← Chapters

ဖျားနာခြင်းပုံစံဖြစ်ပေမဲ့ မဟုတ်ဘူး

Vol. 105 Ch. 1461

ဖျားနာခြင်းပုံစံဖြစ်ပေမဲ့ မဟုတ်ဘူး

Vol. 105 Ch. 1461

“ရှီမာကျိယွင် သူမကို ကိုင်တွယ်နိုင်လား မကိုင်တွယ်နိုင်ဘူးလား” မုတ်ဆိတ်ဖြူနှင့် အကြီးအကဲသည် ရှီမာကျိယွင်အား အေးစက်သောမျက်နှာ ဖြင့် ကြည့်ရင်းအော်လေသည်။

ရှီမာကျိယွင်သည် နားရွက်ကိုပွတ်ပြီး ပြောလိုက်သည် “အဲလောက် အကျယ်ကြီး မအော်ပါနဲ့ အဆောက်အဦးတောင်ပြိုကျတော့မယ်”

“ရှီမာကျိယွင် စကားလမ်းကြောင်းမလွှဲနဲ့ ရှီမာယူယူက ကျုပ်မြေးကို သတ်သွားတာ ခင်ဗျား ဒီနေ့ သူမကိုလက်လွှဲပေးလိုက်” ကျန်းယွန်လုံ အော် လိုက်သည်။

“ခင်ဗျားမြေးက ကျုပ်မြေးမလေးကိုသတ်တာလေ သူ့အားကမလောက် တာနဲ့ပဲ ကျုပ်တို့မျိုးနွယ်က ကလေးလေးရဲ့အသတ်ခံလိုက်ရတာ အဲဒါကို အရှက်မရှိ သူမကို လာတောင်းသေးတာလား၊ ခင်ဗျားတို့ အရှက်မရှိဘူးလား” ရှီမာကျိယွင် ဆက်ပြောလေသည် “ခင်ဗျားရဲ့မြေးက ကျုပ်မြေးမလေးထက် တောင် အသက်ရာချီကြီးသေးတယ် ဟုတ်တယ်မလား ကျွတ် ကျွတ် ဘယ်လို ဖြစ်ပြီး သူမကို လာတောင်းရဲတာလဲ၊ ခင်ဗျားတို့ကျန်းမျိုးနွယ်က ကျုပ်တို့ ရှီမာမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ထက်တောင် အားနည်းတယ်ဆိုတာ တိုင်းပြည် တစ်ခုလုံးကိုသိစေချင်တာလား၊ လူငယ်သေတာကို လူအိုကြီးတွေလာရတယ် ကျွတ် ကျွတ် အရှက်မဲ့လိုက်တာ ခင်ဗျားတို့အစားတောင် ရှက်သေးရဲ့ဗျာ”

“မဟုတ်တာတွေ လှည့်ပတ်ပြောမနေနဲ့ ခင်ဗျားကိုမေးနေတာ သူမကို ပေးမှာလား မပေးဘူးလား”

“မင်းတို့ ခေါင်းသာပေးလိုက်လေ ကျုပ်ရဲ့အဖိုးတန်မြေးမလေးကို လူတကာထိလို့ရမယ်ထင်နေလား” ရှီမာကျိယွင်သည် သူမကို ပေးရန်ငြင်းဆန် ပါက မည်သို့လုပ်နိုင်မည်နည်းဟူသော အမူအရာဖြင့် စားပွဲကိုရိုက်လိုက်သည်။

“ရှီမာကျိယွင် မျိုးနွယ်နှစ်ခုကြားကို တိုက်ခိုက်ဖို့ရန်လာစနေတာလား” ကျန်းယွန်လုံ နှာမှုတ်လိုက်သည်။

“ဒါဆိုလည်း လာခဲ့လေ ဘယ်သူမှ မင်းတို့ကိုမကြောက်ဘူး” ရှီမာကျိယွင် သည် စိတ်အေးလက်အေးဖြင့် ပြောလေသည် “အဘိုးကြီး ကျုပ်တို့ရှီမာမျိုးနွယ် ကိုလိုချင်နေတာမဟုတ်ဘူးလား လာခဲ့လေ ဘယ်သူကနောက်ဆုံးမှာ ရယ်နိုင် မလဲဆိုတာ မသိနိုင်သေးဘူး”

“ဟား မင်း နောင်တမရစေနဲ့”

“နောင်တဟုတ်လား ကျုပ် ရှီမာကျိယွင်က ဘယ်တုန်းကများ နောင်တရ ဖူးလို့လဲ” သူသည် နှာခေါင်းကိုပွတ်ပြီး ကျန်းယွန်လုံ၏ လက်ဖက်ရည်ခွက် ထဲသို့ နှပ်ချေးဖတ်တောက်ထည့်လိုက်သည်။

“ဟင်း ဒါဆိုရင် မင်းတို့ကျန်းမျိုးနွယ်ရဲ့ ဒေါသကိုလာစမ်းနေတာပဲ” သူသည် ပြောပြီးသည်နှင့် မတ်တတ်ထကာ ကျန်းမျိုးနွယ်အဖွဲ့ဝင်များအားလုံး ကို ခေါ်ပြီးထွက်သွားလေသည်။

သူတို့ ထွက်သွားမည်ဟု ကြားသည်နှင့် ရှီမာယူယူသည် ကျန်းမျိုးနွယ်ဝင် များကို တွေ့ရန်ဟန်ပြင်လိုက်သော်လည်း သူမလက်အဆွဲခံပြီး လမ်းကြား တောင့်သို့ရောက်သွားလေသည်။

“အဘွား” ရှီမာယူယူသည် သူမလက်ကိုဆွဲသည့်လူကို သိချင်နေသည်။

“အဲဒီခွေးရူးအုပ်ကြီးအတွက်နဲ့ အားအကုန်မခံနဲ့” ဟွမ်ရင်ရင် ဆက်ပြော လေသည် “သူတို့က သမီးကို အကျပ်ကိုင်ပြီး သူတို့ရှေ့ပေါ်လာရင် အလွတ်ပေး မှာမဟုတ်ဘူး၊ သမီးဘိုးဘိုးကြီးက အဘွားကို ဒီမှာစောင့်ခိုင်းထားတာ”

နှောင့်နှေးမှုကြောင့် သူတို့ထွက်လာသည်နှင့် ကျန်းမျိုးနွယ်ဝင်များလည်း ထွက်သွားလိုက်ပြီဖြစ်သည်။

ရှီမာယူယူသည် တည်းခိုဆောင်အတွင်းသို့ဝင်လိုက်သည်နှင့် ခုံပေါ်တွင် ထိုင်ပြီး အပူအပင်မရှိ ဒေါသမရှိသောမျက်နှာဖြင့် လက်ဖက်ရည်သောက်နေ သော ရှီမာကျိယွင်ကို မြင်လိုက်သည်။

သူသည် အားလုံးဝင်လာသည်ကို မြင်သည်နှင့် ရှီမာယူယူကို လက်ဝှေ့ပြီ ပြီး အပြုံးဖြင့် ပြောလေသည် “ယူယူ ပြန်လာပြီပဲ”

“ဘိုးဘိုးကြီး ဘာလို့ ဒီလောက်အစောကြီးပြန်လာတာလဲ” ရှီမာယူယူ လျှောက်လာသည်။

“သမီးထွက်သွားတာနဲ့ ပြန်လာတာလေ ဘာမှကြည့်စရာမှမရှိတာ” ရှီမာကျိယွင် ဆက်ပြောလေသည် “ဘယ်တွေသွားနေတာလဲ ဘာလို့ ပြန်လာ တာနောက်ကျနေတာလဲ”

“သမီးအဒေါ်ဟော်ကို သွားကြည့်တာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အိပ်နေတဲ့အလှလေးကို သွားကြည့်တာလား၊ သူမ ဘယ်လိုနေလဲ သူမကို ကုသလိုဖြစ်နိုင်မလား” ရှီမာကျိယွင်သည် မေးခွန်းထုတ်လေသည်။

ထိုအချိန်တွင် ရှီမာလျူရွှမ်သည် အနောက်မှလာပြီး သူလည်း အဖြေသိ ချင်နေသည့်ပုံဖြင့် သူမကို ကြည့်လေသည်။

“သူမ အခြေအနေက နည်းနည်းထူးဆန်းတယ် အရင်ကတစ်ခါမှမမြင်ဖူး တဲ့ အခြေအနေပဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူမရောဂါကိုတော့ အတည်ပြုရသေးဘူး အဲဒါကြောင့် သုံးသပ်ချက်ကို မချရဲသေးဘူး”

“ရောဂါကိုတောင် ရှာမရသေးဘူးလား” ဟွမ်ရင်ရင်သည် သိချင်စိတ်ဖြင့် နူးညံ့စွာမေးလိုက်သည်။

သူတို့သည် အရင်က ရှီမာယူယူ၏ ဆေးပညာကို သံသယဝင်ဖူးသည်။ သို့သော် သူမကိုသိပြီးနောက်တွင် သူမ၏ အားကောင်းသော ဆေးကျွမ်းကျင်မှု ကို အသိအမှတ်ပြုခဲ့သည်။

ထို့ကြောင့် သူမ မသိလျှင် တခြားသူများလည်း သိရန်မဖြစ်နိုင်ပေ။

သို့သော် အရာတိုင်းတွင် အကြောင်းအရင်းရှိသည်။ ရောဂါမှာလည်း ထို နည်းတူစွာပင်… ထို့ကြောင့် အကြောင်းအရင်းမရှိသည်မဟုတ်ဘဲ သူတို့ရှာ မတွေ့သည်သာဖြစ်သည်။

“သမီးမှာ ခန့်မှန်းချက်တော့ရှိတယ် ဒါပေမဲ့ အတည်မပြုနိုင်သေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲ” ရှီမာလျူရွှမ် မေးလိုက်သည်။

“နောက်ဆုံး နဂုံးသုံးသပ်ချက်ကိုတော့ သူမရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်မှပဲ သိနိုင်မယ်၊ အဲလူတွေအကုန်လုံးစမ်းသပ်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချဖို့ကို ဦးလေးဟော်ကို ပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် အားလုံး နားလည်သွားကြသည်။ အသိစိတ် ပင်လယ်သည် ဝိညာဉ်သခင်အတွက် အရေးကြီးသည့်အရာဖြစ်သည်ကို အားလုံးသိကြသည်။ ထို့ကြောင့် လူတစ်ယောက်အတွက် စဉ်းစားချိန်လိုသည် ကို နားလည်ထားကြသည်။

“စောင့်ကြည့်ကြတာပေါ့ တစ်ယောက်ယောက်ကတော့ သူမကို ကုသနိုင် မှာပါ” ရှီမာကျိယွင် ပြောလိုက်သည်။

“သမီးလည်း အဲဒါကိုပဲတွေးနေတာ” ရှီမာယူယူ ဆက်ပြောလေသည် “တစ်ယောက်ယောက်က သူမကို ကုသနိုင်ရင် ဒီစွန့်စားမှုကိုလုပ်ဖို့မလိုတော့ ဘူးလေ”

“ဟူး.. အဲလူတွေ… ထားလိုက်ပါတော့ မင်းတစ်ယောက်ပဲ လုပ်နိုင်မှာ သေချာတယ်” ရင်လန် ပြောလိုက်သည်။

“ဘယ်လိုဖြစ်ပြီး အဲလောက်သေချာနေတာလဲ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။

“ဆေးပညာရှင်တွေက မျှော်လင့်ချက်အရှိဆုံးပဲ ဒါပေမဲ့ အဲလူတွေကို မင်း လည်းမြင်တာပဲ ဘယ်သူမှ မလုပ်နိုင်ကြဘူး” ရင်လန်သည် ခိုင်မာစွာပြောလိုက် သည်။ သူတောင်မလုပ်နိုင်တာ တခြားသူကဘယ်လိုလုပ်နိုင်မှာလဲဟု သူ ထည့် မပြောလိုက်ပေ။

“ငါလည်း အဲလိုပဲစဉ်းစားတာပဲ” ရှီမာကျိယွင် ဆက်ပြောလေသည် “ပြောရမယ်ဆိုရင် သခင်မဟော်ရဲ့ ရောဂါက အရမ်းပြင်းထန်လို့ဖြစ်မယ်”

“အင်း ဟုတ်လောက်မယ် အဲဒါကရောဂါမဟုတ်ဘူး” ရှီမာယူယူသည် မသိလိုက်ခင်မှာပင် ပြောမိသွားသည်။

“ရောဂါမဟုတ်ဘူးဟုတ်လား ဒါဆိုဘာလဲ”

“အခုတော့ ဘာလဲဆိုတာကို အတည်မပြုနိုင်သေးဘူး” ရှီမာယူယူ ဆက် ပြောလေသည် “အတည်ပြုပြီးရင်တော့ ပြောပြပါ့မယ်”

အားလုံးသည် ရှီမာယူယူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ စူးလျုံနျန်မှာ ဘယ်လိုရောဂါမျိုးရှိနေတာလဲ။

သူမသည် သာမန်ရောဂါဆိုလျှင် ထိုအတိုင်းသာပြောလိမ့်မည်။ သူမ ထိုသို့ပြောသဖြင့် ထူးဆန်းသည့်ရောဂါပင်ဖြစ်မည်။

“ဘိုးဘိုးကြီး ကျန်းမျိုးနွယ်က…”

“ကျန်းမျိုးနွယ်ကိစ္စကို စိတ်ပူဖို့မလိုပါဘူး ဘိုးဘိုးကြီးမှာ ကိုယ့်အစီအစဉ် နဲ့ကိုယ်ရှိပါတယ်” ရှီမာကျိယွင် ဆက်ပြောလေသည် “မစိုးရိမ်ပါနဲ့ သမီးက ဘိုးဘိုးကြီးရဲ့ မြေးမလေးပါ ဘယ်သူမှ သမီးကိုဘာမှမလုပ်ရဲစေရဘူး”

“ဟုတ်တယ် ယူယူ ဒါတွေကို ကိုင်တွယ်ဖို့မလိုဘူး” ရှီမာရှုံ့ချီ ဆက်ပြော လေသည် “အကုန်လုံးသေသွားမှ ဒါကိုပြောလို့ရတယ်”

“ဟုတ်တယ် သမီးက မိသားစုစာရင်းထဲမပါသေးပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် သမီးက ရှီမာမိသားစုဝင်ပဲ ကျန်းမျိုးနွယ်က သမီးကိုမထိစေ ရဘူး”

“ဟုတ်တယ်”

ရှီမာယူယူသည် တစ်စုံတရာပြောလိုသော်လည်း ရှီမာကျိယွင် တုံ့ပြန်ပုံကို ကြည့်ပြီး ရင်ထဲနွေးသွးလေသည်။

သူမတွင် အရည်အချင်းကောင်းများရှိသောကြောင့် မျိုးနွယ်၏ မျှော်လင့် ချက်အဖြစ် အများစုက စဉ်းစားထားကြသော်လည်း အနည်းဆုံးတော့ လက်ရှိ တွင် သူမကို ကာကွယ်ပေးကြသည်။ ဘိုးဘိုးကြီးနှင့် အဘိုးကပင် သူမကို စိတ်ရင်းနှင့် ကာကွယ်ပေးသည်။

ရှီမာယူယူသည် ပြိုင်ပွဲသွားကြည့်ချင်သည်။ ပြိုင်ပွဲပြီးတိုင်း ထိပ်တန်း အဆင့် ၁၀ ယောက်ကို ခေါ်သွားကြသည်။

အဂ္ဂိရတ်ပြိုင်ပွဲအတွင်းတွင် ရင်စူးစူး အီချင်းယွိနှင့် ယန်းရှီတို့သည် ထိပ်တန်း အဆင့် ၃ အတွင်းရသည်ကို သူမ သတိထားမိသည်။

ရင်လန်သည် ရင်စူးစူးနှင့်ပတ်သတ်ပြီး ယုံကြည်ချက်ရှိနေကာ အဆင့် ၁ ရမည်ဟု သေချာနေသည်။

ရှီမာယူယူသည် သူတို့ကို ဖိတ်ခေါ်သွားသည်ကို ကြည့်ပြီး သူမသည် ဟော်ကျန့်ကျန်း၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်မည်ဟု တွေးနေသည်။

ပြီးနောက်တွင် နောက်ဆုံးမျှော်လင့်ချက်မှာလည်း ပြိုကွဲသွားလေသည်။ အကြောင်းမှာ ဟော်ကျန့်ကျန်းကိုယ်တိုင်ပင် ရှီမာယူယူကို လာဖိတ်ကြားခြင်း ကြောင့်ဖြစ်သည်။

“ယူယူ ငါ မင်းအကူအညီလိုနေပြီ” ဟော်ကျန့်ကျန်းသည် ရှီမာယူယူကို မြင်သည်နှင့် နှုတ်ဆက်ကာ ၉၀ ဒီဂရီပင် အရိုအသေပေးလေသည်။

“ဦးလေးဟော် ထပါ” ရှီမာယူယူသည် လျှောက်သွားပြီး သူ့ကိုထူလိုက် ကာ မေးလိုက်သည် “ဦးလေးဟော် စဉ်းစားပြီးပြီလား”

***

All Chapters