ထင်ယောင်ထင်မှားဝင်္ကပါအတွင်း ပိတ်မိခြင်း
Vol. 104 Ch. 1454
ရှီမာယူယူသည် မြို့ပြင်ထွက်သည့် တစ်လျှောက်လုံး သူတို့ကိုခေါ်လာခဲ့ သည်။ အတန်ကြာအောင်လျှောက်ပြီးနောက်တွင် လူသူပြတ်လပ်သော တောင်များအကြားတွင် အရက်မူးပြီး ခြေကားလက်ကားဖြင့် လဲနေသော လန်ကျုံးကို တွေ့လိုက်ရလေသည်။
ရင်စူးစူးသည် သူ့ကိုထိုပုံစံအတိုင်း မြင်လိုက်ရသည်ကို မအံ့ဩတော့ပေ။ ရက်တစ်ရာအိပ်ဆေးအကြောင်း ကြားလိုက်သည့်အချိန်ကပင် မျှော်မှန်းထား ခြင်းဖြစ်သည်။
အီချင်းယွိသည် ထိုပုံစံနှင့်လန်ကျုံးကိုမြင်သောအခါ အော်လေသည် “မဖြစ်နိုင်တာ စူးစူး နင့်ရဲ့ဦးလေးငယ်က တကယ်ပဲဒီလိုပုံစံကြီးလား သူ့ ပုံရိပ် ကိုတောင် သူဂရုမစိုက်ဘူးပဲ”
ရှီမာယူယူသည် ရင်စူးစူးကိုကြည့်လိုက်သည်။ သူက သူမရဲ့ ဦးလေးဖြစ် နေတာကိုး။
ရင်စူးစူးသည် လန်ကျုံးရှိရာဘက်သို့ သွားလိုက်သည်။ သူ့ကိုကူညီမယ့် အစား ကန်လိုက်လေသည်။
လန်ကျုံးသည် မျက်လုံးပွင့်လာပြီး သူမကိုစိုက်ကြည့်ပြီး လက်ယက်ကာ ရေရွတ်လေသည် “ရင်စူးစူး ဘာလို့ဒီရောက်နေတာလဲ”
“ရင်လန် ဘယ်လိုဖြစ်နေပြီလဲ ကြည့်ဦး ထပါဦး” ရင်စူးစူးသည် သူ့မျက်နှာကို ဆွဲပြီးအော်လေသည်။
ရှီမာယူယူသည် တစ်လျှောက်လုံးလိုက်လာရာ သူ၏အမည်အရင်းကို ကြားလိုက်ရသည်။
သူမ သူ့ကိုရင်လန်ဟုခေါ်လိုက်သည်။ ကြည့်ရသည်မှာ လန်ကျုံးဆိုသော နာမည်သည် အတုအယောင်ဖြစ်နိုင်သည်။
ရင်လန်သည် ထပြီး ခေါင်းကိုခါယမ်းလိုက်သော်လည်း မူးဝေနေတုန်းပင်။
ရင်စူးစူးသည် သူ၏ထိုပုံစံကိုမြင်သောအခါ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ဆေးတစ်လုံးထုတ်ကာ သူကိုတိုက်ပြီး သူ့ဆီမှ ဝိုင်ကရားကို လုယူလိုက်သည်။
ရှီမာယူယူသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဝိုင်ကရားများကို ကြည့်လိုက်သည်။ လေထဲတွင် ဝိုင်အနံ့များမွှေးပျံ့နေသဖြင့် သူမ နှုတ်ခမ်းတွန့် ပြီးပြောလိုက်သည် “ရှင်သောက်ချင်တယ်ဆိုလည်း ကျွန်မကို ပြောသင့်တယ် ကျွန်မ ရောင်းပေးမှာပေါ့ ကျွန်မရဲ့ဝိုင်က ဒါတွေထက်တောင် ကောင်းသေး တယ်”
ရင်လန်သည် ထိုအခါမှပင် မဝေးသောနေရာမှ ရှီမာယူယူနှင့် အီချင်းယွိ တို့ကို သတိထားမိလေသည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ” သူသည် အေးဆေးတည်ငြိမ်စွာမေးလေ သည်။ ရင်စူးစူးရော အီချင်းယွိပါ သူ့ဆိုလိုရင်းကို နားမလည်ကြပေ။
ရှီမာယူယူသည် တစ်ခါတည်းနားလည်လိုက်သည်။
“ရက်တစ်ရာအိပ်ဆေး ဘယ်လိုထိန်းချုပ်လိုက်တာလဲ” သူ ထပ်မေးပြန် သည်။
ဘာ…
ရင်စူးစူးနှင့် အီချင်းယွိတို့သည် ရှီမာယူယူကို အလန့်တကြားကြည့်ကြ လေသည်။ သူမက တကယ်ပဲ ရက်တစ်ရာအိပ်ဆေးကို ထိန်းချုပ်လိုက်တာ လား။
သူတို့အားလုံးသည် ထိုစဉ်က ရင်မိသားစုအကြောင်းကိုသိကြသည်။ ထို့ကြောင့် ရက်တစ်ရာအိပ်ဆေးအကြောင်း ကြားလိုက်ချိန်တွင် ရင်လန် ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းကို သိကြသည်။
ဒါပေမဲ့ သူတို့ရှေ့က မိန်းကလေးက ရက်တစ်ရာအိပ်ဆေးရဲ့ အဆိပ်ကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား။ အဲအဆိပ်က ရင်လန်တောင်မှ အစတုန်းက ဘာမှမတတ်နိုင်ခဲ့တဲ့ အဆိပ်လေ။
“အရမ်းကိုလွယ်ပါတယ် အဆိပ်တွေကို အကုန်နှင်ထုတ်ပြီး ချိပ်ပိတ်လိုက် တာ” ရှီမာယူယူ ပြောလိုက်သည် “သေချာတာပေါ့ ဒီလိုချိပ်ပိတ်တဲ့နည်းလမ်း ကိုလူတိုင်းလုပ်နိုင်တာမဟုတ်ဘူး”
သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောသော်လည်း သူမအတွင် အမှန် တကယ်ပင် ယုံကြည်မှုရှိနေသည်။
“ဟားဟားဟား…” ရင်လန်ပြုံးလိုက်သည်။ သို့သော် ထိုရယ်သံထဲမှ ခါးသီးမှုကို သူမ ခံစားမိသည်။
“အဲတော့ အဲဒါက… အာ.. ရှင်သင်ချင်တယ်ဆိုရင် နည်းလမ်းကို ရှင့်ကို ပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူသည် သူမကို အဆိပ်ဖြေဆေးနည်းကို အလွယ်တကူပေးခဲ့သည်။ သူက အဲလောက် သဘောထားကြီးမှတော့ ဒီနည်းလမ်းကို သူ့ကိုမျှဝေပေးဖို့ စိတ်မရှိပါဘူး။
သို့သော် ရင်လန်သည် သဘောတူသည်လား မတူသည်လားမသိ။ မျက်လုံးမှိတ်ပြီးသာ မြေပြင်ပေါ်လှဲနေလေသည်။
ခဏအကြာတွင် သူ ပြောလာသည် “ရင်စူးစူး နင် သူများတွေကိုပါ ခေါ် လာတာပဲ ငါ့ပုံရိပ်က နင့်ကြောင့်ပျက်စီးသွားပြီ”
“ဘာပုံရိပ်တွေရှိသေးလို့လဲ” ရင်စူးစူးသည် သူ့ကိုထပ်ကန်လိုက်သည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် တူအရီးကဲ့သို့မဟုတ်ဘဲ သူငယ်ချင်းလိုဖြစ်နေသည်။
ရှီမာယူယူ စိတ်ထဲတွင် အနည်းငယ်သိချင်သည်။ သူ့ကို ဒီလိုဖြစ်အောင် ဘာကများလုပ်ခဲ့တာလဲ။ သို့သော် သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အာရုံဖမ်းစားစေမှုသည် ပြဿနာများတွင် ပါဝင်ပတ်သတ်နိုင်သည်ဟု သူမ အမြဲတစေခံစားမိသည်။
“လူကိုရှာတွေ့မှတော့ အတိတ်ကိုပြန်ဆွေးတာကို မနှောင့်ယှက်တော့ပါ ဘူး” သူမ ပြောလိုက်သည်။
“အဲလောက်ကြီး လောဖို့မလိုပါဘူး” အီချင်းယွိသည် ရှီမာယူယူကို ဆွဲထားလေသည် “ကျွန်မနာမည်က အီချင်းယွိပါ ဒါကရင်စူးစူး ရှင့်နာမည်က ဘာလဲ”
“ရှီမာယူယူ” ထိုကဲ့သို့ အရာမျိုးသည် မြို့ကိုပြန်လိုက်သည်နှင့် အလွယ် တကူစုံစမ်းနိုင်သဖြင့် ဖုံးကွယ်ရန်မလိုတော့ပေ။
သူတို့နာမည်များကို ကြားပြီးနောက် ရှီမာယူယူမှ မည်သည့် တုံ့ပြန်ချက်မှ မရှိသည်ကို မြင်သောအခါ အီချင်းယွိသည် တအံ့တဩပြောလေသည် “ရှင် ကျွန်မတို့ကိုမသိဘူးလား”
“သိရမှာလား” ရှီမာယူယူ ပြန်မေးလေသည်။
“…”
အီချင်းယွိသည် မှင်တက်သွားသည်။ ယခုလိုတုံ့ပြန်ချက်ကို ရဖူးသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
“ဟားဟား နင်တို့ကိုယ်နင်တို့ ဒီကမ္ဘာကြီးမှာ နာမည်ကြီးလှပြီထင်နေ တာလား” ရင်လန်၏ လေသံသည် ရွဲ့စောင်းနေသော်လည်း သူ့စကားမှာတော့ စောင်းမြောင်းပြောခြခင်းမဟုတ်ပေ။
သည်တစ်ကြိမ်တွင် ရှီမာယူယူ နားလည်လိုက်သည်။ ဒီနှစ်ယောက်က အရမ်းနာမည်ကြီးတဲ့ပုံပဲ။
“ကျွန်မက အတွင်းပိုင်းဒေသရောက်တာ ရက်နည်းနည်းပဲရှိသေးလို့ပါ အဲဒါကြောင့် ဒီကအခြေအနေကို သေချာမသိသေးဘူး” ရှီမာယူယူ ရှင်းပြလေ သည်။
“အဲဒါကြောင့်ကိုး ကျွန်မတို့လိုလူကို ဘယ်လိုလုပ် မသိဘဲနေမှာလဲလို့” အီချင်းယွိသည် ရှင်းလင်းစွာပြောလေသည် “အပြင်ကလူတွေက ရှင့်လိုမျိုး တော်နေမယ်လို့ ထင်မထားဘူး”
“ကျွန်မက အပြင်လူပါပဲ ဒါပေမဲ့ ဒီကိုဝင်လာလိုက်တော့ တကယ်ပဲ ကြိုးကြာရဲ့ အမြီးလောက်ပဲရှိပါတယ်” ရှီမာယူယူသည် သူတို့ကိုချီးမွမ်းခြင်းမရှိ ဘဲ ကိုယ့်ကိုယ်ကို နှိမ့်ချနေလေသည်။
နှိမ့်ချခြင်း၊ ထောင်လွှားခြင်းမရှိမှုတို့ကြောင့် သူမအပေါ်တွင် အကောင်း မြင်သွားကြသည်။
“မိသားစုထဲက ဆွေမျိုးတွေက ကျွန်မထွက်လာတာကို မသိကြဘူး၊ သူတို့ လည်း ပြန်မလာတာကြာနေပြီ၊ အခုလောက်ဆို စိတ်ပူနေလောက်ကြပြီ အဲဒါကြောင့် အရင်သွားခွင့်ပြုပါဦး” ရှီမာယူယူသည် မြေပြင်ပေါ်တွင်လှဲနေ သော ရင်လန်ကို ကြည့်လိုက်သည်။ “ကျွန်မတို့ကြားက အပေးအယူက အကြုံးဝင်သေးတယ်နော်၊ ရှင် အဲဒီနည်းလမ်းသိချင်ရင် ကျွန်မဆီကိုလာခဲ့ပါ”
“ဒါဆိုရင် ငါတို့ရော နောက်ကိုလာရှာလို့ရလား” အီချင်းယွိ မေးလိုက် သည်။
“ရတာပေါ့ နှုတ်ဆက်ပါတယ်”
ပြောပြီးသည်နှင့် သူမ အားလုံးကိုခေါင်းညိတ်ပြကာ အမည်းလေးကို ပိုက်ပြီး ထွက်လာခဲ့သည်။
အီချင်းယွိသည် ဆံပင်များနွှဲ့ယိမ်းသွားသော ရှီမာယူယူ၏ ကျောပြင်ကို ကြည့်ပြီး ပြောလေသည် “ဒီကောင်မလေးက မဆိုးဘူးပဲ အဲဒါကြောင့် ရှင်က သူမနောက်ကိုလိုက်တာကိုး”
ရင်လန် ပြန်မဖြေပေ။
သူသည် သူမနောက်ကို စိတ်ကူးပေါက်သလိုလိုက်ခဲ့သည်။ သို့သော် ယခုလို ကြုံတွေ့လိုက်ရမည်ဟု ထင်မထားပေ။
ရင်စူးစူးသည် တိတ်ဆိတ်နေသောသူ့ကို ကြည့်ပြီးပြောလေသည် “အဲတုန်းက အဘွားက ရက်တစ်ရာအိပ်ဆေးကြောင့် သေသွားတာ၊ အခု ဒီ အဆိပ်က ပြန်ပေါ်လာပြီ ဘာလုပ်ဖို့စီစဉ်ထားလဲ မိသားစုကို ပြန်သတင်းပို့မှာ လား”
“မလိုဘူး” ရင်လန်သည် မျက်လုံးဖွင့်ပြီး ပြာလဲ့သောကောင်းကင်ကြီးကို ကြည့်လိုက်သည် “သူမနောက်လိုက်ရင် နောက်ကွယ်ကလူကိုသိနိုင်တယ်”
“ဒါဆိုရင် ပြန်ချင်လား”
“ကောင်းပြီ”
“ဒါဆိုရင် သတိထားနော်” အီချင်းယွိ ပြောလိုက်သည် “ဒီနေ့ ယန်းရှီက ရှီမာယူယူကို နှောင့်ယှက်ပြီး ရှင့်နေရာကိုမေးနေတာ ကြားလိုက်တယ်”
“ယန်းရှီဟုတ်လား အဲဒါဘယ်သူလဲ”
“….”
“….”
ရှီမာယူယူ သူတို့ဆီမှထွက်လာပြီးမကြာမီတွင် တစ်ခုခုလွဲမှားနေသည်ကို သတိထားမိလိုက်သည်။
သူမ သူတို့ဆီကထွက်လာတာ မကြာသေးဘူး ဘယ်လိုလုပ်မြို့တံခါးဝကို မြင်နေရတာလဲ။
သူမ ရပ်ပြီး ပတ်ပတ်လည်မှ အတုအယောင်ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြုံးလိုက်သည်။
အစောပိုင်းက သူမ အတွေးထဲမြောနေတာနဲ့ ဒီလိုအဆင့်နိမ့် ထင်ယောင် ထင်မှားဝင်္ကပါကိုတောင် သတိမထားမိလိုက်ဘူးပဲ။
ရင်လန်က ဘာလို့ဒီလိုဖြစ်သွားတာလဲ သူမ စဉ်းစားနေလိုက်တာ။
“ဟင် ဒီလိုထင်ယောင်ထင်မှား ဝင်္ကပါသေးသေးလေးလောက်နဲ့ ငါ့ကို ထောင်ချောက်ဆင်ချင်သေးတာလား” ရှီမာယူယူသည် သူမကိုသတ်ချင် သည့်လူကို စဉ်းစားမရပေ။ ယန်းရှီသည် သံသယဝင်စရာကောင်းသော်လည်း ပြိုင်ပွဲသည် ရက်အနည်းငယ်အတွင်း စတော့မည်။ သူမသာ သတ်ချင်ပါက ပြိုင်ပွဲပြီးမှ လှုပ်ရှားလောက်မည်။
လက်ဖက်ရည်ဆိုင်မှာတုန်းက သူမ လှုံ့ဆော်မိလိုက်တာလား။
သူမ စဉ်းစားနေသည့် တစ်ချိန်တည်းမှာပင် ဝင်္ကပါကို ဖြိုခွင်းနေ ခဲ့သည်။ အနည်းငယ်ကြာလိုက်သော်လည်း ထင်ယောင်ထင်မှားတည်ဆောက် မှုကို အပြည့်အဝရှင်းထုတ်နိုင်ကာ တကယ့်လက်တွေ့အစစ်အမှန်ကို မြင်လိုက် ရသည်။
ကြည့်ရတာ ပြိုင်ဘက်က ဝင်္ကပါသခင်ဖြစ်နိုင်တယ်။ ဘယ်ရန်သူကများ သခင်တစ်ယောက်ကို ဖိတ်ကြားထားတာလဲ။
သူမသည် အတွေးများကို ဘေးချိတ်ထားပြီး ဝင်္ကပါကို လေ့လာ နေချိနတ်ွင် ရာချီသော ဝိညာဉ်သားရဲများ ပြေးလာသည်ကို မြင်လိုက်ရသည်။
“သေစမ်း ဝိညာဉ်သားရဲတွေ အများကြီးပဲ” သူမ ကျိန်ဆွဲပြီး လှည့်ပြေး လေသည်။
ထိုအရာသည် ထင်ယောင်ထင်မှားဝင်္ကပါဖြစ်သော်လည်း တိုက်ခိုက်ခံရ လျှင် ဒဏ်ရာများရသွားနိုင်သည်။
***