← Chapters

လက်နက်သန့်စင်မှု ပါရမီရှင်

Vol. 104 Ch. 1448

လက်နက်သန့်စင်မှု ပါရမီရှင်

Vol. 104 Ch. 1448

ထိုအရာကိုသိသွားပြီးနောက် မြောင်ရှီဟွာသည် စိတ်ထဲမှနောင်တရနေမိ သည်။

“ဒါဆိုရင် ဘာလုပ်ရမလဲ အဲကောင်မက အခု ရှီအာကိုကုပေးဖို့ ငြင်းနေ  ပြီ” မြောင်ရှီဟွာသည် ငိုပြီးပြောလေသည်။

ရှီမာလျူယွင်နှင့် တခြားမိန်းကလေးများ ပိုပိုသက်သာလာသည်ကို မြင်ပြီး သမီးဖြစ်သူကို ရင်နာစွာဖြင့် ကြည့်လိုက်သည်။

“ဘာလုပ်နိုင်ဦးမှာလဲ ရှီမာယူယူဆီကိုသွားပြီး အဆိပ်ဖြေပေးဖို့ ပြောရမှာ ပေါ့” ရှီမာထူ ပြောလိုက်သည်။

“ဒါပေမဲ့ အဲမိန်းမက အခုပုန်းနေတယ်လေ၊ သူမကို လုံးဝမမြင်ရဘူး၊ သူမက ကျွန်မတို့ကိုတွေ့ချင်စိတ်မရှိတော့ဘူး၊ ဟွမ်ရင်ရင် အဲမိန်းမက နောက်ကို ကျွန်မတို့ကို ကုမပေးဘူးလို့ တိုက်ရိုက်ပြောသွားတာ” မြောင်ရွှီဟွာ သည် နစ်နာသလိုပြောလေသည်။

“ဟင်း သူတို့အခု မကုသချင်ဘူးလို့ပြောရင်တောင် တခြားသူတွေက သေချာပေါက် သဘောတူကြမှာမဟုတ်ဘူး” ရှီမာထူ ပြောလေသည် “ဒါပေမဲ့ တခြားသူတွေက မလုပ်ရဲလို့လေ ဘယ်လိုပဲဖြစ်ဖြစ် ရှီအာနဲ့ကျန်တဲ့သူတွေ လည်း ရှီမာမျိုးရိုးတွေပဲကို”

မြောင်ရှီဟွာ၏ မျက်လုံးများ ပင့်တက်လာသည် “ဟုတ်တယ် ဟွမ်ရင်ရင် နဲ့တခြားသူတွေ သဘောမတူရင်တောင် မျိုးနွယ်ကပြောလိုက်ရင် သူတို့ သဘောမတူချင်လည်း တူရမှာပဲ”

“ဒါဆိုလည်း ဘာတွေစောင့်နေသေးတာလဲ” ရှီမာထူသည် သူမကို စိုက် ကြည့်လေသည်။

“ကောင်းပြီ ကောင်းပြီ ကျွန်မ အခုပဲသွားလိုက်မယ်”

မြောင်ရှီဟွာ ထွက်သွားသည်။ သူမ သမီးဖြစ်သူကို ကယ်နိုင်သရွေ့ မည်သို့ပင် လုပ်ရပါစေ ပြဿနာမရှိပေ။

ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် စာဖတ်နေသည်။ တော်တော် များများ ဖတ်ပြီးနောက်တွင် စေတီထဲမှ ပစ္စည်းများကိုထုတ်ပြီး စတင်လေ့ကျင့် တော့သည်။

သူမသည် ဂိုထောင်ကိုသွားပြီး လက်နက်ပစ္စည်းများ သန့်စင်သည့် မီးဖိုကို ရှာကာ သန့်စင်ရန်လွယ်မည့် ပစ္စည်းတချို့ကိုထုတ်ပြီး ထိုပစ္စည်းမျာကို စာအုပ် ပါ နည်လမ်းအတိုင်း အရည်ဖျော်ကာ သန့်စင်ပြီး ပုံစံခွက်ထဲထည့်လေသည်။

ထိုခွက်သည် အလွန်ထူးခြားသည့် ပုံစံခွက်ပင်ဖြစ်သည်။ သူမ အရည်များ လောင်းထည့်ပြီးသည်နှင့် အပြင်ဘက်တွင် အရောင်မဲ့အရည်တိုင်းကိရိယာပေါ် လာသည်။ ထည့်လိုက်သောအရည်၏အမြင့်အရ ထိုပစ္စည်း၏ သန့်စင်မှုနှင့် ထုတ်လုပ်နိုင်မည့်အရည်အသွေးကို အကဲဖြတ်၍ရသည်။

“အမှတ်တစ်ဝက်လောက်ပဲရောက်တာပဲ အရမ်းတော့ ကောင်းတဲ့ပုံမပေါ် ဘူး” ရှီမာယူယူ မြည်တမ်းလိုက်သည်။

“တကယ်ပဲ အရမ်းမကောင်းဘူး” ဝိညာဉ်လေးသည် သူမဘေးတွင်ပေါ် လာသည် “ငါ့အရင်သခင် ပထမဆုံးသန့်စင်တုန်းက ၆၀ မှတ်ထိရောက်တယ် မင်းထက် ၁၀ မှတ်မြင့်တယ်”

“ဟူး… တော်တော်လေးဆိုးတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ ပိုပြီး လေ့ကျင့်ရမယ်ထင်တယ်”

“အရည်အချင်းအရဆိုရင် မင်းဆက်လုပ်ချင်တာနဲ့ပဲ ဆက်ကြိုးစားလို့မရ နိုင်ဘူး” ဝိညာဉ်လေးသည် အထင်သေးစွာပြောလေသည်။

ရှီမာယူယူသည် သူ့ကိုရင်ခွင်ထဲထည့်ကာ နောက်တစ်ဖက်ဖြင့် သူ့ဆံပင် ကို ခပ်ကြမ်းကြမ်းဖျက်ဆီးလိုက်သည်။

ဒီလိုအထင်သေးတဲ့ မျက်လုံးတွေနဲ့အကြည့်မခံရတာ ဘယ်လောက်ကြာ နေပြီလဲ။

သူမ သူ့ကိုပထမဆုံးတွေ့တုန်းကလည်း သူမ လုပ်သမျှအရာတိုင်းကို အထင်သေးခဲ့တာလေ။

နောက်ပိုင်း သူမ ပိုပိုပြီးအားကောင်းလာတော့ သူမ အရင်ပုံစံကိုမေ့နေခဲ့ တာပဲ။

“ငါ့ကို အထင်သေးဖို့ မင်းကိုဘယ်သူပြောတာလဲ ဟင် ပြော”

သူ့ဆံပင်များအားလုံး ရှုပ်ပွသည်အထိ သူမ သူ့ကိုလွှတ်မပေးပေ။

ဝိညာဉ်လေးသည် နတ်ဆိုးလက်ကြားမှ ထွက်ပြေးပြီး အမြန်ပင် ပုန်းကာ ရှုံ့မဲ့သောမျက်နှာဖြင့်ပြောလေသည် “ငါ အမှန်ပြောတာလေ မင်းက အဲလောက် အရည်အချင်းမရှိသေးဘူး လိုက်မှီမှာမဟုတ်ဘူး”

“ငါက အခုနင့်ရဲ့လက်ရှိ သခင်လေ၊ ငါ့အရည်အချင်း မကောင်းရင်တောင် ငါက နင့်သခင်ပဲ” ရှီမာယူယူသည် ဒေါသထမထွက်ပေ “အဲတော့ မင်းလုပ်ရမှာ က ငါ လက်နက်သန့်စင်တဲ့သခင် စောစောဖြစ်ဖို့ ကူညီရမယ် ငါ့အရည်အချင်း ကို မေးခွန်းထုတ်ဖို့မဟုတ်ဘူး”

“ဟင်း…” ဝိညာဉ်လေးသည် လက်ပိုင်ကာ ခေါင်းကိုတစ်ဖက်သို့ လှည့် သွားလေသည်။

“အိုး အဲလောက် မာနမကြီးနဲ့လေ ယူယူ့ရဲ့ လက်နက်သန့်စင်တဲ့ အရည်အချင်းတိုးတက်ဖို့ နည်းလမ်းရှိပါတယ်” လင်းလုံသည် ပြေးလာပြီး ဝိညာဉ်လေး၏ လက်ကိုကိုင်ကာ ပြောလေသည် “သူမ လက်နက်သန့်စင်တာ ကို သင်လိုက်ရင် ငါ့ကိုလည်း မြန်မြန်ပြင်ပေးနိုင်မယ်”

ရှီမာယူယူသည် ရှေးဟောင်း သတ္တုကြောရှာတွေ့စဉ်က သူမကို အဆင့် မြှင့်ပေးမည်ဟု ကတိပေးခဲ့သည်။

အဲဒါကြောင့် ယူယူ လက်နက်သန့်စင်တာကို ဘယ်သူမှမတားရဘူး။

“သူမ အရည်အချင်းက နင်လည်းမြင်တဲ့အတိုင်းပဲလေ ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ” ဝိညာဉ်လေး လှောင်ပြောင်လေသည်။

“သူမက ဒီနယ်ပယ်မှာ ပါရမီမပါဘူးဆိုရင် တခြားနည်းလမ်းနဲ့လုပ်ခိုင်း လိုက်ပေါ့ နင့်မှာ နည်းလမ်းရှိမှာပဲလေ ဟုတ်တယ်မလား” လင်းလုံသည် သူ့ လက်ကိုယမ်းကာ ချွဲလေသည်။

“ကြိုးစားတာကတော့ လူတစ်ယောက်ရဲ့ မပြေပြစ်တာတွေကို ပြင်လို့ရပါ တယ်၊ နင်မြင်တဲ့အတိုင်းပဲလေ ဖက်တီးကျူလို ငတုံးတောင်မှ ကြိုးစားလိုက် တာနဲ့ လက်နက်သခင်ကောင်းတစ်ယောက်ဖြစ်လာတာ အဲလောက်တော့ မဆိုးပါဘူး” ဝိညာဉ်လေး ပြောလိုက်သည်။

သူ့ မူခသခင်က အရမ်းကိုထူးချွန်တဲ့ ပါရမီရှင်ဖြစ်ပြီး အဲလို ပြောင်မြောက် တဲ့အရည်အချင်းကြောင့်ပဲ ကောင်းကင်ခွဲဓားနဲ့ လင်းလုံကို ဖန်တီးနိုင်ခဲ့တယ်လို့ သူပဲ ပြောခဲ့တာမဟုတ်ဘူးလား။

သူ သေဆုံးပြီးကတည်းက သူ့ကိုကျော်နိုင်တဲ့သူမရှိသေးဘူးလေ။

ရှီမာယူယူ မသိသည်မှာ သာမန်လူ ပထမဆုံးအကြိမ် သန့်စင်သည့်အချိန် မှာ ၃၀ မှတ် သို့မဟုတ် ၄၀ မှတ်သာရတတ်ပြီး အရည်အချင်းကောင်းသူများ သည် ၄၀ မှတ်ကိုကျော်တတ်သည်။ ၅၀ မှတ်ရသူများရှိသော်လည်း နည်းပါးလှ သည်။

ဝိညာဉ်လေး ထိုအရာကိုသိသည်။ ဒါပေမဲ့ သူ့ဆံပင်ပုံစံကို ဘယ်သူက ဖျက်ဆီးခိုင်းလို့လဲ။

ရှီမာယူယူသည် သူမ အရည်အချင်းမမြင့်လှသည်ကို ခံစားမိသော်လည်း ဝိညာဉ်လေး ပြောသမျှကို ငြိုငြင်ခြင်းမရှိပေ။ ထို့အပြင် သူမ အရင်က တခြား နယ်ပယ်များကို လေ့လာဖူးသည်။ သူ သူမကို အထင်သေးခဲ့သေးသည်။

အကယ်၍ အမှန်တကယ်ဆိုးနေပါက သူသည် သူမကို အချိန်ကုန်သဖြင့် မသင်ရန် ပြောကောင်းပြောနိုင်သည်။

ထိုအရာကိုနားလည်ပြီးနောက် သူမသည် စိတ်အခြေအနေကောင်းသွား ကာ တခြားသတ္တုများဖြင့် လေ့ကျင့်ရန်သွားလိုက်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် သူမသည် အမှတ်အနည်းငယ်တက်လာ သည့် သန့်စင်သောသတ္တုများ ရလာသည်။ သူမ ရလဒ်ကိုကြည့်ပြီး အလွန် ကျေနပ်မိသည်။

ထိုနေ့တွင် သူမ ထပ်မံလေ့ကျင့်နေချိန်တွင် ဝိညာဉ်လေးရောက်လာပြီး အပြင်တွင် တစ်ခုခုဖြစ်နေပြီဟု ပြောလေသည်။

အတွေးတစ်ချက်နှင့်ပင် ရှီမာယူယူသည် အပြင်မှအခြေအနေကို ရှင်းလင်းစွာမြင်ရပြီး တစ်မိနစ်အတွင်းမှာပင် မျက်နှာကြီးမည်းသွားလေတော့ သည်။

“ဟင်း ဟင်း ဒါကအလုပ်ဖြစ်မယ်လို့ထင်နေလို့လား” သူမသည် နှာမှုတ် ကာ နေရာကိုရှင်းလင်းပြီး ထွက်ခဲ့လိုက်သည်။

“အဘိုးနဲ့အဘွားကို ဒီလိုမျိုးအနိုင်ကျင့်ရဲတယ်ပေါ့ ကြည့်ရတာ အဲလူတွေ စိတ်ဆင်းရဲရတော့မယ်”

သားရဲများသည် ထိုလူများ၏ ကံကြမ္မာကို ကြိုတွေးပြီးသားပင်…

ရှီမာယူယူသည် ဝိညာဉ်စေတီမှထွက်လာပြီး အတားအဆီးဖျက်ကာ တံခါးကို ‘ဝုန်း’ ခနဲအသံမြည်အောင် ဖွင့်လိုက်သည်။

“ဘာတွေဆူနေတာလဲ ကျွန်မ အလုပ်လုပ်နေတာ မသိဘူးလား” သူမသည် ထွက်လာသည်နှင့် ခြံဝန်းထဲမှလူများကို အော်လိုက်သည် “ရှင်တို့က အဲလူတွေကို မကယ်ချင်ဘူးလား ရတယ်လေ ကိုယ့်ဘာသာ သွားဖော်စပ်လိုက် ကြတော့ သွားတော့”

ခြံဝန်းထဲမှ လူများကြက်သေသေသွားကြတော့သည်။ သူတို့သည် သူမကို အဆိပ်ဖြေဆေးတောင်းရန်လာခြင်းဖြစ်ကာ ဆန့်ကျင်ရန်လာခြင်းမဟုတ်ပေ။

“မင်းက ရှီမာယူယူလား” ငွေရောင်ဆံပင်နှင့် အဘွားအိုတစ်ယောက် သည် ရှီမာယူယူအား အေးစက်စွာကြည့်လေသည်။

“ရှင်က ဘယ်သူလဲ” ရှီမာယူယူသည် အဘွားကြီးကိုကြည့်လိုက်သည်။ အစောပိုင်းက သူမ အဘိုးအဘွားများကို ကြိမ်းမောင်းနေသူမှာ သူမပင်ဖြစ် သည်။

ဒီလူက သူမရဲ့ ဘွားဘွားကြီးလို့တော့ မပြောလိုက်နဲ့နော်။ အဲလိုဆိုရင် သူမ အသိအမှတ်မပြုချင်ဘူး။

“ငါက ရှီမာမိသားစုရဲ့ အကြီးအကဲ မင်းဘိုးဘိုးကြီးရဲ့ အဒေါ်ပဲ” ထိုအဘွား အိုပြောလေသည်။ သူမသည် ဖိနှိပ်ရန်လာသော်လည်း ရှီမာယူယူမှ အလွယ်တကူပင် ပိတ်ပင်သွားသည်။

“ဟူး တော်သေးတာပေါ့” ရှီမာယူယူသည် စိတ်သက်သာရာရစွာဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။

“ဘာကိုတော်သေးတာလဲ” အားလုံးသည် သူမ၏ ချဲ့ကားသည့် အပြုအမူ ကိုမြင်ပြီးနောက် မေးကြလေသည်။

“တော်သေးတာပေါ့ ဒီလိုရုပ်ဆိုးတဲ့လူကြီးက ကျွန်မဘွားဘွားကြီး မဟုတ်လို့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မဘိုးဘိုးကြီးက ချောပြီးအရမ်း တော်တယ်လေ ဘယ်လိုလုပ်ဒီလိုရုပ်ဆိုးတဲ့ဇနီးရှိမှာလဲ”

“….”

“အတင့်ရဲလိုက်တာ” ကျန်းရယ်သည် သူမ၏ အကျပ်ကိုင်မှုကို ရှီမာယူယူ ဘာကြောင့် ဟန့်တားခြင်းမရှိသည်ကို သိချင်နေဆဲဖြစ်နေချိန်တွင် ထိုအကျည်း တန်သော စကားလုံးများကို ကြားလိုက်ရသောအခါ ဒေါကန်လေသည်။

“ဟင် ခုနက ကျွန်မအဘိုးအဘွားတွေကို ကြိမ်းမောင်းနေတာမလား ဘိုးဘိုးကြီးနဲ့ ဘွားဘွားကြီးကလွဲရင် သူတို့ကိုဆူဖို့ ဘယ်သူ့မှာ အရည်အချင်းရှိ လို့လဲ၊ ကျွန်မ ဘွားဘွားကြီးက အရမ်းလှလို့ ရှင်က မနာလိုဖြစ်နေတယ်ဆိုတာ အခုပဲ နားလည်လိုက်ပြီ အဲဒါကြောင့် အဘိုးနဲ့အဘွားကို အဲလောက်တောင် ကြိမ်းမောင်း နေတာပေါ့၊ ဘယ်သူက ရှင့်ကို အဲလောက်ရုပ်ဆိုး အောင် လုပ်လိုက်တာလဲ”

***

All Chapters