ကျန်းမိသားစုက အဖွဲ့ဝင်ကိုသတ်လိုက်ပြီ
Vol. 104 Ch. 1456
ရှီမာယူယူသည် မြေပြင်ပေါ်မှအလောင်းများကိုကြည့်ပြီး ပြောလိုက် သည် “ငါ အလစ်တိုက်ခံလို့”
အီချင်းယွိသည် မြေပေါ်တွင် ပြန့်ကျဲနေသော အလောင်းများထဲမှ ရင်းနှီး နေသော မျက်နှာတစ်ယောက် နှစ်ယောက်ကို မြင်လိုက်ရသည်။ သူမ တကယ် ပင် သူတို့ကိုသတ်လိုက်မည်ဟု ထင်မထားပေ။
“မင်း အဆင်ပြေရဲ့လား” ရင်လန် မေးလိုက်သည်။
“အဆင်မပြေတာ သူတို့လေ” သူတို့က အသက်တောင်ပေးလိုက်ရပြီ လေ။
“ဒီကို နင်ကပဲ ကောက်ကာငင်ကာ ခေါ်လာတာလေ ဘယ်လိုလို့ ချောင်းမြောင်းတိုက်ခိုက်ခံရတာလဲ” ရင်စူးစူးသည် သူမ အန္တရာယ်ကျရောက် သည့်အပေါ် သက်တောင့်သက်သာမဖြစ်စွာခံစားရသဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
“သူတို့က ငါ အတွင်းပိုင်းဒေသကိုရောက်ကတည်းက ငါ့နောက်ကိုလိုက် နေတာဖြစ်ဖို့များတယ် ငါက သူ့ညီကိုသတ်လိုက်လို့ လက်စားချေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“နင် ရွှီလဲ့ကိုသတ်လိုက်တယ်ဟုတ်လား” အီချင်းယွိ အော်လေသည် “ဒါဆိုရင် နင်က တံခါးတစ်ရာလဲလှယ်ခြင်းရဲ့ ရန်သူတော့မဟုတ်ပါဘူးနော်”
“တံခါးတစ်ရာလဲလှယ်ခြင်းက ဆင်ခြင်တုံတရားရှိတယ် ပြောရမယ် ဆိုရင် ဝေကြီးနဲ့ဝေလေးတို့က ငါ့ကိုဒီကိစ္စတွေပြောပြသွားတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ထိုနှစ်ယောက်သည် တံခါးတစ်ရာလဲလှယ်ခြင်း၏ သဘောထားကို ကိုယ်စားပြုသည်။
“နင်က ဝေကြီးနဲ့ဝေလေးကို သိသေးတာလား”
“အင်း ဟုတ်တယ် သိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဝေကြီးနဲ့ဝေလေးက နင့်ကိုသတိပေးမှတော့ တံခါးတစ်ရာလဲလှယ်ခြင်း ဂိုဏ်းက ရွှီလဲ့သေတာကို ဖိအားမပေးဘူးဆိုတဲ့ သဘောပဲ” ရင်စူးစူး ပြောလိုက် သည်။
“နင်က တံခါးတစ်ရာလဲလှယ်ခြင်းနဲ့ ဆက်ဆံရေးကောင်းတာလား” အီချင်းယွိ မေးလိုက်သည်။
“ဟုတ်တယ် ငါ လူတချို့ကယ်ဖူးတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် မီးတောက်ထုတ်ကာ မြေပေါ်တွင်လဲနေသောအလောင်းများ ကို ပြာဖြစ်အောင် မီးရှို့လိုက်သည်။ မီးတောက်များ ပျောက်ကွယ်သွား သောအခါ ပြာပုံများဘေးတွင် မှော်ဝင်လက်စွပ်များကျန်ခဲ့လေသည်။
ရှီမာယူယူသည် သွားလိုက်ကာ ရှက်ရွံ့ခြင်းမရှိဘဲ ထိုမှော်ဝင်လက်စွပ်များ ကို သိမ်းလိုက်သည်။
“အတွင်းပိုင်းဒေသက ကောင်းလိုက်တာ အကုန်လုံးချမ်းသာကြတာပဲ” သူမသည် မှော်ဝင်လက်စွပ်ထဲမှ ပစ္စည်းများကိုကြည့်ပြီးသည်နှင့် ပြုံးပြီး ပြောလေသည်။
“….”
သူတို့ ပျံလာချိန်တွင် သူမကို အဝေးမှမြင်လိုက်ရသဖြင့် စိုးရိမ်မိသွား သည်။ သူမကတော့ လုံးဝမကြောက်တဲ့ပုံပဲ။
“သခင်မလေးရှီမာက မြို့ကိုပြန်မှာမလား၊ ငါတို့လည်းပြန်ရမှာဆိုတော့ အတူတူပြန်ရအောင်” ရင်စူးစူး ပြောလိုက်သည်။
“မဟုတ်ဘူး ငါ သူမကိုပြန်ခေါ်သွားလိုက်မယ်” လန်ကျုံး ပြောလိုက် သည် “ငါ သူမကို ပြောစရာရှိသေးလို့”
ရှီမာယူယူသည် ရင်စူးစူးကိုပြုံးပြီး ပြောလိုက်သည် “ဒါဆိုရင် ငါ လန်ကျုံး… ရင်လန်နဲ့ပဲပြန်လိုက်တော့မယ်၊ နင်တို့ အဲဒီကိုရောက်နေတာဆို တော့ ပြိုင်ပွဲဝင်ပြိုင်မလို့ဖြစ်ရမယ် နှစ်ယောက်လုံးအနိုင်ရဖို့ ယူယူ ဒီကနေ ဆုတောင်းပေးလိုက်ပါတယ်”
“နင်ကရော ဝင်မပြိုင်ဘူးလား”
ရှီမာယူယူ ခေါင်းခါလိုက်သည် “ငါ့အဆင့်နဲ့က ရှက်စရာကြီးပါ ပွဲကြည့် ပရိသတ်နေရာကနေ ကြည့်တာပိုသင့်တော်ပါတယ်”
သူမသာ သမားတော်သို့မဟုတ် အဆိပ်သခင်အဖြစ် ပါဝင်လိုက်ပါက တောက်ပမည်ဟု အီချင်းယွိနှင့် ရင်စူးစူးတို့ တွေးထားကြသည်။ သို့သော် သူမ ဆန္ဒမရှိသဖြင့် ဘာမှထပ်မပြောကြတော့ပေ။
“ရင်လန် သူမကို သေချာခေါ်သွားလိုက်နော်” ရင်စူးစူး တိုက်တွန်းလေ သည်။
“စူးစူး စိတ်မပူပါနဲ့ သူရှိနေရင် ဘာဖြစ်နိုင်ဦးမှာလဲ” အီချင်းယွိသည် ရင်စူးစူး၏ လက်ကိုဆွဲပြီး လှုံ့ဆော်ပေးလေသည် “ပြန်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ရအောင်”
“ဟုတ်ပြီ တစ်ခုခုရှိရင် ငါတို့ကိုဆက်သွယ်လိုက်နော်” ရင်စူးစူးသည် ရှီမာယူယူကို စိုးရိမ်တကြီးကြည့်လေသည်။
‘တစ်ခုခုရှိရင်’ ဆိုသည့်စကားသည် ရင်လန်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ရှီမာယူယူသည် ရင်လန်ကို ကြည့်ပြီးခေါင်းညိတ်လိုက်သည် “မစိုးရိမ်ပါ နဲ့”
ရင်စူးစူးနှင့် အီချင်းယွိတို့သည် စိတ်လေးလံစွာဖြင့် ထွက်သွားလေသည်။ ရှီမာယူယူသည် ရင်လန်ကိုကြည့်ပြီး ပြောလိုက်သည် “သွားမယ်လေ ဘာကိစ္စ လဲ စကားပြောမပြောခင်ကို မြန်မြန်ရေချိုးလိုက်ရအောင်”
ရင်လန်သည် သူမမျက်လုံးထဲမှ ရွံ့ရှာမှုကိုမြင်သောအခါ သူ့ကိုယ်သူ နမ်းရှုံ့ကြည့်လိုက်သည်။ တကယ်ပဲ ချဉ်နံ့ထွက်နေတာပဲ။
သူမ ရှီမာမျိုးနွယ်နေသည့် တည်းခိုဆောင်သို့ရောက်သောအခါ ရေချိုးရန် သူ့ကို ပစ်ထားလိုက်ချိန်တွင် ရှီမာလျူရွှမ်တို့ ရောက်လာကြသည်။
“သမီးဘယ်တွေရောက်နေတာလဲ” ဟွမ်ရင်ရင်သည် ရှီမာယူယူ ပြန်လာ သည်ကို မြင်သောအခါ စိုးရိမ်နေသော စိတ်များငြိမ်ကျသွားသည်။
“ဘယ်မှမသွားပါဘူး မြို့ကိုပတ်လျှောက်ကြည့်နေတုန်းကို သူငယ်ချင်း နှစ်ယောက်နဲ့တွေ့လို့လေ သူတို့က လန်ကျုံးကိုရှာနေတာနဲ့ သူ့ဆီကိုခေါ်သွား ပေးလိုက်တာ” ရှီမာယူယူ လမ်းတွင် ချောင်းမြောင်းတိုက်ခိုက်ခံရသည့် အကြောင်းကို ချန်ထားပြီး ပြောပြလိုက်သည်။
“မြို့အပြင်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်တယ်လို့ ပြောကြတယ်၊ သမီးရဲ့ ဝိညာဉ်သားရဲတွေကိုလည်းတွေ့တယ်တဲ့ ဘာကိစ္စဖြစ်တာလဲ” ရှီမာရှုံ့ချီ မေး လိုက်သည်။
“အာ… တကယ်တော့ ဘာမှမဟုတ်ပါဘူး အပြင်မှာ ရွှီချင်းကိုတွေ့တော့ သူက လူတချို့ခေါ်လာပြီး သမီးကိုသတ်ချင်တယ်တဲ့ သိတဲ့အတိုင်းပဲလေ သမီး အားကို သာမန်လူတွေ ယှဉ်နိုင်မှာလဲ အဲတော့ သူတို့ကိုသတ်လိုက်တယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “ဘာမှမဖြစ်ဘူးလို့ထင်လို့ စိုးရိမ်နေမှာ စိုးလို့ မပြောလိုက်တာပါ”
“အဆင်ပြေတယ်လို့လည်း ပြောသေးတယ်… သမီးရဲ့ ဝိညာဉ်သားရဲတွေ အကုန်ထုတ်တာဆိုပဲ ဘယ်တုန်းက သမီးကသားရဲတွေအကုန်ထုတ်တတ်လို့ လဲ” ဟွမ်ရင်ရင်သည် သူမကိုကြည့်လေသည်။
သူတို့သည် သူမနောက်လိုက်လာသည်မှာ ကြာပြီဖြစ်သဖြင့် သူမ၏ ကိုင်တယ်ပုံကို သိကြသည်။ အရေးကြီးကိစ္စ သို့မဟုတ် အန္တရာယ်ကြီးသော အခြေအနေမဟုတ်လျှင် သူမက ဘယ်လိုလုပ် ဝိညာဉ်သားရဲတွေအကုန်ထုတ် မှာလဲ။
အဲတုန်းက အခြေအနေက အရမ်းအန္တရာယ်ကြီးလို့ဖြစ်မယ်။
“အဘွား အကုန်ပြီးသွားပြီမဟုတ်ဘူးလား၊ အဲဒါကိုမစိုးရိမ်ပါနဲ့ နောက်ဆုံးမှာ သမီးနိုင်သွားတယ်ဆိုတာ သိဖို့ပဲလိုတယ်” ရှီမာယူယူသည် ဟွမ်ရင်ရင်၏ လက်ကိုကိုင်ပြီး ပြောလေသည်။
“ဒီကိစ္စက လုံးဝဖြေရှင်းပြီးပြီလား” မီအာသည် အနည်းငယ်စိုးရိမ်နေ တုန်းပင်။ သူ့အားနည်းနေခြင်းကြောင့်သာမဟုတ်လျှင် ထိုကိစ္စကို စိတ်ပူရန်ပင် မလိုပေ။
“မစိုးရိမ်နဲ့ ရွှီချင်းလည်းသေသွားပြီ ဘာမှထပ်မရှိတော့ဘူး” ရှီမာယူယူ သည် ခိုင်မာစွာပြောလေသည်။
“တစ်ခုခုဆို နောက်တစ်ခါပြောရမယ်နော် သိရဲ့လား” ဟွမ်ရင်ရင် ပြော လိုက်သည်။
“သမီးသိပါတယ်” ရှီမာယူယူသည် ကောင်းမွန်စွာပြန်ဖြေလိုက်သည်။ နောက်တစ်ခါဆိုသည်မှာ ရှိတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့ လျှောက်ဝင်လာကြပြီး ရှီမာယူယူကိုမြင်သောအခါ ပြောကြလေသည် “အခုမှပြန်လာတာပဲ ငါတို့ သမီးကိုပြောစရာရှိတယ်”
ရှီမာယူယူသည် သူတို့နှစ်ယောက် အနည်းငယ်ပူပန်နေသည်ကို မြင် သောအခါ အိမ်ထဲသို့ခေါ်သွားလိုက်သည်။
“ယူယူ မြို့အပြင်မှာ သမီး လူသတ်လိုက်သေးလား” ရှီမာကျိယွင် မေး လိုက်သည်။
“အင်း ဘာဖြစ်လို့လဲ”
“သူတို့ထဲက တစ်ယောက်က ကျန်းမိသားစုကပဲ” ရှီမာကျိယွင် ပြောလိုက် သည်။
“ကျန်းမိသားစုဟုတ်လား ကျန်းရယ်ရဲ့မိသားစုလား”
“ဟုတ်တယ်”
“တိုက်ဆိုင်လိုက်တာ” ရှီမာယူယူ ပခုံးတွန့်လေသည်။ သူမ သတ်လိုက်တဲ့ သူထဲမှာ ကျန်းမိသားစုဝင်ပါနေတာလား။ ကျန်းမိသားစုကတော့ နည်းနည်း ထူးဆန်းတဲ့ပုံပဲ “ဘာလို့လဲ ကျန်းမိသားစုက သိသွားလို့လား”
“ငါတို့သတင်းရတယ်ဆိုတော့ ကျန်းမိသားစုလည်း သတင်းရလို့ပေါ့” ရှီမာကျိယွင် ပြောလိုက်သည် “သမီးသတ်လိုက်တဲ့သူက ကျန်းမိသားစုမှာ ရာထူးမနိမ့်ဘူး၊ ကျန်းမိသားစုက ငါတို့ရှီမာမိသားစုကို လိုချင်နေတာ နှစ်တွေ ကြာနေပြီ၊ အခု သူတို့အခွင့်အရေးကောင်းရသွားပြီ အလွတ်ပေးမှာမဟုတ်ဘူး”
“ဒါဆိုရင် သူတို့က လူခေါ်ပြီးလာကြမှာလား” ရှီမာယူယူ မေးလိုက်သည်။
“ဖြစ်လောက်မယ် ဒါပေမဲ့ မသေချာဘူး” ရှီမာကျိယွင် ပြောလိုက်သည် “ကျန်းမိသားစုက တစ်ခုခုပဲ ငါ့မြေးမလေးကို တိုက်ခိုက်ရဲတယ်”
“ငါတို့ အခုရောက်လာတာက အဲကိစ္စနဲ့ နောက်ဆက်တွဲ သက်ရောက်မှု ရယ်ကိုမေးဖို့လာကြတာ” ရှီမာဟော်ရွှမ်း မေးလိုက်သည် “ဘာတွေဖြစ်ခဲ့လဲဆို တာသိမှ ကျန်းမိသားစုကို ဖြေရှင်းလို့ရမယ်လေ”
ရှီမာယူယူသည် လူကယ်တင်ရန် ရွှီလဲ့ကိုသတ်ခဲ့သည့် အကြောင်းနှင့် ရွှီချင်းသည် လက်စားချေခြင်းဖြစ်ကြောင်းကိုပြောပြာရာ ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့သည် သူမကို မတတ်သာသောမျက်လုံးများဖြင့်ကြည့်ကြလေ သည်။
လူကယ်တင်ခြင်းသည် ကိစ္စများစွာကိုဖြစ်စေသည်။ သူမကပဲ ပြဿနာအိုးလား မဟုတ်ရင် သူမက ကျူးကျော်တိုက်ခိုက်တတ်တာလားပဲ။
ရှီမာယူယူသည် နှာခေါင်းကိုထိလိုက်သည်။ ဒီကိစ္စတွေကို သူမလည်း မလိုချင်ခဲ့ဘူးလေ။
***