အလိုအလျှောက်ကာကွယ်မှု
Vol. 16 Ch. 215
....
ဝိညာဉ်လောက၏ တော်ဝင်နန်းတော်၌ ဂိတ်ဝင်ပေါက်တစ်ခု ပွင့်လာသည်။
အာရန်သည် ထိုဂိတ်ဝင်ပေါက်မှ ထွက်လာပြီး အသက်ရှူသံပုံမှန် ပြန်ဖြစ်ရန်ကျိုးစားလိုက်သည်။
ဤတစ်ကြိမ်၌ သူသည် ဝင်ပေါက်နှစ်ခုကို တိုက်ရိုက် မဖြတ်သန်းတော့ဘဲ ကြား၌ အသက်ရှူအချိန်ရရန် ဝိညာဥ်လောကတွင်ခရီးတစ်ထောင့်နားရန် ဆုံးဖြတ်ခဲ့သည်။
သူသည် အစောပိုင်းကအတွေ့အကြုံကို ထပ်မံ မခံစားလိုတော့ပေ။
သူသည် ဂိတ်ဝင်ပေါက်မှ ထွက်လာသောအခါ ဖီလိုနာသည် ပလ္လင်ပေါ်၌ ထိုင်ကာ အခြားဝိညာဉ်များနှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေသည်ကို သတိပြုမိလိုက်သည်။
အာရန်မှ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ တစ်နေရာလုံး တိတ်ဆိတ်သွားလေသည်။
ဖီလိုနာနှင့် အခြားလူအနည်းငယ်မှလွဲ၍ အာရန်သည် ဤဝိညာဥ်လောက၏ အစစ်အမှန် အုပ်ချုပ်သူဖြစ်ကြောင်း များများစားစား မသိကြသေးပေ။
ဖီလိုနာသည် ထိုကိစ္စကို အခြားသူများအား ပြောပြလိုနေခဲ့သော်လည်း လူသားတစ်ဦးမှ ၎င်းတို့ကို အုပ်ချုပ်နေသည်ကို လူတိုင်း သိစေရန်မှာ ရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်ကြောင်း သူမ သိထားလေသည်။
သူမသည် လူတိုင်းကို အသိပေးရန် သင့်တော်သော အချိန်တစ်ခုကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။
ဘာပဲဖြစ်ဖြစ် သူမသည် ယခုအချိန်၌ ထိုသို့လုပ်ရန် မလိုအပ်သေးဟု ယူဆထားလေသည်။
ဝိညာဉ်လောကမှ အရေးကြီးသော လူများ သိရှိထားလျှင်ပင်ထိုအရာသည် လုံလောက်ပြီဖြစ်သည်။
၎င်းတို့သည် လိုအပ်သော အရာအားလုံးကို ကိုင်တွယ်ရန် လုံလောက်လေသည်။
အစည်းအဝေးအလယ် တော်ဝင်နန်းတော်၏ အလယ်ဗဟို၌ အာရန် ပေါ်လာသည်ကို မြင်သောအခါ သူ့အကြောင်း မသိသော ဝိညာဉ်စစ်သည်များသည် အံ့အားသင့်ထိတ်လန့်သွားကြသည်။
သူတို့သည် ဘုရင်မအား ထိခိုက်စေရန် ကျူးကျော်သူတစ်ဦး ရောက်ရှိလာသည်ဟု ထင်ခဲ့ကြသည်။
ဤတစ်ကြိမ်၌ ၎င်းတို့သည် ယခင်ကကဲ့သို့ အမှားမျိုးကို ထပ်မံ မပြုလုပ်လိုကြပေ။
၎င်းတို့သည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြောင်ရပ်နေမိသော အာရန်ကို တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။
“နေကြဦး”
ဖီလိုနာသည် အော်ဟစ်လိုက်သော်လည်း သူမသည် နောက်ကျသွားခဲ့သည်။
ဝိညာဉ်စစ်သည်များသည် အာရန်ကို တိုက်ခိုက်ရန် အလျင်အမြန်ပင် ပြေးဝင်လာပြီးဖြစ်သည်။
ဤသည်မှာ သူတို့၏ ပုန်ကန်မှုလားဟု အာရန်သည် တွေးတောမိလိုက်သည်။
ယီလန်သည် သူ့နောက်၌ တစ်ချိန်လုံးရှိနေသောကြောင့် တိုက်ခိုက်ခံရမည်ကို သူ စိုးရိမ်မနေခဲ့သော်လည်း ဘာမှမကြာသေးသည့် ကာလမှာပင်ယခုကဲ့သို့ ပုန်ကန်မှုကို မြင်ရသည်မှာ စိတ်ပျက်စရာကောင်းနေလေသည်။
“ဟင်”
အသိဉာဏ်မရှိသော ဝိညာဉ်စစ်သည်များကို မနာကျင်စေဘဲ တားဆီးရန် ဖီလိုနာသည် အလျှင်အမြန်ပင် ပြင်ဆင်လိုက်ရသည်။
၎င်းတို့သည် ဘာမှ မသိထားကြောင်း သူမ နားလည်သည်။
၎င်းတို့သည် အထင်မှားမှုကြောင့်သာ သူမအား ကာကွယ်ရန် ထိုသို့ တိုက်ခိုက်နေကြခြင်းဖြစ်လေသည်။
ဖီလိုနာသည် ၎င်းတို့ကို တားဆီးရန် လက်မြှောက်လိုက်သော်လည်း သူမ ၎င်းတို့ကို မတားဆီးနိုင်မီမှာပင် ဘာဖြစ်သွားသည်ကို မြင်သောအခါ သူမပင် အံ့အားသင့်သွားရသည်။
အာရန်အား တိုက်ခိုက်လိုက်သော ဝိညာဉ်စစ်သည်များ၏ လည်ပင်း၌ ပုံရိပ်ယောင် သံကြိုးများ ပေါ်လာခဲ့သည်။
ထိုသံကြိုးများသည် ၎င်းတို့ကို တားဆီးထားရုံသာမက ၎င်းတို့အားတန်ပြန် နာကျင်မှုကိုပင် ပေးခဲ့လေသည်။
ဝိညာဉ်စစ်သည်များ၏ နာကျင်စွာ အော်ဟစ်သံများသည် တိတ်ဆိတ်နေသော ခန်းမ၌ ပဲ့တင်ထပ်သွားပြီး ထိုဝိညာဉ်စစ်သည်များသည် အာရန်ကို တိုက်ခိုက်ခြင်းပင်မပြုနိုင်မှီ ဒူးထောက်ကျသွားကြလေသည်။
အာရန်သည်လည်း ဘာဖြစ်သွားသည်ကို စိတ်ဝင်စားသွားသည်။
ဤသံကြိုးများသည် သူ ဤနယ်မြေကို သိမ်းပိုက်ခြင်းနှင့် ဆက်စပ်နေသော စနစ်၏ တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့သောအချိန်က မြင်ခဲ့ရသော သံကြိုးများနှင့် ထပ်တူညီပုံရသည်။
ဝိညာဉ်စစ်သည်များသည် လျှို့ဝှက်ဆန်းကြယ်သော သံကြိုးများဖြင့် ချည်နှောင်ခြင်းကို လုံးဝ ခံလိုက်ရကာ ဖရိုဖရဲဖြစ်သွား၍ နောက်ဆုံး ၌ ထိုသံကြိုးများ၏ ခြေမှုန်းခြင်းကို ခံလိုက်ရလေသည်။
ဤသို့ဖြင့် လူတိုင်းရှေ့၌ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။
၎င်းကို မြင်သော အခြားဝိညာဉ်စစ်သည်များသည်လည်း ကြောက်လန့်တုန်လှုပ်သွားကြသည်။
ဖီလိုနာလည်းလည်း အများနည်းတူ သူမ၏ မျက်နှာသည် ဖြူဖျော့သွားသည်။
သူမသည် ထိုသံကြိုးများကို မြင်သောအခိုက်အတန့်၌ သူမပင် ကျောရိုး၌ အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။
သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ကြောက်ရွံ့မှုသည် မွေးရာပါကဲ့သို့ ခံစားလိုက်ရပြီး ပို၍ပင် တိုးပွားလာခဲ့သည်။
ဝိညာဉ်ဘုရင်မ ဖြစ်သော်လည်း ထိုသံကြိုးများသည်သာ သူမကိုယ်ပေါ်၌ ပေါ်လာပါက သူမသည်လည်း သေဆုံးသွားနိုင်သည်ဟုပင် ခံစားလိုက်ရသည်။
သူမ၏ အသွေးအသားတိုင်းက သူမသည် ထိုအခြေအနေ၌ မရှိလိုကြောင်း ပြောနေသကဲ့သို့ဖြစ်နေသည်။
သူမကိုပင် ကြောက်လန့်စေသော ထိုသံကြိုးများသည် ဘာများနည်။ သူမ သေချာမသိပေ။
“ဒါက ကာကွယ်မှုအတွက် အလိုအလျောက်တုံ့ပြန်ခြင်းလား မဆိုးပါဘူး”
အာရန်သည် သူ့အား တိုက်ခိုက်ခဲ့သော ဝိညာဉ်စစ်သည်များ၏ ခန္ဓာကိုယ် အကြွင်းအကျန်များ ပြိုကွဲသွားနေသည်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤကဲ့သို့သော ကာကွယ်မှုမျိုးဖြင့်ဆိုပါက သစ္စာဖောက်ခံရမည်ကို သူသည် စိုးရိမ်ရန် မလိုပေ။
ဖီလိုနာသည် ဤနယ်မြေကို သူ့အား အပ်နှံရန် သဘောတူသည်ကို စနစ်က ကြားသည်နှင့်တပြိုင်နက် စတင်အသက်ဝင်လာသော ကာကွယ်ရေး ယန္တရားတစ်ခုနှင့် တူနေသည်။
ဝိညာဉ်စစ်သည်များပင် သူ၏ စနစ်က ၎င်းတို့အပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို မခုခံနိုင်သောကြောင့် သူ ရရှိခဲ့သော စနစ်အမျိုးအစားကို သူ ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။
တစ်ခါတစ်ရံ သူ၏ စနစ်သည် သူ့ကို တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းအောင်လုပ်လေ့ရှိသည်။
သို့သော် ယေဘုယျအားဖြင့် သူ မြင်တွေ့ခဲ့သမျှ အရာအားလုံး၌ အတော်လေး အထင်ကြီးစရာကောင်းသော ရလာဒ်များကိုလည်း ယူဆောင်လာပေးခဲ့လေသည်။
သူသည် တာဝန်များစွာ လုပ်ရန် အတင်းအကျပ် အခိုင်းမခံခဲ့ရပေ။ အခြေအနေတိုင်း၌ ရွေးချယ်စရာများစွာ ပေးထားလေသည်။
ဆုလာဘ်များကို စွန့်လွှတ်ရန် ဆန္ဒရှိသမျှကာလပတ်လုံး မည်သည့် ရွေးချယ်မှုကိုမဆို သူ ရွေးချယ်နိုင်လေသည်။
အများအားဖြင့် သူ၏ ရွေးချယ်စရာများသည် သူ၌ ရရှိနိုင်သော လမ်းကြောင်းအားလုံးကို ခြုံငုံပြီးဖြစ်ပေါ်လာခြင်းဖြစ်ပြီး သီးခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ရန် သူ့ကို အတင်းအကျပ် မခိုင်းစေခဲ့ပေ။
သူ၏ ထိုစနစ်သာမရှိထားပါက သူသည် လွန်ခဲ့သောကာလများကတည်းက သေဆုံးသွားခဲ့ပြီးဖြစ်နေလိမ့်မည်ဟု သူ သေချာသိနေသည်။
တစ်ကြိမ်တည်းမဟုတ်ဘဲ ဆုလာဘ်များနှင့် သူ၏ စနစ် အကူအညီမပါဘဲ ဆိုပါက သူသည် အနည်းဆုံး ဆယ်ကြိမ်လောက်ပင် သေဆုံးပြီးသား ဖြစ်နေလိမ့်မည်။
အခြားဝိညာဉ်စစ်သည်များသည် သူတို့၏ သူငယ်ချင်းများ ဘာဖြစ်သွားသည်ကို မြင်ပြီးနောက် သူတို့သည်လည်း တောင့်တင်းသွားကြသည်။
သူတို့၏ လက်များသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြသော်လည်း ၎င်းတို့၏ လက်နက်များကို ကိုင်မြှောက်ထားဆဲဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတို့သည် ဤတစ်ကြိမ်၌ အာရန်ကို သွားရောက် မတိုက်ခိုက်ကြခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဖီလိုနာကို ကာကွယ်ရန် သူမရှေ့၌ နံရံတစ်ခု ဖန်တီးလိုက်ရုံသာဖြစ်သည်။
အာရန်သည် သူ၏ အကြည့်ကို ပလ္လင်ပေါ်၌ရှိသော ဖီလိုနာဆီသို့ ပို့လွှတ်လိုက်သည်။
ဘာဖြစ်သွားသည်ကို သူ တကယ် နားမလည်ပေ။ သူမသည် သူနှင့် ဒုတိယမြောက် စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်ဖြစ်ပြီး ဤနေရာ၏ ဘုရင်မလည်း ဖြစ်သည်။
သူမသည် သူမ၏ လူများကို သူ့အား တိုက်ခိုက်ခွင့် ဘာကြောင့် ပေးခဲ့သနည်း။
သူမသည် သူ့ကို ထိုနည်းဖြင့် ဖယ်ရှားနိုင်သည်ဟု ထင်ထားခဲ့၍လော။
သူ၏ စောင့်လျှောက်သူသည် သူ့အား ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ကြောင်း သူသိနေသော်လည်း ဖီလိုနာသည် စောင့်လျှောက်သူတစ်ယောက် မဟုတ်သောကြောင့် သူ့ကို သစ္စာဖောက်ရန် ဖြစ်နိုင်ချေရှိမလား။
“မင်း ပြောစရာ တစ်ခုခု ရှိလား” ဟု အာရန်က ဖီလိုနာကို မေးလိုက်သည်။
ဖီလိုနာသည် တိတ်ဆိတ်နေဆဲဖြစ်သည်။ သူမပင် ၎င်းကို မည်သို့ ရှင်းပြရမည် မသိဖြစ်နေလေသည်။
မကြာသေးမီက ပြောင်းလဲမှုများအကြောင်း လူတိုင်းကို မရှင်းပြခဲ့ခြင်းသည် သူမ၏ အမှားသာဖြစ်သည်။ သို့သော် သူမသည် အစည်းအဝေး၌ ရှိနေစဉ် အာရန် ရောက်လာမည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။
တိတ်ဆိတ်မှုသည် အဖြေမဟုတ်သောကြောင့် သူမသည် ဝိညာဉ်စစ်သည်များကို သူမအတွက် လမ်းကြောင်းရှင်းပေးရန် လုပ်ဆောင်ခဲ့သည်။
၎င်းတို့၏ မျက်စိရှေ့၌ပင် သူမသည် အာရန်ဆီသို့ လျှောက်သွားသည်။
“ကျွန်မ နှစ်ဆယ့်ခုနစ်ယောက်မြောက် ဝိညာဉ်ဘုရင်မအနေနဲ့ ဝိညာဉ်လောကရဲ့ အစစ်အမှန် အုပ်ချုပ်သူဖြစ်တဲ့ အရှင်အာရန်နဲ့ ပထမ ဝိညာဉ်ဘုရင်မတို့ကို ဂါရဝပြုပါတယ်”
သူမသည် အာရန်ရှေ့၌ ဒူးထောက်လိုက်ပြီး လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ဤသည်မှာ တောင်းပန်ရန်နှင့် လူတိုင်းကို သိစေရန် ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။
နောက်၌ရှိသော အစောင့်များသည် သူမ၏ လုပ်ရပ်များကို မယုံကြည်နိုင်ဖြစ်နေကြသော်လည်း ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူမ၏ စကားများပင်ဖြစ်သည်။
သူမသည် ယီလန်ကို ပထမ ဝိညာဉ်ဘုရင်မဟုမိတ်ဆတ်ပေးခဲ့ကာ အာရန်ကိုမူ ဝိညာဉ်လောက၏ အစစ်အမှန် အုပ်ချုပ်သူဟု ခေါ်ဝေါ်ခဲ့လေသည်။