← Chapters

ဘုရားသခင်တောင်င့ါကိုတားဆီးနိုင်တော့မှာမဟုတ်ဘူး

Vol. 16 Ch. 212

ဘုရားသခင်တောင်င့ါကိုတားဆီးနိုင်တော့မှာမဟုတ်ဘူး

Vol. 16 Ch. 212

အာရန်သည် တိတ်ဆိတ်စွာ မိမိ၏ အတွေးများ၌ နစ်မြောနေသည်။

သူသည် ပဟေဠိ အပိုင်းအစ အနည်းငယ် စုစည်းမိသကဲ့သို့ ခံစားရသော်လည်း ပဟေဠိတစ်ခုလုံးဆိုပါမူ သူ၌ရှိသော အပိုင်းအစ အနည်းငယ်ဖြင့် ဖြေရှင်းရန်မှာ အလွန်နည်းလွန်းနေသေးသည်။

ရဲ့လန်၌ ရှိနေသော စနစ်သည် မည်သို့သောတည်ရှိမှုနည်း။

၎င်းသည် ဇာတ်လိုက်အတွက် ကောင်းကင်မှ ဖန်တီးပေးထားသော ဆုလာဘ် အမှန်ပင်လား။

ထိုသို့ဆိုလျှင် ထိုစနစ်မှ ရဲ့လန်ကို တာဝန်များ သတ်မှတ်ပေးသောအခါ သူ၏ စနစ်အကြောင်းကို သိမနေခဲ့ခြင်းသည် အဘယ်ကြောင့်နည်း။

ရဲ့လန်၏ စနစ်သည် ကောင်းကင်မှ ပေးသော ဆုလာဘ်ဖြစ်ပါက ထိုစနစ်ပင် သတိမထားနိုင်သည်အထိ သူ၏ စနစ်သည် မည်သို့သောတည်ရှိမှုမျိုးနည်း။

‘စာရေးဆရာ... ခင်ဗျား ဘာတွေများ လုပ်ထားခဲ့တာလဲ’

အာရန်သည် မျက်နှာကျက်ကို တိတ်ဆိတ်စွာ ကြည့်ရင်း တွေးလိုက်မိသည်။

....

ရဲ့လန်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မိမိ၏ အတွေးများအတွင်း အချိန်အနည်းငယ်ခန့် နစ်မြောနေပြီးနောက် ရေထဲမှ ထွက်လာခဲ့သည်။

သူသည် မျက်နှာသုတ်ရန်အဝတ်တစ်ခုကို ယူလိုက်ကာ အေးစက်နေသော ကြမ်းပြင်ပေါ်သို့ ရေစက်များ ကျဆင်းလာစဉ် သူ၏ ခန္ဓာကိုယ်နှင့် ဆံပင်ကို ချောက်ရန်ပြန်လည်သုတ်လိုက်သည်။

သူသည် ဆံပင်များကို ခြောက်အောင် သုတ်ပြီးနောက် သူသည် အဝတ်အစားများကို ပြန်လည် ဝတ်ဆင်ကာ အဓိက ခန်းမသို့ ပြန်လာခဲ့သည်။

ခန်းမ၏ အလယ်ဘက် ပြတင်းပေါက်အနီးတွင် စားပွဲတစ်ခု ပြင်ဆင်ထားပြီး အပြင်ဘက်ရှိ နှင်းကျနေသော ရှုမျှော်ခင်းတစ်ခုကို မြင်တွေ့နိုင်သည်။

စားပွဲဘေး၌ ကုလားထိုင်တစ်လုံး ရှိနေသည်။ သူသည် စားပွဲဆီသို့ လျှောက်သွားကာ ပြတင်း‌ပေါက်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

စားပွဲအလယ်၌ အေးစက်နေသော လက်ဖက်ရည်တစ်ခွက် ရှိနေသည်။ သို့သော် သူ ဂရုမစိုက်ပေ။

သူသည် သူ၏ လေ့ကျင့်မှုကိုပို၍ တိုးတက်စေရန်အတွက် အေးစက်နေသော လက်ဖက်ရည်ကိုသာ လိုချင်နေခဲ့သည်။

“အချိန်နောက်ထပ် နည်းနည်းကြာရင် ဒီငရဲကနေ ငါထွက်သွားနိုင်တော့မယ်” ဟု သူသည် ခွက်ကို ကောက်ယူကာ နှုတ်ခမ်းဝသို့ တေ့ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ နှုတ်ခမ်းများသည် ခွက်၏ နှုတ်ခမ်းသားများကို ထိတွေ့မိပြီး အေးစက်စက် လက်ဖက်ရည်သည် သူ၏ လည်ချောင်းထဲသို့ စီးဝင်ကာ သက်တောင့်သက်သာဖြစ်စေသော ခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။

ရဲ့လန်သည် လက်ဖက်ရည်ကို အနည်းငယ်ခန့် ယူသောက်ပြီးနောက် ခွက်ကို လုံးဝ သွန်ပစ်လိုက်ကာ ပြန်ချထားလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်သည် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အဓိကတာဝန်ကနေရမဲ့ ဆုလာဘ်ကို ... ငါ တကယ် မစောင့်နိုင်တော့ဘူး”

ယခင် စနစ်၏ တာဝန်အချို့ ပြီးမြောက်စေရာ၌ အနည်းငယ် အခက်အခဲများ ရှိခဲ့သော်လည်း အရာအားလုံးသည် အစီအစဥ်တကျပင် ပြန်ဖြစ်လာပြီဟု သူ ခံစားနေရသည်။

ထိုစဥ်ရုတ်တရက်...

“ဟင်”

ရဲ့လန်သည် အကောင်းဆုံး စိတ်အခြေအနေ၌ ရှိနေစဉ် သူ၏ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားရသည်။

သူသည် ထိုလက်ဖက်ရည်ကို သောက်ပြီးခါမှပင် သူ၏ လည်ချောင်းသည် ရုတ်တရက် ခြောက်သွေ့သွားသည်ဟု ခံစားလိုက်ရသည်။

သူ၏ ချီ လည်ပတ်မှုသည်လည်း ရုတ်တရက် လုံးဝ ရပ်တန့်သွားရသည်။

သူ၏ ခန္ဓာကိုယ်သည် သူ၏ ချီများတည်ရှိမှုကို ငြင်းပယ်ရန် စတင်နေပြီး ၎င်းကို သူသည် လုံးဝ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

လီယွန်းဖန်း သင်ကြားပေးသော ကျင့်စဥ်များကိုပင် သူ အသုံးမပြုနိုင်တော့ပေ။

၎င်းရေခဲကျင့်စဥ်၏ သက်ရောက်မှုမရှိပဲနှင့် အထူးသဖြင့် အေးစက်သော ရေကို ချိုးပြီးနောက် သူ၏ ပတ်ဝန်းကျင်သည် မည်မျှ အေးစက်နေသည်ကို သူ ပြန်လည် ခံစားနိုင်ခဲ့သည်။

သူသည် ပြတင်းပေါက်မှ အပြင်သို့ ထွက်ခွာရန် ထရပ်လိုက်သော်လည်း သူ၏ ခြေထောက်များသည် လှုပ်ရှားရန် ငြင်းဆန်နေကြောင်း သဘောပေါက်လိုက်သည်။

သူသည် ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း သူ၏စကားများကို နားထောင်ရန် ငြင်းဆန်နေခဲ့သည်။

“အဆိပ်”

ဘာဖြစ်သွားသည်ကို သဘောပေါက်သောအခါ သူ၏ အမူအရာများ မှောင်မိုက်သွားလေသည်။

၎င်းသည် သူ ယခင်က တစ်ကြိမ် အသုံးပြုခဲ့သော အဆိပ်ဖြစ်သောကြောင့် သူ ပို၍ ရှင်းလင်းစွာသတိထားမိလိုက်သည်။

သူသည် ထိုအဆိပ်ကို အာရန်နှင့် သန့်စင် အင်ပါယာ၏ သံတမန်အပေါ် အသုံးပြုခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးသည် အင်အားကြီးမားသူများဖြစ်သောကြောင့် လျင်မြန်စွာပင် ပြန်လည်ကောင်းမွန်လာနိုင်ခဲ့သည်။

သို့သော် သူ့အတွက်မူ ထိုသို့ မဟုတ်ပေ။

အဆိပ်သည် သူ၏ ခန္ဓာကိုယ်၌ ရှိနေသမျှ သူသည် မည်သည့် ပညာရပ်ကိုမျှ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ရဲ့လန်သည် သူ၏ ခန္ဓာကိုယ်ကိုပင် ကောင်းစွာ မလှုပ်ရှားနိုင်တော့ပေ။

သူသည် အလွန်အမင်း မူးနောက်နေသကဲ့သို့ ခံစားရပြီး ဘယ်ဘက်လက်ကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း ညာဘက်လက်၏ လက်ချောင်းထိပ်လေးများကိုသာ လှုပ်ရှားနိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် သူ၏ စိတ်နှင့်ဆက်သွယ်မှုများ ပျောက်ဆုံးသွားသကဲ့သို့ဖြစ်နေလေသည်။

သူသည် ချက်ချင်းပင် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး သူ၏ နှလုံးသား၌ ကြောက်ရွံ့မှု စတင် တိုးပွားလာသည်။

ထိုအဆိပ်ကို အသုံးပြုရန်အတွက် သူ၏ စိတ်ထဲ၌ လူတစ်ဦးတည်းသာ ပေါ်လာလေသည်။

“အ-အကြီးအကဲ ရန် မင်းက ဂိုဏ်းတပည့်တစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလား” ဟု ရဲ့လန်က မေးလိုက်သည်။

သူသည် သူ၏ ချီစွမ်းအင် ကို အသုံးမပြုနိုင်တော့သော်လည်း သူ့တွင် အသက်အန္တရာယ်ရှိသောအခါ ဆက်သွယ်ရန် သူ၏ ဆရာမှ ချီးမြှင့်ထားသော ရတနာပစ္စည်းတစ်ခု သူ၌ ရှိနေသေးသည်။

ထိုပစ္စည်းသည် သူ၏ အသိစိတ်နှင့် ချိတ်ဆက်ထားသောကြောင့် မည်သည့် လှုပ်ရှားမှုမှ မပါဘဲ အသုံးပြုနိုင်လေသည်။

သူ ဆန္ဒရှိနေသမျှကာလပတ်လုံး သူ၏ ဆရာကို ဆက်သွယ်နိုင်လေသည်။

သူ သတိလစ်သွားပါက ထိုပစ္စည်းသည် သူ့ဘာသာသူ အလိုလို အသက်ဝင်လာပြီး သူ၏ တည်နေရာကို သူ၏ ဆရာအား အသိပေးလိမ့်မည်ဖြစ်သည်။

“သူ တုံ့ပြန်မှာ မဟုတ်ဘူး”

ခန်းမ၌ ခြေသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုက်နက် အသံတစ်ခု လည်း ထွက်ပေါ်လာသည်။

“အဲဒီပစ္စည်း ဘယ်လောက်ကောင်းကောင်း သေလွန်ပြီးလို့ နောက်ဘဝရောက်နေတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်ပေးနိုင်မယ်လို့‌တော့ မထင်ဘူး “

“မင်း ဘာပြောချင်တာလဲ”

ရဲ့လန်သည် ခေါင်းကို မော့ကာ ထရပ်ရန် ကျိုးစားရင်း သူ၏ နှုတ်ခမ်းများ တုန်ယင်သွားခဲ့သည်။

သူသည် အတင်းအကျပ် ထရပ်ရန်ကျိုးစားလိုက်နိုင်သော်လည်း နောက်သို့ သာပြန်လဲကျသွားကာ သူ၏ ကျောသည် နံရံနှင့်ပင် ထပ်မံ ဆောင့်မိသွားခဲ့သည်။

သူသည် ထိုနေရာတွင် ကျောမှီလျက်သာ ထိုင်နေပြီး ဝင်လာသောသူကို စိုက်ကြည့်နေခဲ့လေသည်။

“မင်း ငါ ဘာကို ဆိုလိုတယ်ဆိုတာ သိလောက်တဲ့ထိတော့ အသိဉာဏ်ရှိလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ် ဟုတ်တယ် မလား”

အာရန်သည် ရဲ့လန်အနားသို့ ချဉ်းကပ်ကာ ဒူးထောက်၍ သူ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

“မဖြစ်နိုင်ဘူး မင်း သူ့ကိုများ ဘယ်လို သတ်နိုင်မှာလဲ ငါ သူ့ဆီကို အခုနလေးတင် သွားတွေ့လာခဲ့တာ”

ရဲလန်သည် ယုံကြည်ရန် ငြင်းဆန်ခဲ့သည်။ အကြီးအကဲတစ်ဦးကို ထိုမျှ လွယ်ကူစွာ မည်သို့ သတ်လို့ရနိုင်မည်နည်း။

အကြီးအကဲနှစ်ဦး တိုက်ခိုက်ပါက တောင်တစ်ခုလုံးနှင့် ဂိုဏ်းတစ်ခုလုံးပင် သတိထားမိနိုင်လောက်အောင် ဆူညံသံ ကြီးကြီးမားမား ထွက်ပေါ်လာသင့်လေသည်။

“သေတော့မယ့်သူတစ်ယောက်ကို ငါ လိမ်ပြောဖို့ အကြောင်းပြချက် လိုသေးလို့လား” အာရန်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ငါ... ငါ မင်း ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး ငါတို့မှာ ဘာရန်ငြိုးမှ မရှိဘူးလေ ငါ့ရဲ့ နောက်ဆုံး မင်းတပည့်ကို တိုက်ခိုက်မိခဲ့တဲ့ အမှားအတွက်လည်း မင်းပေးတဲ့ အပြစ်ဒဏ်ကို ငါခံယူခဲ့ပြီပြီမဟုတ်ဘူးလား ဒါ့ကြောင့် ကျေးဇူးပြုပြီး ချမ်းသာ‌ပေးပါ”

ရဲလန်သည် ထို အာရန်ပြောသော စကားအား ယုံကြည်နိုင်၏ မနိုင်၏ မသိနိုင်သော်လည်း ၎င်းအကြောင်းကို သူသည် လိမ်ပြောရန် မလိုအပ်သည်မှာ အမှန်ပင်ဖြစ်လေသည်။

သူ့ဆရာထံမှလည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

“ရယ်စရာကောင်းတယ် မင်း ငါ့ကို မသတ်ဖို့ ပြောနေပေမယ့် မင်းရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုကို ငါ မမြင်ရသေးဘူး” အာရန်သည် ပြုံး၍ပြန်ပြောလိုက်သည်။

“အဲဒီမင်းရဲ့ စနစ်နဲ့ မင်း သိမ်းထားခဲ့တဲ့ နောက်ဆုံး အသက်ကယ်တဲ့ နည်းလမ်းကြောင့်မလား”

“မင်း”

ပထမဆုံးအကြိမ်အဖြစ် ရဲလန်၏ မျက်နှာတစ်ခုလုံးသည် လုံးဝ ဖြူဖျော့သွားရသည်။

ဤသူသည် သူ၏ စနစ်အကြောင်းနှင့် သူ သိမ်းထားခဲ့သော အသက်ကယ် ရတနာအကြောင်းကိုပင် မည်သို့ သိရှိထားသနည်။

ရဲ့လန်သည် ဘာမှ ဆက်လက်တွေးတောရန် အချိန်မရတော့ပေ။ ယခုအချိန်တွင် သူ၏ အာရုံများအားလုံးသည် ထွက်ပြေးရန်သာ လှုံ့ဆော်နေကြလေသည်။

‘အဲ့ဒါကိုအခုပဲ သုံးလိုက်တော့’

သူသည် မဆိုင်းမတွပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ကာ သူ၏ စနစ်ကို အမိန့်ပေးလိုက်သည်။

‘ငါ့ကို ဒီကခေါ်ထုတ်သွား’

[စတင်နေပါသည်]

ရဲလန်၏ ရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာပြီး နောက်ဆုံး၌ သူ၏ မျက်နှာ၌ အပြုံးတစ်ခု ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

“မင်း သိထားရင်ရော ဘာဖြစ်လဲ မင်း ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား” ဟု သူသည် မာနထောင်လွှားသော လေသံဖြင့် အာရန်အား မေးလိုက်သည်။

“ဘုရားသခင်ဆိုရင်တောင် ဒီနေ့မှာ ငါ့ကို မသတ်နိုင်ဘူး မင်းရဲ့ ဦးခေါင်းကို ငါ ပြန်လာယူမဲ့အချိန်အထိ စောင့်နေ....”

[အမှားအယွင်း ဖြစ်ပေါ်နေပါသည်..... ကန့်သတ်ချက် တစ်ခုနှင့်ရင်ဆိုင်လိုက်ရပါသည်....]

[အသက်ဝင်ခြင်းကို အတင်းအကျပ်တစ်စုံတစ်ရာမှ ပိတ်ဆို့ခြင်းကို ခံလိုက်ရပါပြီ]

“ဟင် ဘာဖြစ်တာလဲ”

သူ၏ မာနထောင်လွှားသောလေသံများသည် သူ၏ ရှေ့တွင် အသိပေးချက်အသစ်များ ထပ်မံပေါ်လာသောအခါတွင်တော့ ရုတ်တရက် ပျောက်ကွယ်သွားရလေသည်။

All Chapters