တစ္ဆေမျိုးနွယ်ရဲ့ရောင်ဝါ
Vol. 105 Ch. 1462
“စဉ်းစားကြည့်ပြီးပြီ ငါ မကြိုးစားကြည့်ရင် သူမက တစ်သက်လုံး ဒီလိုပဲ ဖြစ်သွားတော့မှာ၊ ကြိုးစားကြည့်ရင်တော့ ပြန်ကောင်းလာချေနည်းနည်းရှိသေး တယ်” ဟော်ကျန့်ကျန်း ဆက်ပြောလေသည် “ပြီးတော့ မင်းက တကယ်တော တဲ့ ဆေးပညာရှင်ဆိုတာကိုသိပါတယ် မင်းကူညီမှပဲ ငါ့မှာမျှော်လင့်ချက်ရှိတော့ မှာ”
သူသည် ရှီမာယူယူအကြောင်းကို လူလွှတ်ပြီး စုံစမ်းခဲ့သည်ကို မဖုံးကွယ် ပေ။
ရှီမာယူယူသည် မအံ့ဩတော့ပေ။ သူတို့ မသိသေးချိန်တွင် မည်သူမှ ယုံနိုင်မည်မဟုတ်ပေ။
“ဦးလေးဟော်က ဆုံးဖြတ်ပြီးမှတော့ အခုပဲလုပ်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူမ မူနေဦးမည်ကို ဟော်ကျန့်ကျန်း စိတ်ပူမိသေးသည်။ ထို့အပြင် သူ သည် သူမကို မယုံပေးဘဲ နောက်ကြောင်းကိုပါ စုံစမ်းခဲ့သည်လေ။ တခြားသူ သာဆိုလျှင် ကူညီရန် ဆန္ဒရှိမည်မဟုတ်ပေ။
ထို့ကြောင့် ရှီမာယူယူ၏ တုံ့ပြန်ချက်ကို ကြားသည်နှင့် သူ ပျော်ရွှင်သွား သလို တစ်ချိန်တည်းမှာပင် ရှက်မိသည်။
“ငါနဲ့လိုက်ခဲ့ပါ”
သူသည် ရှီမာယူယူကို ဟော်အိမ်တော်သို့ခေါ်သွားလေသည်။ ရှီမာ မျိုးနွယ်ဝင်များသည် စိတ်မချသဖြင့် လိုက်လာကြသည်။ ရင်လန်လည်း လိုက် လာသည်။
ဟော်ကျန့်ကျန်းသည် ကျန်လူများကို ခြံဝန်းထဲတွင် နေခိုင်းခဲ့ကာ ရှီမာယူယူ တစ်ယောက်တည်းကိုသာ အခန်းထဲသို့ခေါ်လာသည်။
“သူတို့ကို စမ်းကြည့်ခိုင်းသေးတယ် ဒါပေမဲ့ဘယ်သူမှ ဘာဖြစ်တယ် ဆိုတာ မပြောနိုင်ကြဘူး” သူ ဆက်ပြောလေသည် “ရလဒ်ကို ပြောပေးနိုင် မလား”
“ကျွန်မ မစစ်ဆေးခင်က နည်းနည်းတော့ အကြမ်းဖျင်းပုံစံပဲဖြစ်လိမ့်မယ် အတည်ပြုပြီးမှ ပြောတာ ပိုကောင်းပါလိမ့်မယ်” ရှီမာယူယူသည် အခုချိန်တွင် မည်သည့် အာမခံချက်မှမလုပ်ရဲသေးပေ။
“ငါ ဘာလုပ်ဖို့လိုသေးလဲ” ဟော်ကျန့်ကျန်း မေးခွန်းထုတ်လေသည်။
“ဘာမှလုပ်ဖို့မလိုပါဘူး အပြင်မှာပဲစောင့်နေပေးပါ” ရှီမာယူယူ ပြော လိုက်သည်။
သူမ စူးလျိုနျန်၏ အသိစိတ်ပင်လယ်ထဲသို့ သူမ၏ အံ့ဖွယ်အာရုံကို ထည့် လိုက်ခြင်းကို သူ စိတ်ပူမိသေးသည်။ သို့သော် ထိုမျှအန္တရာယ်များလှသော ကိစ္စ လုပ်နေချိန်တွင် အပြင်လူရှိနေချိန်တွင် သူမ သက်တောင့်သက်သာရှိမည် မဟုတ်ပေ။
ဟော်ကျန့်ကျန်းသည် ခေတ္တမျှတွေဝေပြီးနောက် ခေါင်းညိတ်လိုက်သည် “ဟုတ်ပါပြီ”
“ကျေးဇူးတင်ပါတယ် ဦးလေးဟော်”
ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။
ဟော်ကျန့်ကျန်းထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် ရှောင်ချီကို ဆင့်ခေါ်လိုက်သည်။
“ငါ မင်းအကူအညီလိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ ဘာလုပ်ဖို့လိုတာလဲ” ရှောင်ချီသည် သူမကို အကူအညီတောင်း သည့်အတွက် ပျော်ရွှင်နေသည်။
“မင်းစုစည်းထားတဲ့ အငွေ့က တခြားလူရဲ့အံ့ဖွယ် အသိစိတ်ကို ကုသတဲ့ နေရာမှာ သက်ရောက်မှုရှိတယ် ငါ အထဲကိုဝင်သွဦးရင် သူမရဲ့အသိစိတ် ပင်လယ်ကို ကာကွယ်ပေးဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါလွယ်ပါတယ်” ရှောင်ချီ သဘောတူလေသည်။
ရှီမာယူယူသည် ဝိညာဉ်အတားအဆီး သုံးခုကို ဆက်တိုက်တည်ဆောက် လိုက်သည်။ တစ်ခုမှ ချောင်းမြောင်းတိုက်ခိုက်ခြင်းမပြုနိုင်ရန်ဖြစ်သည်။ မဟုတ်လျှင် စူးလျိုနျန်ကိုသာ ထိခိုက်မည်မဟုတ်ဘဲ သူမကိုပါ ထိခိုက်နိုင် သည်။ ဒုတိယတစ်ခုမှာ ရှောင်ချီ၏ ရောင်ဝါမထွက်သွားရန်ဖြစ်သည်။
အားလုံးပြင်ဆင်ပြီးသွားသည်။ ရှောင်ချီ စုစည်းလိုက်သောအငွေ့သည် စူးလျိုနျန်၏ ခေါင်းပေါ်တွင် ဝေ့ဝဲနေသည်. အခု ရှီမာယူယူလုပ်ရန်မှာ အံ့ဖွယ် အသိစိတ်ဖြင့် သူမ အသိစိတ်ပင်လယ်ထဲသို့ဝင်ရန်ဖြစ်သည်။
ရှီမာယူယူသည် အိပ်ရာဘေးတွင်ရပ်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
သူမသည် အံ့ဖွယ်အသိစိတ်ဖြင့် တခြားသူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်သည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ သို့သော် သူမလုပ်ဖူးသမျှထဲ တွင် သတိအထားရဆုံးဖြစ်သည်။
သူမ၏ အံ့ဖွယ်အသိမှာ တခြားသူများထက် သန်မာသည်ကို သိသည်။ ထို့ကြောင့် တခြားသူများထဲသို့ဝင်ချိန်တွင် သူမ မထိခိုက်နိုင်ပေ။ ထို့အပြင် ထိုလူများသည် သေလုဆဲဆဲအခြေအနေတွင် ဝင်ခြင်းကြောင့် ထိခိုက်ရန် ဂရုမစိုက်ရပေ။
သို့သော် သည်တစ်ကြိမ်တွင် မတူပေ။ သူမသည် သူမကိုယ်သူမ ဂရုစိုက်ရမည့်အစား စူးလျိုနျန်ကိုပါ ထည့်စဉ်းစားရမည်။
သူမ လှုပ်ရှားမှု သန်မာလွန်းလျှင် သူမ၏ အသိစိတ်ပင်လယ်ကို ထိခိုက် သွားပြီး တစ်သက်လုံးနိုးထလာနိုင်မည် မဟုတ်ပေ။
သူမသည် စိတ်စုစည်းကာ အံ့ဖွယ်အသိစိတ်အဖြစ်ပြောင်းပြီး စူးလျိုနျန်၏ မျက်ခုံးနှစ်ခုကြာနေရာမှတစ်ဆင့် ခေါင်းထဲသို့ဝင်သွားလိုက်သည်။ လျင်မြန်စွာ ပင် သူမသည် အသိစိတ်ပင်လယ်ထဲသို့ဝင်သွားလိုက်သည်။
သူမ ခန့်မှန်းထားသည့်အတိုင်းပင်။ စူးလျိုနျန်၏ အသိစိတ်ပင်လယ်သည် ပင်လယ်သေဖြစ်နေပြီး ငြိမ်သက်နေက ဘာမှမရှိပေ။
ရှောင်ချီပင်လျှင် သူမ အံ့ဖွယ်အသိစိတ်ထဲမှ အခြေအနေကိုမြင်နေရ သည်။
“ယူယူ သူမရဲ့အသိစိတ်ပင်လယ်က အရမ်းထူးဆန်းတယ်” ရှောင်ချီ ပြော လိုက်သည်။
“အင်း” ရှီမာယူယူသည် လှည့်ပတ်သွားကြည့်သော်လည်း သူမ ရောင်ဝါ ကို မခံစားမိသည်။ ရှင်သန်ခြင်းအငွေ့အသက် လုံးဝမရှိသည့်အတိုင်းပင်။
သို့သော် စူးလျိုနျန်သည် အသက်ရှင်နေနိုင်သေးသည်။ ထို့ကြောင့် ထိုနေရာတွင် တစ်ခုခုတော့ရှိရမည်။
သို့သော် မည်သည့်အရာမှရှိမနေပေ။
“ယူယူ သူမ ဘာဖြစ်တာလဲ” ရှောင်ချီ မေးလိုက်သည်။
“မင်းရောင်ဝါက သူမ အသိစိတ်ပင်လယ်ကို ပတ်သွားနေတာ တစ်နေရာရာမှာ ကွဲလွဲနေတာကို ခံစားမိလား”
“အာရုံခံကြည့်လိုက်မယ်” ရှောင်ချီ ပြောပြီးသည်နှင့် ရှောင်ချီ၏ရောင်ဝါ သည် စူးလျိုနျန်၏ အသိစိတ်ပင်လယ်အပေါ်တွင် ပျံဝဲလိုက်သည်။
ခဏအကြာတွင် ရှောင်ချီ၏ရောင်ဝါသည် ဘေးသို့ပြန်ရောက်လာပြီး သူမ မူလပုံစံသို့ တဖြည်းဖြည်းပြန်ပြောင်းသွားသည်။
“ယူယူ သူမ အသိစိတ်ပင်လယ်ထဲမှာ အမည်းရောင် အရာလေးတစ်ခုကို သတိထားမိခဲ့တယ်” ရှောင်ချီ ပြောလိုက်သည်။
ရှီမာယူယူသည်လည်း စစ်ဆေးကြည့်သည်။ သို့သော် ရှာမတွေ့ပေ။
“တစ်ခုခုထူးခြားတာရှိလား” သူမ မေးလိုက်သည်။
“အဲဒီအနက်ရောင်ခန်းမကြီးထဲမှာ လှုပ်ရှားမှုတချို့ခံစားမိတယ်” ရှောင်ချီ ပြောလေသည်။
“ငါ့ကို အဲဒီကိုခေါ်သွားပေး”
“ဟုတ်ပြီ”
ရှီမာယူယူ၏ အံ့ဖွယ်အသိစိတ်သည် အသွင်ပြောင်းပြီး ရှောင်ချီ၏ ရောင်ဝါနှင့် ပူးပေါင်းလိုက်သည်။ ပူးပေါင်းမှုမှ လူသားအသေးပုံစံလေးဖြစ်သွား ပြီး ရှောင်ချီတွေ့ခဲ့သော နေရာသို့ဝင်သွားလေသည်။ ထိုနေရာသည် စူးလျိုနျန် ၏ အသိစိတ်ပင်လယ်အနက်ရှိုင်းဆုံးနေရာဖြစ်ပီဲး နီးကပ်လာလေလေ အပြင် ဘက် အညမ်းရောင်အလုံးသည် သူတို့ကို ပိတ်ထားသည်ကို သတိထားမိလိုက် သည်။
“ဒါပဲ ယူယူ မြင်လား လှုပ်ရှားမှုနည်းနည်းရှိတယ် အထဲမှာ တစ်ခုခု ပိတ်မိနေသလိုပဲ” ရှောင်ချီသည် အမည်းရောင်အလုံးကို ညွှန်ပြပြီးပြောလေ သည်။
“တစ္ဆေမျိုးနွယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာ”
ရုတ်တရက်ကြီး ဘာလို့ တစ္ဆေမျိုးနွယ်အကြောင်းကို ထုတ်ပြောတာလဲ။
“အဲဒီအမည်းရောင်အလုံးမှာ တစ္ဆေရောင်ဝါရှိနေတယ်” ရှီမာယူယူ ရှင်းပြ လိုက်သည်။
“တစ္ဆေမျိုးနွယ်ရဲ့ ရောင်ဝါဟုတ်လား အဲဒါကဘာလို့ သူမ အသိစိတ် ပင်လယ်မှာရှိနေတာလဲ” ရှောင်ချီသည် တအံ့တဩမေးလေသည်။
ရှီမာယူယူသည် သူမလည်း အဖြေမသိသဖြင့် ပြန်မဖြေမိပေ။ သူမသည် အမည်းရောင်အလုံးကို အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ရှောင်ချီကို ပြောလိုက်သည် “ထွက်ရအောင်”
အပြင်တွင်ရှိသော ရှောင်ချီနှင့် ရှီမာယူယူတို့သည် စူးလျိုနျန်တို့၏ အံ့ဖွယ် အသိစိတ်မှထွက်သည်နှင့် မျက်လုံးဖွင့်လိုက်ကြသည်။
“ယူယူ သူမ သတိမေ့နေရခြင်းရဲ့ အကြောင်းအရင်းကိုသိလား” ရှောင်ချီ မေးလိုက်သည်။
“အင်း ကြည့်ရတာ ကိုင်တွယ်ဖို့ ခက်မယ့်ပုံပဲ” ရှီမာယူယူသည် သက်ပြင်း ချပြီး ရှောင်ချီကို ဝိညာဉ်စေတီအတွင်း ထည့်ကာ ဝိညာဉ်အတားအဆီးကိုဖွင့် ပြီး တံခါးမှထွက်လာလိုက်သည်။
အပြင်တွင်စောင့်နေသောလူများသည် တစ်ရက်တစ်ညစောင့်ပြီးနောက် တွင် စိတ်ပူလာသည်။ အထူးသဖြင့် ဟော်ကျန့်ကျန်းဖြစ်သည်။ ရှီမာယူယူ စမ်းသပ်သည်မှာ ထိုမျှကြာမည်ဟု သူ ထင်မထားပေ။ သူမက လျိုနျန်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ကြာရှည်စွာနေနေတာ လျိုနျန်အတွက် ဘာမှမဖြစ် လောက်ဘူးမလား။ သူမ ထပ်ပြီးထိခိုက်မှာလား။
သူသည် အပြင်ဘက်တွင် စိုးရိမ်တကြီးစောင့်နေပြီး အထဲကိုဝင်ကြည့်ချင် သည်။ သို့သော် သူ၏ စိတ်လောမှုသည် ရှီမာယူယူ ဝိညာဉ်အတားအဆီးကို မြင်ပြီးနောက် ရပ်တန့်သွားသည်။
ဝိညာဉ်အတားအဆီးရှိနေသည်မှာ အခြေအနေမကောင်းလှဟု ဆိုလိုခြင်း ဖြစ်သည်။ သူရဲ့လက်လွတ်စပယ်လုပ်လိုက်တာကြောင့် သူတို့နှစ်ယောက်လုံး ထိခိုက်သွားရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်။
ခြံဝန်းထဲမှလူများသည် စောင့်နေရင်းနှင့် ပို၍ စိတ်ပူလာသည်။ သို့သော် သူတို့သည် ရှီမာယူယူကို ပိုစိတ်ပူကြသည်။ သူတို့သည် ရှီမာယူယူ စူးလျိုနျန်၏ အသိစိတ်ပင်လယ်သို့ ဝင်သွားသည်ကို သိသည်နှင့် ထိတ်လန့်ကြသည်။
ထိုသို့အခြေအနေတွင် လက်လွတ်စပယ်ပြုမူလိုက်ပါက သူမပါ ထိခိုက် နိုင်သည်။
သို့သော် သူမ အဆင်ပြေမည်ဟု မျှော်လင့်ပြီး သူမကို မတားနိုင်ကြပေ။
သူမ တံခါးဖွင့်လာသည်နှင့် အားလုံးပြေးသွားကြသည်။ သူမ အဆင်ပြေ သည်ကို မြင်သောအခါ ရှီမာမိသားစုဝင်များ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလေသည်။
သူမ ဘေးကင်းသည်ဟုမြင်သည်နှင့် ဟော်ကျန့်ကျန်းသည်လည်း ပျော်ရွှင်သွားလေသည်။ ဒါဆိုရင် လျိုနျန်လည်း အဆင်ပြေတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။
“ယူယူ ရောဂါအကြောင်းအရင်းကိုရှာတွေ့ပြီလား”
***