← Chapters

ရှင်သန်ဖို့အတွက်ဆိုရင်

Vol. 16 Ch. 213

ရှင်သန်ဖို့အတွက်ဆိုရင်

Vol. 16 Ch. 213

[အမှားဖြစ်ပေါ်နေပါသည်..... ကန့်သတ်ချက် တစ်ခုနှင့်ရင်ဆိုင်လိုက်ရပါသည်....]

[အသက်ဝင်ခြင်းကို အတင်းအကျပ်တစ်စုံတစ်ရာမှ ပိတ်ဆို့ခြင်းကို ခံလိုက်ရပါပြီ]

ရဲ့လန်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ဝိုင်းစက်သွားလေသည်။

သူ၏ နောက်ဆုံး မျှော်လင့်ချက်သည် ယခု သူ၏ ရှေ့မှောက်၌ပင် ပြိုလဲသွားရပြီဖြစ်ကာ ကြောက်ရွံ့မှုကြောင့် သူ၏ နှလုံးသားသည် အလွန် တင်းကျပ်လာသည်ဟု ခံစားလိုက်ရသည်။

“ဘယ်လိုဖြစ်ပြီး...”

သူ၏ အသံများ တုန်ယင်နေကာ သူ၏ နဖူး၌လည်း ချွေးများ စို့နင့်လာလေသည်။

“မင်း ဘယ်လိုလုပ်လိုက်တာလဲ...”

ရဲ့လန်သည် သူ၏ ယုံကြည်မှုများအားလုံး ပျောက်ကွယ်သွားပြီး သူ၏ စိတ်ကိုပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်သွားရသည်။

ယခင်က သူ့ကိုယ်သူ ယုံကြည်မှုအလွန်ရှိနေခဲ့ခြင်းမှာလည်း သူသည် သတ်၍ မရကြောင်း သူ့ကိုယ်သူ သိရှိနေခဲ့သောကြောင့် ဖြစ်လေသည်။

ထိုစဥ်က သူ့တွင် အသက်အပိုတစ်ချောင်း ရှိခြင်းနှင့် မခြားပေ။

ဤအခိုက်အတန့်တွင် ထိုအသက်အပိုရှိခြင်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီဖြစ်လေသည်။

သူသည် သေဘေးနှင့် ကြုံရမည်ဆိုလျှင်ပင် ယခင်ကကဲ့သို့ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

“ငါဟာ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ”

အာရန်သည် ပြန်လည် အဖြေမပေးဘဲ သူ့ကို ပြန်လည်၍ ပြုံးပြနေသောအခါ သူ သည် အော်ဟစ်လိုက်လေသည်။

သူ၏ မျက်နှာသည် ဒေါသနှင့် ထိတ်လန့်မှုတို့ကြောင့် သွေးပျက်လျက်ရှိနေသည်။

“မင်း ငါ့ကို မသတ်နိုင်ဘူး ငါဟာ ကြီးမြတ်ခြင်းတွေအတွက် ကောင်းကင်က ရွေးချယ်တာခံထားရတဲ့သူပဲ ငါ ဒီမှာ သေသွားလို့ မဖြစ်ဘူး”

“စိတ်မပူပါနဲ့ ဇာတ်လိုက်တွေရဲ့ ဇာတ်ညွှန်းအကာအကွယ် အကြောင်းတွေကို ငါ အတော်အတန် သိထားပြီးပါပြီ...”

အာရန်သည် နောက်ဆုံး၌ အပြုံးတစ်ခုဖြင့် ပြန်လည်တုံ့ပြန် ပြောလိုက်သည်။

တစ်ချိန်က သူ့ကို သတ်ရန် ကြိုးစားခဲ့သော ထိုမာနထောင်လွှားနေခဲ့သည့် ဇာတ်လိုက်ကျော်၏ မျက်လုံးများ၌ ကြောက်ရွံ့မှုကို မြင်ရသည်မှာ အလွန်ပျော်စရာကောင်းလေသည်။

“မင်း ငါ့ကို အဆိပ်ခတ်ခဲ့တာတောင် ဘာလို့ မင်းကို ဒီလောက်ကြာကြာ အထိ အသက်ရှင်ခွင့်ပေးထားခဲ့တယ်လို့ ထင်လဲ” ဟု အာရန်က မေးလိုက်သည်။

“မင်းလို ငါက ဇာတ်လိုက်တစ်ယောက် မဟုတ်ခဲ့ဘူး ဒါကြောင့် အရာရာ ကြိုတင် ပြင်ဆင်ထားဖို့ အချိန်အနည်းငယ် ကြာသွားခဲ့တယ်”

ဝိုင်ကို အဆိပ်ခတ်ခဲ့သူမှာ သူဖြစ်ကြောင်း အာရန် သိသည်ကို ရဲလန်သည် သဘောပေါက်ပြီးဖြစ်သည်။

သို့သော် သူ၏ ပါးစပ်မှ ကြားရခြင်းက ၎င်းကို အတည်ပြုပေးလိုက်သည်။

“မင်းကို ငါက သတ်ချင်လို့ မဟုတ်ပါဘူး စနစ်က အတင်းအကျပ် စေခိုင်းလို့ပါ ဒါက စနစ်ကပေးတဲ့ တာဝန်တစ်ခုသက်သက်ပါပဲ”

ဟု ရဲ့လန်သည် အသက်ရှင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို ဖြစ်ညှစ်စဥ့်စားရင်း ပြန်ပြောလိုက်သည်။

“ငါ...အရာရာပြောင်းလဲပေးပါ့မယ် မင်းသာ ငါ့ကို အသက်ရှင်ခွင့်ပေးခဲ့မယ်ဆိုရင် အဲဒီစနစ်တာဝန်ကိုလည်း စွန့်လွှတ်ပ့ါမယ် မင်းကိုလည်းပိုပြီး သန်မာလာအောင် အကူအညီပေးပါ့မယ် ငါတို့ နှစ်ယောက်သာပေါင်းလိုက်ရင် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဖြစ်တည်မှုတွေ ဖြစ်လာလိ့မ်မယ်”

“စနစ်က အတင်းအကျပ် ခိုင်းစေလို့ ဟုတ်လား”

အာရန်သည် ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဘယ်လို တိုက်ဆိုင်မှုမျိုလဲ ငါလည်းမင်းလိုပဲ”

အာရန်သည် သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရဲ့လန်မှ သူ၏ စကားများကို နားလည်နိုင်ခြင်း မရှိမှီမှာပင် သူသည် ရုတ်တရက် ရဲ့လန်၏ ပေါင်ပေါ်ကို ဓားမြှောင်ဖြင့် စိုက်ချလိုက်လေသည်။

ဓားမြှောင်သည် ရဲလန်၏ ပေါင်အတွင်း၌ စိုက်ဝင်သွားသောအခါ သူသည် ပြင်းထန်သော နာကျင်မှုဝေတနာတစ်ခုကို ခံစားလိုက်ရသည်။

သူသည် နာကျင်စွာ အော်ဟစ်ပြီး မျက်ရည်များသည် မရည်ရွယ်ဘဲ သူ၏ မျက်လုံးများဆီမှ ထွက်ကျလာခဲ့သည်။

သူ၏ အော်ဟစ်သံသည် ကျယ်လောင်လွန်းနေခဲ့သော်လည်း ရေခဲတောင်၏ ထိုသို့ လူသူကင်းမဲ့သော နေရာတစ်ခု၌ အာရန်တစ်ယောက်မှလွဲ၍ သူ၏ နာကျင်စွာ အော်ဟစ်သံကို ကြားနိုင်မည့်သူ မရှိနေခဲ့ပေ။

“မင်းကို ငါ သတ်မယ်”

ရဲလန်သည် နာကျင်လွန်း၍ ရူးသွပ်သွားပုံရသည်။

အာရန်သည် သူ့ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ထားပုံမပေါ်သည်မှာ ရှင်းလင်းသွားလေသည်။

“အား”

သူ၏ ညာဘက်ခြေထောက်မှ ဓားမြှောင်ကို ဆွဲထုတ်ကာ ဘယ်ဘက်ခြေထောက်၌ ထပ်မံထိုးစိုက်လိုက်သောအခါ သူသည် ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။

သူ၏ အားအင်ကို အသုံးမပြုနိုင်သည့်တိုင် နာကျင်မှုကို အလုံးစုံ ခံစားနိုင်သေးသည်။

မည်သို့ပင်ဆိုစေ နာကျင်မှုသည် ပို၍ပင် ပြင်းထန်လာသကဲ့သို့ ခံစားလိုက်ရသည်။

ရဲ့လန်၏ ခန္ဓာကိုယ်သည် နာကျင်မှုဖြင့် တုန်ယင်နေခဲ့သည်။

သူသည် လှုပ်ရှားနိုင်ရန် ကျန်ရှိနေသော အားအင်များကို စုစည်းရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေလက်များသည် ကျောက်တုံးများကဲ့သို့ ခံစားမှုကင်းမဲ့သွားပြီး သူ၏ အသိစိတ်သည်လည်း အဆိပ်သင့်ခံနေရမှုကြောင့် အမြင်အာရုံများ ဝေဝါးလာခဲ့သည်။

သူသည် လုံးဝ အင်အားမဲ့သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် စနစ်မျက်နှာပြင် သို့မဟုတ် သူ၏ စနစ်သိုလှောင်ခန်းကိုပင် ဖွင့်၍ မရတော့ပေ။

“မင်း... မင်း ဒီလို လုပ်လို့ မရဘူး” ဟု ရဲ့လန်သည် တုန်တုန်ယင်ယင်ဖြင့် ပြောဆိုလိုက်ပြီး မည်သည့် မျှော်လင့်ချက်ကိုမဆို အသည်းအသန် ဆုပ်ကိုင်ရန်ကျိုးစားနေသည်။

“မင်း ငါ့ကို မသတ်နိုင်ဘူး”

“ဘုရားသခင်တောင် ငါ့ကို မသတ်နိုင်ဘူး မင်းရဲ့ ဦးခေါင်းကို ပြန်လာယူတဲ့နေ့အထိ စောင့်နေလေ...”

အာရန်သည် ရဲလန်မှ ထွက်ပြေးနိုင်မည်ထင်ခဲ့စဥ်က ပြောခဲ့သော စကားများကို ပြန်ပြောပြီး ဇာတ်လိုက်ကို လှောင်ပြောင်နေခဲ့သည်။

“မင်းကိုပြောမယ် တကယ်က ဘယ်ဘုရားသခင်ကိုမှ ငါ မသိဘူး ဒါပေမဲ့ အပိုင်း ငါးဆယ်ထက် ပိုပြီး အသက်မရှင်နိုင်ခဲ့တဲ့ ဒီက ဗီလိန်ဖြစ်တဲ့ ငါ ကတော့ ဒီနေ့ မင်းလိုဇာတ်လိုက်ကို သတ်မယ့်သူပဲ”

သူသည် ဇာတ်လိုက်ကို အသက်ရှင်ခွင့်ပေးရန် အရူးမဟုတ်ပေ။ ဇာတ်လိုက်ကို ညှဉ်းပန်းနှိပ်စက်ခြင်းသည် လုံလောက်ပြီဖြစ်သည်။

ဇာတ်လိုက်၏ ဇာတ်ညွှန်းကာကွယ်မှုများ

ပြန်လည်အစီအစဥ်ချနိုင်ရန် အချိန်ပိုမပေးလိုတော့သောကြောင့် ဤအရာကို အဆုံးသတ်သင့်ပြီဖြစ်လေသည်။

ဤနေရာရှိ အာကသ ဥပ‌ဒေသအားလုံးသည် ချိတ်ပိတ်ခံထားရပြီး ဖြစ်လေသည်။

လက်စွပ်ထဲမှ အဘိုးအို သို့မဟုတ် မည်သည့် ထူးခြားသော ဆရာမျှ ဤနေရာသို့ ဝင်ရောက်လာနိုင်တော့မည် မဟုတ်ပေ။

သို့တိုင် အာရန်သည် အချိန်ကို ထပ်မံဆွဲဆန့်လိုသော ဆန္ဒမရှိတော့ပေ။

ရဲ့လန်သည် အာရန်၏ ညာဘက်လက်မှာ နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားသည်ကို စိက်ကြည့်နေခဲ့သည်။

“ငါ့ကို မသတ်ပါနဲ့...”

ရဲ့လန်သည် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာနေပြီး အာရန်ကို နောက်ဆုံးအကြိမ်အဖြစ် တောင်းပန်ကာ သနားခံရန် ကြိုးစားလိုက်သည်။

သူသည် အပြင်တွင် သနားစရာကောင်းသော မျက်နှာအမူအရာကို ပြသနေသော်လည်း အတွင်း၌မူ သူသည် အမုန်းတရားဖြင့် ပြည့်နှက်နေလေသည်။

ယနေ့ သူသာ အသက်ရှင်နိုင်ခဲ့ပါက အာရန်၏ ဘဝကို ငရဲအဖြစ် ကူးပြောင်းစေရမည်ဟု သူ၏ အသက်နှင့်ပင် တိုင်တည်၍ ကတိသစ္စာ ပြုပြီးဖြစ်သည်။

သို့သော် ရဲ့လန်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အာရန်၏ လက်သည်းများသည် သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ သူ၏ နှလုံးသားကို ဆုပ်ကိုင်လိုက်လေသည်။

“မ... မလုပ်ပါနဲ့...”

ထို့နောက် ရဲ့လန်သည် စတင် သတိလစ်မေ့မြောလာသောကြောင့် သူ၏ အသံသည် တဖြည်းဖြည်းတိုးလာခဲ့လေသည်။

ရဲ့လန်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သူ၏ နှလုံးသားကို ဆုပ်ကိုင်၍ ဆွဲထုတ်လိုက်သော အာရန်၏ လက်သည်းကို သာကြည့်နေခဲ့ရလေသည်။

................

မိစ္ဆာဂိုဏ်း၏ အထက်ကောင်းကင်ယံ၌ မှောင်မိုက်သော တိမ်စိုင်များ ပေါ်ပေါက်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခွင်၌ လျှပ်စီးကြောင်းများဖြစ်ပေါ်လာသည်ကို လူအများက သတိပြုမိလိုက်ကြကာ ထိုအချိန်မှာပင် ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

မိုးသည် စတင်၍ သည်းထန်စွာ ရွာသွန်းနေပြီဖြစ်သည်။

“ဘယ်လောက် လှပလိုက်တဲ့မြင်ကွင်းလဲ မင်းက တကယ်ပဲ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခံရတဲ့ ကောင်းကင်သားတော်နဲ့ တူတယ် ကောင်းကင်ကြီးကတောင် မင်းအတွက် ငိုကြွေးနေပုံပဲ”

အာရန်သည် ရဲလန်၏ နှလုံးသားကို လက်၌ ကိုင်ထားရင်း ပြတင်းပေါက်ဆီမှ တစ်ဆင့် အပြင်ကို ငေးကြည့်နေလေသည်။

ရဲ့လန်၏ မျက်လုံးများမှ အသက်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

သူ၏ မတည်ငြိမ်သော အသက်ရှူသံများသည် ရုတ်တရက် ရပ်တန့်သွားသောကြောင့် အခန်းသည် တစ်ဖန်ပြန် တိတ်ဆိတ်သွားခဲ့သည်။

ရဲ့လန်ဆိုသူသည် တစ်ချိန်၌ ဤနေရာရှိ သက်ရှိများအကြားတွင် အကြီးမြတ်ဆုံးသူတစ်ဦး ဖြစ်လာမည့်သူဖြစ်လေသည်။

သူ၌ စနစ်၏ အကူအညီပင် ရှိနေသော်လည်း ခုခံနိုင်စွမ်းတစ်စက်ကလေးမှ မရှိဘဲ အလွယ်တကူပင် အသတ်ခံခဲ့ရသည်။

သေဆုံးသောအခါ သူ၏ မျက်လုံးများကို အချိန်မှီမှိတ်လိုက်နိုင်သည့်တိုင် သူ၏ နှုတ်ခမ်း၌ မိမိကိုယ်ကို လှောင်ပြောင်သော အပြုံးတစ်ခုမှာ ကျန်ရစ်ခဲ့သည်။

သူသည် အကြီးအကဲရန်ပြောသကဲ့သို့ ဤကမ္ဘာ၏ အဓိက ဇာတ်ကောင် အမှန်ပင်ဟုတ်ပါ၏လော။

သို့မဟုတ် သူသည် အမှန်တကယ် ဇာတ်လိုက်အတွက် ခြေနင်းကျောက်တုံး တစ်ခုသာ ဖြစ်နေခဲ့ခြင်းလား.......

ရဲ့လန်သည် မသေဆုံးမှီ နောက်ဆုံးအချိန်၌ ထိုအရာကို တွေးတောနေခဲ့လေသည်။

ရဲ့လန် အမှန်တကယ် သေဆုံးသွားကြောင်း သေချာစေရန် အာရန်သည် တစ်ဖန် ထပ်မံ၍ စစ်ဆေးခဲ့သေးသည်။

ဇာတ်လိုက်များသည် လွယ်လွယ်ကူကူ သေလေ့မရှိသောကြောင့် ထိုအရာကို သူမပေ့ါဆဝံ့ပေ။

သူ သေဆုံးသွားကြောင်း မကြာမီမှာပင် အတည်ပြုလိုက်နိုင်ခဲ့သော်လည်း အာရန်သည် မည်သည့် အန္တရာယ်ကိုမျှ ထပ်မံမဖိတ်ခေါ်လိုသေးပေ။

ထို့ကြောင့်အာရန်သည် ရဲ့လန်၏ ခန္ဓာကိုယ်ကို သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ ထည့်ထားလိုက်ပြီး ၎င်းကို ဘယ်တော့မှ ထွက်ခွာခွင့်မပြုရန် စီစဉ်လိုက်သည်။

သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ အချိန်သည် လုံးဝ ရပ်တန့်နေလေသည်။

ဇာတ်လိုက်သည် သေဆုံးပြီးနောက် မတော်တဆ ဇာတ်ညွှန်းအကာအကွယ်တစ်ခုခုထပ်မံ ရရှိလာခဲ့လျှင်ပင် သူ၏ ခန္ဓာကိုယ်သည် အချိန်ရပ်တန့်နေသောနေရာတစ်ခုတွင် ရောက်နေသောကြောင့် ဇာတ်ညွှန်းအကာအကွယ်လဲ အလုပ်ဖြစ်နိုင်မည်မဟုတ်တော့ပေ။

ရဲ့လန်၏ ခန္ဓာကိုယ်ကို ဂရုစိုက်လိုက်ပြီးနောက် သူသည် ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး ကောင်းကင်၌ ဝင်းလက်နေသောလျှပ်စီးကြောင်းများကို စိုက်ကြည့်နေလိုက်သည်။

“ဘာလို့ ဒီကမ္ဘာထဲ ငါ့ကို ခေါ်ဆောင်လာရတာလဲဆုတာ ငါ ဂရုမစိုက်တော့ဘူး ဒါပေမဲ့ အသက်ရှင်သန်နိုင်ဖို့ဆိုရင် မင်း နှစ်သက်တဲ့သူတွေကို သတ်တာအပါအဝင် ဘာမဆို ငါ လုပ်ရလိမ့်မယ်...”

All Chapters