← Chapters

လန်ကျုံး၏ သရုပ်မှန်

Vol. 104 Ch. 1453

လန်ကျုံး၏ သရုပ်မှန်

Vol. 104 Ch. 1453

ယန်းရှီသည် သူမ၏ အတွေးအမှန်ကို လူမိသွားသဖြင့် အနည်းငယ် စိတ်တိုသွားလေသည်။ အထူးသဖြင့် သူမ ကျယ်လောင်စွာပြောလိုက်သဖြင့် လက်ဖက်ရည်ဆိုင်မှလူအားလုံးသိသွားကြလေသည်။

သို့သော် သူမကို စောင့်ကြည့်နေသူသည် လန်ကျုံးထွက်သွားသည်ကို မမြင်လိုက်ရပေ။ အခု သူမတစ်ယောက်တည်းကိုသာ တွေ့ရပြီး လန်ကျုံးမှာ ရှိမနေပေ။

သူမသည် လန်ကျုံးကိုတွေ့ချင်သည်။ အမှန်တကယ်ပင် သူ့ကိုလွမ်းလှ သည်။ ထို့ကြောင့် အခု သူမ ရှီမာယူယူ့ကိုသာ မေးရတော့သည်။

သူမသည် စိတ်ထဲမှဒေါသကို ထိန်းချုပ်ပြီး ပြုံးလိုက်သည် “မြို့ဝန် လန်ကျုံးက မင်းနောက်ကိုလိုက်မယ်လို့ အရင်ကပြောခဲ့တာလေ ဒါပေမဲ့ အခု သူ့ကိုမတွေ့ရတော့ နည်းနည်းသိချင်လို့ပါ သူ ထွက်သွားတာလား”

“ဟုတ်တယ် သူ့ကိုမတွေ့တာတောင် ရက်နည်းနည်းရှိနေပြီ သူ ထွက်သွားတယ်ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူက အမြဲတမ်း ခြေရာလက်ရာမကျန်အောင် သွားသွားလာလာလုပ်နေတာပဲ၊ သူ ထွက်သွားလားဆိုတာလည်း မသေချာပါဘူး…”

“မင်းမသိဘူးလား” ယန်းရှီသည် သူမ မသိဘူးဟု ပြောသည်ကိုကြား လိုက်သည်နှင့် အနည်းငယ် ပျော်သွားလေသည်။

သူ သူမကိုတကယ်သဘောကျရင် ဘယ်သွားမယ်ဆိုတာကို မပြောဘဲ မနေဘူးလေ။ ဆိုလိုတာက သူက သူမကို လုံးဝမကြိုက်ဘူးပဲ။

“ဒါပေမဲ့ သူပြန်လာမယ်လို့ထင်တယ်” ရှီမာယူယူသည် သူမမျက်လုံးထဲမှ ပျော်ရွှင်မှုကို နားလည်သည့်ပုံမပေါ်ဘဲ ခံစားမိသလိုပြောလေသည် “သူက ကျွန်မနောက်ကို အမြဲတမ်း လိုက်မယ်လို့ပြောခဲ့တာလေ ကျွန်မက အခုမကြာ သေးခင်ကပဲ တံခါးပိတ်ကျင့်ကြံဖို့ဝင်သွားတာ အခု ပြန်ထွက်လာပြီဆိုတော့ သူ မကြာခင်ပြန်လာမှာပါ”

သူ့ကို မတွေ့တာရက်တွေကြာနေလို့ ဒီအကြောင်းကို ပြောနေတာလား။

ယန်းရှီ၏ မျက်နှာသည် မည်းနက်သွားလေသည်။

“အိုး အမှန်ပဲ သူက လိမ္မော်သီးမြို့တော်ရဲ့ မြို့ဝန်မလား၊ ဘာလို့များ ငါ့ကို တစ်နေကုန်နှောင့်ယှက်နေတော့မှာလဲ” ရှီမာယူယူ သက်ပြင်းချပြီးနောက် ပြောလိုက်သည် “ရှင်တို့ မိန်းကလေးတွေ ကျွန်မကို ကူညီပြီးနည်းလမ်းလေး စဉ်းစားပေးပါဦး မွန်းကြပ်နေလို့…”

ဒူးပေါ်တင်ထားသော ယန်းရှီ၏ လက်မှာ ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဒီကောင်မက တမင်တကာ ကြွားနေတာလား။

“အဲလိုတော့ တကယ်မသိဘူး” ဖန်ချီ ပြောလိုက်သည် “ဘာလို့လဲဆိုတော့ ကျွန်မတို့က မရှက်မရှိ သူများကိုမမြူဆွယ်ဖူးဘူးလေ”

“အင်း ဒါက မြူဆွယ်တာ မမြူဆွယ်တဲ့ကိစ္စမဟုတ်ဘူးလေ ကျွန်မမိဘ တွေက လှလှလေးမွေးပေးထားတော့လည်း သူစွဲမက်ပြီး တွယ်ကပ်နေတော့ တာပေါ့ ဟူး… မိန်းကလေးတစ်ယောက်က အရမ်းလှလွန်းရင်လည်း ခေါင်းကိုက်ရတယ်” ရှီမာယူယူ ညည်းညူလေသည်။

သူမကိုများ မြူဆွယ်တယ်လို့ ပြောရဲသေးတယ်။ အဲလိုဆိုရင် နင်တို့ကို ရုပ်ဆိုးမလို့ခေါ်ပေးမယ်။

“မြို့ဝန်လန်ကျုံးက အပေါ်ယံပဲရှိတဲ့လူမဟုတ်ဘူး”

ဆိုလိုသည်မှာ… နင် မမြူဆွယ်ရင် သူက ဘယ်လိုလုပ် ညှို့ယူခံရမှာလဲ ဟူ၍…

သို့သော် ရှီမာယူယူပြုံးပြီး သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက် သည် “ရှင်တို့ပြောတာ မှန်ပါတယ် သူက အပေါ်ယံတင်ကြည့်တဲ့လူမဟုတ်ဘူး မဟုတ်ရင် ဘယ်လိုလုပ် ကျွန်မကိုတွယ်ကပ်နေတော့မှာလဲ၊ ဆိုလိုတာက ကျွန်မက အပေါ်ယံအလှတင်မဟုတ်ဘဲ အတွင်းပိုင်းအလှပါရှိနေတာလား”

တတိယအထပ်မှ သီးသန့်အခန်းတွင် မိန်းကလေးနှစ်ယောက်သည် အောက်ထပ်မှ လှုပ်ရှားမှုများကို အာရုံစိုက်နေကြသည်။ သူမကိုယ်သူမ မြှောက်ပင့်နေသည့် စကားများကိုကြားသောအခါ နှစ်ယောက်လုံးပြုံးမိကြ သည်။

“သူက အဲလိုမိန်းကလေးကို သဘောကျတာလား” အီချင်းယွိသည် ပြုံးပြီး မေးလေသည်။

“သူက ‘သဘောကျတယ်’ ဆိုတဲ့စကားလုံးကိုတောင် ဘယ်လိုလုပ်သိမှာ လဲ” ရင်စူးစူးသည် ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။

“ဟုတ်တယ် သူကအမြဲတမ်း စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး အထူးသဖြင့် အဲကိစ္စပြီးသွားတော့ ပိုပြီးတောင်ဆိုးသွားသေးတယ်” အီချင်းယွိ သည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ ယန်းရှီက သူ့သရုပ်မှန် ကို မသိဘူး၊ လန်ကျုံးက နင့်ဦးလေးမှန်း သူမသိရင် ဒေါသထွက်လို့ သွေးအန် မိမလားပဲ”

“သူက ငါ့ဦးလေးနာမည်ကို အရင်ကကြားဖူးတယ် ဒါပေမဲ့ တစ်ခါမှမမြင် ဖူးဘူး၊ အခု သူကနာမည်တုသုံးထားတော့ သမ မမှတ်မိဘူးလေ” ရင်စူးစူးသည် ဦးလေးငယ်အကြောင်းပြောရင်း မတတ်သာစွာ ခေါင်းခါယမ်းလိုက်သည်။

“သူထွက်သွားတာလား”

“မဟုတ်ဘူး သူဘယ်သွားလဲ ငါတောင်မသိဘူး” ရင်စူးစူးပြောလိုက်သည် “သူက တစ်ခုခုဖြစ်တဲ့အချိန်တိုင်းကို ပုန်းနေတာပဲ ကြည့်လေ ထပ်ပျောက်သွာ ပြန်ပြီ၊ ပြိုင်ပွဲအချိန်လောက်ကျရင် ထွက်လာလိမ့်မယ်”

ပြီးခဲ့သည့် တစ်ခေါက်ကလိုပင် သူသည် ပုန်းနေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူကိုယ်တိုင် လိမ္မော်သီးမြို့တော်ကိုထွက်ခွာသွားသည်ကို ပင် မိသားစုထဲမှ မည်သူမှမသိလိုက်ပေ။

“ဒီတစ်ခါရော ဘာဖြစ်တာလဲ” အီချင်းယွိ မေးလိုက်သည်။

ရင်စူးစူးသည် ခေါင်းယမ်းပြီး ဘာမှမပြောတော့ပေ။

သူမသည် အောက်ထပ်ကို ပြန်အာရုံစိုက်လိုက်ရာ ယန်းရှီတို့တစ်သိုက် ထွက်သွားသည်ကို တွေ့လိုက်ရသည်။

အီချင်းယွိသည် ရင်စူးစူးအနည်းငယ်ပူပန်နေပြီး သူမ စိတ်ထဲတွင် သံသယများတိုးလာသည်ကို မြင်သောအခါ လိုက်လာသည်။

ရှီမာယူယူသည် အပြင်ဘက်မှလမ်းကို မှိုင်တွေစွာကြည့်ပြီး ထိုလူသုံး ယောက်သည် ငေးငိုင်စွာထွက်သွားသည်ကို စဉ်းစားမိပြီး စိတ်သက်သာရာရ သွားလေသည်။

ဟင်း… သူမ အခုစိတ်မကြည်တော့လို့ ရင်ဖွင့်ထုတ်ရတော့မယ်။

သူမကို အရိပ်များလာဝန်းရံသည်ကို သတိထားမိချိန်တွင် ကြည့်လိုက်ရာ အနက်ရောင်ဝတ်ထားသော ရင်စူးစူးနှင့် ပန်းရောင်ဝတ်ထားသော အီချင်းယွိတို့ သည် သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ပန်းရောင်ဝတ်ထားသော တစ်ယောက်ကို သူမ မသိပေ။ အနက်ဝတ်ထား တဲ့ မိန်းကလေးက လေဟာပြင်သင်္ဘောပေါ်မှာတုန်းက လန်ကျုံးနဲ့ စကားပြော တဲ့သူမလား။

တစ်ယောက်ပြီးတော့ နောက်တစ်ယောက်က လာအမှားရှာတာလား။

“ဘာကိစ္စရှိလို့လဲ” သူမ မေးလိုက်သည်။

“သူဘယ်မှာလဲဆိုတာ ရှင်သိလား” ရင်စူးစူးမေးလိုက်သည်။

“လန်ကျုံးလား နောက်တစ်ယောက်ကလည်း သူ့ကိုရှာပြန်ပြီ” သူမ ရေရွတ်လိုက်သည် “ဒါပေမဲ့ သူဘယ်မှာလဲဆိုတာ ကျွန်မတကယ်မသိဘူး”

သူမနှင့် ရင်စူးစူးတို့သည် ရန်ငြိုးရန်စမရှိပေ။ ထိုစဉ်က အခြေအနေကို အကဲဖြတ်ရာတွင် လန်ကျုံးနှင့် သူတို့သည် အလွန်ရင်းနှီးပုံပေါက်သဖြင့် သူမ အစောပိုင်းကလို မပြုမူမိပေ။

“ကျွန်မ သူ့ကိုဆက်သွယ်လို့မရလို့” ရင်စူးစူး ပြောလိုက်သည်။

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည် “သူ့ကို ဆက်သွယ်လို့မရဘူး ဆိုရင် သွားရှာလိုက်လေ ကျွန်မကို လာရှာလို့အသုံးမဝင်ဘူး”

“သူ့ကို ဆက်သွယ်လို့မရဘူးဆိုတာက သူ့မှာ တစ်ခုခုဖြစ်နေတဲ့သဘော ပဲ” ရင်စူးစူးသည် သူမ စကားများကို သံသယမဝင်ပေ “ကျွန်မသိချင်တာက သူ ထွက်မသွားခင် ဘာဖြစ်ခဲ့တာလဲ”

သူ့တွင် မတော်တဆမှုတစ်ခုရှိသည်ကိုပင် သိရာ သူတို့ ဆက်ဆံရေးသည် အမှန်တကယ်ပင် ထူးခြားသည့်ပုံပင်။

“ဘာဖြစ်ခဲ့တာလဲလို့ မေးရင်တော့ တကယ်ဖြစ်တာက ကျွန်မပဲ သူက ဘေးကနေပဲ ကြည့်ပြီးတော့ ပျောက်သွားတာပဲ” ရှီမာယူယူသည် ခဏကြာ အောင် စဉ်းစားပြီးနောက် ပြောလေသည် “ဒါပေမဲ့ စဉ်းစားကြည့်လိုက်ရင် အဲတုန်းက သူတကယ်ထူးဆန်းခဲ့တာပဲ”

“ဘာလို့ ထူးဆန်းတာလဲ”

“သူက ကျွန်မကို ရက်တစ်ရာအိပ်ဆေးရဲ့ အဆိပ်ဖြေဆေးနည်းကို ပေးခဲ့ တယ်၊ အဆိပ်ဖြေဆေးဖော်ပြီးတာနဲ့ သူထွက်သွားတာပဲ” ရှီမာယူယူသည် သူမကို ထပ်မမေးရန် မသိကြောင်းကို ပခုံးတွန့်ပြီးပြောလိုက်သည်။

သို့သော် ရင်စူးစူးသည် သူမ ပြောသည်ကိုကြားပြီးနောက် အော်လေသည် “ရက်တစ်ရာအိပ်ဆေးဟုတ်လား ရက်တစ်ရာအိပ်ဆေးဆိုတာ သေချာရဲ့လား”

“ဘာကို မသေချာစရာရှိလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ရက်တစ်ရာ အိပ်ဆေးရဲ့ အဆိပ်ဖြေဆေးက တခြားအဆိပ်ကို ကုလို့ရသေးလို့လား”

“အဲဒါကြောင့် ဒီလူကြီးက ထပ်ပုန်းနေတာကိုး” ရင်စူးစူးသည် စိတ်ထဲမှ စိုးရိမ်စိတ်များနှင့်အတူ ရေရွတ်လေသည်။ သည်တစ်ကြိမ်တွင် သူ့ကို ဘယ်သွားရှာရမည်ကို မသိတော့ပေ။

နောက်ထပ် ဟုတ်လား။

သူ အရင်က ပုန်းဖူးလို့လား။

ရင်စူးစူးသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် ရှီမာယူယူကို စိတ်ဝင်စားသွားသည်။ သူ့ကို ဆက်သွယ်လို့ရမှာ သူမ တစ်ယောက်တည်းပဲ လား။

သူမ အတွေးများကို ပြောပြလိုက်ရာ ရှီမာယူယူသည် ခေါင်းယမ်းပြီးပြော လေသည် “သူက ကျွန်မကိုဆက်သွယ်လို့ရမယ့် နည်းလမ်းဘာမှမထားခဲ့ဘူး ဒါပေမဲ့ သူ့ကိုတော့ရှာနိုင်ပါတယ်”

“နည်းလမ်းရှိလို့လား”

“ရှိတယ် ဒါပေမဲ့ ကျွန်မအခုအရမ်းအလုပ်များနေလို့ သူ့ကိုရှာဖို့အချိန်မရှိ ဘူးဖြစ်နေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရှင် သူ့ကိုရှာနိုင်ရင် ကျွန်မ အခကြေးငွေပေးပါ့မယ်”

ရှီမာယူယူ ပြုံးလိုက်သည် “အလုပ်ဖြစ်ပြီ”

ခဏအကြာတွင် လူသုံးယောက်အဖွဲ့သည် လက်ဖက်ရည်ဆိုင်မှထွက် လာပြီးနောက် မြို့အပြင်သို့ ထွက်လာခဲ့ကြသည်။

“သူ ဒီဘက်ကိုထွက်သွားတာ သေချာရဲ့လား” ရင်စူးစူးသည် ရှီမာယူယူ၏ ရင်ခွင်ထဲမှ အမည်းလေးကို မသေချာသလိုကြည့်လေသည်။

ရှီမာယူယူသည် အဖိုးအခရထားသဖြင့် စိတ်ကြည်လင်နေသည်။ သူမ စကားများကို ကြားပြီးနောက် အမည်းလေး၏ ခေါင်းကိုပုတ်ပြီး ပြောလိုက် သည် “မစိုးရိမ်ပါနဲ့ အမည်းလေးက အနံ့ခံကောင်းတယ်၊ သူ ဝေးဝေးသွားတာကို မပြောနဲ့ အခုပဲလိမ္မော်သီးမြို့တော်ကိုပြန်သွားရင်တောင် အနံ့ခံနိုင်သေးတယ် ဟုတ်တယ်မလား အမည်းလေး”

အမည်းလေးသည် လက်များကိုဝေ့ယမ်းပြပြီး အလွယ်လေးပါဟု ညွှန်ပြ လေသည်။

ရင်စူးစူးသည် ဝိညာဉ်စွမ်းအင်မဲ့နေသော အမည်းလေးကိုကြည့်ပြီး အနည်းငယ်မသေချာပေ။ သို့သော် အခုချိန်တွင်တော့ သူ့ကိုသာ ယုံကြည်ဖို့ ရွေးချယ်ရတော့မည်။

***

All Chapters