← Chapters

ရှင်တို့မိသားစုထဲက တစ်ယောက်ယောက် သေတော့ မှာလား

Vol. 105 Ch. 1458

ရှင်တို့မိသားစုထဲက တစ်ယောက်ယောက် သေတော့ မှာလား

Vol. 105 Ch. 1458

ရင်လန်သည် မေးစေ့ကိုပွတ်ကာ ပြောလိုက်သည် “ငါ့မျက်နှာထားက အဲလောက် သိသာလို့လား”

“အရမ်းကိုသိသာနေတယ်” ရှီမာယူယူ ပြောလိုက်သည် “ပြောကြည့် ဘာလိုချင်တာလဲ”

“တကယ်တော့ ဘာမှတော့မဟုတ်ဘူ မင်းကို အကူအညီတောင်းစရာ လေးရှိလို့” ရင်လန် ပြောလေသည်။

“ရှင်တို့မိသားစုက တစ်ယောက်ယောက်သေမှာမို့လို့လား” ရှီမာယူယူ သည် အလိုလိုမေးမိသွားသည်။

“…” ဒီတုံ့ပြန်ချက်က…

“ငါ့မိသားစုထဲက ဘယ်သူမှ မသေဘူး”

“အိုး ဒါဆိုရင် ဘာအကူအညီလိုချင်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သခင်မဟော်ဆီကို သွားလည်စေချင်လို့ပါ” ရင်လန် ပြောလိုက်သည်။

“သခင်မဟော်ဟုတ်လား ချူးချန်းမြို့တော်က အိပ်ပျော်နေတဲ့အလှလေး လား” ရှီမာယူယူသည် သူ့ကိုတအံ့တဩကြည့်လေသည် “သခင်မဟော်ကိစ္စကို ဘာလို့အဲလောက် စိုးရိမ်နေတာလဲ”

“စူးစူးက အဲဒီလနက်ရှိုင်းအသီးကိုလိုနေတယ်၊ သူမက ဒီပြိုင်ပွဲမှာ အဆင့် ၁ ရဖို့အရည်အချင်းရှိပေမဲ့ သခင်မဟော်ကို ကုဖို့ကျတော့ သူမအတွက် မဖြစ် နိုင်ဘူး”

“သူမကိုကူပြီး လနက်ရှိုင်းအသီးကို ယူစေချင်တာလား”

“ဟုတ်တယ်”

“ရှင်က တကယ့်ကိုဦးလေးကောင်းပဲ” သူသည် လေလွင့်ပြီး ညှိနှိုင်းမရ ကာ ဂရုတစိုက်မရှိတတ်ဟု အစက ရှီမာယူယူထင်ထားခဲ့သည်။ “ရှင့် ဆေးပညာကလည်း အားကောင်းတာပဲလေ ဘာလို့ကိုယ့်ဘာသာမသွားတာ လဲ”

“ငါမြင်ပြီသွားပြီ ဒါပေမဲ့ အကြောင်းအရင်းကိုရှာမတွေ့ဘူး” ရင်လန်သည် ရှက်ရွံ့ခြင်းမရှိဘဲ သဘောထားကြီးစွာပြောလိုက်သည်။

“အကြောင်းအရင်းကိုတောင် ရှာမတွေ့ဘူးလား” ရှီမာယူယူသည် ပို၍ပင် အံ့ဩသွားလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် သခင်မဟော် နေမကောင်းဖြစ်ရသည့် အကြောင်းအရင်းကို သိချင်သွားသည်။

“သူမကို ကြည့်ရတာ သာမန်လိုရိုးရှင်းတာမဟုတ်ပေမဲ့ တကယ်ပဲ အိပ် ပျော်နေသလိုပဲ၊ ဒါပေမဲ့ အိပ်ပျော်နေတယ်ဆိုရင်လည်း ဘာလို့ဒီလောက် နှစ် တွေအများကြီးအိပ်ပျော်နေတာလဲ”

“အဲဒါ တကယ်ပဲ ထူးဆန်းတယ်”

သူမသည်လည်း ရက်တစ်ရာအိပ်ဆေးကြောင့် အိပ်ပျော်သလားဟု ရှီမာယူယူ မေးချင်သည်။ အကြောင်းမှာ ထိုအဆိပ်ကို လူတော်တော်များများ သတိမထားမိခြင်းကြောင့်ဖြစ်သည်။ အဆိပ်မိသူသည် အိပ်ပျော်နေသည့် အတိုင်းပင်ဖြစ်သည်။

သို့သော် စဉ်းစားကြည့်လျှင် ရက်တစ်ရာအိပ်ဆေးသာဆိုပါက သူ သတိ ထားမိမည်။ ထို့ကြောင့်ပင် သူမသည် ထိုအတွေးကို လွှင့်ပစ်လိုက်တော့သည်။

“ဘယ်လိုလဲ သွားကြည့်ဖို့စိတ်ဝင်စားလား” ရင်လန်သည် သူမ သိချင် စိတ်ဖြစ်နေသည်ကို မြင်သောအခါ  မေးလိုက်သည်။

ရှီမာယူယူသည် သူ့ကို မျက်လုံးထောင့်မှကြည့်လိုက်သည် “ရှင်က ကျွန်မ ကို သွားကြည့်ဖို့ဖိတ်နေတာလေ ကျွန်မစိတ်ဝင်စားတာ မစားတာနဲ့ ဆိုင်ဦးမှာ လား၊ ဒါပေမဲ့ ကျွန်မရဲ့အဖိုးအခကတော့ ဈေးကြီးတယ်၊ ကျွန်မကိုဖိတ်ချင်တာ သေချာရဲ့လား”

“ပိုက်ဆံနဲ့ရှင်းဖို့က ပြဿနာမဟုတ်ဘူး” ရင်လန်သည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလေသည်။

“အဲလိုလား” ရှီမာယူယူသည် ရင်လန်ကိုကြည့်ပြီး ပြုံးလိုက်သည် “ရှင်က ပြည်နယ် ၄၀ ရင်မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲမလား”

ရင်လန်သည် သူမ အပြုံးကိုမြင်သောအခါ စိတ်ထဲမှမကောင်းသော ခံစားချက်များ မြင့်တက်လာသည်။ သူသည် လက်ပိုင်ကာ သူမအား သံသယ များဖြင့် ကြည့်လိုက်သည် “မင်းဘာလုပ်ချင်တာလဲ”

ရှီမာယူယူ၏ မျက်နှာမှာမည်းနက်သွားလေသည်။ ဒီလူယုတ်မာကြီးက သူမကို ဘယ်လိုအမူအရာမျိုးလာပြနေတာလဲ။

“တကယ်လို့… မင်း ငါ့ကိုလိုချင်ရင် ငါ့ကိုယ်ငါ ပေးနိုင်ပါတယ်” ရင်လန် သည် ရုတ်တရက် လက်မြှောက်ကာ ကျိုးနွံသည့်ပုံစံပြလေသည် “ဒါပေမဲ့ အဲဒါ က မင်းကငါ့မိန်းကလေးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဆုတောင်းလေ… ရှင် လိုချင်လွန်းလို့သေရင်တောင် ကျွန်မက ရှင့်ကို မယူဘူး” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည် “တခြား တောင်းဆိုစရာရှိ တယ်…”

ရင်လန် နှုတ်ခမ်းတွန့်လိုက်သည်။ လိုချင်လွန်းလို့ သေတော့မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲလိုဆိုရင်တောင် သူကပဲ အထက်ကဖြစ်ရမှာလေ ဟင်း ဟင်း။

သို့သော် သူမ တောင်းဆိုချက်ကို သူ ကြားသောအခါ အကြည့်များပြောင်း သွားလေသည်။

“မင်းရဲ့ ဒီတောင်းဆိုချက်က နည်းနည်းတော့များတယ်”

ရှီမာယူယူ ပြုံးလိုက်သည် “ဘယ်လိုလဲ၊ မိန်းကလေးစူးက လနက်ရှိုင်း အသီးကိုလိုတယ်လို့ ပြောတယ်မလား အဲဒါကရှင့်အတွက် အရေးကြီးတဲ့ဟာပဲ လေ၊ ဒါပေမဲ့ ရှင်မရှိလည်း ကျွန်မမှာ တခြားရွေးချယ်စရာရှိသေးတယ် အဲဒါ ကြောင့် ရှင်တို့အတွက်အရေးကြီးပေမဲ့ ကျွန်မအတွက်က တခြားရွေးချယ်လို့ ရသေးတယ်”

“သခင်ဟော်ကို ကုသဖို့အတွက် မင်းယုံကြည်ချက်ရှိနေတာလား”

“သေချာပေါက်… မရှိဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မ အောင်မြင်သွားရင် တောင်းဆိုချက်ရှိတယ်၊ မလုပ်နိုင်ဘူးဆိုရင်တော့ အရောင်းအဝယ်မဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်ပေါ့”

ရင်လန်သည် တွေဝေသွားသည်။ သူမ ပြောလိုက်သည့် တောင်းဆိုချက် က တကယ်ပဲ ခက်တဲ့ပုံပဲ။

“တကယ်တော့ ဒီအခြေအနေက တရားသေတော့မဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အရောင်းအဝယ်အားလုံးကို ရင်းနှီးမှုကို ထည့် စဉ်းစားလို့ရပါတယ်”

“မင်းက ငါ့မိန်းကလေးဖြစ်ချင်လို့လား” ရင်လန် မေးလိုက်သည်။

ရှီမာယူယူသည် စားပွဲပေါ်မှ ဝိညာဉ်အသီးကို ကောက်ကိုင်ပြီး သူ့ဆီသို့ ပစ်ပေးလိုက်သည်။

ဒီစကားကလွဲပြီး သူတခြားဟာ မပြောတတ်တော့ဘူးလား။

ရင်လန်သည် ဝိညာဉ်အသီးကို ဖမ်းပြီး စားကာဆက်ပြောလေသည် “ကောင်းပြီလေ ဒါဆိုပြောလေ ဈေးနှုန်းကဘယ်လိုရှိလဲ”

“နောက်ကို ရှင်လိုတာတစ်ခုခုရှိရင် ကျွန်မသေချာပေါက် ကူညီပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မကိုကြည့်ပြီး အားနည်းတယ်လို့ မတွေး လိုက်နဲ့နော် ကျွန်မသန်မာလာမယ့်နေ့ဆိုတာလည်း ရှိလာမှာပဲ”

“အနည်းဆုံးတော့ အဲဒါကိုသံသယမဝင်ပါဘူး” ရင်လန် ပြောလိုက်သည် “အဲဒီစကားတွေကို စောင့်နေတာပါ”

ရှီမာယူယူ အပြင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် လုပ်ခဲ့သည့်ကိစ္စများ ကို သူ ရင်းနှီးပြီးသားဖြစ်သည်။ သူမသည် ဆယ်ဂဏန်းသာရှိသော နှစ်များ အတွင်းတွင် အမြင့်တစ်နေရာရောက်လာနိုင်သည်မှာ သူမကို အထင်သေး၍မရ ဟု ဆိုလိုခြင်းဖြစ်သည်။

အခု သူမ ထိုစကားများကို ပြောလာသဖြင့် ရုတ်တရက် ပဋိပက္ခမဖြစ် သရွေ့ သူတို့သည် အနာဂတ်တွင် ရန်သူမဖြစ်နိုင်ပေ။

အခု သူမသည် အားမကောင်းသေးသဖြင့် သူမကိုကူညီပေးလိုက်သည်က အားကောင်းလာမှ နှင်းဆီပန်းခြင်းပေးသည်ထက် ကောင်းသည်။

“ဒါဆိုဖြေရှင်းပြီးပြီနော် ငါအချိန်ရတာနဲ့ မင်းကိုဟော်မျိုးနွယ်ကို ခေါ်သွား ပေးမယ်”

“ခဏလေး ပြိုင်ပွဲရလဒ်ထွက်လာတာနဲ့ ဖြေရှင်းနိုင်မယ့်တစ်ယောက် တော့ ပေါ်လာမှာပဲ ကျွန်မတို့သွားပြီး ဝင်ပါလိုက်ရင် ဟော်မျိုးနွယ်ကို ယုံကြည်မှုရှိတော့မှာမဟုတ်ဘူး”

“ဒါဆိုလည်း ကောင်းပါပြီ ရက်နည်းနည်းလောက် စောင့်ရလည်း အဆင်ပြေပါတယ်”

ရက်အနည်းငယ်ကြာသောအခါ အမျိုးသမီးများ၏ ညီလာခံ တရားဝင် စတင်လေသည်။ အရင်ကဆိုလျှင် ဝိုင်းဖွဲ့စကားပြောခြင်းများ ဆော့ကစားခြင်း များစသည့် တက်ကြွသည့်လုပ်ဆောင်ချက်များရှိသည်။ သို့သော် အခုချိန်မှာ ပြိုင်ပွဲဖြစ်သည်။

ရှီမာယူယူသည် ထိုရက်များကို စိတ်မဝင်စားပေ။ သို့သော် အတွင်းပိုင်း ဒေသများမှ မိန်းကလေးများ၏ အခြေအနေကို သိရသည်မှာလည်း မဆိုးလှပေ။

သည်တစ်ခေါက်ပြိုင်ပွဲမှာ တရားဝင်မဟုတ်ပေ။ ထို့ကြောင့် ဗိုလ်လုပွဲနှင့် ကြားမှပွဲများအကြားတွင် ကွာခြားချက်မရှိလှပေ။ လူအားလုံးသည် တစ်ပြိုင် နက်  ပြိုင်ကြကာ နောက်ဆုံးရလဒ်ကို ဒိုင်လူကြီးများက ဆုံးဖြတ်ကြသည်။ ဒိုင်လူကြီးများသည် ထိပ်ပိုင်းအဆင့်ရသူတချို့ကိုသာ ကြေညာပေးသည်။ ထိုမှ သာ အဆင့်ဆိုးဝါးသောသူများ အရှက်မရမည်ဖြစ်သည်။

ဒိုင်လူကြီဂများသည် အတွင်းပိုင်းဒေသများမှ အဆင့်မြင့်ရာထူးများ ထမ်းဆောင်ခဲ့သော သက်ကြီးမျိုးဆက်မှအမျိုးသမီး အရာရှိများဖြစ်ကြသည်။ ဟွမ်ရင်ရင်ပြောပုံအရ ဒိုင်လူကြီးထဲမှတစ်ဦးသည် သူမ၏ ငယ်သူငယ်ချင်းဖြစ် ကာ တစ်ယောက်မှာ ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်သည်။

နေ့စဉ် ပြိုင်ပွဲတစ်ခုစီတွင် ပစ္စည်းတစ်ခုထားရှိသည်။ ပြီးခဲ့သည့်နှစ်နှင့် မတူသည်မှာ တန်ဖိုးအနည်းဆုံးသမားတော်များကို ပထမနေ့တွင် နေရာချထား ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်များအတွက် အကြောင်းအရာမှာ ဖျားနာနေသည့်လူတစ်စုကို ကုသရန်ဖြစ်သည်။ တစ်ယောက်ချင်းစီသည် မိန်းမောနေသည့်ပုံပေါ်သည်။ မေးခွန်းမှာ ထိုဖျားနာနေသည့်လူများကို ကုသပြီး အရင်ဆုံးပြီးမြောက်သူသည် ထိုအချီ၏ အဆင့် ၁ ရမည်ဖြစ်သည်။

ရှီမာယူယူနှင့် ရင်လန်တို့သည် ရှီမာမျိုးနွယ်မှတခြားသူများနှင့်အတူ ပွဲကြည့်စင်နေရာတွင် ထိုင်ကြလေသည်။ သူတို့သည် ကြမ်းပြင်ပေါ်တွင် လဲနေ ကြသော ဖျားနာသည့်လူများကို မြင်သောအခါ နှုတ်ခမ်းတွန့်ပြီး ပြောလိုက်ကြ သည် “ဟော်မျိုးနွယ်က ခေါင်းဆောင်က ဒီနေမကောင်းတဲ့လူတွေ အပေါ် အခြေခံပြီးတော့ သခင်မဟော်အတွက် ကုသနည်းရှာမလို့ စီစဉ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်”

“အဲလောက် ထင်ရှားနေတာလေ” ရင်လန် ပြောလိုက်သည် “ငါ ဟော်ကျန့်ကျန်းနဲ့ နည်းနည်းဆက်ဆံဖူးတယ် ပြီးတော့ သူနဲ့သူ့ဇနီးကိုလည်း မြင်ဖူးတယ်၊ ကောလဟလတွေပြောသလိုပဲ၊ သူက သူ့ဇနီးကို သူ့အသက်ထက် တောင်ချစ်တဲ့ ယောက်ျားတစ်ယောက်ပဲ အခု သူမက ဒီလိုအခြေအနေဖြစ်နေ တော့ လုံးဝဆုံးရှုံးမှုကြီးဖြစ်နေမှာပဲ”

ရှီမာယူယူသည် ပွဲကြည့်စင်အလယ်မှ တစ်ဖက်ကိုကြည့်လိုက်ရာ လေးထောင့်ပုံမျက်နှာနှင့်အမျိုးသားသည် ပြိုင်ပွဲကိုအာရုံစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကြည့်ရသည်မှာ အသက်ရှုရန်ပင် မေ့နေသည့်ပုံပင်။

ဖျားနာသည့်လူကို အောင်မြင်စွာ ကုသပေးနိုင်သည့် လူရှိသည်ကိုမြင် သည်နှင့် သူသည် ပျော်ရွှင်စွာမတ်တတ်ထကာ ဘေးမှလူကို ညွှန်ကြားချက်များ ပေးနေသည်။ ထိုလူသည် ချက်ချင်းပင် အောက်ထပ်ဆင်းကာ ထိုမိန်းကလေး ကို ကွင်းပြင်ဆီသို့ဖိတ်ကြားလာသည်။

***

All Chapters