"

ဖန်ရှောင်ကျွမ်းက သူမနှုတ်ခမ်းကို ဖိလိုက်သည်။ "ငရဲရောက်သွားရင် ရှင်လည်း ခြားနားသွားလိမ့်မယ်!"

အမှန်အတိုင်းပြောရလျှင် အခုအချိန်၌ ဝမ်ရွှေရှန်နှင့် စကားပြောနေသူက အရင်က ဖန်ရှောင်ကျွမ်း မဟုတ်ပေ။

သူမခန္ဓာကိုယ်ထဲကို တစ်စုံတစ်ယောက်မှ ကူးပြောင်းသွားခြင်း မရှိပေ။ ဒီခန္ဓာကိုယ်ထဲရှိ လူက ဖန်ရှောင်ကျွမ်း ဖြစ်နေတုန်းပင်။ သို့သော် သူမသည် ယခင်ဘဝမှ ပြန်လည်မွေးဖွားလာသူ အသက်ငါးဆယ်အရွယ် ဖန်ရှောင်ကျွမ်း ဖြစ်သည်။

သူမ၏ယခင်ဘဝတွင် ဖန်ရှောင်ကျွမ်းသည် အသက်ငါးဆယ်အထိ နေထိုင်ခဲ့သည်။ ထို့နောက် သူမသည် ယာဉ်မတော်တဆမှုတစ်ခုတွင် သေဆုံးသွားခဲ့သည်။ ပြန်နိုးလာသောအခါ ဆေးရုံ၌ လဲလျောင်းနေသည်။

ဝမ်မိသားစု၏ ပုံစံနှင့် သူမ၏ ဦးနှောက်ထဲရှိ မှတ်ဥာဏ်များက သူမကို အံ့အားသင့်စေသည်။ သူမ၏ ပြန်လည်ရှင်သန်ခြင်းကို သေချာရန် သုံးရက်နီးပါး အချိန်ယူခဲ့ရသည်။

ဒီဘဝက အရင်ဘဝနှင့် အလွန်ကွာခြားသွားသည်။

သူမ၏ အရင်ဘဝတွင် ဘယ်တော့မှကွာရှင်းခြင်းမရှိပေ။ သူမသည် ချောင်ကျန်းကျွင်းနှင့်အတူ တစ်သက်လုံးနေထိုင်ခဲ့သည်။

ချောင်ကျန်းကျွင်းသည် အမှိုက်တစ်စဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက ချမ်းသာသည်။ သူက ရှက်ရွံ့နေသည်။ သူ့ဘဝတစ်လျှောက်လုံး မျှော်လင့်ချက်မဲ့သော လယ်သမားတစ်ဦးအဖြစ် ကျေးလက်တွင် နေထိုင်ခဲ့သည်။

သူမကို တစ်သက်လုံး ကျေးလက်တောရွာမှာ နေထိုင်ရန် ဆွဲဆောင်ခဲ့သည်။ သူမ၏ အရင်ဘဝတွင် စောစောက မကွာရှင်းခဲ့ခြင်းကြောင့် နောင်တရမိသည်။ မဟုတ်လျှင် သူမ၏ အလှတရားနှင့် အရည်အချင်းရှိသည် အမျိုးသားတစ်ယောက်ကို ပြန်လည်လက်ထပ်နိုင်မည်မှာ သေချာသည်။

ထို့ကြောင့် သူမသည် ဤဘဝတွင် ချောင်ကျန်းကျွင်းနှင့်ကွာရှင်းခဲ့ကြောင်း သိသောအခါ ပြန်လည်မွေးဖွားခဲ့သော ဖန်ရှောင်ကျွမ်းသည် အလွန်အံ့သြခြင်းမရှိပေ။ သို့သော် သူမသည် အမှန်ကန်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည့်အတွက် ဝမ်းသာမိသည်။

ဝမ်ရှင်းရှန်ကဲ့သို့သော လူကောင်းတစ်ယောက်က လူဆိုးအဖြစ်သို့ ပြောင်းလဲသွားသည်က သူမကို အလွန်မကျေမနပ်ဖြစ်စေခဲ့သည့်အရာ ဖြစ်ပြီး ယခုဘဝ၏ ဖန်ရှောင်ကျွမ်းသည် ဆက်လက်သရုပ်ဆောင်နေခြင်းဖြစ်သည်။

မှန်သည်။ ယခုဘဝ၌ ဝမ်ရှင်းရှန်ကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ရကြောင်း သိသော်လည်း ဝမ်ရှင်းရှန်သည် သူမ၏ အမြင်တွင် ရွေးချယ်ရန် အလွန်ကောင်းသော လူတစ်ဦးဖြစ်နေဆဲဖြစ်သည်။

ဝမ်ရှင်းရှန်သည် သူမ၏ယခင်ဘဝက လင်းဟွေ့ကို ချစ်ခင်မြတ်နိုးသည်။ အရေးအကြီးဆုံးမှာ သူသည် ရွာရှိ ပထမဆုံး ယွမ်တစ်သောင်းတန် အိမ်ထောင်စု ဖြစ်လာသည်။

ဝမ်ရှင်းရှန်က ရွာကို ကားနှင့် ပြန်လာသည့် မြင်ကွင်းကို သူမ မှတ်မိနေသေးသည်။ လင်းဟွေသည် အနီရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ကာ ကားထဲမှ ဆင်းလာသည်။

လင်းဟွေ့သည် ဆံပင်ကို ညှပ်ထားပြီး သူမ မမြင်ဖူးသော အဝတ်အစားများ ၀တ်ထားသည်။ သူမသည်အလွန်ခေတ်မီခဲ့သည်။

ထိုအချိန်တွင် သူမသည် မီးခိုးရောင်အ၀တ်အစားများ ၀တ်ထားသည်။ ဖာထေးခြင်း မရှိသော်လည်း အခြားသူနှင့် နှိုင်းစာလျှင် တွင်းတူးပြီး ကိုယ့်ကိုကိုယ် မြှုပ်နှံချင်သွားသည်။

ထိုအချိန်တွင် လင်းဟွေ့သည် ဒေါက်မြင့်ဖိနပ်စီးကာ အမှိုက်ပုံကြီးကို ကြည့်နေသလိုမျိုး သူမကို ကြည့်နေသည်။ သူမ၏ မျက်လုံးများသည် စာနာစိတ်နှင့် စိန်ခေါ်မှူများ ပြည့်နှက်နေသည်။ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ပြီး နေရာတွင်ပင် အပြေးအလွှားသွားကာ မျက်နှာကို ဆုတ်ဖြဲရန် ဆန္ဒရှိခဲ့သည်။

ဒါကြောင့် ဒီဘဝမှာ ကတ်ကောင်းတစ်ချပ်ကို ကိုင်ထားတဲ့အခါ ဘယ်လိုလုပ် တန်ဖိုးမထားဘဲ နေမှာလဲ?

နောက်ဆုံးတွင် သူမက တစ်သက်လုံးနေထိုင်ခဲ့သည်။ သူမ၏ အတွေ့အကြုံနှင့် စိတ်သည် ဤဘဝရှိ ဖန်ရှောင်ကျွမ်း၏ အထက်တွင် ရှိနေသည်။ ထို့ကြောင့် သူမသည် ဝမ်ရှင်းရှန်နှင့် ကောင်းမွန်သော ဘဝကို ဖြတ်သန်းချင်သော်လည်း မိမိအတွက် အကောင်းမွန်ဆုံး အခြေအနေကို ရောက်အောင် ကြိုးစားလိုသေးသည်။

ဝမ်ရွှေရှန်က သူမ၏စကားကို ကြားသောအခါတွင် အဆင်မပြေမှုက သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။"ပဉ္စမခယ်မ၊ ပဉ္စမညီငယ်က ဒီကိစ္စမှာ တကယ်မှားနေပြီ။ မင်းကွာရှင်းချင်ရင် ငါတို့မင်းကိုတားမှာမဟုတ်ဘူး။ ငါတို့ မင်းကို လျော်ကြေးပေးမယ်!"

ဖန်ရှောင်ကျွမ်းက ကွာရှင်းရန် သဘောတူလျှင် ဝမ်မိသားစုက မီးရှူးမီးပန်း ပစ်ဖောက်ရန် မစောင့်နိုင်တော့ပေ။

မမျှော်လင့်ဘဲ ဖန်ရှောင်ကျွမ်းက ပြောသည်။ "ကျွန်မ ကွာရှင်းမှာ မဟုတ်ဘူး။ ရှင်းရှန်အပေါ် ခံစားချက်တွေရှိနေသေးတယ်"

ဝမ်ရွှေရှန် - "..."

All Chapters