"ရင်လန်ရဲ့ရည်ရွယ်ချက်"
Vol. 105 Ch. 1457
ကံကြမ္မာမှ ရိုးရှင်းစွာဆုံးဖြတ်ပေးသည့်ကိစ္စများ ရှိတတ်သည်ဟု ရှီမာကျိယွင်နှင့် ရှီမာဟော်ရွှမ်းတို့ ယုံကြည်ကြသည်။
“ကျန်းမျိုးနွယ်က သူတို့ဘာသာဖြစ်တဲ့ကိစ္စဆိုတော့ ငါတို့ဆီကို လူလာ တောင်းစရာဘာအကြောင်းမှမရှိဘူး”
“ကျွန်မတို့က သူတို့ထက် အားနည်းလို့လား” ရှီမာယူယူ မေးလိုက်သည်။
“အတူတူလောက်ပဲ ဒါပေမဲ့ သူတို့သက်ကြီးမျိုးဆက်တွေက ငါတို့ထက် အားကောင်းကြတယ်၊ တကယ်ကို အကျပ်အတည်းဖြစ်နေရင်တော့ သက်ကြီး မျိုးဆက်ကလည်း သေချာပေါက် ဒီအခြေအနေကို လျစ်လျူရှုမှာမဟုတ်ဘူး”
“ဒါက ပြဿနာကြီးမဟုတ်သေးဘူး ငါတို့ဘိုးဘေးမျိုးဆက်က အဆင့် တက်နိုင်တာနဲ့ သူတို့က ငါတို့ကိုခြိမ်းခြောက်လို့မရတော့ဘူး” ရှီမာကျိယွင် ပြောလိုက်သည် “ယူယူ ဒါက သမီးရဲ့ပြဿနာမဖြစ်သင့်ဘူး”
“စိတ်ချပါ သမီးဒီတစ်ခေါက်သွားလိုက်တာ လနက်ရှိုင်းအသီးရလာပြီးပါ ပြီ” ရှီမာယူယူသည် ပြောပြီးသည်နှင့် နှစ်တစ်သောင်းသက်တမ်းရှိ လနက်ရှိုင်း အသီးထုတ်လိုက်သည်။ ထိုသည်မှာ ပြိုင်ပွဲတွင် ဆုအဖြစ်ပေးသည့် အသီးနှင့် သက်တမ်းအတူတူလောက်ပင် ဖြစ်သည်။ “ဘိုးဘိုးကြီး ဒီဟာကိုတော့ အချိန် တစ်ခုလောက်လျှို့ဝှက်ထားပေးပါ”
“အင်း ဘိုးဘိုးကြီးတို့သိပါတယ်” ရှီမာကျိယွင်သည် လနက်ရှိုင်းအသီးကို ပျော်ရွှင်စွာ ကိုင်ထားလေသည် “ဒါကို ဆေးအဖြစ်သန့်စင်ဖို့ စိတ်ချရတဲ့လူရှာရ မယ် အောင်မြင်တာနဲ့ အကုန်လုံး အဆင်ချောသွားပြီ”
ရှီမာမျိုးနွယ်၏ ဘိုးဘေးမျိုးဆက် အဆင့်တက်လျှင် ကျန်းမျိုးနွယ်ကို ရှင်းရသည်မှာ လွယ်ကူလှသည်။
“လနက်ရှိုင်းအသီးကို ရပြီးပြီဆိုတော့ အဲဒါကိုပြန်ယူသွားပေးမယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “မင်းက အမြဲတမ်း အဲဒီမှာနေတာလေ ရုတ်တရက်ကြီး အကုန်လုံးကို ထားသွားလိုက်ရင် တခြားသူတွေ သတိထားမိ သွားမှာစိုးရတယ်”
“ကောင်းပြီ” ရှီမာကျိယွင်သည်လည်း ထိုအတိုင်းတွေးမိသည် “ဒါဆိုရင် ဂရုစိုက်ပါ”
“ငါအခုသွားတော့မယ် ကျန်းမျိုးနွယ်ကိစ္စကို မင်းကိုပဲ အပ်ထားလိုက် တော့မယ်”
“စိတ်ချပါ ငါက ရှီမာမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပါ ငါရှိနေရင် ကျန်းမျိုးနွယ်က ဘာလုပ်နိုင်ဦးမှာလဲ” ရှီမာကျိယွင်သည် ယုံကြည်ချက်အပြည့် ဖြင့်ပြောလေသည်။
“….”
ရှီမာဟော်ရွှမ်းသည် သူ့ကို ဆွံ့အစွာကြည့်လိုက်သည်။ သူဒီမှာရှိနေလို့ကို စိုးရိမ်တာလို့ စိတ်ထဲမှ တိတ်တိတ်လေးတွေးနေမိသည်။
သို့သော် ကျန်းမျိုးနွယ်သည် သူတို့ကို လက်လွတ်စပယ်မဆန့်ကျင်ရဲပေ။ ပိုကြီးသော လှုပ်ရှားမှုပြုလုပ်လျှင်တောင် ရှီမာမျိုးနွယ်မှ ကြောက်ရွံ့ခြင်းမဖြစ် ပေ။
သူသည် ကျန်းရယ် လူများကိုခေါ်လာပြီး အတွင်းပိုင်းပဋိပက္ခဖြစ်စေမည် ကို စိုးရိမ်ခြင်းဖြစ်သည်။
သူသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူမ ထိုနေရာတွင်ရှိပါက ကျန်းရယ် ဘာမှမပြောနိုင်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ရှီမာလျူရွှမ်သည် သူတို့မျိုးဆက်၏ ပါရမီရှင်ဖြစ်ကာ ကျန်းရယ်သည် တန်ဖိုးထားခဲ့သည်။ မဟုတ်လျှင် သတင်းရသည်နှင့် လေအရှိန်နှင့်ပြေးလာမည် မဟုတ်ပေ။
ကြည့်ရသည်မှာ သူထွက်မသွားခင် စီမံမှုတချို့ပြုလုပ်ရမည်ထင်သည်။
ရှီမာယူယူလည်း သတိထားမိသည်။ ရှီမာကျိယွင်သည် မိသားစု ခေါင်းဆောင်ဖြစ်သော်လည်း မျိုးနွယ်အတွင်းတွင် ကိစ္စအများစုကို စီမံသူမှာ ရှီမာဟော်ရွှမ်းဖြစ်သည်။ ထို့ကြောင့် အမွေဆက်ခံမည့်လူနှင့်ပတ်သည့် အကြောင်းကို ပြောရဲခြင်းဖြစ်သည်။
အားလုံးပြောပြီးသည်နှင့် ရှီမာယူယူ သူတို့ကိုလိုက်ပို့လိုက်သည်။ သူတို့ တံခါးဖွင့်လိုက်ချိန်တွင် မြောင်ရှီဟွာ၏ ပိတ်ပင်ခြင်းကိုခံရသော ရင်လန်ကို တွေ့လိုက်သည်။
“မြို့ဝန်လန် ရှင့်မှာ ရက်တစ်ရာအိပ်ဆေးရဲ့ ဖြေဆေးရှိတာ သိတယ်၊ ကျွန်မ တောင်းပန်ပါတယ် ရှင်လိုချင်တာမှန်သမျှ ကျွန်မတို့ပေးပါ့မယ်” မြောင်ရှီဟွာသည် ရင်လန်၏ရှေ့တွင်ရပ်ပြီး ပိတ်ထားသည်။ သူမ စကားများ သည် ရိုးသားပြီး လေးနက်သည့်ပုံပေါက်သည်။ သူမသည် သမီးဖြစ်သူအတွက် အလွန်စိုးရိမ်နေသော မိခင်တစ်ယောက်အသွင်ဖြစ်နေသည်။
ကျွတ် ကျွတ် သူမကို သူအရင်ကသာ မတွေ့ဖူးရင် သူမမျက်နှာထား ကြောင့် ရင်ထဲထိသွားမှာပဲ။
သို့ပေမဲ့ ရင်လန်သည် လွယ်လင့်တကူ ခံစားတတ်သူမဟုတ်ပေ။
ထိုအခိုက်တွင် သူသည် လွန်ခဲ့သည့်ရက်ပိုင်းက ပုံစံအတိုင်းပြန်ဖြစ်နေပြီ ဖြစ်သည်။ တောင်များဆီသို့သွားပြီး မူးယစ်နေသည့်လူသည် သူဟူ၍ပင် မပြောနိုင်တော့ပေ။ သူသည် မြောင်ရှီဟွာ၏ ဘေးဘက်ကိုကြည့်ပြီး စိတ်မပါ သလိုပြောလိုက်သည် “ကျုပ်က လိမ္မော်သီးမြို့တော်ရဲ့ မြို့ဝန်ဆိုတာကို ခင်ဗျား သိမှတော့ ကျုပ်မှာ ဘာမှလိုတာမရှိဘူးဆိုတာလည်း သိမှာပေါ့”
ထိုသို့ပြောပြီးသည်နှင့် သူမကိုကျော်လာပြီး ရှီမာယူယူဆီသို့ လျှောက် လာသည်။
“မြို့ဝန်လန် ကျွန်မတောင်းပန်ပါတယ်၊ သမီးမရှိရင်ကျွန်မ အသက်မရှင် နိုင်လို့ပါ” မြောင်ရှီဟွာသည် သူ့လက်ကို ဆုပ်ကိုင်ပြီး ဒူးထောက်လေသည် “မြို့ဝန်လန် တောင်းပန်ပါတယ် ကျွန်မမှာ သမီးပဲရှိလို့ပါ သူမကအရည်အချင်း ရှိပါတယ် သူမ သေလို့မဖြစ်ဘူး”
ရင်လန်သည် သူမ၏ လက်ကိုဖယ်ထုတ်ပြီး အေးစက်စွာပြောလိုက်သည် “သူမ သေတာ မသေတာက ကျုပ်နဲ့ဘာဆိုင်လို့လဲ သွားတော့”
သူ တကယ်ပဲ သူမကို ထိုအတိုင်းနှင်ထုတ်လိမ့်မည်ဟု မြောင်ရှီဟွာထင် မထားပေ။ တစ်ခဏမျှ သတိလက်လွတ်ဖြစ်သွားသည်နှင့် သူမ လွှင့်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျလေသည်။
“အဟွတ် အဟွတ်” သူမသည် လွှင့်လာသော ဖုန်မှုန့်များကြောင့် ချောင်း အဆက်မပြတ်ဆိုးလေသည်။
“ကျုပ်ကို ထပ်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင် သက်ညှာပေးမှာမဟုတ် တော့ဘူး” ရင်လန်သည် သူမကို မျက်စိထောင့်မှကြည့်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်သွားလေသည်။ သူသည် ရှီမာယူယူအိမ်ရှေ့သို့ လာလိုက်သည်။
ရှီမာယူယူသည် သူ့ကိုချီးကျူးပြီး ပြုံးကာပြောလိုက်သည် “ရှင်က ဒီလိုပုံစံနဲ့ ပိုကြည့်ကောင်းတယ် ဝင်လာခဲ့ပါ”
မြောင်ရှီဟွာသည် ခေါင်းမော့ပြီး ရင်လန် ရှီမာယူယူအိမ်ထဲဝင်သွားသည် ကို ကြည့်လိုက်သည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် လည်ချောင်းထဲမှ သွေးများတက်လာသည်ကို မထိန်းချုပ်နိုင်တော့ဘဲ ပါးစပ်အပြည့်သွေးအန် တော့သည်။
“အဲကောင်မ မြို့ဝန်လန် ဆေးမပေးအောင် အဲကောင်မပဲပြောတာနေမှာ” သူမသည် ခါးသီးစွာ ကျိန်ဆိုလိုက်သည်။
“သခင်မ” အစေခံမိန်းကလေးသည် ရောက်လာပြီး သူမကို ထူပေးလိုက် သည်။
“အဲကောင်မ မိန်းမပျက်” မြောင်ရှီဟွာသည် ကျိန်ဆဲရင်း မတ်တတ်ထ လိုက်သည်။ သူမသည် ရှီမာယူယူ၏ တင်းကြပ်စွာပိတ်ထားသော တံခါးကို ကြည့်ပြီး မုန်းတီးနေတော့သည်။
“သခင် ဒီလန်ကျုံးက တကယ်ကိုအကျိုးအကြောင်းမဆီလျော်ဘူး၊ ဆေးနည်းမပေးတာတော့ ထားတော့ ဒါပေမဲ့ ဘာလို့များမြေပေါ်ကိုပစ်ပေါက် နိုင်ရတာလဲ” အစေခံမိန်းကလေးသည် မကျေမနပ်ဖြင့် ပြောလေသည်။
“ပါးစပ်ပိတ်စမ်း” မြောင်ရှီဟွာသည် ထိုမိန်းကလေးကို ကြိမ်းမောင်းလိုက် သည် “ငါ့ကို တစ်ခါရိုက်လိုက်လို့ ဆေးနည်းပေးမယ်ဆိုရင် အဲဒါတန်တယ်”
“ဒါပေမဲ့ သူကအခုမပေးဘူးလေ ဘာလုပ်နိုင်ဦးမှာလဲ” သူမ အနားမှလူ များသည် ပြန်ကောင်းလာသည်။ သို့သော် ရှီမာလျူရှီသည် အိပ်ရာအထက်တွင် မလှုပ်မယှက် လှဲနေတုန်းပင်။ သခင်မလး၏ သီးသန့်အစေခံတစ်ယောက်အနေ နှင့် သူမလည်း စိတ်ပူသည်။
“အရင်သွားလိုက်တော့” မြောင်ရှီဟွာသည် တင်ပါးကိုသုတ်ခါပြီး ပြော လိုက်သည် “ငါ ဖြေဆေးရဖို့ သေချာပေါက် နည်းလမ်းရှာရမယ်”
“သခင်မ ပြောတာက…”
“ပါးစပ်ပိတ်စမ်း” မြောင်ရှီဟွာသည် အစေခံမိန်းကလေးအား ကြည့်လိုက် သည်။ သူမသည် လှည့်ထွက်ပြီးနောက် တခြားဦးတည်ရာဘက်သို့ သွားလိုက် သည်။
အပြင်ရှိလူများ ထွက်သွားသည်ကို အထဲမှ ရှီမာယူယူ ခံစားမိသည်။ သူမ ပြောလိုက်သည် “ကြည့်ရတာ ပြဿနာကရှင့်ကို ဆက်တိုက်လာရှာမယ်ထင် တယ်”
“အဲဒါက ငါ့အတွက် မင်းရှာလိုက်တဲ့ပြဿနာမဟုတ်ဘူးလား” ရင်လန် သည် မျက်လုံးလှိမ့်လိုက်သည်။
“အဲဒါ ကျွန်မနဲ့ဘာဆိုင်လို့လဲ ကျွန်မက ဆေးနည်းကို အတင်းအကျပ် ထုတ်ခိုင်းတာမဟုတ်ဘူးလေ” ရှီမာယူယူသည် စပျစ်သီးအရွယ်အစားလောက် ရှိသော ဝိညာဉ်အသီးထုတ်လိုက်သည်။ သူမသည် စားပွဲပေါ်တင်ပြီးပြောလိုက် သည် “ဒါ အမူးပြေဖို့အတွက်ကောင်းတယ်”
ရင်လန်သည် မငြင်းတော့ဘဲ ယူပြီးစားရင်းနှင့် ပြောလိုက်သည် “မင်းသာ သူမသမီးကို အဆိပ်မဖြေပေးလိုက်လို့ပဲ ငါ့နောက်လိုက်နေတာလေ”
“ကျွန်မက အဆိပ်ဖြေဆေးမပေးချင်တာမဟုတ်ဘူး သူမက ကျွန်မကို မကုစေချင်တာလေ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ နောက်ဆုံးတော့ ကျန်းရယ်က ကျွန်မကိုသတ်ချင်တယ် အဲတော့ ဘာလို့များ ရန်သူရဲ့မြေးကို ကျွန်မက ကယ်ပေးရမှာလဲ ကျွန်မက အဲလောက်သဘောထားမကြီးဘူး”
“ရှီမာမျိုးနွယ်က မင်းကိုဖိနှိပ်မှာကိုမကြောက်ဘူးလား”
“ဘာကြောက်စရာရှိလို့လဲ၊ ကျွန်မက ရှီမာမျိုးနွယ်ကမှမဟုတ်တာ၊ သူတို့ကပဲ လိုချင်တယ်လို့ တကျီကျီအော်နေတာ ကျွန်မကသူတို့ကိုလျစ်လျူရှု လိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အိမ်မပြန်လိုက်တာလည်း ကောင်း သွားတာပဲ”
“အဲတော့ ဘယ်တော့မှမပြန်တော့ဘူးလား”
“တစ်နေ့တော့ ပြန်မှာပေါ့ အဖေက မျိုးနွယ်အပေါ် နောင်တရတာတချို့ ရှိတယ်၊ ဒီအတိုင်းပဲ မပြန်ခင်ကို လုပ်စရာတချို့ရှိနေလို့ပါ” ရှီမာယူယူ ပြော လိုက်သည်။
“ရက်တစ်ရာအိပ်ဆေးကို ဘယ်လိုတားလိုက်တာလဲ”
ရှီမာယူယူသည် ထိန်းချုပ်သည့်နည်းလမ်းကို သူ့ကို ပြောပြလိုက်ပြီး အပ်စိုက်ကုထုံးတချို့ကိုလည်း ရှင်းပြလိုက်သည်။
ပြောပြီးနောက်တွင် ရင်လန်သည် ဆင်ခြင်ပြီးနောက် ပြောလိုက်သည် “ဒီနည်းလမ်းက တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တာပဲ ဆိုလိုတာက မင်းက ဆေးပညာမှာ ကျွမ်းကျင်တာပဲ”
ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည် “ကျွန်မကို မြှောက်ပင့် မနေပါနဲ့တော့ နည်းလမ်းကိုသိချင်တာအပြင် တခြားဘာရည်ရွယ်ချက်ရှိနေ တာလဲ”
***