← Chapters

ကျွန်မတို့က ရင်းနှီးတာပဲ ဈေးလျော့ပေးမယ်

Vol. 104 Ch. 1451

ကျွန်မတို့က ရင်းနှီးတာပဲ ဈေးလျော့ပေးမယ်

Vol. 104 Ch. 1451

ဘယ်သူမှ ရှာမတွေ့ဘူးလား။

ဒါဆိုရင် သူတို့ရှာရမှာက ဘယ်လိုအဆိပ်ဖြေဆေးလဲ။

“ဒါဆိုရင် သူ့ကို ဘာလို့စမရှာတာလဲ” ကျန်းရယ် အော်လိုက်သည် “သူက ဒီရောက်နေတယ်ဆိုတော့ ဝေးဝေးမသွားဘူးလို့ဆိုလိုတာပဲ၊ ဒါကမြို့လေး တစ်မြို့ပဲလေ လူတွေထပ်လွှတ်လိုက် အဲလူကိုရှာတွေ့ကိုတွေ့ရမယ်”

“ဟုတ်ကဲ့ သမီးအခုပဲသွားလိုက်ပါမယ်” မြောင်ရှီဟွာသည် သူမ၏ ယောက္ခမဖြစ်သူကို ကြောက်ရသဖြင့် ထိုစကားကိုကြားသည်နှင့် အမြန်ထွက် သွားလေသည်။

ရှီမာယူယူသည် လူများကို အရည်မကျန်တော့အထိ ညှစ်ထုတ်ပြီးမှပင် အဆိပ်ဖြေဆေးကို ပေးလိုက်သည်။

“ဒီလောက် မြန်မြန်ကြီးသွားဖို့မလိုပါဘူး” ရှီမာယူယူသည် သူတို့ကို ခေါ် လိုက်သည်။

ထိုလူများသည် ရှီမာယူယူ ဆေးကိုပြန်ယူမည်ဟု ထင်သွားသဖြင့် အမြန် ပင် သိမ်းကြလေသည်။

“ဘာရှိသေးလို့လဲ”

ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဒါက ပထမအကြိမ် အဆိပ် ဖြေဆေးပဲရှိသေးတာ နောက်ကိုနှစ်ခါရှိသေးတယ် ကျွန်မအဘိုးနဲ့ လူကြီးတွေရဲ့ မျက်နှာကိုထောက်ပြီး နောက်နှစ်ကြိမ်ကို တစ်ခါတည်းပေးရင် လျော့ဈေးနဲ့ပေး ပါမယ်”

သူတို့၏ နှုတ်ခမ်းထောင့်များ တွန့်သွားကြသည်။ လျော့ဈေးကရှိသေး တာလား။ သူတို့က သူမကို ကျေးဇူးတင်မယ်များထင်နေလား။

“အဲလိုဆိုမှတော့ တစ်ခါတည်းပေါင်းရှင်းတာပေါ့” ထိုအဘိုးအိုပြောလေ သည်။

ရှီမာယူယူသည် သူ့ကို အလွန်သဘောကျသွားသည်။ သူက အရမ်းကို ဉာဏ်ကောင်းတာပဲ။

နောက်ပိုင်း အခြေအနေတွေပြောင်းလဲသွားလို့ ဖြေဆေးနှစ်ခုရဖို့ အတည် မပြုနိုင်ခဲ့ရင်တောင်... အခုစုဆောင်းထားလိုက်ရင် အပြောင်းအလဲတွေရှိလာလို့ နောင်တတွေရသွားရင်တောင် သူတို့ စိတ်ကိုပြောင်းလို့မရတော့ဘူးလေ။

သူမ ပါးစပ်ထဲဝင်သွားရင် ပြန်ထွက်လာဖို့ကို စိတ်တောင်မကူးနဲ့တော့။

အဘိုးကြီးမှ ထိုသို့ပြောလာသဖြင့် တခြားသူများသည် မတတ်သာတော့ ဘဲ ကျိုးနွံစွာနာခံရတော့သည်။ သူ့ရာထူးမြင့်အောင် ဘယ်သူလုပ်ပေးလိုက်တာ လဲ။

ရှီမာယူယူ အလိုကျ အားလုံးသည် မိသားစုအနေဖြင့် တွက်ချက်လိုက်ကြ သည်။ အကယ်၍ အဆိပ်ဖြေဆေးတစ်လုံးလျှင် ထိပ်တန်းအဆင့်ကျောက် ၅ သိန်းဆိုပါက သုံးလုံးလျှင် ၁၅ သိန်းဖြစ်မည်။ ၅ သိန်းပေးထားသဖြင့် ကျန် ၁၀ သိန်းကို ၁၀ ရာခိုင်နှုန်းလျော့လိုက်ပါက တစ်ယောက်လျှင် ၉ သိန်းနှုန်းသာ ကျသင့်တော့မည်။

ထိုလူများ သူတို့အိတ်ကိုစမ်းကြည့်လိုက်ရာတွင် ရင်နာ၍ပင် သေတော့ မည်။ ထိုအရာများသည် ထိပ်တန်းအဆင့် ကျောက်များဖြစ်ကြပြီး တစ်ခါတည်း နှင့် ၁၄ သိန်းပေးလိုက်ရသဖြင့် နှလုံးသွေးများထွက်တော့သည်။

ကံကောင်းစွာပင် မိသားစုတွင် ပိုက်ဆံပေါကာ ထောက်ပံ့ပေးနိုင်သဖြင့် ဆေးဝယ်ရန် လုံလောက်ကြသည်။

“ဒါက မင်းတို့အမှားပဲ အဲတော့ မင်းတို့ပိုက်ဆံထဲကနေပဲ ပေးရမယ်” သူတို့အားလုံး ပိုက်ဆံပေးချိန်တွင် အဘိုးအိုသည် တိုးတိတ်စွာပြောလေသည်။

“….”

ထိုမိန်းကလေးများ၏ နှုတ်ခမ်းထောင့်များမှာ လွန်ကြူးစွာတွန့်သွားလေ သည်။ တကယ်လို့ သူတို့ ဘယ်တောင်းဆိုချက်ကိုမှမလုပ်နိုင်တော့ဘူးဆိုရင် အဲဒီတွင်းပေါက်ကြီးကို သူတို့ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ ဖြည့်နေရဦးမှာလား။

သူတို့ ဆန့်ကျင်ချင်တယ်… ဒါပေမဲ့ ဆန့်ကျင်နိုင်မှာလား။

မဟုတ်ရင် မိသားစုထဲမှာ ဆက်မနေချင်တော့ဘူး။

သူကလည်း သူတို့ကို သင်ခန်းစာပေးချင်တယ်၊ ဒါပေမဲ့ ဒီသင်ခန်းစာက …. အရမ်းကိုနာကျင်လွန်းတယ်။

သူတို့သည် ရှီမာယူယူကို ကြည့်လိုက်ကြသည်။ သူတို့သည် သင်ခန်းစာ ကောင်းကောင်းရလိုက်ကြကာ နောက်ဆိုလျှင် သူမနှင့် သွားမရှုပ်ရဲတော့ပေ။

“သွားတော့” အဘိုးအို လက်ဝေ့ယမ်းပြလိုက်သည်နှင့် ထိုလူများသည် သူ့ ကိုချန်ထားပြီး ထွက်သွားကြလေသည်။

“ယူယူ ဒါကသမီးရဲ့ ဘိုးဘိုးဦးကြီးဟော်ရွှမ်းပဲ” ရှီမာကျိယွင် မိတ်ဆက် ပေးလေသည်။

ရှီမာဟော်ရွှမ်း ခေါင်းညိတ်လိုက်သည်။ သူသည် လိုက်လျောညီထွေရှိပြီး အရိပ်အခြေသိတတ်သည်။ သူမ အကောင်းမြင်မိသည်။

“ဒီကိစ္စကို အခုလိုဖြေရှင်းလိုက်တာ ကျေနပ်ရဲ့လား” သူ မေးလိုက်သည်။

“ကျေနပ်ပါတယ် ဘိုးဘိုးဦးကြီးကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်” သူက သူမကို ချင့်ချိန်ကူညီပြီး အဲလူတွေကို သင်ခန်းစာပေးလိုက်တယ် ဆိုတာကို သူမ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ။

ရှီမာကျိယွင် ပြောလိုက်သည်နှင့် ထိုလူများသည် သူမကို ဘက်လိုက် သည်ဆိုပြီး နာခံကြခြင်းမရှိပေ။ ထိုအခွင့်အရေးကို အသုံးချကာ သူ့ကိုပင် တိုက်ခိုက်လာနိုင်သည်။

သို့သော် ရှီမာဟော်ရွှမ်းတော့ မတူပေ။ သူသည် မိသားစုတွင် ရာထူးမြင့် သည်။ သူနှင့်လည်း တိုက်ရိုက်သွေးသား တော်စပ်ခြင်းမဟုတ်သဖြင့် ထိုလူများ သည် သူ့ကို ပြဿနာမရှာရဲကြပေ။

“ကျေနပ်တယ်ဆိုရင် ဘယ်တော့ မိသားစုကို ပြန်လာမလဲ” သူ မေးလိုက် သည်။

ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ ဒီမြေခွေးအိုကြီးက အစကတည်းက သူမကို ပြန်လာစေချင်နေတာပဲ။

“ကောင်းတယ်လို့ ထင်ပါတယ်” ရှီမာယူယူသည် ယခုပုံစံအတိုင်း ပြန်မသွားချင်ပေ။

“ပြန်လာခဲ့ပါ မိသားစုက မင်းကိုလိုအပ်နေတယ်” ရှီမာဟော်ရွှမ်း ပြော လိုက်သည်။

မိသားစုက မင်းကိုလိုတယ်။ ထိုစကားလုံးအနည်းငယ်သည် သူမကို မိသားစုတွင်း အရေးကြီးမှုကို ပြောနေပြီး တာဝန်ယူမှုကိုလည်း ပြသနေသည်။

သူမသည် မိသားစုဝင်တစ်ဦး ဖြစ်တုန်းပင်။

ရှီမာမိသားစုသွေးသည် သူမခန္ဓာကိုယ်အတွင်း စီးဆင်းနေသည်။ မိသားစု အလွန်မဆိုးဝါးသရွေ့ သူမခန္ဓာကိုယ်ထဲမှသွေးသည်လည်း ရောနေသည်မှာ ငြင်းမရပေ။

“ကျွန်မ ရှင်းရမယ့်ကိစ္စလေးတွေရှိပါသေးတယ်” သူမ ပြောလိုက်သည် “အဲကိစ္စတွေကို ကျေနပ်တဲ့အထိရှင်းပြီးရင် ကျွန်မပြန်လာပါ့မယ် ဒါပေမဲ့ အဲမတိုင်ခင်ကို ကျွန်မကို မတားကြပါနဲ့”

“ကျန်းရယ်ကိစ္စကို ရှင်းချင်တာလား”

“အဲလိုလည်းမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲတုန်းက ကျွန်မနဲ့ အဖေ့ကိုဘယ်သူသတ်ချင်ခဲ့တာလဲ ဒီကိစ္စမဖြေရှင်းရသေးရင် ကျွန်မ ပြန်မှာမဟုတ်ပါဘူး”

“အဲနှစ်ကကိစ္စတွေက ပြီးခဲ့ပြီ…” လူတစ်ယောက်ပြောလေသည်။

“အဲနှစ်ကကိစ္စတွေက ပြီးခဲ့ပြီ ကျွန်မလည်း ဘေးကင်းကင်းနဲ့ အသက်ရှင် ခဲ့တယ် ဒါပေမဲ့ အဲနှစ်က နစ်နာမှုတွေ ပျောက်ကွယ်သွားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး” ရှီမာယူယူသည် စကားဖြတ်ပြောလိုက်သည် “ရှင်သာဆိုရင် ဆန္ဒရှိ ပါ့မလား”

ထိုလူသည် စကားမပြောတော့ပေ။ အမှောင်ထဲတွင် ရန်သူချောင်းမြောင်း နေပါက လုံခြုံသည်ဟု မည်သူမှ ခံစားရမည်မဟုတ်ပေ။

“ဒါဆိုရင် အဲကိစ္စမရှင်းရသေးခင် မိသားကိုအရင်ပြန်မလာနိုင်ဘူးပေါ့” တခြားလူတစ်ယောက် မေးလေသည်။

“သေချာပေါက် မရဘူးပေါ့” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “ကျွန်မ ပြန်သွားရင် ကျွန်မကအလင်းထဲမှာရှိပြီး ရန်သူကအမှောင်ထဲမှာရှိမှာ အရမ်း အန္တရာယ်များတယ် ပြီးတော့ ကျွန်မမိသားစုကို ပြန်လိုက်ရင် မလုပ်နိုင်တဲ့ကိစ္စ တချို့လည်းရှိနေတယ် ကျွန်မပြောတာဟုတ်လား”

သူမသည် သူတို့ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည်ကို အားလုံး ခံစား မိကြသည်။

အပြင်လူတစ်ယောက်အနေနှင့် သူမ ထိုလူများကို သတ်လိုက်လျှင် တောင် ရှီမာမိသားစုသည် သူကိုဖိအားပေး၍မရပေ။ သို့သော် သူမ မိသားစုဆီ သို့ပြန်လိုက်သည်နှင့် မိသားစုဖိအားကို ထည့်စဉ်းစားရမည်ဖြစ်ပြီး လွတ်လပ်‌ တော့မည်မဟုတ်ပေ။

“ဒီလိုဆုံးဖြတ်ထားမှတော့ မင်းသဘောကျသာလုပ်ပါ” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “မိသားစုကလည်း အဲဒါကိုရှင်းလင်းရမှာတော့ အမှန်ပဲ”

“အစ်ကို ၃…”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မိသားစုက တိုက်ခိုက်တာကို ခွင့်မပြုထားဘူးလေ”

တခြားသူများ အော်ကြလေသည်။

“ခေါင်းဆောင် ဒီဟာကိုဘာမှမပြောတော့ဘူးလား”

ရှီမာကျိယွင်သည် ထိုလူများကို ကြည့်ပြီးပြောလိုက်သည် “လျူရွှမ်က မိသားစုထဲက နှင်ထုတ်ခံထားရတယ် ယူယူကလည်း နာမည်စာရင်းထဲမှာမရှိ ဘူး အဲဒါကြောင့် ဒါက မိသားစုတွင်းရန်ပွဲမဟုတ်ဘူး”

အဲဒါကြောင့် ရှီမာယူယူက မိသားစုကိုပြန်မလာတာပဲ။

“ဒီနှစ်တွေမှာ ကျန်းမိသားစုက ငါတို့နဲ့အရမ်းဝင်ရှုပ်နေတယ်…”

ရှီမာဟော်ရွှမ်း ထိုသို့ပြောသော်လည်း တခြားသူများမှာ နှုတ်ဆိတ်နေကြ သည်။

“အိုး မင်းပြောတာမှန်တယ် ငါတို့မိသားစုကလည်း ရှင်းလင်းသင့်တယ် မဟတု်ရင် သန်မာလာဖို့မပြောနဲ့ ဒီမိသားစုနာမည်ကလည်း ကျန်းလို့ပြောင်း ရတော့မယ်”

ရှီမာယူယူ သူတို့စကားများကိုကြားသောအခါ အဓိပ္ပာယ်ကို သဘော ပေါက်လာသည်။

ကျန်းမိသားစု ဟုတ်လား။

“ကျန်းရယ် အဲမိန်းမက သမီးကိုတိုက်ခိုက်လိုက်တဲ့သူလေ” ဟွမ်ရင်ရင် သည် ရှီမာယူယူ အတွေးတွင်နစ်နေသည်ကို မြင်သောအခါ ရှင်းပြလေသည် “သူမက ကျန်းမိသာစုပဲ၊ ဒီနှစ်တွေမှာ ကျန်းမိသားစုက အဘွားတို့ကိစ္စတွေကို တော်တော်လေးဝင်ပါလာကြတယ်”

“အိုး” ရှီမာယူယူသည် ခေါင်းညိတ်လိုက်သည် “အဲတော့ ကျန်းမိသားစုကို ရှင်းဖို့ ကျွန်မလက်ကိုငှားချင်ကြတာလား”

ရှီမာဟော်ရွှမ်းသည် မငြင်းဆန်ဘဲ ပြုံးလေသည်။

“အဲလိုပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါဆိုရင် ကျွန်မတို့ သဘောတူ ညီချက်လုပ်ကြတာပေါ့”

“သဘောတူညီချက်ဟုတ်လား”

“ဟုတ်ပါတယ် ကျွန်မလက်ကိုငှားချင်ရင် ကျွန်မကို တန်ရာတန်ကြေး ပေးမလား” ရှီမာယူယူ ပြောလိုက်သည် “စိတ်ချပါ ကျသင့်ငွေက ဈေးမကြီးပါ ဘူး၊ ကောင်းပြီးဈေးသက်သာပါတယ် ပြီးတော့ ကျွန်မက လှလှပပလုပ်တတ် သေးတယ်”

“…”

ဒီမိန်းကလေးက…. တကယ်ပဲ…. ဒီလိုလား။

ရှီမာယူယူသည် တောက်ပစွာပြုံးလိုက်သည်။ အကြောင်းမှာ နောက်ထပ် ငွေဝင်ပေါက်တွေ့သွားလို့ပင်။

***

All Chapters