← Chapters

အမည်မသိသွေးမျိုးဆက်နိုးထလာခြင်း

Vol. 16 Ch. 214

အမည်မသိသွေးမျိုးဆက်နိုးထလာခြင်း

Vol. 16 Ch. 214

အာရန်၏ မျက်လုံးများတွင် အပြင်ဘက်၌ ပြင်းထန်စွာ တိုက်ခတ်နေသော မုန်တိုင်း၏ ပုံရိပ်များ ထင်ဟပ်နေပြီး အခန်းတွင်းရှိ တိတ်ဆိတ်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

သူသည် ဇာတ်လိုက်၏ နှလုံးသားကို တစ်ကိုက်မျှ ကိုက်လိုက်ပြီးနောက် ဘာရနိုင်မည်ကို တွေးတောနေမိသည်။

ဇာတ်လိုက်၌ အထူးပြုခန္ဓာကိုယ် တစ်ခုခု ရှိမည်ဟု သူ မထင်ပေ။

သူ့ကို အထူးခြားဆုံး ဖြစ်စေသောအရာမှာ သူ ရရှိထားသော ထိုစနစ်ပင် ဖြစ်သည်။

ဝါးမြိုခြင်းအစွမ်းဖြင့် ဇာတ်လိုက်၏ စနစ်ကိုကော ခိုးယူနိုင်မည်လား။ သူ မသေချာပေ။

ထိုအရာသည်ဖြစ်နိုင်ခြေသည် အလွန်နည်းပါးသောကြောင့် မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။

အာရန်သည် ရဲ့လန်၏ တားမြစ်ထားသောသစ်သီးလေး (နှလုံးသား) ကို အကုန်စားသုံးပြီးသောအခါ သူ၏ ဝါးမြိုသူသွေးမျိုးဆက်အစွမ်းသည် သူ့ဘာသာသူ စတင်၍ လည်ပတ်အလုပ်လုပ်တော့သည်။

အချိန်အတော်ကြာအောင်ပင်စောင့်နေခဲ့သော်လည်း အာရန်သည် သူ၌ မည်သည့် ပြောင်းလဲမှုကိုမျှ မခံစားရပေ။

“ငါ မျှော်လင့်ထားတဲ့အတိုင်း များများစားစား ပြောင်းလဲမှု မရှိခဲ့ဘူးပဲ ဝါးမြိုသူအစွမ်းက စနစ်တွေကိုတော့ မခိုးယူနိုင်ဘူး”

ထိုအချက်ကို သိလိုက်ရသောအခါ အာရန်သည် အနည်းငယ် စိတ်ပျက်သွားမိသည်။

သို့တိုင် ရန်သူတစ်ဦးကို ချေမှုန်းနိုင်ခဲ့သောကြောင့် ၎င်းသည်ပင် သူ့အတွက် အကျိုးအမြတ်တစ်ခုပင် ဖြစ်သည်မဟုတ်ပါလား။

[သင်သည် သတ်မှတ်ျထားသော ရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါပြီ]

[ကျင့်စဉ် အဆင့်ကို အပေါင်း +၃ ဆင့် တိုးမြှင့်ပေးလိုက်ပါသည်]

[အမည်: အာရန် (ရန် နက်ခရိုလိုင်း)]

[အဆင့်: ၂၈]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[သွေးမျိုးဆက်: အမည်မသိ (၂၅%) ၊ ဝါးမြိုသူ ၊ တော်ဝင်ပင်လယ်နဂါး၊ ပင်လယ်မြွေ]

[စောင့်လျှောက်သူ: ပထမ ဝိညာဉ်ဘုရင်မ ယီလန်]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ : တည်ငြိမ်]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၁၉၉]

[သွက်လက်မှု: ၂၁၀]

[ခံနိုင်ရည်: ၂၃၈]

[ဉာဏ်ရည်: ၇၁]

[မာနာ: ၉၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်: SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု: မသိ]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကြမ္မာခန္ဓာ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အဆိပ်လည်ဆွဲ၊ ပြုပြင်ထားသော လက်နက်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ)] တားမြစ်ထားသော ကျိန်စာသင့်ခွက်၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အရောင်အဝါ၊ အရောင်အဝါ [ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ]

အာရန်သည် သူ၏ စွမ်းရည်အဆင့်များ တိုးတက်ပြောင်းလဲလာခြင်းမှလွဲ၍ များစွာ မမျှော်လင့်ခဲ့သော်လည်း သူ၏ အချက်အလက်ပြ မျက်နှာပြင်၌ ပေါ်လာသောအရာများသည် သူ့ကို အံ့အားသင့်၍ ပျော်ရွှင်သွားစေရန် လုံလောက်လေသည်။

ပထမဦးစွာ သူ၏ စွမ်းရည်များ၊ ကျင့်စဥ်အဆင့်များသည် သူ မျှော်လင့်ထားသည့်အတိုင်း တိုးလာခဲ့သည်။

အဆင့်သုံးဆင့်ဖြင့် များစွာ ပြောင်းလဲမှု မရှိသော်လည်း တတိယမြောက် ကြီးမားသော အတားအဆီးနံရံကို ကျော်ဖြတ်နိုင်ရန် နောက်ထပ် အဆင့်သုံးဆင့်သာ လိုအပ်တော့လေသည်။

ထိုအချက်တစ်ခုတည်းပင် သူ့ကို ကျေနပ်စေရန် လုံလောက်သော်လည်း သူ ပို၍ပင် ပျော်ရွှင်စေသော နောက်ထပ် ပြောင်းလဲမှု အနည်းငယ်ကို ထပ်မံ သတိပြုမိလိုက်သည်။

ရဲ့လန်၏ နှလုံးသားကို စားသုံးခြင်းဖြင့် ဘာမှ ရရှိမည်မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း ရုပ်ခန္ဓာအပိုင်း၌ တစ်စုံတစ်ခု ပေါ်လာခဲ့လေသည်။

သူသည် ကြမ္မာခန္ဓာဟုခေါ်သော ဒုတိယမြောက် ရုပ်ခန္ဓာကို ရရှိခဲ့သည်။

အာရန်သည် ထို အမည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဘူးခြင်းဖြစ်လေသည်။

မူလစာအုပ်ထဲ၌ပင် ရဲ့လန်၌ အထူးပြုခန္ဓာကိုယ်တစ်ခု ရှိကြောင်း ဖော်ပြထားခြင်း မရှိပေ။

အနာဂတ်သည် ပြောင်းလဲသွားသောကြောင့် ရဲ့လန်မှ ထပ်မံရရှိခဲ့သော အရာလား သို့မဟုတ် သူ မွေးဖွားချိန်ကတည်းက ပါလာခဲ့သော အရာလား ဝတ္ထု၏ အစောပိုင်းကာလများ၌ ဖော်ပြထားခြင်း မရှိရုံသက်သက်ပဲလား။

မည်သည့်အရာက မှန်သည်ကို သူ မသေချာနေသော်လည်း ၎င်းသည် သူ့အတွက်သတင်းကောင်းပင် ဖြစ်သည်။

ထိုအရာကို စားသုံးခြင်းသည် အမှန်တကယ် အလဟသ မဖြစ်ခဲ့ပေ။

ထို့ပြင် သူ လက်မခံလိုသော်လည်း ရဲ့လန် နှလုံးသား၏ အရသာသည် တော်ဝင်ပင်လယ်နဂါး၏ နှလုံးသားကဲ့သို့ ကောင်းမွန်သည် သို့မဟုတ် ပို၍ပင် ကောင်းမွန်သည်ဟု ပြော၍ရလေသည်။

ထိုအရသာသည် သူ၏ ဝါးမြိုသူ သွေးမျိုးဆက်အစွမ်းကြောင့်ဖြစ်သည်ဟု သူ သတိထားမိလိုက်သည်။

ထိုသို့ မဟုတ်ပါက ထိုကဲ့သို့သော အရာကို သူသည် နှစ်သက်ရန် မဖြစ်နိုင်ခဲ့ပေ။

ကြမ္မာခန္ဓာသည် မည်သည့်အစွမ်းများရှိသည်ကို သူ မသိနိုင်ပေ။

၎င်းအကြောင်း ဖော်ပြထားခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။

လအရိပ်ရေခဲခန္ဓာနှင့်ပတ်သက်၍မူ ၎င်းသည် မည်သို့သက်ရောက်မှု ရှိသည်ကို အနည်းဆုံး သူ သိထားလေသည်။

၎င်းသည် လူတစ်ဦး၏ ကံကောင်းခြင်းကို တိုးမြှင့်ပေးသော အရာတစ်ခုလည်း ဖြစ်နိုင်သည်ဟုသာ သူ အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

ဤရုပ်ခန္ဓာကြောင့်များ ထိုဇာတ်လိုက်သည် ဝှက်ထားသော ရတနာများနှင့် လမ်းကြောင်းများအားလုံးကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းလော။

သူ့ကို အံ့အားသင့်စေသော နောက်ထပ် ပြောင်းလဲမှုတစ်ခုလည်း ရှိနေသေးသည်။

သွေးမျိုးဆက်အပိုင်း၌ သူ မှတ်မိသလောက် ကာလတစ်လျှောက်လုံး သူ့တွင် အမည်မသိရသော သွေးမျိုးဆက်တစ်ခု ရှိနေခဲ့သည်။

ဖော်ပြချက် အစပိုင်း၌ အမည်မရှိသလို ဖော်ပြချက်လည်း မရှိသည့် သွေးမျိုးဆက်တစ်ခုရှိနေလေသည်။

ထိုသွေးမျိုးဆက်နှင့်ပတ်သက်၍ သူသည် ယခင်က မေ့မေ့လျော့လျော့ပင်ဖြစ်နေခဲ့လေသည်။

၎င်းသည် သူ၏ စနစ် အချက်အလက်ပြ မျက်နှာပြင်၌ မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိသော အမြဲတမ်းတည်ရှိနေသည့် အမှားယွင်းတစ်ခု ဖြစ်သည်ဟုပင် သူ တွေးခဲ့မိသည်။

အချိန်အတော်ကြာပြီးနောက် သူသည် နောက်ဆုံး၌ ထိုမသိရသေးသော သွေးမျိုးဆက်နေရာ၌ ပြောင်းလဲမှုတစ်ခုကို မြင်လိုက်ရသည်။

ထိုသွေးမျိုးဆက်၏ အမည်ကိုမသိရသေးသော်လည်း ရာခိုင်နှုန်းတစ်ခုမှာ ၎င်း၏ ရှေ့၌ ပေါ်လာခဲ့သည်။

စနစ် မျက်နှာပြင်၌ အမည်မသိရသော ထိုသွေးမျိုးဆက်၏ရှေ့တွင် ယခု နှစ်ဆယ့်ငါးရာခိုင်နှုန်းဟု ဖော်ပြထားလေသည်။

ဤနှစ်ဆယ့်ငါးရာခိုင်နှုန်းသည် ဘာကို ဆိုလိုသနည်း သူ မသိနိုင်ပေ။

၎င်းသည် နိုးထနှုန်းလား..... သို့မဟုတ် ပို၍ထူးခြားသော အခြား တစ်ခုခုများလား........။

သူ အတည်ပြုနိုင်သော တစ်ခုတည်းသောအရာမှာ ၎င်းသည် ဇာတ်လိုက်တစ်ယောက်ကို သတ်ပြီးနောက်မှ ပေါ်လာခြင်း ဖြစ်လေသည်။

ဤကမ္ဘာ၌ ဇာတ်လိုက် လေးဦးရှိကြောင်း သူသိထားလေသည်။

တစ်ဦးစီသည် မတူညီသော တိုက်ကြီးများ၌ ရှိနေကြပြီး ရဲ့လန်သည် အရှေ့တိုက်၏ ဇာတ်လိုက်တစ်ဦးဖြစ်လေသည်။

“ဇာတ်လိုက်တစ်ဦးက ငါ့ကို နှစ်ဆယ့်ငါးရာခိုင်နှုန်း ပေးနိုင်ရင် လေးဦးဆို ဘယ်လိုနေမလဲ ဒါက ငါ့ကို တစ်ရာရာခိုင်နှုန်း ပြီးမြောက်မှုဆီ ရောက်သွားစေနိုင်မလား” ဟု တွေးလိုက်မိသည်။

အာရန်သည် သူ၏ အတွေးများ မှန်ကန်ခြင်း ရှိမရှိ မသေချာနေသေးသော်လည်း ယခုအချိန်၌ ၎င်းသည် အဓိပ္ပာယ်ရှိသော တစ်ခုတည်းသောအရာဖြစ်လေသည်။

‘သွေးမျိုးဆက်တစ်ခု အပြည့်အဝ နိုးထလာဖို့ ဇာတ်လိုက် လေးဦး သေဆုံးဖို့ လိုအပ်တယ်ဆိုတဲ့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဒါက ဘယ်လို သွေးမျိုးဆက်မျိုး ဖြစ်နိုင်မလဲ’

သူ၏ အချက်အလက်ပြ မျက်နှာပြင်၌ နောက်ထပ် ပြောင်းလဲမှုတစ်ခု လည်း ရှိသေးသည်။

ယခင်က နတ်ဘုရားမ၏ ကာကွယ်မှုအပိုင်း၌ မရှိဟု သာဖော်ပြထားရာမှယခုတွင်မူ ‘မသိ’ ဟူသောစကားလုံးဖြင့် အစားထိုးလိုက်ပြီဖြစ်သည်။

မိုးရေစက်များသည် အေးခဲနေသော တောင်ပေါ်သို့ ကျဆင်းနေသည်ကို ကြည့်ရင်း သူ၏ စိတ်၌ မေးခွန်းများစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

ထိုမိုးရေစက်ကလေးများ မြေပြင်သို့ မကျဆင်းနိုင်မှီမှာပင် နှင်းမှုန်လေးများ အဖြစ်သို့ ပြောင်းလဲသွားကာ တောင်ပေါ်၌ နောက်ထပ်နှင်းခဲများ ထပ်မံ၍ ထူထပ်လာစေခဲ့သည်။

တစ်ဖက်တွင်မူ အာရန်ပိုင်ဆိုင်သော တောင်တစ်

တောင် ရှိနေပြီး ၎င်းတွင်မူ မည်သည့် ဆီးနှင်းများမှရှိမနေပေ။

မိုးသည် မိစ္ဆာဂိုဏ်းတစ်ခုလုံးအပေါ်ကို သည်းထန်စွာ ရွာသွန်းချလျက်ရှိပြီး အာရန်၏ တောင်ထိပ်ရှိ သူ၏ အိမ်ငယ်လေးသည် ချောက်ကမ်းပါးအစွန်း၌ လျော့ရဲစွာ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သောကြောင့် အိမ်၏ အောက်ခြေသည် ပြိုပျက်သွားလေသည်။

ထိုသို့ အောက်ခြေပိုင်း ပြိုပျက်သွားမှုကြောင့် သူ၏ တဲအိမ်ငယ်လေးကဲ့သို့ ဆောက်လုပ်ထားသော နေအိမ်ငယ်လေးသည် ချောက်ကမ်းပါးဆီမှ အောက်သို့ပြုတ်ကျသွားခဲ့တော့သည်။

ဒုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားကာ အပိုင်းပိုင်း အစစ ကွဲထွက်သွားလေသည်။

သူ၏ နေအိမ်ပျက်စီးသွားခြင်းကို မသိသေးသော အာရန်သည် ဤသည်းထန်စွာ ရွာသွန်းနေမှုများကြားမှာပင် ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်နေခဲ့လေသည်။

သူသည် စာကြည့်တိုက်သို့ ပြန်သွားရဦးမည်ဖြစ်သည်။

ထိုနေရာသည် ဤအဖြစ်အပျက်မှာ သူနှင့် ဘာမှ မသက်ဆိုင်ကြောင်း သက်သေပြနိုင်မည့် တစ်ခုတည်းသောနေရာလည်း ဖြစ်လေသည်။

သူသည် ထွက်ခွာခြင်းမပြုမီ ဝေ့ဝိုက်ကြည့်လိုက်သောအခါ ဤနေရာကို စည်းတံဆိပ်ခတ်ထားသော ကျိန်စာသင့် ခွက်သည်် အပိုင်းအစများ အဖြစ်ကွဲထွက်သွားသည်ကို သတိပြုမိလိုက်သည်။

၎င်းသည် တစ်ကြိမ်သာ အသုံးပြုရန်ကျန်ရှိတော့သော ပစ္စည်းဖြစ်ပြီး ယခု ကျန်ရှိသည့် အသုံးပြုခွင့်တစ်ကြိမ်ကိုလည်း အသုံးပြုပြီးသွားပြီ ဖြစ်သောကြောင့် ခွက်သည် ကွဲထွက်သွားခဲ့ခြင်း ဖြစ်လေသည်။

ဤနေရာတစ်ခုလုံးသည် ကန့်သတ်မှုမှ လွတ်မြောက်သွားပြီဖြစ်သော်လည်း ထိုနေရာ၏ ပိုင်ရှင်မှာမူ မရှိတော့ပေ။

အာရန်သည် မည်သည့်သက်သေမျှမကျန်ရစ်အောင် ခွက်၏ အပိုင်းအစများကိုပါ သူနှင့်အတူ သိမ်းဆည်းထားလိုက်ပြီး နေရာတစ်ခုလုံးကို သန့်ရှင်းရန် နဂါးလျှာမှော်အစွမ်းကိုထပ်မံ အသုံးပြုလိုက်သည်။

သက်သေအချက်အလက်များကို သေခြာစွာဖျက်ဆီးပြီးသွားသောအခါ သူသည် ထိုနေရာမှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော အေးစက်မှုများမှာလည်း မည်သည့်ခုခံမှုမျှ မပြုလုပ်ထားလျင်ပင် သူ့အားသက်‌ရောက်မှုမရှိနိုင်တော့ပေ။

All Chapters