← Chapters

ရောဂါရှာဖွေခြင်း

Vol. 105 Ch. 1460

ရောဂါရှာဖွေခြင်း

Vol. 105 Ch. 1460

ဟော်ကျန့်ကျန်းသည် ထိုမိန်းကလေး၏ တောင်းဆိုချက်ကိုကြား ပြီးနောက် ခေါင်းညိတ်လိုက်သည် “မင်းတို့မှာ အစွမ်းအစရှိတယ်ဆိုတာ ငါ သိပါတယ်၊ ပြန်သွားပြီးနားလိုက်ကြပါဦး စောင့်ကြည့်ကြတာပေါ့ ဒီမိန်းကလေး တွေကို ပြန်ပို့ပေးလိုက်ကြပါဦး”

အစေခံမိန်းကလေးနှစ်ယောက် လျှောက်လာပြီးပြောလေသည် “ဧည့်သည်တော် မိန်းကလေးတို့ ကျေးဇူးပြုပြီး‌ နောက်ကလိုက်ခဲ့ပေးပါ”

ထိုမိန်းကလေးများ ထွက်သွားပြီးနောက်တွင် ဟော်ကျန့်ကျန်းသည် လျှောက်လာပြီး အားနာစွာဖြင့် ပြောလေသည် “အကြာကြီးစောင့်လိုက်ရမယ် ထင်တယ်”

ရင်လန်သည် ရှီမာယူယူဘက်သို့ မေးပင့်ပြပြီး ပြောလိုက်သည် “ငါ ပြောတာမှန်တယ်မလား”

“ဘာလဲ” ဟော်ကျန့်ကျန်းသည် အခြေအနေကို မသိပေ။

“သူတို့က သခင်မရောဂါရဲ့ အကြောင်းအရင်းကိုမရှာနိုင်ဘူးလို့ သူမကို ပြောတာ သူမက မယုံဘူးလေ” ရင်လန် ပြောလိုက်သည်။

ဟော်ကျန့်ကျန်းသည် ရှီမာယူယူကို ကြည့်ပြီး ရင်လန်က ဘယ်တုန်းက မိန်းကလေးနဲ့တွဲသွားတွဲလာလုပ်သွားလိုက်တာလဲဟု သိချင်နေသည်။ ထို့အပြင် ထိုမိန်းကလေးသည် ငယ်သေးပုံပေါက်သည်။

“ရင်လန် ဒါက…”

“သူမက ရှီမာယူယူလေ ရှီမာလျူရွှမ်ရဲ့သမီး” ရင်လန် မိတ်ဆက်ပေးလေ သည်။

“မင်းက အဲဒီကလေးလား” ဟော်ကျန့်ကျန်းသည် သံသယဝင်သွားသည်။ သို့သော် မယဉ်ကျေးလွန်းရာကျမည်စိုးသဖြင့် ပြုံးလိုက်သည်။ “ကျုပ်မင်းကို အရင်ကမြင်ဖူးတယ်”

ရှီမာယူယူသည် ထ,ကာ ဟော်ကျန့်ကျန်းကို နှုတ်ဆက်လိုက်သည်။ “ယူယူ ခေါင်းဆောင်ဟော်ကို နှုတ်ဆက်ပါတယ်၊ ခေါင်းဆောင်ဟော်က အရင် တုန်းက ကျွန်မတို့ကိုကယ်ဖူးတယ်လို့ အဖေပြောပြပါတယ် ခေါင်းဆောင်ဟော် ကိုတွေ့ရင် ကျေးဇူးတင်ရမယ်လို့တွေးထားပါတယ်”

“ဟားဟား အဲနှစ်တုန်းက ငါ အားမထုတ်လိုက်ရပါဘူး မင်းအဖေ မှတ်မိ ဦးမယ်လို့ထင်မထားဘူး” ဟော်ကျန့်ကျန်းသည် သူမကို သဘောကျသွားသည်။ ရှီမာယူယူသည် သခင်မလေးတစ်ယောက်၏ ထောင်လွှားခြင်းမရှိဘဲ ရိုသေသမှု ရှိသည်။

ရင်လန်သည် ရှီမာယူယူကို ထိုပုံစံအတိုင်းမြင်သေအခါ အော်လေသည် “မင်း ဘယ်လိုလုပ် ငါ့ကိုလိမ်နိုင်ရတာလဲ မင်းတို့က တစ်ယောက်နဲ့ တစ်ယောက် သိပြီးသားတွေပဲ”

ရှီမာယူယူသည် သူ့ကိုမျက်စောင်းထိုးပြီး ပြောလိုက်သည် “ကျွန်မက ဘယ်တုန်းကလိမ်လို့လဲ ဒါတကယ်ပဲ ခေါင်းဆောင်ဟော်နဲ့တွေ့တာ ပထမဆုံးပဲ ကျွန်မတို့ အပေးအယူက ဒါနဲ့ဘာမှမဆိုင်ဘူးလေ၊ ပြီးတော့ ရှင်တို့ရင်းနှီးတယ် ဆိုတာကိုရှင်လည်း မပြောခဲ့ဘူးလေ”

“ဒါပေမဲ့ မင်းအကျင့်နဲ့ဆိုရင် ငါ မင်းဆီမလာခဲ့ရင်တောင် ကိုယ့်ဘာသာ လာမှာမလား”

“မငြင်းနဲ့တော့” ရှီမာယူယူ ပြောလိုက်သည်။

“ဘာတွေပြောနေကြတာလဲ ဘာလို့ ငါဘာမှနားမလည်ရတာလဲ” ရင်လန် မိန်းကလေးတစ်ဦးကို ထိုသို့လေသံဖြင့် ပြောသည်ကို ကြားဖူးသည်မှာ ဟော်ကျန့်ကျန်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုစကားဝိုင်းတွင်လည်း သူပါ ပါဝင်နေသည့်ပုံပင်။

“ဘာမှမဟုတ်ပါဘူး” ရင်လန်သည် သူတို့နှစ်ယောက်ကြားမှ အပေးအယူ ကို ပြောပြလိုက်သည်။

ရှီမာယူယူသည် ဇနီးဖြစ်သူကို ကုသရန်လာခြင်းဖြစ်ကြောင်း သိသွား သောအခါ ဟော်ကျန့်ကျန်း အလွန်အံ့ဩသွားသည်။

ဘယ်လိုဖြစ်ပြီး ဒီလိုမိန်းမငယ်လေးက သူရဲ့ ဇနီးကိုကုသမှာလဲ။

သို့သော် ရင်လန်သည် ပေါ့ပေါ့တန်တန်သဘောမထားဘဲ သူမကို စမ်းကြည့်စေချင်သည်မှာ သူမတွင် ကုသနိုင်သည့် အစွမ်းအစလုံလောက်စွာရှိ နိုင်သည်ကို သူ သိသည်။

“ယူယူက ငါ့ဇနီးကိုကုပေးဖို့လာတယ်လို့ မထင်ထားဘူးပဲ လျစ်လျူရှုမိ တာ အမှားဖြစ်သွားတာပေါ့” သူသည် ရှီမာယူယူကို လက်သီးဆုပ်ဖြင့် နှုတ်ဆက်လေသည်။

“ဦးလေးဟော် ရပါတယ်” ရှီမာယူယူသည် အခေါ်အဝေါ်ပြောင်းလိုက်ရာ နှစ်ယောက်မှာ တစ်ခဏအတွင်းရင်းနှီးသွားသလိုပင်။

“ငါ့ဇနီးကို ကုဖို့လာမှတော့ ဒီဘက်ကိုလာပေးပါ” ဟော်ကျန့်ကျန်းသည် သူတို့ ရောက်လာရသည့်အကြောင်းအရင်းကို သိပြီးနောက် စိတ်မရှည်ဖြစ်လာ သည်။

“ဦးလေးဟော် လမ်းပြပေးပါဦး”

ဟော်ကျန့်ကျန်းသည် သူမနှင့် ရင်လန်ကို အခန်းထဲသို့ ခေါ်သွားပေးလိုက် သည်။ ရှီမာယူယူ ဝင်လိုက်သည်နှင့် လှပစွာဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အိပ်ရာပေါ်တွင် လှဲလျောင်းနေသည့် အမျိုးသမီးကို တွေ့ လိုက်သည်။ သူမသည် အိပ်နေသည့်အတိုင်းပင်။

“သူမ ဒီလိုဖြစ်တာ တော်တော်ကြာနေပြီ” ရင်လန် သက်ပြင်းချလိုက် သည်။

“ဦးလေးဟော်က အဒေါ်ဟော် တောင့်ခံဖို့အတွက် ဂျင်ဆင်း၊ အသီးတွေနဲ့ တခြားဈေးကြီးတဲ့ ဆေးပစ္စည်းတွေသုံးထားတာပဲ” ရှီမာယူယူ ဆက်ပြောလေ သည် “အဒေါ်ဟော်ရဲ့ ကိုယ်ထဲက လိုအပ်တဲ့ ဝိညာဉ်စွမ်းအင်တွေ ထိန်းသိမ်းဖို့ ကို ထောက်ပံ့ပေးထားလို့ သူမကျန်းမာရေးအခြေအနေ ကောင်းနေတာပဲ”

ဟော်ကျန့်ကျန်းသည် အလွန်အံ့ဩသွားသည်။ သူမ ပြောသည်မှာ မှန် သည်။

“ဘယ်လိုလုပ်သိတာလဲ”

“အနံ့ရတာပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီအခန်းထဲမှာ ဆေးအနံ့ ခပ်ဖျော့ဖျော့လေးရတယ်”

“အနံ့ခံလိုက်တာနဲ့ သိတာလား ဒါဆိုရင် မင်း…” သူသည် အံ့ဩပြီး နောက်တွင် ပျော်ရွှင်သွားသည်။ အခန်းထဲမှအနံ့သည် ဖျော့လွန်းသည်။ သို့သော် သူမ အနံ့ခံပြီးသည်နှင့် မည်သူမှမရခဲ့သည့်အနံ့ကို သူမ သိသည်။ ဆိုလိုသည်မှာ သူမသည် တခြားသူများထက် အစွမ်းထက်နိုင်သည်။ သူမသည် သူ့ဇနီးကို ကုသရန်ဖြစ်နိုင်သည်။

“ဦးလေးဟော် အရမ်းစိတ်မပူပါနဲ့ သူမကို အရင်စစ်ဆေးပြီးမှ ကုသလို့ ရမလားဆိုတာ သိနိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့ မြန်မြန်ပဲသူမကိုကြည့်လိုက်ပါ” ဟော်ကျန့်ကျန်းသည် အမြန်ပင် သူမအတွက် လမ်းဖယ်ပေးလိုက်သည်။

ရှီမာယူယူသည် အိပ်ရာဘေးတွင်ထိုင်ကာ စူးလျိုနျန်၏ လက်ကိုကိုင်ပြီး ဝိညာဉ်စွမ်းအင်ထည့်ကာ စမ်းသပ်စစ်ဆေးလိုက်သည်။

ဟော်ကျန့်ကျန်းသည် ဘေးမှ အသက်အောင့်ထားမိသည်။ သူသည် ရှီမာယူယူကို မျက်တောင်မခတ်ကြည့်နေပြီး သူမ မျက်မှောင်ကြုတ်သည်ကို မြင်သည်နှင့် စိတ်ပျက်စပြုလာသည်။

ထိုလူများသည် တူညီသောအမူအရာဖြစ်ကာ ထပြီး သူ့ကိုပြောလေ့ရှိ သည် “တောင်းပန်ပါတယ် ကျွန်မအားနည်းနေသေးလို့ သခင်မရဲ့ရောဂါ အရင်းအမြစ်ကို မမြင်နိုင်ပါဘူး”

သူမသည်လည်း တခြားသူများနှင့်တူညီသော အမူအရာပင်ဖြစ်သွား သည်။ နောက်တစ်ခေါက်ထပ်ပြီး စိတ်ပျက်ရဦးမှာလား။

ရင်လန်သည် သူ့ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးနေသည်။

“မစိုးရိမ်ပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးအကြိမ်မှမဟုတ်တော့တာ” ဟော်ကျန့်ကျန်းသည် ခါးသက်စွာ ပြုံးလိုက်သည်။

ရှီမာယူယူသည် သူ့စကားကိုကြားသော်လည်း ဘာမှပြန်မပြောမိသည်။ သူမသည် အနည်းငယ်ထပ်စမ်းသပ်ပြီးနောက် ထရပ်လိုက်သည်။

ဟော်ကျန့်ကျန်းသည် သူမ အကောင်းဆုံးကြိုးစားခဲ့သည် ဆိုသည့်စကား ကိုနားထောင်ရန် ပြင်ဆင်ထားသည်။ သူ အတန်ကြာအောင် စောင့်ဆိုင်း သော်လည်း သူမ ဘာမှမပြောပေ။

“ယူယူ ဘယ်လိုလဲ တွေ့လား” ရင်လန် အရင်မေးလိုက်သည်။

ရှီမာယူယူသည် မျက်မှောင်ကြုတ်ဆဲဖြစ်ကာ ခေါင်းမညိတ်သလို ခေါင်း လည်းမခါပေ။

“ဦးလေးဟော် ကျွန်မသံသယရှိသေးတယ် အဲဒါကြောင့် သေချာအောင် လုပ်ရမယ်” ရှီမာယူယူ ပြောလုက်သည်။

“ဘယ်လို သေချာအောင်လုပ်ချင်တာလဲ” သူမ အကောင်းဆုံးကြိုးစားခဲ့ သည်ဟု ပြောလျှင်ပင် အဆင်ပြေနေသေးသည်။

“ကျွန်မ အဒေါ်ဟော်ရဲ့ အသိစိတ်ပင်လယ်ထဲကို အံ့ဖွယ်အသိဉာဏ်ထည့် ဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာပြောတယ်”

ဟန်ကျန့်ကျန်း အံ့ဩတင်သာမကဘဲ ရင်လန်ပါ အံ့ဩသွားသည်။

“ကျွန်မ အဒေါ်ဟော်ရဲ့အသိစိတ်ထဲဝင်မှ ကျွန်မသိထားတာ မှန်လား မှားလားဆိုတာကို အတည်ပြုလို့ရမယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အသိစိတ်ပင်လယ်က ဝိညာဉ်သခင်တစ်ယောက်အတွက် အရမ်း အရေးကြီးတယ် အဲဒါကြောင့် ဦးလေးရဲ့ခွင့်ပြုချက်လိုပါတယ”

ဟော်ကျန့်ကျန်းသည် အနည်းငယ်တွေဝေသွားသည်။ အသိစိတ်ပင်လယ် တစ်ခုခုဖြစ်သွားလျှင် ဝိညာဉ်သခင်တစ်ယောက်အတွက် ဇာတ်သိမ်းပြီဖြစ် သည်။ အရင်က သမားတော်များသည် စမ်းသပ်ရန်အတွက် အသိစိတ်ပင်လယ် ထဲသွားရန်လိုသည်ဟု မပြောခဲ့ကြပေ။ အခု သူမ ထိုသို့ပြောလိုက်သောအခါ သူ ဆုံးဖြတ်ချက်မချနိုင်ပေ။

ရှီမာယူယူသည် သူ၏ ပူပန်မှုကို နားလည်သဖြင့် ပြောလိုက်သည် “ဦးလေးဟော် အခုဆုံးဖြတ်ချက်မချနိုင်သေးရင် အမျိုးသမီးညီလာခံကို စောင့် လိုက်ပါလား၊ တစ်ယောက်ယောက်ကတော့ ဒါကိုဖြေရှင်းနိုင်မှာပါ၊ ညီလာခံ ပြီးသွားမှ ဘယ်သူမှအဒေါ်ဟော်ကို မကုနိုင်ဘူးဆိုရင် ဆုံးဖြတ်လို့ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့လည်း ချူးချန်းမြို့ကမသွားသေးဘူးလေ”

“ဟုတ်ပြီ” ဟော်ကျန့်ကျန်းသည် ရှီမာယူယူ၏ စွမ်းအင်ကိုမယုံနိုင်သေး ပေ။ ထို့အပြင် သူမသည်ငယ်လွန်းနေသည်။

ရှီမာယူယူသည် စိတ်မဆိုးပေ။ ဘယ်သူကများ အခုတွေ့ဖူးတဲ့သူကို ယုံမှာ လဲ။ ပြီးတော့ သူမက ငယ်သေးတယ်လေ။

“ဒါဆိုရင် ဒီနေ့တော့ ခွင့်ပြုပါဦး အလုပ်မဖြစ်တော့ဘူးဆိုရင် ကျွန်မကို လာရှာနိုင်ပါတယ်”

“ဟုတ်ပြီ ငါ မင်းကိုလိုက်ပို့ပါ့မယ်”

ဟော်ကျန့်ကျန်းသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ပြီးနောက် လက်ဝေ့လိုက်ရာ အမှုထမ်းတစ်ယောက် လျှောက်လာသည်။

“ရှီမာယူယူအကြောင်းကို စုံစမ်းဖို့လူလွှတ်လိုက်” ဟော်ကျန့်ကျန်း အမိန့် ပေးလိုက်သည်။

“သခင် သူမကို မယုံလို့လား” ထိုအမှုထမ်း မေးလေသည်။

“သူမကို ယုံတာမယုံတာမဟုတ်ဘူး သူမ ဆေးပညာကောင်းနေရင် စမ်းကြည့်ခိုင်းလို့ရတာပေါ့”

သူသည် စမ်းကြည့်ခိုင်းစေချင်သည်။ သို့သော် ရှီမာယူယူတွင် အစွမ်းအစ မရှိမည်ကိုလည်း စိုးရိမ်သည်။ ထို့ကြောင့် သူမကို စုံစမ်ကြည့်သည်က ပိုကောင်း သည်။

“အခုပဲ သွားစီစဉ်လိုက်ပါမယ်”

ရှီမာယူယူသည် ထိုအကြောင်းများကို မသိဘဲ ရင်လန်နှင့်အတူ တည်းခို ဆောင်ကို ပြန်လာသည်။ သူမ ခန်းမထဲသို့လျှောက်လာသည်နှင့် ရှီမာကျိယွင် လူတစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသည့်အသံကို ကြားလိုက်ရသည်။

***

All Chapters