ဉာဏ်အလင်းပေါက်ခြင်း
Vol. 104 Ch. 1450
ထိုနေရာတွင် တခြားအဖွဲ့ခွဲမှလူများလည်းရှိနေကြပြီး သူတို့ကျန်းရယ်၏ စကားများကို ကြားပြီးနောက်တွင် မျက်နှာများပျက်သွားကြလေသည်။
သူတို့၏ ဂျူနီယာများလည်းသည် ရှီမာယူယူ ကုသရန်လိုသည့်လူများ တွင် ပါဝင်ကြသည်။
ရှီမာယူယူသည် ရှေ့ထွက်ပြီး ရှင်းပြရန်ဟန်ပြင်လိုက်ချိန်တွင် ရှီမာကျိယွင်သည် အရင်ပြန်ဖြေလိုက်သည်။
“မင်းကို အရင်ကတည်းကပြောပြီးပြီလေ၊ အိမ်မှာပဲနေပြီးတော့ ကျင့်ကြံ တာနဲ့ပဲ အချိန်ကုန်လို့၊ မင်းမှာ အာရုံစိုက်ဖို့ တခြားကိစ္စတွေရှိသေးတယ်၊ အရေးအကြီးဆုံးက မင်းဦးနှောက်ကို သုံးရမယ်၊ အဲဒါမှ ငတုံးမဖြစ်မှာ၊ ဘာလို့ ငါ့စကားကို နားမထောင်တာလဲ အခုကြည့်လေ တကယ်ပဲ အခုလိုဖြစ်လာပြီ” ရှီမာကျိယွင်သည် နောင်တရစွာဖြင့် ပြောလေသည်။
“ဟား…” တခြားသူများသည် ကျန်းရယ်၏ မိသားစုတွင်း ဂုဏ်ရှိန် ကြောင့် မရယ်ရဲသော်လည်း ရှီမာယူယူသည် အရှက်အကြောက်ကင်းစွာ ရယ်မောလိုက်သည်။
ဘိုးဘိုးကြီးက လှည့်ပတ်ပြီးတော့ လူကို ဆဲလိုက်တာပဲ။
အဲလိုပြောဖို့ဆိုရင် တုံးအနေလို့မရဘူး။
“ရှီမာကျိယွင်”
“ကြားတယ် ငါက နားပင်းနေတာမဟုတ်ဘူး ဘာလို့အဲလောက် အော်နေတာလဲ” ရှီမာကျိယွင်သည် နားကိုကလော်လိုက်သည် “ငါ မဟုတ်တာ တွေပြောနေတာလို့ မပြောနဲ့”
သို့သော် ကျန်းရယ် မပြောခင်တွင် သူဆက်ပြောလေသည် “ယူယူက သေချာပေါက် အားလုံးအတွက် အဆိပ်ဖြေဆေးဖော်စပ်ပြီး အကုန်လုံးကို ဝေ ပြီးသွားပြီ၊ ဒါပေမဲ့ မင်းတို့ဘက်ကရော မင်းတို့အားလုံးက သံသယဝင်ပြီးတော့ သူတို့ကိုမပေးခဲ့ကြဘူး၊ အခု လုံးဝမတူတဲ့စကားတွေပြောနေတယ် ယူယူက ငါတို့ အဖွဲ့ခွဲအတွက်ပဲ အဆိပ်ဖြေဆေးဖော်ပေးပြီး မင်းတို့အတွက် မလုပ်ပေး ဘူးလို့ ပြောခဲ့တယ်နော် ပြောပါဦး မင်းရဲ့ကျင့်ကြံမှုတွေက တုံးအကုန်တာလား”
“အဲလိုဖြစ်သွားတာလား” ဘေးနားမှ လူအိုကြီးများမေးကြလေသည်။
ခေါင်းငုံ့နေကြသော အမျိုးသမီးများသည် ဘာမှမပြောပေ။ သို့သော် ရှီမာကျိယွင်၏ စကားကို ဝန်ခံနေသလိုပင်။
“အဲလိုဆိုရင် သူမကို အပြစ်တင်လို့မရဘူးလေ”
‘သူမ’ ဆိုသည်မှာ ရှီမာယူယူကို ရည်ညွှန်းခြင်းဖြစ်သည်။
ပုံမှန်ဆိုလျှင် ချူးချန်းမြို့တော်ညီလာခံကဲ့သို့ ကိစ္စမျိုးတွင် မျိုးနွယ်မှ လူများထွက်လာရန်မလိုပေ။ သို့သော် ပြီးခဲ့သည့်ရက်များတွင် ထိုနေရာ၌ တစ်ခုခုမှားနေပြီဟုဆိုကာ အိမ်တော်များဆီသို့ စာပို့လာသောကြောင့် မိသားစု များသည် အတူဖြေရှင်းရန် ရောက်လာခြင်းဖြစ်သည်။
သို့သော် ယခုလိုဖြစ်လာမည်ဟု မည်သူမှထင်မထားကြပေ။
သူတို့ ပြန်သွားလျှင် ထိုမိန်းမများကို သင်ခန်းစာကောင်းကောင်းပေးရ မည်။ သူတို့ကိုလာလိမ်ရဲသေးတယ်။
သူတို့ အဘိုးအဘွားဆီမှ ကြိမ်းမောင်းသည့် အကြည့်များဖြင့် အကြည့်ခံရ သောမိန်းကလေးများသည် စကားပင်မပြောရဲကြပေ။ သူတို့ ထိုသို့လုပ်လျှင် အပြစ်ပေးခံရမည်ကို သူတို့ သိကြသော်လည်း သမီးနှင့် မြေးမတို့အတွက် ရှီမာယူယူကို ဖိအားပေးပြီး အဆိပ်ဖြေဆေးတောင်းရန် လာကြခြင်းဖြစ်သည်။
ရှီမာယူယူသည် ဒေါသထွက်နေသည့်လူများ သူမကို အပြစ်တင်ကြလိမ့် မည်ဟု ထင်ထားသော်လည်း အကျိုးအကြောင်းဆီလျော်လိမ့်မည်ဟု ထင် မထားပေ။
“အစပိုင်းက သူတို့အမှားဆိုရင်တောင် နောက်ပိုင်းက သူတို့က အကြိမ် ပေါင်းများစွာတောင်းပန်ပြီး အဆိပ်ဖြေဆေးတောင်းခဲ့ကြတယ်၊ ရှီမာရှုံ့ချီနဲ့ ဟွမ်ရင်ရင်တို့က အမြဲတမ်း တမင်တကာကို ပိတ်ပင်နေတာ အဲဒါကိုဘယ်လို ရှင်းပြမှာလဲ၊ အဲဒါက သူတို့ကိုအဆိပ်ဖြေဆေးမပေးချင်လို့ပဲမဟုတ်ဘူးလား” ကျန်းရယ်သည် အေးစက်စွာနှာမှုတ်ရင်းပြောလေသည်။
“အဲဒါတော့မဟုတ်သေးဘူးလေ အခု သူတို့လည်းတောင်းပန်ပြီးပြီ ဆိုရိုးစကားလိုပဲ လူ့အသက်ကယ်တာက ၇ ဆင့်စေတီတည်တာထက်တောင် မြင့်မြတ်သေးတယ် ရှုံ့ချီ ဒါက မိသားစုရဲ့မျိုးဆက်တွေနော်” ရှီမာရှုံ့ချီ၏ နာမည်ကို တိုက်ရိုက်ခေါ်ပုံအရ ထိုလူသည် ရှီမာကျိယွင်၏ မျိုးဆက်ပင်ဖြစ်နိုင် သည်။
ယခုကဲ့သို့ ကိစ္စဖြစ်နေချိန်တွင် မိသားစု၏ သက်ကြီးမျိုးဆက်၏ အကြီးအကဲများ ရောက်လာမည်ဟု မည်သူမှ ထင်မထားကြပေ။ တစ်ဖက်လူ သည် ထိုကိစ္စကို အကျယ်ချဲ့ချင်နေသည်နှင့်တူသည်။
ပြဿနာကြီးလျှင် ပိုအကျယ်ချဲ့ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ သည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။ ပြဿနာကြီးကြီးရှာလေ တစ်ဖက်လူမှာ ခြေချရန်ပိုခက်ခဲလေဖြစ်သည်။
“ရှင်တို့ပြောတာမဟုတ်ဘူး” သူမသည် အဘိုးဖြစ်သူ ယိုးစွပ်ခံရသည်ကို မကြည့်ချင်သဖြင့် ပြောလိုက်သည် “အစကတည်းက သူတို့မှာ အခွင့်အရေး တစ်ခုပဲရှိတယ်၊ ရွေးချယ်မှုလုပ်ရင် နောင်တမရဖို့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားလေ ဒါက သူတို့ကိုယ်ပိုင်ရွေးချယ်မှုဆိုတာ ရှင်းလင်းနေတာပဲ ဘာလို့ ကျွန်မအဘိုးကို လာအပြစ်တင်နေတာလဲ၊ ကျွန်မ ပြီးခဲ့တဲ့ရက်တွေတုန်း က ဆေးနောက်တစ်သုတ်အတွက် ဖော်စပ်နေတယ် သူတို့ကို တစ်ခါမှ မမြင်ဖူး ဘူး၊ တောင်းပန်စကားကိုတော့ ကျွန်မ လုံးဝမကြားမိပါဘူး”
သူမသည် တင်းတင်းမာမာပြောလိုက်ရာ တစ်ဖက်လူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
သို့သော် ထိုလူသည် ဒေါသထွက်ခြင်းမရှိဘဲ ပြောလေသည် “အဲလိုဆိုရင် တော့ အစပိုင်းကဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် မိန်းကလေးတွေ အတွက် ကျေးဇူးပြုပြီး အဆိပ်ဖြေဆေးပေးပါ”
ပြောပြီးနောက်တွင် သူ ရှီမာယူယူကို ဦးညွှတ်လေသည်။
အာ…
ရှီမာမိသားစုမှာ ဒီလိုအကျိုးသင့်အကြောင်းသင့် အကြီးအကဲရှိသေးတာ လား။ အကုန်လုံးက ကျန်းရယ်လိုလူမျိုးလို့ ထင်ထားတာ။
အဲလိုမျိုး စိတ်ရင်းနဲ့ ယဉ်ကျေးတတ်တဲ့လူကို ဒေါသထွက်ဖို့က ခက်တယ် လေ။ ဒါပေမဲ့ သူမ သူတို့ကိုလွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် စိတ်ထဲမှာ အခဲမကျေနိုင်သေးဘူး။
ထို့ကြောင့် သူမ မျက်နှာတွင် မပျော်ရွှင်သော အမူအရာရှိနေတုန်းပင်။
“ကျွန်မက ရှင်တို့ရှီမာမိသားစုက မဟုတ်ဘူး၊ ရှင်တို့ ဒီလိုပြောလိုက်တာနဲ့ စိတ်ပျော့သွားမယ်လို့ မထင်လိုက်နဲ့” သူမ ညည်းလိုက်သည်။
အဘိုးကြီးသည် သဲ့သဲ့ပြုံးကာ ပြောလေသည် “ဒါပေါ့ ကျုပ်တို့သိပါတယ် အဲဒါကြောင့် သူတို့ကို အခမဲ့ကုပေးဖို့ မပြောပါဘူး ကျုပ်တို့ အခကြေးငွေပေးမှာ ပါ”
“ကျွန်မဆေးတွေက ဈေးမပေါပါဘူး အပြင်မှာရှိတဲ့လူတိုင်းသိကြပါ တယ်”
“ဟုတ်ပါတယ် မိန်းကလေးကျေနပ်အောင်သေချာပေါက် ပေးမှာပါ” အဘိုးအို ပြုံးလိုက်လေသည်။
တခြားသူများ၏ စိတ်ထားများမှာ ကောင်းသည်ကို ရှီမာယူယူ မြင်သော အခါ တွန့်ဆုတ်စွာပြောလေသည် “အင်း ကျွန်မ အခကြေးငွေကို အရင်ကြည့်ရ ပါမယ်၊ ဒါပေမဲ့ ဒီလူရဲ့မြေးမကိုတော့ ကျွန်မကုပေးမှာမဟုတ်ပါဘူး” သူမသည် ကျန်းရယ်ကို ညွှန်ပြပြီးပြောလိုက်သည် “သူမက ကျွန်မကိုသတ်ချင်နေတာ ကျွန်မ အဲလိုလူနဲ့ အပေးအယူမလုပ်နိုင်ပါဘူး”
“မင်း…” ကျန်းရယ်သည် စိုးရိမ်လာသည်။ အဲကောင်မလေးက သူမ မြေးမအစား တခြားသူတွေကို ကုသပေးမယ်ပေါ့။
“မိန်းကလေးသဘောပါပဲ မိန်းကလေးအပေါ်မှာပဲမူတည်ပါတယ်”
အဘိုးအိုသည် သူမကို ဖိအားမပေးပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုမိန်းကလေးသည် သူ၏ ငယ်သားမဟုတ်ပေ။ ကျန်းရယ်မှ ပြဿနာရှာရ သည်ကို ကြိုက်နှစ်သက်ပါက သူမကိစ္စ သူမဘာသာ ဖြေရှင်းခိုင်းရမည်။
ခြံဝန်းထဲမှလူများသည် အဖြစ်အပျက်များကိုသိကြသဖြင့် ရှီမာယူယူ ထိုသို့တောင်းဆိုသည်ကို မအံ့ဩတော့ပေ။
ပြီးတော့ ဘယ်သခင်ကရော ဒေါသမရှိလို့လဲ။ သူမက ထူးချွန်တဲ့ ဂျူနီယာ တစ်ယောက်ဖြစ်တယ်ဆိုတာတော့ ပြောဖို့တောင်မလိုတော့ဘူး။
ရှီမာယူယူ ပြုံးလိုက်သည်။ ဒီအဘိုးကြီးက ဉာဏ်အလင်းပေါက်တယ်။
“အဲလိုဆိုမှတော့ အခကြေးငွေကိစ္စပြောကြတာပေါ့၊ ခန္ဓာကိုယ်ထဲမှာ ဒီရက်တစ်ရာအိပ်ဆေး အဆိပ်ရှိတာကြာလေလေ ခန္ဓာကိုယ်အတွက် ပျက်စီးမှု များလေလေဖြစ်ပြီး နောက်ကျရင် ပြန်ကောင်းဖို့ခက်သွားမယ်၊ ပြီးတော့ ဒါက လူတစ်ယောက်ရဲ့ဖြတ်လပ်မှုတွေကို တိုက်ဖျက်တယ်၊ ပြီးတော့ ဆေးပစ္စည်း တွေကလည်း အရမ်းကိုအဖိုးတန်တယ်၊ ဆေးပစ္စည်းကောင်းတွေဆိုတာတော့ ပြောဖို့တောင်မလိုတော့ပါဘူး၊ အရမ်းရှားပါးပြီး ရှာရတာခက်ပါတယ်၊ ပြီးတော့ တစ်ခါတည်းအကုန်ပြောဖို့ မလွယ်တော့ အထဲဝင်လိုက်ကြပါ ကျွန်မ ရှင်းပြပါ့ မယ်…”
ရှိနေကြသောလူများ နှုတ်ခမ်းတွန့်မိကြသည်။ သူမ စကားပြောတဲ့လေသံ ကလည်း ပြောင်းလဲတာမြန်လိုက်တာ။ အဲလောက်အများကြီးပြောနေတာ ငွေ များများညှစ်ထုတ်ဖို့ပဲမဟုတ်ဘူးလား။
ဒါပေမဲ့ တခြားနည်းလမ်းရောရှိဦးမှာတဲ့လား။ အဲမိန်းမတွေကို ရေတိုပဲ ကြည့်ဖို့ ဘယ်သူကလုပ်ခိုင်းလို့လဲ။ ဒီလိုငွေပမာဏကို သူတို့မပေးချင်ရင် တောင် ပေးရလိမ့်မယ်။
သူမခေါ်လာသည့်လူများကို ချန်ထားကြကာ အားလုံးဝင်သွားကြသည်ကို ကျန်းရယ်မြင်လိုက်ရသဖြင့် ဒေါသဖြင့် ခြေဆောင့်လိုက်သည်။
“အဲကောင်မလေး ဒီဟာကိုမှတ်မိအောင် လုပ်ပေးလိုက်မယ်”
မြောင်ရှီဟွာသည် သူမ ဒေါသထွက်သည်ကို မြင်နေရသည်။ သမီးဖြစ်သူ အတွက် ရှီမာယူယူ ဆေးဖော်မပေးသည်ကို တွေးလိုက်သောအခါ ငိုချင်သွား သည်။
သူမသည် ရှီမာယူယူကိုဖိနှိပ်ရန် မိသားစုမှ အကြီးအကဲများကို အကူအညီ တောင်းခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့သည် ဘာမှမပြောဘဲ ဖျန်ဖြေပေး လိုက်ကြသည်။ ဒါကဘယ်လိုဖြစ်တာလဲ။
“အမေ အဲဒီမိန်းမက ရှီအာကိုအဆိပ်ဖြေဆေးမပေးရင် ရှီအာဘယ်လိုဖြစ် မှာလဲ”
“ဘာလို့ငိုနေတာလဲ လူတွေမသေသေးဘူး” ကျန်းရယ် အော်လိုက်သည် “အဆိပ်ဖော်နိုင်တာ အဲကောင်မလေးတစ်ယောက်တည်းမဟုတ်ဘူး၊ အဲဒီ ဆေးနည်းကို လိမ္မော်သီးမြို့ဝန်ကပေးလိုက်တာမဟုတ်ဘူးလား၊ ဒါဆိုရင် သူ လည်း အဆိပ်ဖြေဆေးသန့်စင်တတ်မှာပဲ၊ သူ မသန့်စင်တတ်ရင်တောင် ဆေးနည်းကိုတော့ မှတ်မိနေမှာပဲ၊ သူ့ကိုသွားရှာလိုက် အဆိပ်ဖြေဆေးရှာမရ မှာကို ကြောက်နေတုန်းလား”
မြောင်ရှီဟွာသည် အံ့အားသင့်သွားသည် “သမီးလည်း အဲဒါကိုသိတယ် လေ ဒါပေမဲ့ သူဘယ်မှာလဲဆိုတာ ဘယ်သူမှမသိကြဘူး သူ့ကိုရှာမရဘူး”
***