သူမက ထပ်ပြီးမကုသပေးချင်တော့ဘူး
Vol. 104 Ch. 1447
“ဒါကတကယ်ပဲ အဆိပ်ဖြေဆေးလား”
အောင်ပွဲခံသည့်အသံများအကြားမှ မေးခွန်းထုတ်သံတစ်သံသည် အားလုံး၏ တက်ကြွမှုကို နှောင့်ယှက်လိုက်သည်။
လူများ မှင်တက်သွားကြပြီး ထိုစကားပြောသူကို ကြည့်လိုက်ကြသည်။
“မြောင်ရှီဟွာ ဘာအဓိပ္ပာယ်လဲ” ဟွမ်ရင်ရင်သည် သူမ၏ အဖိုးတန် မြေးမလေးကို မေးခွန်းအထုတ်ခံရသဖြင့် အော်လိုက်သည်။
“ကြားတဲ့အတိုင်းပဲလေ” မြောင်ရှီဟွာ ပြောလိုက်သည် “အဲဒါ အဆိပ်လို့ ဘယ်အဆိပ်သခင်ကမှမပြောဘူး၊ သူမကပဲ အဆိပ်ဆိုပြီး အကဲဖြတ်လိုက်တာ လေ ပြီးတော့ အရမ်းအားကောင်းတဲ့ ရှေးဟောင်းအဆိပ်ဆိုပြီးတော့တောင် ပြောလိုက်သေးတယ်၊ ဒီအဆိပ်ဖြေဆေးက စိတ်ချရလို့လား၊ မျိုးနွယ်ထဲမှာ မကြီးပြင်းခဲ့တဲ့လူတစ်ယောက်က မိသားစုကို ကောင်းပေးပါ့မလား”
သူမ ထိုသို့ပြောလိုက်သောအခါ အစောပိုင်းက ပျော်ရွှင်နေကြသူများ သည် သံသယဝင်လာကြသည်။
“ဒါက… ရင်ရင် ရှီဟွာကပြောတာလည်း မှန်တယ်၊ ငါတို့ကလေးတွေက ငါတို့ဘဝပဲ အဲဒါကြောင့် မှားသွားရင် ငါတို့လည်းဘာမှမတတ်နိုင်ဘူး…” လူ တစ်ယောက် ပြောလိုက်သည်။
“နင်တို့…”
“အဘွား ဒေါသမထွက်ပါနဲ့” ရှီမာယူယူသည် ဟွမ်ရင်ရင်၏ ကျောကို ကိုင်ပြီး ပြောလေသည် “သူတို့က မယုံမှတော့ သမီးတို့အတွက် ပြောစရာဘာမှ မရှိတော့ဘူး၊ သမီးတို့က သူတို့ကိုတောင်းဆိုနေတာလည်းမဟုတ်ဘူး၊ ဒါကို မယုံနိုင်ဘူးလို့ထင်လည်း မသုံးနဲ့ပေါ့ ဘာကိုမှဖိအားပေးဖို့မလိုဘူး”
မြောင်ရှီဟွာသည် ရှီမာထူ၏ ဇနီးဖြစ်ကြောင်းကို သူမ သိထားသည်။ သူမ သည် အဘွားဖြစ်သူတို့နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သည်။
“ယူယူ” ဟွမ်ရင်ရင်သည် ထိုလူများဆီမှ မပျော်မရွှင်နှင့် အကြည့်ခွာလိုက် သည်။
ကြင်နာမှုအပြည့်နဲ့ သူမ အဖိုးတတ်မြေးမလေးက သူတို့ကိုကယ်လိုက် တာပဲ။ ဒါပေမဲ့ ဒီလိုမေးခွန်းထုတ်တာက တကယ်ပဲ စိတ်တိုစရာပဲ။
“ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။ “သူတို့ စားသည်ဖြစ်စေ မစားသည်ဖြစ်စေ သမီးတို့အတွက် ဘာသက်ရောက်မှုမှမရှိဘူး”
ပြီးနောက် သူမသည် ထိုအမျိုးသမီးများကိုကြည့်ပြီးပြောလိုက်သည် “ရှင်တို့က ကျွန်မကိုမယုံမှတော့ ကျွန်မသန့်စင်ထားတဲ့ ဆေးတွေကို မစားဘဲ နေလို့ရတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်ကို ကျွန်မဘိုးဘိုးကြီးကြောင့် ရှင်တို့ကို ကူညီပေးတာ၊ အဲဒါကို မယုံကြည်ဖို့ကိုရွေးလိုက်တယ်ဆိုရင် နောက်မှ တောင်းပန်ရင်တောင် ကိစ္စတွေက မလွယ်တော့ဘူး”
“ဟင်း နောက်ကို နင်တို့တွေ ငါတို့ကိုတောင်းပန်ရင်တောင် မကူညီပေး နိုင်တော့ဘူး” ဟွမ်ရင်ရင်သည် ထိုစကားများကို ပြန်ပြောလေသည်။
“အဘွား အဒေါ့်ကိုပဲ အရင်အဆိပ်ဖြေဆေးပေးလိုက်ပါ” ရှီမာယူယူ ပြော လိုက်သည်။
“ဟုတ်ပြီ”
ဟွမ်ရင်ရင်သည် ရှီမာလျူယွမ်ကို အဆိပ်ဖြေဆေးပေးပြီး စိုးရိမ်တကြီး မေးလေသည် “ဘယ်လိုနေလဲ”
ရှီမာလျူယွမ်သည် ပြုံးပြီးပြောလေသည် “ပိုကောင်းလာတယ်”
သူမ ထိုသို့ပြောသော်လည်း သံသယရှိသူများသည် စကားပြောရန်ပင် စွမ်းအားမရှိကာ သူမ စကားကိုမယုံကြပေ။
ဟွမ်ရင်ရင်နှင့် ဆက်ဆံရေးကောင်းသောတချို့မှာတော့ ရှီမာလျူယွင် ဆေးသောက်လိုက်သည်ကို မြင်သောအခါ သူတို့ကလေးများကိုပါ လိုက်တိုက် လိုက်ကြသည်။ သို့သော် ခေါင်းမာသူတချို့သည်မလှုပ်ကြပေ။
“ကျွန်မကို မယုံမှတော့ အဲဒီဆေးများကို ကျွန်မကိုပြန်ပေးပါ” ရှီမာယူယူ သည် သူတို့ကို လက်ဖြန့်တောင်းလိုက်သည်။
မြောင်ရှီဟွာသည် လက်ထဲမှဆေးကိုဆုပ်ကိုင်ထားကာ သူမကို ပြန်ပေးရန် ရည်ရွယ်ချက်မရှိပေ။
သူမသည် မသေချာရုံသာဖြစ်ကာ လုံးဝအသုံးမဝင်ဘူးဟု မတွေးပေ။ သူမ လုပ်ချင်သည်မှာ ထိုဆေးကို အဆိပ်သခင်ဆီသို့ အရင်ပြပြီး ယုံကြည်နိုင်မှပင် သူမ သမီးဖြစ်သူကို တိုက်ရန်ဖြစ်သည်။
တခြားသူများလည်း စိတ်ထဲတွင် ထိုသို့တွေးနေကြသည်။ ထို့ကြောင့် မည်သူမှ ပြန်မပေးကြပေ။
ရှီမာယူယူသည် သူတို့အတွေးကိုနားလည်သည်။ သို့သော် ထိုကဲ့သို့ ဈေးတစ်သူများကို လွှတ်ပေးလိုက်ရန် စိတ်ကူးမရှိပေ။
“မိအာ ရှောင်ချီ”
သူမ ပြောပြီးနောက်တွင် တခြားသူများသည် ပုံရိပ်နှစ်ခုကို ခံစားမိလိုက် ကာ ပြန်ကြည့်လိုက်သောအခါ ရှီမာယူယူဘေးတွင် လူအသေးလေးတစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦးတို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူအသေးလေးသည် ရှီမာယူယူနှင့် တူပြီး အရွယ်အစားသေးငယ် သည့်ပုံစံသာဖြစ်သည်။
“ယူယူ ဆေး”
ရှောင်ချီနှင့် မီအာတို့သည် ရှီမာယူယူကို ဆေးများပေးလိုက်မှပင် တချို့ လူများသည် လက်ထဲမှ ဆေးများမရှိတော့သည်ကို သိလိုက်ရသည်။
ရှီမာယူယူသည် ဆေးများကိုသိမ်းပြီး သူတို့ကို ချီးကျူးလိုက်သည် “တော်တယ်”
“ရှီမာယူယူ ဘာအဓိပ္ပာယ်လဲ” မြောင်ရှီဟွာသည် ထိုအရာကိုမြင် သောအခါ စူးစူးရှရှအော်လေသည်။
“ရှင်တို့က ဒီဆေးကိုမသုံးမှတော့ ပြန်ယူမှာပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဆေးပါဝင်ပစ္စည်းတွေ အရမ်းကုန်ကျပြီး ဈေးလည်းကြီးတယ်”
“မင်း ငါတို့ကိုပေးပြီးမှတော့ ပြန်ယူစရာအကြောင်းမရှိဘူးလေ”
“ဒီဆေးက ကျွန်မဟာပဲ ဘာလို့ပြန်မယူနိုင်ရမှာလဲ” ရှီမာယူယူ ပြော လိုက်သည် “ပါဝင်ဆေးပစ္စည်းတွေကလည်း ကျွန်မအပိုင်ဖြစ်ပြီး သန့်စင်တာကို လည်း ကျွန်မပဲလုပ်ထားတာ၊ ရှင်တို့ရှီမာမိသားစုက တစ်ပြားမှပေးထားတာ မဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်မပေးချင်ရင် ပေးမယ် မပေးချင်ရင် ပြန်ယူမယ်”
“မင်း…”
မြောင်ရှီဟွာနှင့် တခြားသူများသည် ဒေါသထွက်သွားကြသည်။ တကယ့် အဆိပ်ဖြေဆေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
“အမေ ကျွန်မ ပိုပြီးသက်တောင့်သက်သာ ဖြစ်သွားသလိုပဲ” ရှီမာလျူယွမ် သည် ရုတ်တရက်ပြောလိုက်သည်။ သူမ အသံများ အားရှိလာသည်။
“ဒီဆေးက သက်ရောက်မှုပြနေပြီ အဲဒါကြောင့် ပိုပြီးသက်သာလာမှာပေါ့” ရှီမာယူယူ ရှင်းပြလေသည် “ဒါပေမဲ့ တစ်ခါသောက်တာနဲ့ မလောက်သေးဘူး နောက်ထပ် နှစ်ခါသောက်ဖို့လိုသေးတယ်”
“ကျေးဇူးတင်ပါတယ် ယူယူ” ရှီမာလျူယွမ်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
“အဒေါ်က ယဉ်ကျေးနေပါပြီ”
“ငါ့ ခန္ဓာကိုယ်က အားပြန်ရလာသလို ခံစားရတယ်”
“ငါရောပဲ”
ဆေးသောက်လိုက်သူအားလုံးသည် ညီညာစွာအသံထွက်လာကာ တစ်ယောက်ချင်းစီသည် အရင်ကထက် ပိုသန်မာလာကြသည်။
ထိုအမျိုးသမီးများသည် အပျော်လွန်သွားကြသည်။ ကြည့်ရတာ အဆိပ် ဖြေဆေးက တကယ်ပဲအသုံးဝင်တာပဲ။
“တကယ် အသုံးဝင်တာပဲ” သူတို့အော်လိုက်ကြသည် “ဟားဟား ကံကောင်းလို့ ငါတို့ သူမကိုယုံလိုက်တာ”
သို့သော် မြောင်ရှီဟွာ မွှေလိုက်သောလူများသည် နောင်တရကြလေ သည်။ သူတို့ သူမကိုယုံလိုက်သင့်တာ။
ကောင်းရော… အခုတော့ အဆိပ်ဖြေဆေးကို ပြန်ယူသွားပြီ။
သူတို့သည် မြောင်ရှီဟွာကို အားလုံးအပြစ်ပုံချရုံသာရှိကြသည်။ သူတို့ သည် ထိုအကြောင်းကို မစဉ်းစားမိကြပေ။ သူမသာ သူတို့ကိုကြားမဝင်ရင် ဘယ်လိုလုပ် တွေဝေမိမှာလဲ.
သူမနှင့် ရှီမာရှုံ့ချီတို့ကြားတွင် ရန်ငြိုးဟောင်းများရှိခဲ့သည်။ ထို့ကြောင့် ပင် သူမနှင့်အတူပါလာသော ရှီမာယူယူကို မယုံရန် လှုံ့ဆော်ခဲ့သည်။
သူမကိုသာ အကုန်အပြစ်ပုံချလိုက်တော့။ မဟုတ်ရင် သူတို့ သမီးနဲ့ မြေးမ တွေက ဘယ်လိုလုပ် ဒီလိုဖြစ်နေခဲ့မှာလဲ။
စိတ်ထဲမှ ခါးသီးသော အပြစ်တင်ချက်များနှင့် သူတို့မျက်လုံးထဲမှ အကြည့်များသည် မကောင်းလှပေ။
မြောင်ရှီမဟွာသည် ထိုမကြင်နာသောအကြည့်များကြောင့် ဒေါသထွက် ကာ သူတို့ကိုပြန်ကြည့်ပြီး ချေပလေသည်။ “ငါ နင်တို့ကိုဖိအားမပေးဘူးနော် ဘာလို့ငါ့ကိုအပြစ်တင်နေကြတာလဲ၊ ပြီးတော့ အဆိပ်ဖြေဆေးက အလုပ်ဖြစ် မလားဆိုတာလည်း မသိသေးဘူးလေ”
“အလုပ်ဖြစ်သွားတယ်မလား ဟင်း နောက်မှသိလိမ့်မယ်” ဟွမ်ရင်ရင် ပြောလိုက်သည် “ယွမ်အာ သမီးမကြာခင် ပြန်ကောင်းလိမ့်မယ်”
“အင်း” ရှီမာလျူယွင် ခေါင်းညိတ်လိုက်သည်။ သူမ မျက်လုံးများ တောက်ပ လာပြီး ရက်ပေါင်းများစွာလှဲနေပြီးနောက် ပြန်ကောင်းလာသည်။
“မင်းတို့…”
“အဘွား သမီးနောက်တစ်ဆင့်အတွက် ဆေးသွားသန့်စင်လိုက်ဦးမယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ဟွမ်ရင်ရင်ကို အရိုအသေပေးပြီး လှည့်ထွက်သွား လေသည်။
သူမသည် လန်ကျုံးကိုရှာရန် ထွက်သွားလိုက်သော်လည်း သူ ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
သူမ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူကြီးက ထွက်သွားတာလား။
ဟုတ်ပြီလေ သူတို့ပြန်တွေ့ရင်တော့ သူ့ကိုနည်းလမ်းပြောပြရမှာပေါ့။
သူမ အခန်းသို့ပြန်လာပြီး တည်ဆောက်မှုစီမံကာ ဝိညာဉ်စေတီအတွင်း သို့ဝင်ခဲ့သည်။ သူမသည် စိတ်အားအင်ပြန်ပြည့်ဝစေရန် တရားထိုင်ပြီး ရက်အနည်းငယ်အတွင်းတွင် ဆေးထပ်သန့်စင်လေသည်။ ပြီးစီးသည်မှာ စောနေသေးသဖြင့် သူမသည် ဝိညာဉ်စေတီထဲမှ လက်နက်သန့်စင်မှုကျမ်းကို ထုတ်ကာ ဖတ်နေလိုက်သည်။
ထိုအချိန် ဝိညာဉ်စေတီအပြင်ဘက်တွင် ထိုလူများသည် ပြဿနာရှာနေ ပြီဖြစ်သည်။
“အရူး” ရှီမာထူသည် မြောင်ရှီဟွာကို ခပ်ကြမ်းကြမ်းရိုက်လိုက်ရာ သူမ မြေပြင်ပေါ်သို့လဲကျသွားသည်။
“သူမ အဆိပ်ဖြေဆေးက တကယ်ပဲအသုံးဝင်မယ်လို့ ဘယ်သူသိမှာလဲ” မြောင်ရှီဟွာသည်လည်း နစ်နာလေသည် “သူမက ရှီမာရှုံချိရဲ့ မြေးမလေ”
“မင်းကိုရှုပ်တယ် သူမက ရှီမာရှုံ့ချီရဲ့ မြေးမဖြစ်ရင်တောင် ရှီမာလျူယွမ် ရှိသေးတယ်လေ” ရှီမာထူအော်လေသည် “သူမက တခြားလူတွေကို လျစ်လျူ ရှုရင်တောင် ရှီမာလျူယွမ်ကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်မှာလဲ”
မြောင်ရှီဟွာသည် အံ့အားသင့်သွားသည်။ ဟုတ်သားပဲ ဟွမ်ရင်ရင်က ရှီမာယူယူ သူမသမီးထိခိုက်အောင်လုပ်ခွင့်ပေးမှာတဲ့လား။ ဒါပေမဲ့ သူမကတော့ သူမ သမီးကို ထိခိုက်အောင်လုပ်မိသွားပြီ။
***