ဖီလိုနာကို ကာကွယ်ရန်လား
Vol. 16 Ch. 217
ဝိညာဉ်စစ်သည်များသည် ဤဖိအားအောက်၌ ခေါင်းပင် မဖော်နိုင်အောင် ရုန်းကန်နေကြရသည်။
၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုက ဤဖိအားကို မခုခံနိုင်အောင် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။
သူတို့သည် ဤသူ၏ ရုပ်သေးရုပ်များသက်သက်ဖြစ်သကဲ့သို့ အကူအညီမဲ့လွန်းသည်ဟု ခံစားလိုက်ကြရသည်။
အနည်းငယ်သောသူများသည် ထရပ်ရန် ကြိုးစားရန် ၎င်းတို့၏ ခန္ဓာကိုယ်ကို ကန့်သတ်ချက်များထက် ကျော်လွန်အောင် အတင်းအကျပ်ဖိအားပေးကြည့်သော်လည်း ကျရှုံးခဲ့ရလေသည်။
ဝိညာဉ်စစ်သည်များအားလုံးသည် ခေါင်းငုံ့ထားလျက် အာရန်၏ ခြေထောက်များကိုသာ မြင်နိုင်လေသည်။
“မင်းတို့ရဲ့ အသက်ကို ငါ ဂရုမစိုက်ဘူးလို့ မင်းတိုက ပြောခဲ့တယ် မင်း တို့ မှန်တယ် ငါ ဂရုမစိုက်ဘူး ငါက အဲဒီလိုလူမျိုးဖြစ်တဲ့အတွက် ငါ မင်းတို့အားလုံးကို ဒီမှာ သတ်လိုက်ရရင် ဂရုစိုက်မယ်လို့ မင်း တို့ ထင်နေကြတာလား” ဟုအာရန်သည် ဖီလိုနာအား အစောပိုင်းက အများဆုံး ဝေဖန်ခဲ့ကြသူကို ငုံကြည့်ရင်း မေးလိုက်သည်။
သူ၏ အေးစက်သော မျက်လုံးအကြည့်များသည် ဝိညာဉ်စစ်သည်များအား နတ်ဆိုးတစ်ကောင်က သူတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ကြရသည်။
သူတို့သည် နစ်ခရိုမန်ဆာများနှင့် ရင်ဆိုင်ခဲ့ရစဥ်ကပင် မကြောက်ရွံ့ခဲ့ကြသော်လည်း အာရန်၏ မျက်လုံးများကို ကြည့်မိလိုက်ကြသောအခါ သူတို့၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။
သူတို့၏ လက်များသည် ထိန်းချုပ်မှုမှလွတ်ကင်းကာ တုန်ယင်လာခဲ့ကြသည်။
“ငါ့ကို ခစားရတာ မကြိုက်တဲ့သူတွေ... အရမ်း မာနကြီးနေတဲ့သူတွေ... သူတို့ အခုချက်ချင်း ငါ့ကို ထပြောနိုင်တယ် ဒီဒုက္ခကနေ ငါမင်းတို့ကို လွတ်မြောက်ခွင့်ပေးမယ်”
အာရန်၏ လက်တစ်ဖက်၌ နဂါးလက်သည်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဝိညာဉ်စစ်သည်များ၏ ခန္ဓာကိုယ်များသည် ပိုမို တုန်ယင်လာကြသည်။
သူသည် မည်သူ့ကိုမျှ ချိန်ရွယ်ထားခြင်း မရှိခဲ့သော်လည်း သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းနေလေသည်။
ဝိညာဉ်စစ်သည်များ၌ ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ၎င်းတို့သည် သူ၏ ဆန္ဒကို လိုက်နာနိုင်သည် သို့မဟုတ် ၎င်းတို့သည် ယခုချက်ချင်းပင် သေခြင်းတရားကို လက်ခံနိုင်သည်။
လူသားတစ်ဦးကို အစေခံခြင်းထက် သေခြင်းကို ပို၍ နှစ်သက်ခဲ့သော ဝိညာဉ်စစ်သည်အချို့သည်ပင် ယခုအချိန်၌ တောင့်တင်းသွားကာ လက်ညှိုးတစ်ချောင်းပင် မမြှောက်ဝံ့ကြတော့ပေ။
၎င်းတို့၏ သတ္တိအားလုံးသည် နီးကပ်လာသော သေခြင်းတရားကို မြင်လိုက်ရသောအခါ ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကွယ်သွားခဲ့ကြသည်။
“ဘယ်သူမှ မရှိဘူးလား”
အာရန်သည် ဤနေရာ၌ သူ့ကို ဆန့်ကျင်လိုသူ မရှိသည်ကို မြင်သောအခါ စိတ်ပျက်သွားဟန်ဖြင့် ထပ်မံ မေးလိုက်သည်။
“ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်တဲ့ကောင်တွေလဲ...”
ထို့နောက်အာရန်သည် တစ်ဖက်သို့လှည့်လိုက်ကာ ဝိညာဉ်စစ်သည်များအား သူ၏ ကျောကို တမင်တကာ ပင်ပြသထားလိုက်သည်။
သူသည် ၎င်းတို့အား မိမိတို့ဘာသာ ရွေးချယ်ခွင့် နောက်တစ်ကြိမ် ပေးလိုက်သကဲ့သို့ သူ၏ အော်ရာကိုလည်း ရုပ်သိမ်းလိုက်သည်။
သူ၏ အလိုအလျောက် ကာကွယ်မှု အစွမ်းကြောင့် နောက်ကျောကို ဓားဖြင့် ထိုးခံရမည်ကို သူသည် စိုးရိမ်ရန် မလိုသော်လည်း ဤအပြုအမူသည် အလားအလာရှိသော ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်မှာ ကောင်းမွန်သော စမ်းသပ်မှုတစ်ခုဖြစ်နေလေသည်။
ဖိအား လျော့ကျသွားသောကြောင့် ဝိညာဉ်စစ်သည်များသည် သက်ပြင်းချလိုက်နိုင်ကြသည်။
၎င်းတို့သည် နောက်ဆုံး၌ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ခဲ့သော်လည်း ၎င်းတို့၏ ဝိညာဉ်၌ ခံစားခဲ့ရသော ကြောက်ရွံ့မှုသည် ၎င်းတို့၏ နှလုံးသား၌ ခိုင်မာစွာ တည်ရှိနေဆဲဖြစ်သည်။
ထိုကြောက်ရွံ့မှုသည် ၎င်းတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ ပင်ခံစားလိုက်ကြရသည်။
၎င်းတို့သည် အာရန်ကို ချောင်းမြောင်းတိုက်ခိုက်ရန်ပင် မစဉ်းစားဝံ့တော့ဘဲ ဖီလိုနာသည် ဤသူအား လက်နက်ချရန် သဘောတူရသည့် အကြောင်းရင်းကို နောက်ဆုံး၌ နားလည်သွားကြလေသည်။
သူသည် ခပ်တပ်မြို့တစ်ခုလုံးကိုပင် လုံးဝနီးပါး ဖျက်ဆီးပစ်ခဲ့သော ထိုနစ်ခရိုမန်ဆာအရိုးစုထက်ပင် ပို၍ ကြောက်စရာကောင်းလေသည်။
အာရန်သည် ပလ္လင်ပေါ်သို့ ပြန်သွားလိုက်ကာ ဘုရင်တစ်ပါးကဲ့သို့ ထိုင်လိုက်သည်။
ဝိညာဉ်စစ်သည်များသည် ယခုအခါ ထရပ်နိုင်ပြီဖြစ်သော်လည်း ဒူးထောက်နေကြဆဲဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ထိုနေရာ၌ လုံးဝ တိတ်ဆိတ်နေပြီး ဖီလိုနာပင် ဘာမှ ဝင်မပြောခဲ့ပေ။
သူမသည် မျက်လုံးမှိတ်ကာ ထိုင်နေသော အာရန်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ပထမ ဝိညာဉ်ဘုရင်မကိုယ်တိုင် အစေခံသောသူဖြစ်သည့် အာရန်အကြောင်းကို ဖီလိုနာ အတော်လေး စိတ်ဝင်စားနေခဲ့သည်။
သူသည် ဤအခြေအနေအကျပ်အတည်းကို သူမ မတွေးမိသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
အာရန်သည် ဤအခြေအနေမှ ဝိညာဥ်စစ်သည်အနည်းငယ် ကို ထပ်မံ သတ်ဖြတ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူသည် တစ်ဦးတစ်ယောက်ကိုမျှပင် ထပ်မံမထိခိုက်စေဘဲ ၎င်းတို့အားလုံးကို ထိန်းချုပ်နိုင်ခဲ့လေသည်။
သူသည် ရက်စက်စွာ ပြုမူခဲ့ကြောင်း သူမ သဘောပေါက်သော်လည်း အမှန်တကယ်၌ သူသည် အလွန် စာနာထောက်ထားတတ်သူ ဖြစ်လေသည်။
သူသည် လူများကို သူ့အား ဆန့်ကျင်၍ မပြောနိုင်အောင် ထိန်းချုပ်ရုံသာ မဟုတ်ခဲ့ပေ။
သူသည် ထိုသို့သာ လုပ်လိုပါက သူမကိုလက်ငှား၍ လုပ်ခိုင်းနိုင်ခဲ့သည်။
သူကိုယ်တိုင် ဘာကြောင့် လုပ်ရန်လိုအပ်မည်နည်း။ အဖြေမှာ ရှင်းလင်းနေသည်။
‘သူက ငါ့အတွက် လုပ်ပေးခဲ့တာပဲ...’
သူမသည် တွေးရင်း ခေါင်းကို ငုံ့လိုက်ကာ သူမ၏ စိတ်ထဲ၌ အမျိုးမျိုးသော အတွေးများ ပြည့်နှက်လာခဲ့သည်။
အာရန်သည် သူမအား သူမ၏ လူများရှေ့တွင် လူဆိုးတစ်ဦး ဖြစ်လာနေသည်ကို သတိပြုမိခဲ့ကြောင်း သူမ သဘောပေါက်လိုက်သည်။
၎င်းသည် သူ့ကို မထိခိုက်စေနိုင်ဘဲ သူမကို အင်အားသုံးဖြုခွင်းရန် ခွင့်ပြု ပေးလိုက်နိုင်သော်လည်း သူကိုယ်တိုင်ပင် လုပ်ဆောင်ခဲ့သည်။
အကြောင်းရင်းမှာ သူသည် သူမကို ကာကွယ်လိုသောကြောင့်ဖြစ်သည်။
သူသည် သူမ၏ လက်အောက်ငယ်သားများ သူမကို ရန်သူဟု မထင်စေလိုသောကြောင့် ၎င်းတို့ အပြစ်တင်ရန် အခြားဗီလိန်တစ်ဦး လိုအပ်နေသည်။
အာရန်သည် ဖီလိုနာကို ကာကွယ်ရန် ထိုသရုပ်ဆောင်နေရာကို ဝင်ယူသွားခဲ့သည်။
သို့မဟုတ် အနည်းဆုံး သူမ ထင်မြင်ပုံမှာ ထိုသို့ဖြစ်လေသည်။
သူမသည် အာရန်၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူသည် ပလ္လင်ပေါ်၌ ထိုင်ကာ မျက်လုံးမှိတ်၍ အနားယူရန် ကြိုးစားနေသကဲ့သို့ ပြုမူနေသည်။
သူမသည် ထိုယောင်္ကျားမှ သူမအား ကာကွယ်ရန် ကြိုးစားခဲ့ပုံကို တွေးတောမိလိုက်စဉ် သူမ၏ နှလုံးသား၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယီလန်သည်လည်း အာရန်၏ မျက်နှာကို တိတ်ဆိတ်စွာ အကဲခပ်ကြည့်နေခဲ့သည်။
ဝိညာဉ်စစ်သည်များ၏ လုပ်ရပ်များကို သူမ အလွန် စိတ်ပျက်မိခဲ့သည်။
တစ်ဖန် ၎င်းတို့သည် ၎င်းတို့၏ ဘုရင်မကိုပင် ဆန့်ကျင်ရန် ဆန္ဒရှိခဲ့ကြသည်။
အတိတ်သည် ထပ်ခါထပ်ခါ ဖြစ်ပွားနေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
သူမသည်သာ ထိုအချိန်က အာရန်ကဲ့သို့ ရက်စက်ပြခဲ့ပါက သူမ၏ အတိတ်ကိုလည်း ပြောင်းလဲနိုင်ခဲ့မည်လားဟု တွေးတောလိုက်မိသည်။
သူမကိုယ်တိုင်ပင် မသိလိုက်မိခင်မှာပင် သူမသည် အာရန်ကို ပို၍ပင် အထင်ကြီးသွားခဲ့သည်။
ဆယ်မိနစ်ကျော်ခန့် ကြာသော်လည်း ခန်းမ၌ မည်သူမျှ တစ်လက်မလေးပင် မလှုပ်ရှားခဲ့ပေ။
အာရန်သည် မျက်လုံးများပြန်ဖွင့်လိုက်မှသာ ဝိညာဉ်စစ်သည်များသည် ကြောက်ရွံ့စွာ တုန်လှုပ်သွားကြသည်။
“ငါ အနားယူလို့ပြီးပြီ အဲ့ဒီတော့ ပြန်ဖို့ အချိန်တန်ပြီ”
အာရန်သည် ထိုသို့ပြော၍ ထရပ်လိုက်ကာ ယီလန်အား စာကြည့်တိုက်သို့ ပြန်ရန် ဒုတိယ ဂတ်ဝင်ပေါက်ဖွင့်ပေးရန် ပြောကြားလိုက်သည်။
ယီလန်သည် အာရန် ထွက်ခွာရန် ပလ္လင်ဘေး၌ပင် ဂိတ်ဝင်ပေါက်တစ်ခု ဖန်တီးကာ ၎င်းကို စာကြည့်တိုက်၏ ၎င်းတို့ ထွက်ခွာခဲ့သော အတိအကျနေရာ၌ သူမ ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားနှင့် ချိတ်ဆက်လိုက်သည်။
စာကြည့်တိုက်ရှိ ထို စားဖတ်စပွဲတည်ရှိရာနေရာကို ကာကွယ်ထားသော အကာအကွယ်လွှာသည် အနည်းငယ်သော အစိတ်အပိုင်းကိုသာ ဖုံးကွယ်ထားနိုင်သောကြောင့် မီတာအနည်းငယ်သာ ကွာလိုက်လျှင်ပင် မှားယွင်းသော နေရာသို့ ချိတ်ဆက်မိသွားနိုင်လေသည်။
ဖီလိုနာသည် ဝင်ပေါက်ပွင့်လာသည်ကို ကြည့်ရင်း အနည်းငယ် တုံ့ဆိုင်းစွာဖြင့် အာရန်၏ အနားသို့ ချဉ်းကပ်မိလိုက်သည်။
“ရှင် ထွက်သွားတော့မှာလား”
အာရန် ဂိတ်ပေါက်အတွင်းသို့ ဝင်ခါနီး၌ သူမက မေးလိုက်သည်။
အာရန်သည် အနည်းငယ် တုံ့ဆိုင်းနေပုံရသော သူမ၏ မျက်နှာကို ပြန်လှည့်ကြည့်လိုက်သည်။
“ဘာလို့လဲ မင်းက ငါ ထွက်သွားတာကို မလိုချင်ဘူးလား” ဟု သူက အနည်းငယ် စိတ်ဝင်စားစွာ မေးလိုက်သည်။
သူမသည် သူ ထွက်သွားသောကြောင့် ပျော်ရွှင်သင့်သည် မဟုတ်ပါလား။
သူ မရှိသောအခါ သူမသည် ဝိညာဉ်လောကကို သူမနှစ်သက်သလို အုပ်ချုပ်နိုင်လေသည်။ ဒါဆို သူမ ဘာကြောင့် တုံ့ဆိုင်းနေပုံရသနည်း။
ဖီလိုနာသည် တိုက်ရိုက် ငြင်းဆိုလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း အံ့အားသင့်စွာဖြင့် သူမသည် တိတ်ဆိတ်နေခဲ့သည်။
သူမသည် သူ၏ စကားများကို သဘောတူနေသကဲ့သို့ ဖြစ်သော်လည်း သူမကိုယ်တိုင် ပြောရန် မစွမ်းနိုင်ခဲ့ပေ။