← Chapters

ဘာလို့ စောစောပေါ်မလာတာလဲ

Vol. 104 Ch. 1446

ဘာလို့ စောစောပေါ်မလာတာလဲ

Vol. 104 Ch. 1446

ရှီမာကျိယွင်သည် ရှီမာလျူရွှမ်၏ ကိစ္စကိုအသေးစိတ်မေးချင်သော်လည်း လန်ကျုံးရှိနေသောကြောင့် တခြားကိစ္စများကိုသာ ပြောရလေသည်။

“ခေါင်းဆောင် ဒါဘာလို့ ကျွန်မတို့ကိုပဲလာဖြစ်နေတာလဲ” ဟွမ်ရင်ရင် မေးလေသည်။

ရှီမာကျိယွင်သည် ခေါင်းခါယမ်းလိုက်သည် “မကြာခင်က အဖြစ်အပျက် တွေကြောင့် တော်တော်များများ ငါတို့အကြောင်းသိကြတယ်၊ ငါတို့ အဆင့် တက်မှာကို မလိုလားတဲ့လူတွေလည်းရှိကြတယ်”

ထို့ကြောင့်ပင် သူတို့ကို တိုက်ခိုက်ချင်သူများလှသည်။

“ရှီမာမိသားစုမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် အပြင်လူတွေက သတိထားနေကြတာလားမဟုတ်ရင် တခြားလူတွေရော ဒါကိုကြုံဖူးကြတာ လား” ရှီမာလျူရွှမ် မေးလိုက်သည်။

သူသည် ရှီမာမိသားစုဝင်မဟုတ်တော့သည်ဟု ပြောပြီးနောက်တွင် ရှီမာလျူရွှမ်၏ သဘောထားမှာလည်း ပြောင်းလဲသွားလေသည်။

“ငါတို့ကြောင့်ပဲ” ရှီမာကျိယွင် ပြောလေသည် “သက်တမ်း တစ်သောင်းရှိတဲ့ လနက်ရှိုင်းအသီးက… ဂုဏ်သတင်းကအရမ်းကြီးလွန်းလို့ ပြိုင်ပွဲဝင်တွေရဲ့ လုံခြံဒရေးကို သေချာအောင်လုပ်ချင်ကြတယ်”

“အမှန်ပဲလေ ဒါပေမဲ့ လနက်ရှိုင်းအသီးက ပြိုင်ပွဲကိုနိုင်တာနဲ့တင် မရနိုင် ဘူးမလား”

“ဟော်မိသားစုရဲ့ သခင်မကြီးကို ကုဖို့လိုတော့ကြားတယ် ဒါပေမဲ့ အကုန်လုံးက အဲဒါကိုမေ့ထားကြတယ်ထငတ်ယ်”

“မိသားစုခေါင်းဆောင်ဟော်က တကယ့်ကို မေတ္တာတရားကြီးမားတဲ့ လူ ပဲ” လန်ကျုံးသည် သက်ပြင်းချကာ သူ့မျက်လုံးများသည် မှေးနေရာ သူ့အတွေး ကိုမည်သူမှ မသိနိုင်ပေ။

သူတို့ စကားပြောနေသည်နှင့် အချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွား သည်။ နာရီအနည်းငယ်ကြာသောအခါ ရှီမာယူယူ တံခါးဖွင့်လာသည်။

“ဘယ်လိုလဲ” ဟွမ်ရင်ရင်သည် သူမဆီသို့လာပြီး စိုးရိမ်တကြီးမေးလေ သည်။

“အကုန်လုံးကို ထိန်းချုပ်နိုင်လိုက်ပြီ သူတို့သတိပြန်ရပြီ ဒါပေမဲ့ အရမ်း အားနည်းနေသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား သူတို့တွေ သတိရနေကြပြီလား ငါ သွားကြည့်လိုက်ဦး မယ်”

ရှီမာယူယူ မတားခင်မှာပင် ဟွမ်ရင်ရင်သည် တံခါးကို ပျော်ရွှင်စွာတွန်း ဖွင့်ပြီး ဝင်သွားလေသည်။

ဟွမ်ရင်ရင် ဝင်သွားပြီးနောက်တွင် ‘အမေ’ ဆိုသောခေါ်သံကို ကြားလိုက် ရသည်။

သူမ အဒေါ်အရင်းကအဲဒီမှာရှိနေတာကိုး၊ အဲဒါကြောင့် သူမက အရမ်း စိတ်ပူနေတာကိုး။

“အထဲဝင်ပြီးကြည့်ရအောင်”

တခြားသူများဝင်သွားသည်နှင့် လန်ကျုံးနှင့် တိုင်ကိုမှီနေသော ရှီမာယူယူ တို့သာ ကျန်ခဲ့လေသည်။

“တကယ်ပဲ ထိန်းချုပ်တာ အောင်မြင်သွားတာလား”

“ရှင်မယုံရင် သွားကြည့်လိုက်လေ ကျွန်မက ရိုးသားတဲ့လူပါ” ရှီမာယူယူ သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

လန်ကျုံးသည် သူမကို မယုံသည့်အလား သူမကိုဖြတ်သွားပြီး အခန်းထဲ သို့ဝင်သွားလိုက်ရာ အစောပိုင်းက သတိမေ့နေသောလူများသည် မျက်လုံးများ ပွင့်နေကြသည်ကို မြင်လိုက်ရသည်။

သူတို့ အားနည်းနေသေးသော်လည်း အမှန်တကယ်ပင် သတိရနေကြ သည်။

သူသည် အနည်းငယ်တုန်လှုပ်ကာ အိပ်ရာဆီသို့ အမြန်လျှောက်သွား လိုက်ပြီးသည်နှင့် မိန်းကလေးတစ်ဦး၏ လက်ကိုဆုပ်ကိုင်ပြီး သွေးခုန်နှုန်းစမ်း သပ်ရင်း အေးခဲနေလေသည်။

တကယ်ပဲ… သူမက အဲဒါကိုထိန်းချုပ်နိုင်လိုက်တာပဲ။

“လန်ကျုံး ဘာလုပ်တာလဲ” ဟွမ်ရင်ရင်သည် သူ့ကိုအော်လေသည်။

သို့သော် လန်ကျုံးသည် သူမကို ဂရုမစိုက်နိုင်ဘဲ အိပ်ရာဘေးတွင် ငေးငိုင် စွာ ထိုင်နေလေသည်။

“မင်း…”

လန်ကျုံးသည် ရုတ်တရက် မတ်တတ်ထရပ်ကာ နောက်မိန်းကလေး တစ်ဦး၏ဘေးကိုသွားပြီး စမ်းသပ်ကြည့်ရာတွင်လည်း ရလဒ်မှာအတူတူပင်။

“တကယ်ပဲ… တကယ်ပဲ… ဖြစ်နိုင်တာက” လန်ကျုံးသည် သူ့ကိုယ်သူ ရေရွတ်မိလေသည်။

ရှီမာယူယူ ဝင်လာသည်နှင့် မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ် နေသောသူ့ကိုတွေ့လိုက်ရသည်။

စိတ်ပျက်လက်ပျက်ဖြစ်နေတာလား ဘာလို့လဲ။

“လန်ကျုံး” ဟွမ်ရင်ရင်သည် ဆူပွက်လာကာ အသံကိုထပ်ကျယ်လိုက် သည်။

“အဘွား သူက သူတို့အခြေအနေကို စမ်းသပ်ကြည့်နေတာပါ” ရှီမာယူယူ ပြောလိုက်သည်။

သူကလည်း သမားတော်လား။

လန်ကျုံးသည် ရှီမာယူယူ၏ အသံကိုကြားလိုက်ပြီး သူမကို လှည့်ကြည့် ကာ နှုတ်ခမ်းလှုပ်သွားသော်လည်း တစ်စုံတရာမှမပြောပေ။

“ဘယ်လိုလဲ” ရှီမာယူယူ‌ မေးလိုက်သည်။

“ဘယ်လိုလုပ်လိုက်တာလဲ” လန်ကျုံးသည် ပြန်မဖြေဘဲ မေးခွန်းပြန် ထုတ်လေသည်။

ဘယ်လို… ဘယ်လိုလုပ်လိုက်တာလဲ.

ရှီမာယူယူသည် နားမလည်တော့ပေ။

လန်ကျုံးသည် သူမအား နာကျင်သောအမူအရာဖြင့်ကြည့်လေသည်။ ဘာလို့စောစောက မပေါ်လာတာလဲ။  အဲတုန်းက သူမရဲ့ အဆိပ်ကိုသာ ထိန်းချုပ်နိုင်လိုက်ရင် သူ ကုသပေးဖို့အတွက် စောင့်နိုင်သွားမလား။

သူသည် မတ်တတ်ထပြီး တွေးလိုက်သည်နှင့်လက်ထဲတွင် ဆေးနည်း ပေါ်လာသည်။ သူသည် ရှီမာယူယူ၏ဘေးသို့လာပြီး သူမလက်ထဲသို့ ဆေးနည်း ထည့်ကာ ထိုအတိုင်းပင်ထွက်သွားလေသည်။

ရှီမာယူယူသည် လက်ထဲမှ ဆေးနည်းကိုငုံ့ကြည့်ပြီး ပြုံးလိုက်သည်။

ဆိုလိုတာက သူ အပေးအယူလုပ်ဖို့ သဘောတူလိုက်ပြီပဲ။

“ယူယူ ဒါဘာလဲ”

ရှီမာယူယူသည် ဆေးနည်းကိုမြှောက်ပြလိုက်သည် “ရက်တစ်ရာ အိပ်ဆေးအတွက် အဆိပ်ဖြေဆေးလေ အရင်ဆုံးအဆိပ်ဖြေဆေးသွားဖော် လိုက်ဦးမယ်”

ပြောပြီးနောက်တွင် တခြားသူများ စကားပြောသည်အထိ မစောင့်တော့ ဘဲ သူမ လှည့်ထွက်ခဲ့သည်။ သူမသည် ဘေးမှ အခန်းလွတ်ဆီသို့သွားပြီး တည်ဆောက်မှုစီမံကာ အဆိပ်ဖြေဆေးကို စတင်ဖော်စပ်တော့သည်။

“အမေ သူက မောင်လေးရဲ့ သမီးလား” လန်ကျုံး ပထမဆုံးစမ်းသပ် သည့်အမျိုးသမီးသည် တိုးညင်းသောအသံဖြင့် မေးလေသည်။

“ဟုတ်တယ်” ဟွမ်ရင်ရင် ပြန်ဖြေလိုက်သည် “ယွမ်အာ ဘယ်လိုနေသေး လဲ”

“နည်းနည်းအားနည်းရုံပါ” ရှီမာလျူယွမ်၏ အသံသည် အလွန်အားနည်း လွန်းသည်။

ခုန သူမ နိုးလာစဉ်က ဘေးတွင် အမျိုးသမီးငယ်တစ်ဦးရှိနေသည်။ ထို မိန်းမငယ်လေးသည် သူမကိုပြုံးပြီး အလွန်အားနည်းနေသေးသဖြင့် စကား မပြောရန် အကြံပေးခဲ့ပြီး တခြားသူများကို ကုသရန်ထွက်သွားခဲ့သည်။

ယွိခဲ့လော့နှင့် ၇၀ ရာခိုင်နှုန်းလောက် တူသည့် မျက်နှာလေးသည် သူတို့ ကလေးမှလွဲပြီး တခြားသူကို မစဉ်းစားမိပေ။

ကတိတည်တဲ့ ကလေးပါလား….

“ဒါနဲ့ အမေ မောင်လေးဘယ်မှာလဲ”

ဟွမ်ရင်ရင်သည် အနောက်ကိုကြည့်လိုက်ရာ အားလုံးသည် ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်နှင့် ငွေရောင်ဆံပင်ရှိပြီး နူးညံ့စွာပြောနေသောလူကို တွေ့ လိုက်ရလေသည်။

“အစ်မ ၉ ကျွန်တော်ပြန်လာပြီ”

သူမကို ‘အစ်မ ၉’ ဟုခေါ်သည်ကို ကြားပြီးနောက် ရှီမာလျူယွမ်၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။

ရှီမာကျိယွင်သည် သူတို့ကိုကြည့်ပြီး တခြားသူများကိုပြောလိုက်သည် “အကုန်လုံးနိုးလာမှတော့ ရပ်မနေကြနဲ့တော့ ထွက်ပေးလိုက်ရအောင်”

မျိုးနွယ်မှ တခြားသူများထွက်သွားရာ ထိုနေရာတွင် ဟွမ်ရင်ရင်တို့သာ ကျန်ခဲ့လေသည်။

သူတို့ သတိရလာပြီဆိုတော့ ဒီကိစ္စကို တာဝန်ရှိတဲ့သူကို ဖော်ထုတ်ရ တော့မှာပေါ့။

ရှီမာယူယူသည် အခန်းထဲတွင် အဆိပ်ဖြေဆေး သန့်စင်နေသည်။ ထိုဆေး ဖော်စပ်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်း ငယ်စိမ်းသသပ်နေကာ နှစ်ကြိမ်မျှလေ့ကျင့်ပြီးမှသာ အောင်မြင်လေသည်။

လက်ထဲမှဆေးကိုကြည့်ပြီး လန်ကျုံး၏ နာကျင်နေသော မျက်လုံးများကို အမှတ်ရသွားသည်။

သူ အဲလောက်တုံ့ပြန်မှုကြီးတာ သူ့အတွက် အရေးကြီးတဲ့လူ တစ်ယောက်ယောက်က ဒီအဆိပ်မိပြီး အချိန်မှီအသက်မကယ်လိုက်နိုင်လို့ ဖြစ်ရမယ်။

သူ သူမကို ‘ဘယ်လိုလုပ်တာလဲ’ လို့မေးစဉ်က သူမ မည်သို့ထိန်းချုပ်နိုင် သည်ကိုမေးခြင်းဖြစ်မည်။

ဟူး…

သူမသည် စိတ်ထဲမှသက်ပြင်းချပြီး လက်ထဲမှဆေးများကိုသိမ်းကာ အတားအဆီးဖယ်ပြီးသည်နှင့် တံခါးဖွင့်လိုက်သည်။

လန်ကျုံးသည် ခြံဝန်းထဲတွင်ရပ်ပြီး သူမတံခါးကိုကြည့်နေရာ သူမ လန့်သွားလေသည်။

အင်း တစ်ခါတလေ သူ့ရဲ့တည်ရှိမှုကို သူမ မဖော်ထုတ်နိုင်တာ သူမ တံခါးအပြင်မှာ စောင့်နေတာကို မသိတာက သာမန်ပါပဲ။

“အကုန်ပြီးပြီလား” သူသည် အက်ကွဲနေသောအသံဖြင့် မေးလိုက်သည်။

သူမ ဆေးဖော်တာ ရက်နည်းနည်းကြတယ်လေ၊ ဒီပြီးခဲ့တဲ့ရက်တွေမှာ သူက သူမကိုရပ်စောင့်နေတာလား။

“အင်း” ရှီမာယူယူသည် ပုလင်းတစ်လုံးထုတ်ပြီး သူ့လက်ထဲပစ်ပေးလိုက် သည်။

လန်ကျုံးသည် ကျောက်စိမ်းပုလင်းကိုဖမ်းပြီး ထုတ်ကြည့်လိုက်သည်။ လက်ဖဝါးပေါ်ရှိ နို့နှစ်ရောင်ဆေးများကို မြင်သောအခါ စိတ်များရှုပ်ထွေးသွား သည်။

“မင်းပြောတာ အမှန်ပဲထင်တယ်” သူသည် ဆေးကိုပြန်ပစ်ပေးလိုက် သည်။

ရှီမာယူယူပြုံးပြီး လှည့်ကာပင်မအခန်းဆီသို့ ဝင်သွားလိုက်သည်။

သူမသည် အချိန်တိုအတွင်း အဆိပ်ဖြေဆေးကို ဖော်စပ်နိုင်သည်မှာ သူမ သည် ထိုအရာများတွင် နားလည်တတ်ကျွမ်းသည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ဆေးနည်းမရှိလျှင်တောင် သူမသည် ခဏအတွင်းအဆိပ်ဖြေ ဆေးဖော်နိုင်လိမ့်မည်။

အဲဒါကြောင့် သူမက သူ့ကိုမလိမ်ဘူးပဲ။

သူသာ သူမကို မပြောခဲ့ရင်လည်း သူမကတော့ အဆိပ်ဖြေဆေးရသွားမှာ ပဲ။ ဒါပေမဲ့ သူမ ထိန်းချုပ်နည်းကို သူ သိရတော့မှာမဟုတ်ဘူး။

ရှီမာယူယူသည်အခန်းသို့လာရာ အိပ်ရာဘေးတွင် ဟွမ်ရင်ရင်နှင့်အတူ အမျိုးသမီးတချို့ရပ်နေသည်ကိုတွေ့လိုက်ရသည်။ သူမ ဝင်လာသည်ကို မြင် သောအခါ သူတို့မျက်နှာများ အနည်းငယ်ပျော်ရွှင်သွားကြသည်။

“ယူယူ အဆိပ်ဖြေဆေးရလာပြီလား” ဟွမ်ရင်ရင် မေးလိုက်သည်။

“ဟုတ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ပထမဆုံးအသုတ်အတွက် တော့ လုံလုံလောက်လောက် သန့်စင်ခဲ့တယ် ကျန်တာကိုနောက်မှ ဖော်တော့ မယ်”

သူမ ဆေးများကိုထုတ်ပြီး အမျိုးသမီးများဆီသို့ ဝေပေးကာ သောက်ခိုင်း လိုက်သည်။

“ကောင်းလိုက်တာ”

“အဆိပ်ဖြေဆေးရှိရင် အကုန်လုံးအဆင်ပြေသွားမှာပါ”

လန်ကျုံးသည် ခြံဝန်းတွင်ရပ်ကာ ပျော်ရွှင်မှုကို မဖုံးနိုင်ဘဲ ပျော်ရွှင်စွာ အောင်ပွဲခံနသော လူတစ်စုကို ကြည့်နေသည်။

သူသည် ထိုစဉ်က ယခုလိုပျော်ရွှင်ရန် အခွင့်အရေးမရှိခဲ့ပေ။

***

All Chapters