ရန်သူဟောင်း
Vol. 104 Ch. 1455
ကံမကောင်းစွာပင် တစ်ဖက်လူသည် သူမကိုလွတ်မြောက်မည့် အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိပေ။ သူမ လှည့်ပတ်ကြည့်ပြီးနောက် သူမ အနောက်မှ မြင်ကွင်းများအားလုံးပြောင်းသွားသည်ကို မြင်လိုက်ရသည်။
အနောက်မှတောင်များ ပျောက်ကွယ်သွားကာ ကျယ်ပြန့်သော သမုဒ္ဒရာ နှင့် ပြင်းထန်စွာရိုက်ခတ်နေသော လှိုင်းများသည် ၁၀ မီတာအမြင့်ထိမြင့်တက် သွားကာ ပင်လယ်အလယ်တွင် အပေါက်ကြီးတစ်ပေါက်ပေါ်လာလေသည်။
“သေစမ်း ဒီထင်ယောင်ထင်မှားဝင်္ကပါက တကယ်ကို အားကောင်းတာပဲ ငါ ဒီအဆင့်ရှိတဲ့ တည်ဆောက်မှုသခင်နဲ့ ရန်ငြိုးရှိလို့လား” ရှီမာယူယူ အော်ပြီး မပြေးဘဲ ထိုနေရာတွင်ရပ်နေလေသည်။
အရှေ့တွင် ဝံပုလွေရှိနေပြီး အနောက်တွင် ကျားရှိနေသောကြောင့် သူမ ပြေးချင်လျှင်တောင် မပြေးနိုင်ပေ။
သူမသည် သားရဲများအားလုံးကို ခေါ်ထုတ်လိုက်သည်။ ထိုသားရဲများ သည် ဝိညာဉ်သားရဲများကိုမြင်သောအခါ အော်ကြလေသည် “ယူယူ သားရဲ စီးကြောင်းကိုများ တွေ့နေတာလား”
“ဒါက သားရဲစီးကြောင်းမဟုတ်ဘူး ထင်ယောင်ထင်မှားဝင်္ကပါပဲ” ကြက် သွေးရောင်မီးတောက် ပြောလိုက်သည် “ဒါပေမဲ့ ဒီထင်ယောင်ထင်မှား ဝင်္ကပါ က အရမ်းအားကောင်းတယ် အထဲမှာ တိုက်ခိုက်လိုက်တာနဲ့ ကိုယ်ပဲပြန်ထိခိုက် လိမ့်မယ်”
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီထင်ယောင်ထင်မှား ဝင်္ကပါ မှာ အားကောင်းတဲ့ တိုက်ခိုက်စွမ်းအင်ရှိတယ်၊ ဖြိုဖို့လည်း အချိန်ကြာလိမ့်မယ် ငါ မင်းတို့အားလုံးကို လိုနေပြီ”
“အိုး ဘုရားရေ နောက်ဆုံးတော့ ငါတို့ကိုလိုတယ်လို့ ယူယူပြောတာ ကြား လိုက်ရပြီ ကြားရခဲတယ်နော်” ရာဟွောင်သည် ချဲ့ကားပြောလေသည်။
“မဟုတ်ဘူး အချိန်တိုင်း အသုံးမဝင်ဘူးလို့ထင်တာ၊ ဒီတစ်ခါတော့ အသုံးဝင်သွားပြီ လာခဲ့ကြ အားလုံးပဲ တိုက်ခိုက်ကြမယ်”
အားလုံးသည် ဦးတည်ဘက်တစ်ဘက်စီသို့ မျက်နှာမူပြီး အပြင်မှ သားရဲ များဝင်မလာရန် တားလိုက်ကြသည်။ ထို့ကြောင့် ရှီမာယူယူသည် ထိုနေရာမှ အခြေအနေကို မစိုးရိမ်ရတော့ဘဲ ထင်ယောင်ထင်မှားဝင်္ကပါကိုသာ အာရုံစိုက် လေ့လာလေသည်။
ဝင်္ကပါအပြင်ဘက်တွင် လူတစ်စုသည် ရှီမာယူယူနှင့် သူမ၏ သားရဲများ ဝင်္ကပါအတွင်း လည်ပတ်နေသည်ကို ကြည့်နေကြသည်။
“ငါ အရင်ကတည်းက ပြောသားပဲ ငါတစ်ယောက်တည်းနဲ့လောက်ပါ တယ်လို့” မိန်းမဆန်သော ယောက်ျားသည် ရွှီချင်းကို ပြောလိုက်သည်။
“သူမက ငါ့ညီကိုသတ်ခဲ့တာ သူမရဲ့ တည်ဆောက်မှုအရည်အချင်းက လည်း မနိမ့်ဘူး၊ ပြီးတော့ သူမကအရမ်းအားကောင်းတယ်လို့ အပြင်လူတွေ ပြောကြတော့ ဒါကို ပေါ့ပေါ့တွေးထားလို့မရဘူး” ရွှီချင်း ပြောလေသည်။
အစပိုင်းတွင် သူ၏ညီဖြစ်သူသည် သူမကို အထင်သေးသဖြင့် အသတ်ခံ လိုက်ရခြင်းဖြစ်သည်။
“ငါပြောရဦးမယ် ရွှီချင်း မင်းတို့ရဲ့ရေခဲတိမ်တိုက်နန်းတော်က ဖျက်ဆီးခံ လုက်ရပြီ၊ မင်းက ပုန်းမနေဘဲနဲ့ ဒီကောင်မလေးကို သတ်ဖို့ငါတို့ကိုတောင် ခေါ် လိုက်သေးတယ်” တခြားတစ်ယောက်သည် မကျေနပ်သောအသံဖြင့် ပြောလေ သည် “ဒီကောင်မလေးကိုသတ်ဖို့ ဒီလောက်လူအများကြီးသုံးတာ ငါ့အတွက် ပထမဆုံးပဲ ရွှီချင်း ဒီကိစ္စပြီးသွားရင် ငါမင်းကို အကြွေးမတင်တော့ဘူးနော်”
“ဟုတ်တယ် ရွှီချင်း အရင်က ငါတို့ဒီလိုအနိုင်မကျင့်ဖူးဘူး ငါ့ကို ကတိပေး ထားတာကို မမေ့နဲ့နော်”
“မစိုးရိမ်ပါနဲ့ ငါ ရွှီချင်းက ကတိတည်ပါတယ် မင်းက ငါ့ကို ဘာအကြွေးမှ မရှိတော့ဘူး မင်းကို ငါကတိပေးထားတဲ့အတိုင်း လုပ်ပေးမယ်” ရွှီချင်း ပြော လိုက်သည်။
“ရွှီချင်း ရေခဲတိမ်တိုက်နန်းတော်ထဲမှာ ဝှက်ထားတဲ့ပစ္စည်းတွေရှိတာကို မင်းသိတယ်လို့ ငါတို့ယုံတယ်” မုတ်ဆိတ်ထူသောလူကြီး ပြောလိုက်သည်။
“ငါသိပါတယ် အခု အဲဒါကိုသိတာ ငါတစ်ယောက်ပဲရှိတော့တယ်လို့ ပြော လို့ရတယ်” ရွှီချင်း ပြန်ချေပလိုက်သည်။
“ဟီး အဲဒါကြောင့် အခုမင်းအသက်က တန်ဖိုးရှိနေတာလေ”
သူသည် တည့်တိုးပြောတတ်ကာ မည်သည့်ကြင်နာမှုမှမရှိပေ။
သို့သော် ရွှီချင်းသည် မငြင်းဆန်ရဲပေ။
တစ်ဖက်ကပြောလျှင် သူသည် သူတို့ကို ဒေါသမထွက်ရဲပေ။
“အဲဒါကြောင့် ဘယ်သူကများ ငါ့ကိုသတ်ချင်တာလဲလို့ စဉ်းစားနေတာ” ရှီမာယူယူ ရုတ်တရက် အသံထွက်လာရာ သူတို့ စကားစပြတ်သွားကြသည်။
ထင်ယောင်ထင်မှားဝင်္ကပါ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှီမာယူယူ သည် သူမ၏ သားရဲအုပ်နှင့် ထိုလူများကိုကြည့်လိုက်သည်။
“မင်းရဲ့ထင်ယောင်ထင်မှားက အရမ်းအားကောင်းတယ်လို့ မပြောဘူး လား သူမ ဘာလို့ဒီလောက်မြန်မြန် ဖျက်နိုင်တာလဲ” ရွှီချင်း အော်ဟစ်လေ သည်။
တည်ဆောက်မှုသခင်သည်လည်း ထိတ်လန့်သွားကာ ရှီမာယူယူကို မယုံကြည်နိုင်ကာ ကြည့်လေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူမသည် ရွှီချင်းကို ကြည့်လိုက်သည်။ သူသည် ရွှီလဲ့နှင့် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းလောက် တူကာ ကြည့်လိုက်သည်နှင့်ပင် သွေးသားတော်စပ် သည်ကို သိနိုင်သည်။
ဝေကြီးနှင့် ဝေလေးတို့သည် သူမဆီသို့ အထူးတလည်လာရောက်ကာ ရွှီလဲ့တွင် အစ်ကိုကြီးတစ်ယောက်ရှိပြီး သူမကို သတိထားရန် ပြောသွားကြ သည်။
အစက သူမ စိတ်ထဲတွင်မထားသော်လည်း သူ တကယ်ပဲလူစုပြီး သူမကို လာသတ်လိမ့်မည်ဟု ထင်မထားပေ။
သူမ လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် သူမကိုရှင်းရန်အတွက် ရွှီချင်း သည် သခင် ဒါဇင်ချီအောင် ခေါ်လာလိမ့်မည်ဟု ထင်မထားပေ။
သူက တကယ်ပဲ အမြင်ရှိတာပဲ။
ဒါပေမဲ့.. သူ ခေါ်လာတဲ့လူများမှာ မလုံလောက်သေးပေ။
“ဟင်း ရှီမာယူယူ မင်းက ငါ့ညီကိုသတ်သွားတယ် ဒီနေ့ ငါ့ညီအတွက် လက်စားချေပေးရမယ်” ရွှီချင်း အော်လိုက်သည်။
“သူက ကျွန်မကိုသတ်ချင်လို့ သူ့ကို သတ်ပေးလိုက်တာလေ၊ အခု ရှင်က ကျွန်မကိုသတ်ချင်တော့ ကြည့်ရတာ ရှင်လည်း ရှင့်ညီနဲ့အတူ ငရဲဆင်းချင်ပြီနဲ့ တူတယ်” ရှီမာယူယူ ပြောလိုက်သည် “သူများတွေဆီက ကြားတာတော့ ရှင့်ညီကိုချစ်တဲ့အချစ်က အရမ်းကြီးတဲ့ပုံပဲ ဟုတ်ပြီ မစိုးရိမ်ပါနဲ့ ရှင့်ဆန္ဒအတိုင်း ရှင်တို့နှစ်ယောက် ပြန်တွေ့ဖို့လုပ်ပေးမယ်”
“လူက လက်တောက်လောက်နဲ့ အရှက်မရှိပြောနေသေးတယ်” ရွှီချင်း ဘေးမှ လူကြီး အော်လေသည်။
“အရှက်မရှိ ပြောတယ်ဟုတ်လား၊ ဒါဆိုရင် ရှင်တို့က လေးစားစရာ မကောင်းဘူးလို့ ဆိုလိုတာပဲ ကျွန်မကိုသတ်ဖို့ ဒီလောက်လူအများကြီးခေါ်လာ တာ ဘာလို့မရှက်ကြတာလဲ” ရှီမာယူယူ လှောင်ပြောင်လိုက်သည်။
“ငါတို့က လူအရေအတွက် ပြီးတော့ အကြီးက အငယ်ကို အနိုင်မကျင့်ချင် ဘူး ဒါပေမဲ့ ငါတို့က ရွှီချင်းကို အကြွေးတင်ထားတော့ ကိစ္စတချို့လုပ်ပေးတာပဲ”
“အိုး အပိုတွေမပြောပါနဲ့တော့ အခုကိုဒီလိုဖြစ်နေပြီ စကြတာပေါ့” ရှီမာယူယူ လက်ဝေ့ယမ်းလိုက်သည်နှင့် သားရဲအားလုံး ပျံသွားကြလေသည်။
“ဟားဟား ပြောရတယ်ရှိသေး ငယ်ပြီးမောက်မာတာက မင်းပဲ”
ထိုလူများသည် ရှီမာယူယူကို မျက်စိထဲမထည့်ပေ။ သူမသည် ဧကရာဇ် အဆင့်ဝင်ခါစလူဖြစ်သည်။ သူမ စာချုပ်သားရဲတွေက ဘယ်လောက် အားကောင်းနိုင်မှာမို့လို့လဲ။
ဟူး… သူတို့အတွေးတွေရဲ့ အကျိုးဆက်ကို ပြန်ပေးဆပ်ရတော့မယ်။ ပြီးတော့ ထိုလူများသည် အသက်ပေးပြီးပင် ကြေးကြီးကြီးပြန်ပေးဆပ်လိုက်ရ သည်။
သူတို့သည် သေသည်အထိမယုံကြပေ။ သူမ၏ သားရဲများသည် အလွန် အားကောင်းကြကာ နှစ်ကြိမ် သုံးကြိမ်ရင်ဆိုင်ပြီးနောက်တွင် သူတို့ကိုသတ် လိုက်ကြသည်။
ပထမအချီမှာပင် လူဆယ်ယောက်ကျော် အသတ်ခံလိုက်ရသဖြင့် ကျန်လူများ ကြက်သေသေသွားကြသည်။
“ရွှီချင်းသေသွားပြီ အခုထိ သူ့အတွက် လုပ်ပေးတုန်းလား” ရှီမာယူယူ သည် လူစိမ်းများကိုကြည့်ပြီး မသတ်ချင်ပေ။
သူတို့ပြောသလိုပင် သူတို့သည် ရွှီချင်းကို အကြွေးတင်ထားသဖြင့် ကိစ္စ တချို့လုပ်ပေးခြင်းဖြစ်သည်။ သူတို့ကြားတွင် မည်သည့်ရန်ငြိုးမှမရှိသဖြင့် သူတို့ကို ပထမဆုံးအကြိမ် အခွင့်အရေးပေးလိုက်သည်။ သို့သော် သူတို့မှ သူမ ကို သတ်မည်ဟု တင်းခံနေလျှင် သူမလည်း မယဉ်ကျေးနိုင်ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် သူမကိုသတ်ချင်သည့်လူများကို အလွတ်မပေးပေ။
သူမသားရဲများ၏ တိုက်ပွဲစွမ်းရည်ကိုကြည့်ပြီး ထိုလူများသည် အသေခံ တိုက်ရန် ပြင်ဆင်ထားချိန်တွင် သူမ ရုတ်တရက် ညှိနှိုင်းလိမ့်မည်ဟုထင်မထား ကြပေ။
“ငါတို့မှာ ဘာရန်ငြိုးရန်စမှမရှိကြဘူး၊ ဒါပေမဲ့ ရွှီချင်းကြောင့် ဒီနေ့ ငါတို့ တွေ့ရတာပဲ အခုရွှီချင်းသေသွားပြီဆိုတော့ ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိ တော့ဘူး”
“အကုန်လုံးက သဘောပေါက်လွယ်တဲ့လူတွေပဲ” ရှီမာယူယူ ပြုံးလိုက် သည် “အဲလိုဆိုမှတော့ ဒီနေ့အငြင်းအခုံကိစ္စတွေကိ မရှိတော့ဘူးနော် ဟုတ်တယ်မလား”
“အမှန်ပဲ” တစ်ဖက်လူသည် လူသတ်မည့်ရောင်ဝါကို သိမ်းပြီး ရှီမာယူယူ ကိုပြုံးပြလေသည် “ဒါက သီလထည်ဝါဂိုဏ်းက လင်ဟိုင်းပေါ်ပါ ဒီနေ့ ကရုဏာ ထားပြီး ခွင့်လွှတ်ပေးတဲ့အတွက် နောက်ကို ပြန်ပေးဆပ်ပါမယ်”
“လူကြီးမင်းလင်က ယဉ်ကျေးနေပါပြီ” ရှီမာယူယူ၏ နှိမ့်ချတတ်သည့် အပြုအမူသည် အစောပိုင်းက လူသတ်မည့်ပုံစံနှင့်ကွဲပြားနေသည်။
“နှုတ်ဆက်ပါတယ်”
လင်ဟိုင်းပေါ်သည် သူမကို မျက်နှာချင်းဆိုင်ရန် ရှက်လွန်းသည်ကို စဉ်းစားပြီး လှည့်ထွက်သွားလိုက်သည်။
သူထွက်သွားသည်ကို ကြည့်ပြီး တခြားသူများသည်လည်း ရှီမာယူယူကို ဦးညွှတ်ကြလေသည်။ သူတို့သည် မပြောသော်လည်း ထိုသဘောထားအတိုင်း ပင်။
“ဟင်း ပြေးတာလည်းမြန်လိုက်ကြတာ” ရှောင်ချီသည် လက်ပိုင်းပြီး ပြော လေသည် “သူတို့ထပ်လုပ်ရဲရင် မနက်ဖြန်နေကိုထပ်မမြင်ရအောင် လုပ်ပေး လိုက်မယ်”
“လူလာနေပြီ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့အရင် သွားကြတော့”
“ဘာကိစ္စလဲ အဲဒီမှာတိုက်ခိုက်သံတွေကြားနေရတယ်” အီချင်းယွိနှင့် တခြားသူများရောက်လာရာ အလောင်းများအလယ်တွင်ရပ်နေသည့် ရှီမာယူယူ ကိုတွေ့လိုက်ရလေသည်။
***