← Chapters

မြေခွေးအိုနောက်တစ်ယောက်

Vol. 104 Ch. 1452

မြေခွေးအိုနောက်တစ်ယောက်

Vol. 104 Ch. 1452

အင်း… သူမက ကျန်းရယ်ကိုလည်း ဖြေရှင်းရဦးမယ်… ဒီကိစ္စက သူမ လုပ်ငန်းကိစ္စလို့တွေးထားမှတော့ ဘယ်လိုလုပ် သူတို့ကိုကူညီတာဖြစ်မလဲ။

သူမကို အခကြေးငွေပေးရဦးမှာလား။

“ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး….” ရှီမာဟော်ရွှမ်းသည် သူမ အားပြုံးကြည့်လိုက်ရာ သူမ ရုတ်တရက် စိတ်ထင့်သွားလေသည်။

သူမ ခြေတစ်လှမ်းဆုတ်ကာ မသိစိတ်မှပြောထွက်သွားသည် “ဘာလုပ် ချင်လို့လဲ”

“မင်းကို အခကြေးငွေပေးရမယ်လို့ပြောလိုက်တာနော် မင်းဘာလိုအပ် မလဲလို ငါစဉ်းစားနေတာ” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “မင်းရဲ့တန်ဖိုးက တည်းမနည်းဘူး ပြီးတော့ ဒါကကိစ္စကြီးလေ အဲတော့ မင်းရဲ့အဖိုးအခကလည်း နည်းမှာမဟုတ်ဘူး အဲဒါကြောင့် ယေဘုယျဟာလောက်နဲ့ မပြီးဘူး”

ရှီမာယူယူသည် သူတို့ကို သတိရှိစွာဖြင့် ကြည့်လိုက်သည်။ သူ၏ ကြင်နာ တတ်သောအပြုံးသည် ပိုအန္တရာယ်ရှိသလိုခံစားမိသည်။

“ကျွန်မဘာသာ တောင်းဆိုပါ့မယ် ဘိုးဘိုးဦးကြီးဘက်က စဉ်းစားပေးဖို့ မလိုပါဘူး” သူမ ပြောလိုက်သည်။

“အဲလိုမဖြစ်ရဘူးလေ” ရှီမာဟောရွှမ်း ပြောလိုက်သည် “မင်းကအခုမှ ပြန်လာတာ ငါတို့မိသားစုရဲ့နောက်ခံနဲ့ ဘာပေးနိုင်မလဲဆိုတာ မင်းမသိသေး ဘူးလေ” သူ ပြောပြီးသည်နှင့် စဉ်းစားဟန်ပြုကာ ပြောလေသည် “ဒီလိုလုပ်ရ အောင် မင်းရဲ့တန်ရာတန်ကြေးနဲ့ ကိုက်ညီအောင် ရှီမာမိသားစုကို ဆုအနေနဲ့ အသုံးချလိုက်ရင်ရော”

ဘာ…

ရှီမာယူယူ မှင်တက်သွားသလို တခြားလူများလည်း ကြက်သေသေသွား ကြသည်။

….

“မြေခွေးအိုကြီး မြေခွေးအိုကြီး”

ရှီမာယူယူ အံကြိတ်ထားပြီး ပြောလိုက်သည်။

ရှီမာမိသားစုကို ဘာလို့ဆုအဖြစ်ပေးတာလဲ သူက သူမကို မိသားစုကို ပြန်လာစေချင်ပြီး အကုန်လုံးကို အလွယ်တကူဖြေရှင်းနေတာပဲ။

အကျင့်ပုတ်တဲ့ မြေခွေးအိုကြီး… ပရိယာယ်များတဲ့ မြေခွေးအိုကြီး…

“ကောင်းလိုက်တာ ကျွန်မ အခကြေးငွေမရမယ့်အပြင် ရုန့်ရင်းဆန်ခတ် ကိုလည်း ဖန်တီးပေးရဦးမယ်” သူမ မျက်လုံးများကျဉ်းမြောင်းလိုက်သည် “ကျွန်မ သဘောတူလိမ့်မယ်လို့ မထင်လိုက်ပါနဲ့၊ ထောင်ချောက်မဆင်ပါနဲ့ ဟင်း ဒီတစ်နေရာလုံးကို လုံးဝအုံကြွလာအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့”

မူစစ်သည် သူမ အံကြိတ်ပြီး ကျိန်ဆိုလိုက်သည်ကို ကြည့်ရင်း ပြောလိုက် သည် “ဆရာ နောက်ဆုံးကျ အင်း လို့မပြောလိုက်ဘူးလား”

“ဟင်း မင်းကဘာသိလို့လဲ အစတုန်းကတည်းက သဘောလိုက်ရင် နောက်ကျရင် ငါဘာဆုမှရမှာမဟုတ်ဘူး ပြီးတော့ သူတို့ကိုကူညီမယ်လို့ ကတိ ပေးလိုက်ရတယ်” ရှီမာယူယူသည် ပြောရင်းနှင့် စိတ်ဓာတ်ကျနေသည်။

မူစစ်သည် ရှီမာယူယူကို ထိုပုံစံအတိုင်း မြင်လိုက်ရသောအခါ ပြုံးမိသည်။

သူမသည် အမြဲတစေ ဗျူဟာများရှိတတ်ကာ သူမလုပ်သည့်အရာတိုင်းကို ယုံကြည်ချက်ရှိသည်။ အခု သူမ ခြေတစ်လှမ်းအကြောခံလိုက်ရသဖြင့် သူမ၏ ဒေါသထွက်နေသော မျက်နှာလေးမှာ ချစ်စရာကောင်းလှသည်။

“ဆရာ တကယ်ပဲ ရှီမာမိသားစုကို မသွားဘူးလား” သူ မေးလိုက်သည်။

တစ်ဖက်လူမှ သူမကို တိုင်းပြည်တစ်ခုလုံးတွင် ရှားပါးလှသော အမျိုးသမီးအကြီးအကဲ ဖြစ်ပေးရန်ပြောခဲ့သည်။

သာမန်လူအတွက်ကတော့ အလွန်ပင် တက်မက်စရာပင်။

“ရှီမာမိသားစုက ဘာများကောင်းလို့လဲ ပြဿနာများတယ် မသွားချင် ဘူး” ရှီမာယူယူသည် စက်ဆုပ်စွာ ပြောလေသည်။

အတွင်းပိုင်းဒေသကိုမဝင်ခင်က ရှီမာမိသားစုနှင့်ပတ်သတ်ပြီး စိတ်ကူး ထားသည်များရှိသည်။ ပထမဆုံးအတွင်းပိုင်းဒေသကိုရောက်ပြီး အခြေအနေ များကို ကြားပြီးနောက်တွင် စိတ်ထဲမှ စိတ်ကူးများ ပြိုကွဲသွားသည်။

ယခု ရှီမာမိသားစု အခြေအနေများကို ပဏာမနားလည်ပြီးနောက် စိတ်ကူးပြိုကွဲသည်ထက်ပင် ပိုသွားကာ တွင်းနက်ကြီးထဲကျသွားသလိုခံစားရ သည်။

ပြီးတော့ သူတို့က သူမကို ဆက်ခံစေချင်နေသေးတယ်။ မရဘူး။

“ဒါဆို ဒီကနေထွက်သွားကြမလား”

ရှီမာယူယူ ထိတ်လန့်သွားပြီးနောက် သက်ပြင်းချကာ ပြောလေသည် “စောင့်ဦးမယ်”

သူမ ယခုထွက်သွားလိုက်ပါက ထိုကိစ္စများကို မည်သို့ဖြေရှင်းတော့မည် နည်း။ သူမ ဘိုးဘိုးကြီးနှင့် အဘိုးတို့ကို ထိုဝံပုလွေ၊ ကျားနှင့် ကျားသစ်များ အကြားတွင် ထားပြီးထွက်မသွားနိုင်ပေ။ ဟုတ်တယ်မလား။

ပြီးနောက် သူမ လုပ်ရမည့်အရာကို သဲလွန်စမရသေးပေ…

ထိုအကြောင်း တွေးမိသောအခါ ခေါင်းကုတ်ပြီး ပြောလိုက်သည် “တကယ်ပဲ စိတ်ညစ်စရာကြီး၊ ငါ တံခါးပိတ်ကျင့်ကြံတော့မယ်၊ ရှီမာမိသားစုကို မြင်ကိုမမြင်ချင်ဘူး မြေခွေးအိုကြီးကို တစ်ယောက်တည်း ပစ်ထားလိုက် ငါ့ကို လာရှာတဲ့သူရှိရင် နှောင့်ယှက်လို့မရဘူးလို့ပြောလိုက်”

သူမ ပြောပြီးနောက်တွင် အင်္ကျီလက်များကို ခါထုတ်ပြီး လှည့်ကာ ခြံထဲမှ ထွက်ခြံလိုက်သည်။

မူစစ်သည် ရှီမာယူယူ၏ နောက်ကျောပြင်ကို ကြည့်ပြီးပြောချင်နေသည်။ ဆရာ တံခါးပိတ်ကျင့်ကြံမယ်ဆို အခန်းထဲမသွားဘူးလား။ ထွက်သွားပြီး ဘာလုပ်တာလဲ။

အခန်းထဲမှ လူများသည် ရှီမာယူယူ၏ ဒေါသကို သတိထားမိပြီး ပူပန်စွာ ပြောလေသည် “သူမက ဒီလိုပဲမလား ဘာမှမဖြစ်လောက်ပါဘူး…နော်”

ရှီမာကျိယွင်သည် ပြုံးပြီးပြောလေသည် “မစိုးရိမ်ပါနဲ့ ဘာမှဖြစ်မှာမဟုတ် ဘူး ယူယူ့ကိုမကြည့်နဲ့ တကယ်တော့ သူမစိတ်ထဲမှာ မိသားစုဆိုတာရှိပါတယ် ဒီကောင်မလေးက အရမ်းမခက်ထန်ပါဘူး သူမကို မိသားစုမေတ္တာအကြောင်းပြ ပေးလိုက်ရင် စိတ်ပျော့သွားမှာ”

“ဒါပေမဲ့ သူမက မိသားစုကိုပြန်မလာချင်ဘူးလေ ဟော်ရွှမ်း မင်းဒီလိုလုပ် ရင် သူမဒေါသထွက်သွားတာနဲ့ အကျိုးမရှိဖြစ်မှာမဟုတ်ဘူးလား”

ရှီမာဟော်ရွှမ်းသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည် “မဟုတ်ဘူး သူမက သံယောဇဉ်ရှိပြီး ဖြောင့်မတ်တဲ့ကလေးပါ”

“ဒါပေမဲ့ သူမကို တကယ်ပဲမိသားစုခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်မှာ လား ဒါကမှားနေတာမဟုတ်ဘူးလား”

ရှီမာဟော်ရွှမ်းသည် ခေါင်းယမ်းပြီးပြောလေသည် “ငါ သူမကို ရှီမာမိသားစုကို ဆက်ခံခိုင်းဖို့ အစီအစဉ်မရှိဘူး”

“သူမကို လိမ်လိုက်တာလား”

“မဟုတ်ဘူး တကယ်ပြောနေတာ”

“ဟော်ရွှမ်း ငါတို့နားရှုပ်လာပြီ”

“ဘာမှရှုပ်စရာမရှိဘူး” ရှီမာဟော်ရွှမ်း ရှင်းပြလေသည် “သူမကို မိသားစု ကိုဆက်ခံစေချင်ပေမဲ့ သူမ မလုပ်ဘူးဆိုတာလည်း သိတယ်”

“ဘာလို့လဲ”

“သူမက အပျင်းထူတယ်”

“ပျင်းတယ်ဟုတ်လား”

“ဟုတ်တယ်” ရှီမာဟော်ရွှမ်း ခေါင်းညိတ်လိုက်သည် “ငါ သူမ အတွေ့အကြုံတွေကို သေချာဖတ်ပြီးပြီ၊ ကျောင်းမှာအသင်းဖွဲ့စည်းတာ အသည်းကွဲတောင်ကြားတည်ထောင်တာ မဟုတ်ရင် လက်ရှိ ထိပ်တန်းတောင် ကြား ပေါင်းစည်းလိုက်တာ အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဧည့်အကြီးအကဲ ဆေးအဖွဲ့ခွဲရဲ့ ခေါင်းဆောင်ရာထူး အဲဒါတွေအကုန်လုံးက သူမကို ဗဟိုပြုပြီး ဖွဲ့စည်းခဲ့တာဖြစ်စေ သူမကို စိတ်ရင်းနဲ့ဖတ်ကြားခဲ့တာဖြစ်စေ သူမက လုပ်ပိုင် ခွင့်အာဏာရှိတဲ့ ရာထူးတွေကို မယူခဲ့ဘူး”

“သူမက တကယ်ပဲ အာဏာကိုဂရုမစိုက်လို့ဖြစ်မယ်”

“အဲတော့ ရှီမာမိသားစုကလည်း သူမကို မဆွဲဆောင်နိုင်ဘူး”

“ဒါဆိုရင် သူမကု ဘာလို့အဲလိုပြောလိုက်တာလဲ”

“အင်း… ဒီအတိုင်းပဲ ကံစမ်းချင်လို့” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “ငါ ထီပေါက်ပြီး သူမ သဘောတူမလားလို့လေ”

“…”

အဲလိုဆိုရင်….

“အင်း ဒီကိစ္စကိုတော့ မင်းပဲအမိန့်ပေးပြီး သူတို့ကိုပြင်ဆင်ခိုင်းလိုက်တော့ လူတွေမသိစေနဲ့” ရှီမာကျိယွင် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

အားလုံး ပြန်ဖြေလိုက်ကြသည်။

“ဒါဆိုရင် ဒီတစ်ခေါက်က….”

“အင်း သူတို့က ဒီလိုဖြစ်နေပြီဆိုတော့ ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ မဖြစ်နိုင်တော့ ဘူး” ရှီမာကျိယွင် ပြောလိုက်သည်။

“အဲဒီ လနက်ရှိုင်းအသီးကကျ….”

“လနက်ရှိုင်းအသီးကိစ္စကို ယူယူက နည်းလမ်းရှာမယ်လို့ပြောတယ် အဲဒါကိုဘယ်မှာရှာရမလဲဆိုတာ သူမသိမှတော့ ကောင်းကောင်းကိုင်တွယ်နိုင် ရင် မျှော်လင့်ထားကြတာပေါ့”

“ဟုတ်ကဲ့ပါ”

“လျူရွှမ်နဲ့ ခဲ့လော့က တကယ်ပဲ တော်တဲ့ကလေးကိုမွေးထားတာပဲ…” ထိုလူသည် သက်ပြင်းချချင်သော်လည်း စကားအဆုံးတွင် တစ်ဝက်တစ်ပြတ် နှင့်ရပ်လိုက်လေသည်။

အင်း… ဒီသမီးဖြစ်သူကလည်း သူတို့မွေးထားတဲ့သူတော့ လုံးလုံး လျားလျားတော့မဟုတ်သေးဘူး။ သူမက ပြန်လည်မွေးဖွားလာတဲ့သူလေ။

အဲဒါလည်းမှားနေပြန်တယ်။ အဲလိုဆိုရင်တောင် သူတို့က သူမခန္ဓာကိုယ် ကို မွေးဖွားပေးတာပဲလေ။

“ယူယူက ယူယူပဲ” ရှီမာကျိယွင် ပြောလိုက်သည် “ဒီကိစ္စကို သခင်ကြီး ရင်လင်းက သူကိုယ်တိုင်ပြောခဲ့တာပဲ”

“သခင်ကြီးရင်လင်းက အဲလိုပြောခဲ့တယ် ဘာကိစ္စကိုလဲ”

“တကယ်တော့ အရမ်းရိုးရှင်းတယ်….”

တစ်ဖက်တွင် ရှီမာယူယူအကြောင်း ပြောနေကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် လက်ဖက်ရည်ဆိုင်တွင် ပျော်ရွှင်စွာထိုင်ပြီး ရှေ့တွင် ရှိနေသောလူသုံးယောက်ကို ပြုံးပြီးကြည့်နေသည်။

“သခင်မလေးရှီမာ တိုက်ဆိုင်လိုက်တာ ဒီလောက်မြန်မြန်ပြန်တွေ့မယ် လို့ထင်မထားဘူး” လီယောင်သည် ပြုံးပြီးပြောလိုက်သည်။

“ဟုတ်ပါ့ တိုက်ဆိုင်လိုက်တာ” ရှီမာယူယူသည် ထိုမျှသာပြောလေသည်။

သူတို့ သူမကိုလူလွှတ်ပြီး စောင့်ကြည့်လိမ့်မည်ဟု သူမ ထင်မထားပေ။ အခု ရေစက်လို့ပြောနေသေးတယ် ဟင်း သရဲကပဲယုံလိမ့်မယ်။

“ဒီတစ်ခါ တစ်ယောက်တည်းလား ဘာလို့တခြားသူတွေကိုမမြင်မိတာ လဲ”

“ရှင်တို့ပြောတာ လန်ကျုံးလား” သူမသည် သူတို့ရည်ရွယ်ချက်ကို တိုက်ရိုက်ပင်ထုတ်ပြောလိုက်သည်။

***

All Chapters