ကယ်တာ မကယ်တာကျွန်မအပိုင်း ရှင်တို့နဲ့ မဆိုင်ပါ ဘူး
Vol. 104 Ch. 1449
“ဒါက မင်းဘွားဘွားကြီးနဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ရှင်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ဘွားဘွားကြီးက အရမ်းလှလို့ ကျွန်မအဘိုးလိုဆက်ဆံရေးကောင်းပြီး ချောတဲ့လူကိုမွေးထုတ်နိုင် တာပေါ့ အဲဒါကြောင့် ကျွန်မအဘိုးက အဲလိုဆိုးဝါးတဲ့စကားတွေကို မကြိုက်ကြ ဘူး”
သူမ ပြောရင်းနှင့် ခေါင်းညိတ်နေလေသည်။
“အဓိပ္ပာယ်မရှိလိုက်တာ” ကျန်းရယ်သည် ဂျူနီယာတစ်ယောက်မှ စော်ကားခြင်းကိုမခံရဖူးသဖြင့် စိတ်ထဲမှ ဒေါသများမတားနိုင်အောင်ထွက်သွား သည်။ သူမသည် ဖိနှိပ်လိုက်ချင်သော်လည်း သူမ ရောင်ဝါသည် ရှီမာယူယူ အပေါ် သက်ရောက်မှုမရှိသည်ကို သတိရသွားသည်။
“အမေ ဒီအကြောင်းတွေ ပြောရမယ့်အချိန်မဟုတ်ဘူး၊ ရက်တွေတောင် ကုန်သွားပြီ တခြားလူတွေက အိပ်ရာပေါ်ကနေထနိုင်ကြပြီ ရှီအာ သူမ….” မြောင်ရှီဟွာ၏ မျက်လုံးများသည် မျက်ရည်များဝဲနေသည်။ သူမသည် သမီးဖြစ် သူအတွက် ရင်နာကာ အဆုံးမရှိသော နောင်တများခံစားရလေသည်။
ကျန်းရယ်သည် သူမကို ကြည့်လိုက်သည်။ ကျန်းရယ်၏မျက်လုံးထဲမှ အပြစ်တင်မှုများကို မြင်သောအခါ သူမ ခေါင်းငုံ့သွားသည်။
သူမ ကြောင့်သာမဟုတ်ရင် ဘာလို့ဒီလိုအရှေ့ထိ ကိုယ်တိုင်ထွက်လာဖို့ လိုမှာလဲ။
သူမကို အပြစ်တင်ရင်တောင် နောက်လာမယ့်မျိုးဆက်ကိုတော့ ကာကွယ်ပေးရဦးမယ်။
“မင်း ရှီအာနဲ့ တခြားသူတွေအတွက် အဆိပ်ဖြေဆေးယူခဲ့” သူမသည် ရှီမာယူယူကို လက်ညှိုးထိုးပြီး အကူအညီတောင်းသည့် အနေအထားနှင့် မဟုတ်ဘဲ မောက်မာသောအပြုအမူဖြင့် ပြောလေသည်။
“မသွားဘူး” ရှီမာယူယူသည် ထိုအထက်စီးဆန်သော စကားများကို စိတ် ထဲမထည့်ဘဲ တိုက်ရိုက်ပင် ငြင်းဆန်လေသည်။
“ဘာလို့လဲ”
“အရင်တစ်ခေါက်က ပြောလိုက်တယ်လေ အဲတုန်းက သူတို့ အဆိပ်ဖြေ ဆေးမသောက်ခဲ့ကြဘူး နောက်တစ်ခါ သူတို့တောင်းရင်တောင် ကျွန်မ လုပ်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့အားလုံးက ယုံကြည်မှုတွေ ပြည့်နေကြတာ၊ ရှင်တို့ အဆိပ်သခင်ဆီ ကိုယ်တိုင်သွားပြီး ဖော်စပ်ခိုင်းမယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား၊ အဲဒါက ရက်တစ်ရာအိပ် ဆေးဆိုတာကိုလည်း သိတယ်၊ အဲဒါကို အဆိပ်ဖြေဆေးမဖော်စပ်တတ်ဘူးလို့ တော့လာမပြောနဲ့နော်”
မြောင်ရှီဟွာနှင့် တခြားသူများသည် နှုတ်ဆိတ်သွားကြသည်။ သူမ ပြော သည့်စကားများသည် မှန်သည်ဟု သူတို့ မပြောနိုင်ကြပေ။ ပြောရဲကြလို့လား။
“မင်းက အဆိပ်ဖြေဆေးဖော်နိုင်မှတော့ မြန်မြန်သွားလုပ်လေ” ကျန်းရယ်သည် သူမအား မောက်မာသော အပြုအမူဖြင့် လောလိုက်လေသည်..
ထိုလေသံမှာ ရှီမာလျူရှီကို ကုသပေးလိုက်လျှင် သူမကပင် ဂုဏ်ယူရမည့် ပုံပင်။
အဲလူတွေက ပေါ့ပေါ့လေးတွေးထားကြတာပဲ။ ထိုစဉ်က ရှီမာလျူရွှမ် သည် မိသားစုမှ နှင်ထုတ်ခံလိုက်ရပြီး ပြန်လာချင်ခဲ့သည်။ သူတို့ကို စိတ်ကျေနပ်အောင် လုပ်မပေးလျှင် ပြန်လာသည်ကို သဘောမတူနိုင်ဟု ပြောခဲ့ ကြသည်။
သူတို့ မျက်လုံးထဲတွင် ယခုအချိန်သည် သူတို့ကို ကျေနပ်အောင်လုပ်ပေး ရမည့် အကောင်းဆုံးအချိန်ဖြစ်သည်။ သူတို့ ရှီမာမိသားစုသို့ ပြန်ချင်လျှင် ရှီမာလျူရှီနှင့် တခြားသူများအတွက် အဆိပ်ဖြေဆေးကို ကျိုးကျိုးနွံနွံ ပေးကို ပေးရမည်။
“ဟားဟား…” ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မက ဘာလို့ပေးရမှာလဲ”
“အထဲမှာ လဲနေကြတဲ့သူ အကုန်လုံးက ရှီမာမိသားစုဝင်တွေပဲ သူတို့ကို အဆိပ်ဖြေပေးရမှာက မင်းလုပ်ကိုလုပ်ရမှာပဲ”
“ဟုတ်လား” ရှီမာယူယူသည် ကျန်းရယ်ကို အထင်သေးစွာကြည့်လိုက် သည် “သူတို့က ရှီမာမိသားစုကဆိုတာတော့ ဟုတ်ပါတယ် ဒါပေမဲ့… ကျွန်မက ရှင်တို့မိသားစုက မဟုတ်ဘူးလေ အဲတော့… ကျွန်မကို အမိန့်ပေးဖို့ ရှင်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူး၊ ကယ်တာ မကယ်တာက ကျွန်မသဘောပဲ ရှင်တို့သဘော မဟုတ်ဘူး”
“အဲလိုဆိုရင် မင်းအဖေ မိသားစုကို ပြန်လာမယ့်ကိစ္စမေ့လိုက်တော့၊ မင်း ရှီအာနဲ့ တခြားသူတွေအတွက် အဆိပ်ဖြေဆေးကို လိမ်လိမ်မာမာပေးမယ် ဆိုရင် ငါတို့ အဲဒါကို စဉ်းစားပေးမယ်” ကျန်းရယ်သည် ကြည်လင်မှုပြည့်နေ သည့် မျက်လုံးများနှင့်အတူ မေးကိုပင့်မြှောက်လိုက်သည်။
“ကျွန်မ ပြန်ချင်တယ်လို့ ဘယ်သူကပြောလိုက်တာလဲ” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မအဖေနဲ့ ကျွန်မက အခုကိုအရမ်းပျော်နေပြီ၊ ကျွန်မတို့က ရှင်တို့လိုလူတွေ မိသားစုအနေနဲ့မရှိရင်တောင် ကောင်းကောင်းနေနေပြီ၊ ရှင်တို့ တောင်းပန်ရင်တောင် ပြန်လိုက်မှာမဟုတ်ဘူး၊ အဲတော့ ရှင့်မြေးမအတွက် အဆိပ်ဖြေဆေးရအောင် ဒီဟာနဲ့ခြိမ်းခြောက်မယ်ဆိုရင်တော့ မေ့လိုက်ပါတော့ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်မနေပါနဲ့တော့ ရှင်အိုဇာနေပြီလို့ တခြားသူတွေပြောလိမ့်မယ်”
“ရဲတင်းလိုက်တာ” သူမက ကျန်းရယ်ကို ဆူငေါက်နေတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ကျန်းရယ်သည် ဒေါသကြီးစွာဖြင့် သူမဆီသို့ ဝိညာဉ် စွမ်းအင်ပစ်လွှတ်လိုက်သည်။
ဟွမ်ရင်ရင်နှင့် ရှီမာရှုံ့ချီတို့သည် တစ်ပြိုင်နက်လှုပ်ရှားပြီး အမြန်ပင် ရှီမာယူယူရှေ့သို့လာပြီး သူမကို ဝိညာဉ်စွမ်းအင်ဖြင့် ကာပေးလေသည်။
သို့သော် သူတို့သည် ကျန်းရယ်ထက်အဆင့်နိမ့်သဖြင့် သူမတိုက်ခိုက်မှုကို မခံနိုင်ကြပေ။ သူတို့သည် ထိုတိုက်ခိုက်မှုကြောင့် အားနည်းသွားကြသည်။
ဝိညာဉ်စွမ်းအားများ သူတို့အပေါ်သို့ ဖုံးအုပ်သွားသည်ကို ကြည့်ပြီး ကျန်းရယ်အပါအဝင် အားလုံးကြက်သေသေသွားကြသည်။
သူမက သူတို့ကိုမသတ်ချင်ဘူး၊ သူမမြေးမအတွက် ရှီမာယူယူကို အဆိပ် ဖြေဆေးဖော်ပေးစေချင်သေးတယ်။ သူမကို သတ်လိုက်ရင် ဘယ်သူက အဆိပ် ဖြေဆေးဖော်စပ်ပေးတော့မှာလဲ။
ခဏလေး…
ဆေးက ရှီမာယူယူဆီကမဟုတ်ဘူးလေ၊ လိမ္မော်သီးမြို့တော်က မြို့ဝန် ဆီကလေ။ တစ်ဖက်က ပြောရင် လန်ကျုံးလည်း အဆိပ်ဖြေဆေးဖော်စပ်တတ် တာပဲ။ သူမ သူ့ဆီကိုသွားပြီး ရှီမာလျူရှီအတွက် အဆိပ်ဖြေဆေးဖော်ခိုင်းလို့ရ တာပဲ။
ထိုအကြောင်းအားတွေးမိသောအခါ သူမ ငြိမ်ကျသွားသည်။ သူတို့ အားလုံးသေသွားရင် အားနာစရာမလိုတော့ဘူး။ နှစ်ပေါင်းများစွာ မျိုသိပ်ခဲ့ရ သောအတွေးများသည် ယခုလိုဖြစ်ပျက်သွားစေခဲ့ပြီ။
သူမ သား… ချွေးမနဲ့ မြေးမလေးတို့ အသတ်ခံလိုက်ရပြီ ဟားဟား
ထိုအရာများကို သူမမျက်လုံးနဲ့ကိုယ်တိုင် မမြင်လိုက်ရတာတော့ နှမြောဖို့ ကောင်းတယ်။ ဒါပေမဲ့ နောက်ဘဝမှာ ပြန်တွေ့လို့ရတယ်။
မြူးတူးစွာဖြင့် သူမ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ရှင် အဲလောက် ပျော်နေပုံကိုမြင်တော့ ကောင်းနေတဲ့ခံစားချက်လေးကို နှောင့်ယှက်ဖို့တောင် နည်းနည်းရွံ့သွားသလိုပဲ”
ရှီမာယူယူ အသံထွက်လာရာ သူမ မျက်နှာမှ အပြုံးများကို အေးခဲသွားစေ သည်။
ဘယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူတို့ မသေကြဘူးလား။
နောက်ဆုံးတွင် မြေပြင်မှ ဖုန်မှုန့်များ လွှင့်ပြယ်သွားကာ တည်ငြိမ်သော လူသုံးယောက် ပေါ်လာလေသည်။
“လေဟာပြင်ချိပ်ပိတ်ခြင်း” ထိုနေရာတွင်ရှိနေသော လူများသည် သူတို့ ကို မြင်သောအခါ ပင့်သက်ရှိုက်လိုက်ကြသည်။
ဟုတ်သားပဲ သူတို့ပြန်မလာခင်က သူမက တည်ဆောက်မှုသခင်ဖြစ်ပြီး လေဟာပြင်တွေကို ထိန်းချုပ်တဲ့နေရာမှာတော်တယ်လို့ ပြောကြတယ်လေ။ လေဟာပြင် ချိပ်ပိတ်ခြင်းသည် အံ့ဩဖွယ်ရာဖြစ်ကာ အားလုံးကို မှင်တက်သွား စေသည်။
ရှီမာယူယူသည် လေဟာပြင်ချိပ်ကို မ,တင်လိုက်သည်။ မူလအစတွင် သူမ၏ လက်ရှိအားနှင့် ထိုတိုက်ကွက်လှုပ်ရှားရန်မဖြစ်နိုင်ပေ။ သို့သော် သူမ အဘိုးအဘွားများ၏ ခုခံကာကွယ်မှုသည် ထိုအရာ၏ စွမ်းအားကိုလျော့သွားစေ သဖြင့် အသက်ရှင်သွားစေခဲ့သည်။
“ဘာလုပ်နေကြတာလဲ” ရှီမာကျိယွင်၏ ဟိန်းဟောက်သံထွက်လာသည် နှင့် လူတစ်စုသည် ခြံဝန်းထဲတွင် ပေါ်လာသည်။
ရှီမာယူယူ၊ ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့ကို လူအင်အား အများအပြားဖြင့် ဝိုင်းထားကြသည်။ သူတို့ ရပ်နေသောမြေနေရာပင် ခြေချစရာ ရှိလေသည်။ ကြည့်လိုက်သည်နှင့် အဖြစ်အပျက်ကိုသိနိုင်သည်။
“ကျန်းရယ် တကယ်ပဲ ယူယူကိုတိုက်ခိုက်လိုက်တာလား” ရှီမာကျိယွင် သည် ဒေါသထွက်နေရာ သူ၏ မျက်နှာထားမှာ အလွန်မှောင်မိုက်နေပြီး စိတ် ကြည်လင်နေမှုမရှိပေ။
ဒါက သူ့ရဲ့အဖိုးတန်မြေးမလေးလေ ဘယ်လိုဖြစ်ပြီး သူမကိုသတ်ဖို့ ကြိုးစားရဲတာလဲ။
ရှီမာကျိယွင် လူများခေါ်ဝင်လာသည်ကို ကျန်းရယ်မြင်လိုက်သောအခါ အံ့ဩမှုမရှိဘဲ တည်ငြိမ်နေသည်။
သူ့မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ပျာသွားခြင်းမရှိဘဲ ပြန်ပြောလေသည် “ငါက ဘာလို့သူမကို မသတ်နိုင်ရမှာလဲ”
“သူမက ငါ့မြေးမလေးပဲ သူမကိုသတ်ချင်တာက ငါ့ကိုဆန့်ကျင်တာလား”
“အဲတော့ ဘာဖြစ်လဲ” ကျန်းရယ်သည် ပျာယာခတ်ခြင်းမရှိပေ “သန်မာ သူကို လေးစားရတယ် အားနည်းသူက သန်မာတဲ့သူကို စော်ကားပြီးရန်စနေ တာလေ၊ အဲလိုဆိုရင်တော့ အားနည်းတဲ့သူက အားကောင်းတဲ့သူ ဒေါသထွက် တာကိုတော့ ခံရမှာပဲ ရှီမာကျိယွင် ငါတို့ကမ္ဘာကြီးရဲ့ ရှင်သန်ခြင်းစည်းမျဉ်းကို တော့ မေ့သွားတာတော့ မဟုတ်လောက်ပါဘူးနော်”
“ဘာကို ရှင်သန်ခြင်းစည်းမျဉ်းလဲ ငါ့မြေးမလေးကို ထိရဲထိကြည့် ဟင်း မင်းက သူမကိုသတ်ချင်တာလား ဒါဆိုလည်း ကောင်းပြီလေ တိုက်ကြတာပေါ့” ရှီမာကျိယွင်သည် ရှီမာမျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက် ရာထူးကို လျစ်လျူရှုပြီး ချက်ချင်းပင် ရှီမာယူယူတို့ရှေ့တွင် ရပ်လိုက်သည်။ သူသည် ကျန်းရယ်အား ပေါက်ထွက်မတတ် ဒေါသတကြီးစိုက်ကြည့်လေသည်။
“မင်း…” ကျန်းရယ်သည် အရှက်မရှိသည့်အတွက် သူ့ကို ကြိမ်းမောင်း လိုက်ချင်သော်လည်း သူ့အားသည် သူမထက်မြင့်နေသည်။ သူက အရှက်မရ သေးဘဲ သူမနဲ့ တိုက်ခိုက်မယ်လို့တောင် ပြောနေသေးတယ်။
ရှီမာကျိယွင်သည် ရှက်ရွံ့ခြင်းမရှိပေ။ ဟင်း ငါ့မြေးမလေးကို ဆန့်ကျင်ပြီး အားနည်းတဲ့သူကို အနိုင်ကျင့်ရဲရင် အဲအတိုင်းပြန်လုပ်ပေးလိုက်မယ်။
“အမေ အခုလုပ်ရမှာက ခေါင်းဆောင်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူးလေ ရှီအာ တို့အတွက် အဆိပ်ဖြေဆေးရှာဖို့ပဲ” မြောင်ရှီဟွာ တီးတိုးပြောလိုက်သည်။
“ငါသိတယ်” ကျန်းရယ်သည် ရှီမာကျိယွင်အား ကြည့်ပြီးပြောလိုက်သည် “ခေါင်းဆောင်ရောက်လာမှတော့ ဒီအကြောင်းပြောဖို့အချိန်ကျပြီပဲ၊ မင်းရဲ့ တော်လွန်းတဲ့မြေးမလေးက မင်းတို့အတွက်ပဲ ဆေးဖော်ပေးပြီးတော့ ငါတို့ အတွက်ကျ မပါဘူးလား မင်းတို့ ရည်ရွယ်ချက်ကဘာလဲ”
ရှီမာယူယူသည် စိတ်ထဲမှ နှာရှုတ်မိသည်။ သူမက စကားကိုဆွဲပြောဖို့ ကြိုးစားနေတာပဲ။
အစကတည်းက သူမကို မယုံဘဲ ဆေးမသောက်နိုင်ကြတာ သူတို့ပဲလေ။ အခုအဲလိုပြောလိုက်တော့ ရှီမာကျိယွင်တို့က သူတို့ကို အပြစ်တင်တော့မှာပဲ။ ဒီအကြောင်းကို မျိုးနွယ်ကသိရင် အရမ်းကိုဆိုးတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်။
***