← Chapters

သူ့စနစ်က မသိခဲ့ဘူးလား

Vol. 16 Ch. 211

သူ့စနစ်က မသိခဲ့ဘူးလား

Vol. 16 Ch. 211

[သင်သည် ရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါပြီ]

[သင်သည် အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲကို ဆုအဖြစ် လက်ခံရရှိပါပြီ]

[သင်သည် ရွေးချယ်စရာအသစ်များကိုထပ်မံ ရရှိခဲ့ပါပြီ]

တစ်ခုပြီးတစ်ခု အသိပေးချက်များ ရောက်ရှိလာပြီးနောက် မကြာမီ ရွေးချယ်စရာ မျက်နှာပြင်တစ်ခုသည်လည်း ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

....….......

[ရွေးချယ်မှု ၁ : ရဲ့လန်သည် သင့်ကို သတ်ရန် ကြိုးစားခဲ့သည်။ သင်သည် ထိုအရာကို လျစ်လျူရှုမည် မဟုတ်ပေ။ ရဲ့လန်ကို သတ်ဖြတ်ပြီး သင်၏ ရန်သူများသည် မည်သို့ဖြစ်သွားလေ့ရှိကြောင်း ကမ္ဘာကြီးကို သက်သေပြလိုက်ပါ။

ဆုလာဘ်: အဆင့် +၃]

[ရွေးချယ်မှု ၂ : သင်သည် သနားကြင်နာတတ်ပြီး ရဲ့လန်ကို ပြောင်းလဲရန် နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုသည်။ သူ့အား ဘာမှ မလုပ်ဘဲ ဒီအတိုင်း ပြန်လှည့်သွားလိုက်ပါ။

ဆုလာဘ်: ကျပန်း စွမ်းရည်တစ်ခု (အဆင့်မြင့်)]

[ရွေးချယ်မှု ၃ : သင်သည် ရဲ့လန်၏ ဆရာကို သတ်ခဲ့ပြီးနောက် ရဲ့လန် ၏ ပါရမီကို သဘောကျသွားသည်။

ထို့ကြောင့် သူသည် သင်၏လက်အောက်၌ ပို၍ တိုးတက်လိမ့်မည်ဟု ထင်မိသည်။ ရဲ့လန်ကို သင်၏ တပည့်အဖြစ် လက်ခံလိုက်ပါ။

ဆုလာဘ်: ခွန်အား +၅၀]

[ရွေးချယ်မှု ၄ : ယဲ့လျန်သည် သင့်ကို သတ်ဖြတ်ရန် ကြိုးစားရုံသာမက သင်၏ တပည့်ကိုလည်း သတ်ဖြတ်ရန် ကြိုးစားခဲ့သေးသည်။

သင်၏ တပည့်သည် လက်တွေ့တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက် ရန်သူတစ်ဦး လိုအပ်ကြောင်း သင်သိသည်။ သင်၏ တပည့်အား နောက်ရက် (၃၀) အတွင်း ရဲ့လန်ကို သတ်ခိုင်းပါ။

ဆုလာဘ်: မာနာ +၁၀၀]

ဆုလာဘ်များကို ကြည့်ရင်း အာရန်သည် အနည်းငယ် အံ့သြသွားမိသည်။ ပေးထားသော အဆင့် တိုးတက်မှုများသည် အတော်လေး များပြားနေသည်။

ယခင်က သူသည် သူ၏ အဆင့်များကို ဆယ်ခုနှင့် အောက်သာ တိုးမြှင့်ပေးနိုင်သော ရွေးချယ်မှု ဆုလာဘ်များသာ ရရှိခဲ့သည်။

သို့သော် ယခုသူ၏ ကျင့်စဥ်အဆင့်နှင့် စွမ်းရည်များ တိုးလာသောကြောင့် အခြေခံ ဆုလာဘ်သည်လည်း တိုးတက်လာခဲ့ဟန်ရသည်။

ထိုအရာများသည် ဆွဲဆောင်မှုရှိပုံရသော်လည်း သူသည် ဘာလုပ်မည်ကို ကြိုတင် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ထို့ပြင် စွမ်းရည်တိုးတက်မှုများသည် ဆွဲဆောင်မှုရှိသော်လည်း ဤအချက်၌ ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာခြင်းနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။

နယ်ပယ်သစ် တစ်ခုသို့ရောက်ရှိရန် နောက်ထပ် ကြီးမားသော အတားအဆီးနံရံတစ်ခုကို ကျော်ဖြတ်ရန် နောက်ထပ် အဆင့်ငါးခုသာ လိုအပ်ပြီး အဆင့်သုံးခုမှာ ယခု ဆုလာဘ်မှပင် ရရှိနိုင်မည်ဖြစ်သည်။

ပုံမှန်အားဖြင့် သူသည် အဆင့်တက်ရန် ပို၍ လွယ်ကူလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လီယွန်းဖန်းအား သတ်ဖြတ်ပြီးသည့် နောက်၌ပင် သူသည် ခြောက်ဆင့်ခန့်သာ တက်ခဲ့လေသည်။

အဆင့်တစ်ခုစီသည် မြင့်မားလာသည်နှင့်အမျှ ပို၍ တန်ဖိုးရှိလာနေသည်။ အခမဲ့ အဆင့် (၃) ဆင့်တက်ခွင့်ကို သူသည် မည်သို့ ငြင်းပယ်နိုင်မည်နည်း။

အာရန်၏ အကြည့်သည် ဆုံးဖြတ်ချက် မချမီ ခဏတာမျှ ရွေးချယ်မှု မျက်နှာပြင်ပေါ်ကိုငေးကြည့်နေမိသည်။

ထို့နောက်သူ၏ လက်ညှိုးသည် ပထမဆုံး ရွေးချယ်မှုပေါ်၌ ခဏတာဝဲနေပြီးနောက် နောက်ဆုံးတွင် ၎င်းကိုသာ ရွေးချယ်လိုက်သည်။

[သင်သည် ရွေးချယ်မှု ၁ ကို ရွေးချယ်လိုက်ပါပြီ: ရဲ့လန်ကို သတ်ပါ]

[တာဝန်ကို ပြီးမြောသောအခါ ဆုလာဘ်: အဆင့် +၃ ကိုရရှိပါမည်]

....

ရဲ့လန်သည် နှင်းပွင့်များဖြင့် ပြုလုပ်ထားသော ရေချိုးကန်ထဲ၌ လဲလျောင်းနေလေသည်။

သို့သော်ငြားလည်း ရေခဲနတ်ဆိုးထံမှ သူ သင်ယူခဲ့သော စွမ်းရည် အသစ်ကို ဆက်လက် လေ့ကျင့်နေခဲ့သောကြောင့် သူသည် အေးစိမ့်ခြင်းဒဏ်ကို မခံစားရပေ။

ထို့ပြင် ရေ၏အပူချိန်သည် သူ့ခန္ဓာကိုယ်လိုအပ်ချက်အတွက် အတိအကျပင် ဖြစ်နေလေသည်။

“အဘိုးကြီးမှာ တော်တော်ကောင်းတဲ့ ကျွမ်းကျင်မှုတစ်ခု ရှိနေခဲ့တာပဲ ဒါပေမဲ့ ငါ အဲဒီကျွမ်းကျင်မှုကို ချက်ချင်း တတ်မြောက်သွားတဲ့အချိန် သူ့မျက်နှာမှာဖြစ်သွားတဲ့ပုံစံကို မြင်လိုက်ရတာနဲ့တင် တန်ပါတယ်”

လီယွန်းဖန်းသည် သူ့အား အဆက်မပြတ် ချီးကျူးနေခဲ့ပြီး နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင်ဟုပင် ခိုင်းနှိုင်းပြောဆို နေခဲ့လေသည်။

အခိုက်အတန့်ကို ပြန်တွေးရင်း သူ၏ နှုတ်ခမ်း၌ ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“သူ မသိတာက ဒါက ပါရမီ နဲ့မဆိုင်ဘူး ငါ့စနစ်က ဘယ်လို စွမ်းရည်ကိုမဆို ကျွမ်းကျင်မှုအဆင့်အထိ ချက်ချင်း ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်တယ် ငါ လိုအပ်တာက ရမှတ်အချို့ကို သုံးစွဲလိုက်ဖို့ပဲ”

“ နှစ်တစ်ထောင်မှ တစ်ကြိမ် ပေါ်ထွန်းတဲ့ ပါရမီရှင်တဲ့လား မဟုတ်ဘူး ငါက ထာဝရအမြဲတမ်းအတွက် တစ်ကြိမ်ပဲ ပေါ်ထွန်းလာတဲ့သူပဲ ငါဟာ ကြီးမြတ်မှုတွေအတွက် ရွေးချယ်ခံထားရတဲ့သူ စနစ်ရဲ့ အကူအညီနဲ့ ငါဟာ မကြာခင်မှာ အားလုံးရဲ့ အထက်မှာ ရှိနေလိမ့်မယ်”

အေးစက်နေသော ရေသည်ပင် သူ၏ အနာဂတ်အတွက် ဆန္ဒရမ္မက်မီးများ တောက်လောင်နေသော အတွေးများကို ငြိမ်းသက်စေနိုင်မည် မဟုတ်ပေ။

သူ့ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ဟု သူ ယုံကြည်ထားသည်။

သူ့ကဲ့သို့ အထူးခြားဆုံးသူ သည် ဤကမ္ဘာတွင်နှစ်ယောက်မရှိနိုင်ဟုလည်း ထင်မှတ်ထားလေသည်။

ဤကမ္ဘာကြီး၏ သဘာဝနိယာမများအတိုင်းဆိုပါက မည်သို့မျှ အဓိပ္ပာယ်မရှိသော ဤကဲ့သို့စနစ်တစ်ခုကက သူ့ကို ရွေးချယ်ခဲ့လေသည်။

ကောင်းကင်ဘုံသည်သာ ဤကဲ့သို့သော အရာမျိုးကို ဖန်တီးနိုင်ပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဘုံက သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပေသည်။

သူသည် သာမန်သေမျိုးလူသားများ နားလည်နိုင်သော သူမျိုးမဟုတ်ပေ။

သူသည် သူ၏ ဆရာအပါအဝင် အခြားသူအားလုံးကိုပင် အထင်သေးမိခဲ့သည်။

သူ့အတွက် လီယွန်းဖန်းသည် နာမည်ခံ ဆရာမျှသာ ဖြစ်သည်။ ထိုအသုံးမဝင်သော လူများကို အဘယ်ကြောင့် သူ၏ ဆရာအဖြစ် ခန့်အပ်မည်နည်း။

၎င်းတို့သည် သူ့အတွက် ခြေနင်းလှေကားများသာ ဖြစ်လေသည်။

သူကဲ့သို့ ကောင်းကင်မှ ရွေးချယ်ထားသော ကောင်းချီးခံတစ်ဦးအနေဖြင့် ၎င်းတို့ကို သူ၏ခြေနင်းကျောက်တုံးများအဖြစ် အသုံးပြု၍ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ရန် ၎င်းတို့အား ဤကမ္ဘာက ဖန်တီး ထားခဲ့ခြင်းဖြစ်သည်။

သူသည် ဤ ‘ဆရာ’ ဆိုသောပုဂ္ဂိုလ်ကို ဖုန်မှုန့်များကြားမှပင် ထားခဲ့ကာ ပိုမို၍မြင့်မားသော အဆင့်သို့ ရောက်ရှိရန် အချိန်အနည်းငယ်သာ လိုတော့သည်။

“အခုလောလောဆယ် သူက င့ါအတွက် အသုံးဝင်နေသေးတယ် အထူးသဖြင့် သူက အကြီးအကဲ ရန်ကို မုန်းတီးနေပုံရတယ် အနောက်ဘက်တိုက်ကို ခရီးသွားတဲ့အခါ သူ့ကို ကောင်းကောင်း အသုံးချနိုင်ရင် စနစ်ရဲ့ အဓိကတာဝန် ကိုတစ်ခါတည်း ပြီးမြောက်နိုင်လိမ့်မယ်”

“လီယွန်းဖန်းရဲ့ အကူအညီနဲ့သာဆို ငါ မကြာခင် အကြီးအကဲ ရန်ကို သတ်နိုင်လိမ့်မယ် ပထမဆုံး စနစ်ရဲ့ အဓိကတာဝန်ကို ပြီးမြောက်သွားတဲ့အတွက်ရရှိမယ့် ဆုလာဘ်ကို ငါ မျှော်နေပြီ”

သူ့ကို နားလည်နိုင်သောသူမှာ သူသည်သာလျှင် ဖြစ်သောကြောင့် သူသည် မိမိကိုယ်ကိုသာ ဆက်လက် ပြောဆိုနေသည်။

ဤကမ္ဘာ၌ သူ့ကဲ့သို့ ပါရမီရှိသူ တစ်ဦးတည်းသာ ရှိပြီး ၎င်းမှာ သူကိုယ်တိုင်ပင် ဖြစ်လေသည်။ အနည်းဆုံးတော့ သူ၏ ထင်မြင်ပုံမှာ ထိုသို့ပင် ဖြစ်သည်။

အာရန်အကြောင်း တွေးတိုင်း သူသည် အစေခံအဖြစ် အသုံးချခံခဲ့ရပုံကို အမြဲတမ်း သတိရလေ့ရှိသည်။

“အကြီးအကဲ ရန် င့ါကို အစေခံအဖြစ် အသုံးပြုခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ရမယ်လို့ မျှော်လင့်ပါတယ် ဘာလို့လဲဆိုတော့ နောက်တစ်ခါ ငါတို့ အဲ့တုံးကလို အတူတူ ခရီးသွားနိုင်ဖို့အတွက် ခင်ဗျားကြီးထပ်ပြီး အသက်ရှင်ကျန်နေတော့မှာ မဟုတ်လို့ပဲ...”

ရဲ့လန်သည် သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ အေးစက်နေသော ရေပြင်တွင်း၌ သက်တောင့်သက်သာရှိစွာ စံစားရင်း တစ်ချက် ပြုံးလိုက်သည်။

သူသည် နံရံ၏ အခြားတစ်ဖက်၌ လူတစ်ဦး ရပ်နေသည်ကိုမူ သတိမထားမိလိုက်ပေ။

အာရန်သည် လက်ပိုက်၍ နံရံကို ကျောမှီကာ ရပ်နေရင်း ရဲ့လန်သည် မိမိကိုယ်ကို ပြောနေသော ထိုစကာားသံများကို ကြားနေရလေသည်။

‘ငါ့ကို သတ်မယ်ဟုတ်လား ဒီဇာတ်လမ်းက... ငါ ဒီကမ္ဘာထဲကိုစပြီး ရောက်လာကတည်းက ဒီဇာတ်လိုက်ရဲ့ အနာဂတ်ဟာအလိုလို ပြောင်းလဲပြီးသား ဖြစ်ပုံရတယ်’

အာရန်အတွက် ကိစ္စအတော်တော်များများသည် အဓိပ္ပာယ်ရှိသွားလေသည်။

အထူးသဖြင့် ရဲ့လန်သည် သူ၏ တပည့်မလေးကို သတ်ရန် ကြိုးစားခဲ့သော အကြောင်းရင်းဖြစ်သည်။

သူသည် ဤကဲ့သို့သော အရာတစ်ခုကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်လည်း ၎င်းက အတည်ပြုပေးလိုက်ပြီဖြစ်လေသည်။

၎င်းသည် သူ့အတွက် အနည်းငယ်သိလိုမှုတစ်ခုသာ ဖြစ်ပြီး အခြားဘာမျှ မဟုတ်ပေ။

ဝတ္ထုထဲ၌ ဇာတ်လိုက်သည် အကြီးအကဲ ရန် သို့မဟုတ် ယူလင်ကို သတ်ရန် အထူးတာဝန်တစ်ခု ပေးအပ်ခံခဲ့ရခြင်းမရှိပေ။

သို့သော် ဤတစ်ကြိမ်၌မူ သူ၏ကမ္ဘာကူးလာခြင်းနှင့်အတူ အရာရာပြောင်းလဲသွားခဲ့ခြင်းဖြစ်လေသည်။ သူ၏ စိတ်ဝင်စားမှုသည် ပြောင်းလဲသွားခဲ့သည်။

ရဲ့လန်၏ စနစ်သည် အနာဂတ်ကို ကြိုတင်သိနိုင်သောကြောင့် သူ၏ လက်ရှိအနေအထားကို ဇာတ်လိုက်၏ ကြီးထွားမှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်သောကြောင့်လားဟု သူ တွေးလိုက်မိသည်။

ထို့ကြောင့် ပထမဆုံး အဓိက ဇာတ်လမ်းမှ သွေဖယ်သွားနိုင်သော အရာများကို ဖျက်ဆီးပစ်ချင်ခဲ့ခြင်း ဖြစ်နိုင်သည်။

အာရန်သည် မျက်မှောင်ကြုတ်၍ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

‘ထူးဆန်းတာက ...အင်... တစ်ခုခုတော့ လွဲနေသေးတယ် ရဲ့လန်ရဲ့ စနစ်က ယဲ့လျန် ငါ့ကို သတ်နိုင်စွမ်း မရှိဘူးဆိုတာကို မသိဘူးလား ပြီးတော့ ငါ့မှာလည်း စနစ်တစ်ခု ရှိနေတယ်ဆိုတာကိုကော အဲ့စနစ်ကသိမနေခဲ့ဘူးနဲ့တူတယ်’

All Chapters