← Chapters

မင်းကိုကိုယ် လူကြီးတစ်ယောက်လို ဆက်ဆံပေးမယ်

Vol. 16 Ch. 218

မင်းကိုကိုယ် လူကြီးတစ်ယောက်လို ဆက်ဆံပေးမယ်

Vol. 16 Ch. 218

“ဘာမှ မဟုတ်တော့ပါဘူး”

ဖီလိုနာသည် တအောင့်ခန့် တုံ့ဆိုင်းသွားပြီး သူ့ကို တားဆီးရန် သူမ ဘာကြောင့် တွေးလိုက်မိသည်ကို နားမလည်နိုင်ဖြစ်သွားရသည်။

“ကျွန်မက အတည်ပြုရုံသက်သက်ပါ” ဟု အကြောင်းပြချက်တစ်ခုပေးကာ သူမသည် နောက်သို့ ဆုတ်သွားလိုက်သည်။

အာရန်သည် ပို၍ပင် စိတ်ဝင်စားသွားမိသည်။

သူမသည် သူ့နှင့် စာချုပ်ချုပ်ဆိုထားသောကြောင့် သူမသည် အမှန်ကို မပြောကြောင်း သူ ခံစားသိရှိနိုင်သည်။

သို့သော် သူသည် သူမကို ဖော်ထုတ်ခြင်း မပြုခဲ့ပေ။

“ငါ အချိန်ရတဲ့အခါ ပြန်လာပါ့မယ် မင်းလည်း အဲဒီအတောအတွင်း ကျန်တာတွေကို စိတ်ကြိုက်ကိုင်တွယ်ထားနိုင်ပါတယ်” ဟု အာရန်က ပျင်းရိစွာ လက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

သူသည် ဂိတ်ဝင်ပေါက်ထဲသို့ လှမ်းဝင်သွားလိုက်ပြီး သူ ပြန်လာမည့်အကြောင်း ပြောသောအခါ ခဏတာမျှ ဖီလိုနာ၏ မျက်လုံးများ၌ ထူးဆန်းသော ခံစားချက်တစ်ခု လင်းလက်သွားသည်ကိုမူ သူသည် သတိမထားမိလိုက်ပေ။

၎င်းသည် စိတ်လှုပ်ရှားမှုနှင့် တူညီနေသော်လည်း တစ်ချိန်တည်း၌ မသေချာမရေရာမှုအချို့လည်း ပါဝင်နေလေသည်။

ထိုခံစားချက်များသည် ပေါ်လာပြီးသည်နှင့် တပြိုင်နက် ပြန်လည်ကွယ်ပျောက်သွားခဲ့သည်။

အာရန်၏ ကျောသည် သူမဘက်သို့ နောက်ခိုင်းထားခဲ့သောကြောင့် သူသည် သူမ၏ ထိုခဏတာ တုံ့ပြန်မှုကို သတိမထားမိခဲ့သော်လည်း ၎င်းသည် ယီလန်၏ စောင့်ကြည့်မှုမှမူ လွတ်မြောက်မသွားခဲ့ပေ။

“ဒီကောင်မလေးကတော့....”

သူမသည် ဂိတ်ဝင်ပေါက်ထဲသို့ လှမ်းဝင်ရင်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

ဧည့်သည်နှစ်ဦး ထွက်သွားပြီးသောအခါ ဂိတ်ဝင်ပေါက်သည်ပြန်လည် ပိတ်သွားခဲ့သည်။

ဝိညာဉ်စစ်သည်များသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကြသည်။ အချို့သည် ရင်ဘတ်ကို ဖိထားဆဲဖြစ်ပြီး နှလုံးခုန်နှုန်း မြန်နေဆဲဟု ခံစားနေကြလေသည်။

အချို့ဝိညာဥ်များသည် ခန္ဓာကိုယ်၌ အားအင်မရှိတော့သကဲ့သို့ နောက်သို့ လန်ကျသွားကြသည်။ ၎င်းတို့သည် ထိုအေးစက်သော မျက်လုံးများကို မြင်ယောင်နေဆဲဖြစ်သည်။

ခန္ဓာကိုယ်ကို အတင်းအကျပ် ထရပ်ရန်ကျိုးစားခဲ့သောသူများသည်လည်း ၎င်းတို့၏ ခြေထောက်များသည် အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်ကိုသတိထားမိကြလေသည်။

လူသားများကြောင့် သေခြင်းကိုပင် မကြောက်ဟု ပြောဆိုခဲ့ကြသော်လည်း ဤအခြေအနေသို့ ရောက်ရှိခဲ့ရသည်မှာ ရှက်စရာကောင်းလှပေသည်။

သို့သော် ဤအပြန်အလှန် ဆက်ဆံမှုသည် ၎င်းတို့အား ၎င်းတို့ ဘုရင်မ၏ စိုးရိမ်မှုများကို ကိုယ်ချင်းစာ နားလည်စေခဲ့သည်။

သူမသည် နယ်မြေကို ရောင်းစားခဲ့သော သစ္စာဖောက်တစ်ဦး မဟုတ်ခဲ့ပေ။

အဲဒီအစား သူမ၏ ကိုယ့်သိက္ခာကိုပင် ဘေးဖယ်ထားကာ ၎င်းတို့ကို ကာကွယ်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်လေသည်။

အာရန်အား လက်နက်ချသောအခါ သူမသည် မည်မျှ ဝန်ထုပ်ဝန်ပိုး ခံစားခဲ့ရမည်ကို ၎င်းတို့ မှန်းဆနိုင်ရုံသာ ရှိသည်။

ဤအခြေအနေ၌ ရောက်ရှိသွားသောအခါ ၎င်းတို့ အလွန် ရှက်ရွံ့မိခဲ့လျှင် သူတို့၏ ဘုရင်မဆိုလျှင်မည်မျှ ပိုဆိုးဝါးခဲ့မည်နည်း။

သူမသည် ဤအရာအားလုံး၌ သားကောင်တစ်ဦးသာဖြစ်ခဲ့ကြောင်းနှင့် ၎င်းတို့ များစွာ အထင်မှားမိခဲ့သောသူတစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။

၎င်းတို့ အပြစ်တင်နိုင်သော တစ်ဦးတည်းသောသူမှာ အာရန်သာဖြစ်ပြီး သူမ မဟုတ်ပေ။

သူမသည် ဝန်ထုပ်ဝန်ပိုးအားလုံးကို သူမ၏ ပခုံးပေါ်၌ တင်လိုသောကြောင့်သာ ၎င်းတို့ကို မပြောပြခဲ့ခြင်းဖြစ်သည်ဟုပင် တွေးလိုက်မိကြသည်။

“ငါတို့ အများကြီး မှားခဲ့တာပဲ...”

သူမကို အများဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့ကြသောသူများသည် သူတို့၏ မိုက်မဲမှုများအတွက် ရှက်ရွံ့စွာ ခေါင်းများကို ငုံ့ထားလိုက်ကြသည်။

အခြားသူများသည်လည်း ၎င်းတို့၏ လုပ်ရပ်များအတွက် ဖီလိုနာအား တောင်းပန်ရာ၌ ပါဝင်ခဲ့ကြသည်။

ဖီလိုနာသည် ပိတ်သွားပြီးဖြစ်သော ဂိတ်ဝင်ပေါက်ဆီသို့ ငေးကြည့်လိုက်သည်။

သူမအတွက် အပြစ်တင်ခံခဲ့သော အမှန်တကယ် ထိုလူသားသည် ထွက်သွားခဲ့ပြီးဖြစ်သည်။

သူသည် ဤလောကမှ ထွက်ခွာသွားသော်လည်း သူမ၏ စိတ်၌ သူ့အကြောင်း အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

....

အာရန်သည် ဂိတ်ဝင်ပေါက်မှ ထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ ၎င်းတို့သည် မှန်ကန်သော နေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်ကို မြင်သောအခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။

အကာအကွယ်လွှာများသည် ၎င်းတို့၏ စားပွဲပတ်လည်၌ တည်ရှိနေဆဲဖြစ်သည်။

နေရာသည် အလွန်တိကျစွာရောက်ရှိရန် လိုအပ်သော်လည်း ယီလန်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။

မကြာမီ သူ၏နောက်မှပင် ယီလန်သည်လည်း ဂိတ်ဝင်ပေါက်ဆီမှပြန်လည် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူမထွက်လာပြီးနောက် ထိုဂိတ်ဝင်ပေါက်သည်လည်း ဘယ်တုံးကမှမရှိခဲ့သည့်ဟန် ပြန်လည် ပိတ်သွားသည်။

“သိပ်တော်တယ်”

အာရန်သည် ယီလန်မှာ သူ့ထက် အသက်အများကြီး ပိုကြီးသော်လည်း ပိုငယ်သော ကလေးမလေးတစ်ဦးကိုဆက်ဆံသကဲ့သို့ သူမ၏ ခေါင်းပေါ်သို့ သူ၏ လက်ကိုတင်၍ ပြောလိုက်လေသည်။

ယီလန်သည် အာရန်၏ လက်ကို ပုပ်ထုတ်လိုက်သည်။

“ကျွန်မကို ကလေးတစ်ယောက်လို မဆက်ဆံနဲ့”

ထိုအခါ အာရန်သည် သူမအနားသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်ပြီး သူ၏ လက်များသည် သူမ၏ ခါးကလေးကို ဆွဲ‌ပွေ့လိုက်သည်။

ယီလန်သည် ထိုအခိုက်အတန့်၌ တုန်လှုပ်သွားပြီး တုံ့ပြန်နိုင်စွမ်း ပင် မရှိလိုက်ချေ။

အာရန်သည် သူမ၏ နားရွက်အနားသို့ သူ့နှုတ်ခမ်းကို တေ့လိုက်သည်။

အာရန်၏ နွေးထွေးသော အသက်ရှူသံများသည် သူမ၏ နားရွက်ကလေးများကို ပွတ်တိုက်သွားသည်ဟု ခံစားလိုက်ရသည်။

“ရှင်...ဒါ ဘာ.... ဘာလုပ်တာလဲ”

ယီလန်သည် ရှက်ရွံ့စွာဖြင့် သူမ၏ မျက်နှာသည် နီရဲသွားလေသည်။

သူမသည် သူ့ကို ပြန်တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း သူမသည် သူ၏ စောင့်လျှောက်သူ ဖြစ်သောကြောင့် သူ့အပေါ်ကို မည်သည့် အားအင်ကိုမျှ အသုံးပြု၍ မရပေ။

သူမသည် အာရန်၏ ရှေ့၌ သာမန်မိန်းကလေးတစ်ဦးနှင့် မခြားနားတော့ဘဲ သူမ၏ စွမ်းရည်များသည် သူ၏ ဆန္ဒမပါသောအခါ သူ့အပေါ်တွင် အတင်းအကျပ်အသုံးပြု၍မရပေ။

“ မင်းကို ကလေးတစ်ယောက်လို မဆက်ဆံနဲ့လို့ မင်း ကိုယ့်ကိုစောစောက မပြောခဲ့ဘူးလား”

အာရန်၏ နှုတ်ခမ်းသည် သူမ၏ နားရွက်နားသို့ကပ်သွားကာ အခေါ်အဝေါ်ကိုပင် အနည်းငယ်ပြောင်းလဲလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အဲ့ဒီတော့...”

သူ၏ လက်များသည် သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့မိသွားသောအခါ ယီလန်သည် သူမ၏ ခန္ဓာကိုယ်၌ ထိုထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်သွားသည်ကို ခံစားလိုက်မိသည်။

“ဒါကြောင့် ကိုယ်မင်းကို အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံနေတာလေ” ဟု အာရန်က သူမ၏ နားရွက်ဖျားလေးများကို ဖြည်းညှင်းစွာ ကိုက်ချလိုက်ရင်း ပြောလိုက်သည်။

အာရန်၏ ကိုက်ချက်သည် နာကျင်မှု မရှိသော်လည်း သူမကို တစ်စုံတစ်ခုသော မသက်မသာဖြစ်စေသည့် ခံစားချက်တစ်ခုကို ပေးစွမ်းလိုက်သောကြောင့် ယီလန်ဆီမှ တိုးညှင်းသော ညီးတွားသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမသည် အာရန်၏ လက်များမှာ သူမ၏ နောက်ကျောဆီမှ အောက်ဘက်ဆီသို့ လျှောကျသွားနေသည်ကို ခံစားမိလိုက်သည်။

“ကိုယ်မင်းကို ကလေးတစ်ယောက်လို မဆက်ဆံစေချင်ဘူးဆိုတာ သေချာလား”

အာရန်သည် ထိုသို့မေးလိုက်ပြီးနောက် သူ၏ လက်များသည် သူမ၏ အောက်ပိုင်းသို့ ဆက်လက် လျှောကျနေခဲ့သည်။

“ရှင်...ရှင်..”

ယီလန်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

သူမသည် အလွန်ကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့သူဖြစ်သော်လည်း ထိုကဲ့သို့သော အရာများကို လုံးဝ အတွေ့အကြုံ မရှိနေပေ။

ထိုအခိုက်အတန့်၌ သူမ၏ စိတ်သည် လုံးဝ လွတ်ထွက်သွားသကဲ့သို့ ဖြစ်နေသည်။

သူမသည် ဘာမှ မတွေးနိုင်တော့ဘဲ သူမ၏ ပတ်ဝန်းကျင်၌ အာရန်၏ နွေးထွေးသောအထိအတွေ့လေးများကိုသာ အာရုံခံစားနိုင်တော့သည်။

တစ်ဖက်၌ သူမသည် သူ့အား တွန်းထုတ်ကာ တားဆီးလိုနေခဲ့သည်။ အခြားတစ်ဖက်၌မူ သူမသည် သူ့အား လုံးဝ တွန်းလှန်လိုခြင်း မရှိနေပေ။

၎င်းသည် အလွန်ရှုပ်ထွေးသော ခံစားချက်တစ်ခုလည်းဖြစ်လေသည်။

နောက်ဆုံး၌ သူမသည် သူမ၏ မျက်လုံးလေးများကိုသာ မှိတ်ထားကာ ထိုအခိုက်အတန့်၌ အာရန်၏ လက်များအား သူမ၏ ခန္ဓာကိုယ်ကို စိတ်ကြိုက်ထိတွေ့ရန် ခွင့်ပြုမိလိုက်သည်...။

ထိုစဥ်မှာပင်......

“အကြီးအကဲ ရန် အဲဒီမှာ ရှိနေသေးလားရှင်”

အကာအကွယ်လွှာ၏ အခြားတစ်ဖက်မှ အသံလေးတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဟင်”

အာရန်သည် အသံလာရာဆီသို့ လှည့်လိုက်ကာ သူ၏ လက်များကို ပြန်ရုပ်သိမ်းလိုက်သည်။

အာရန်၏ အာရုံများ ပြောင်းလဲသွားသော ခဏ၌ ယီလန်သည်လည်း သတိပြန်လည်လာခဲ့သည်။

ကြောက်လန့်နေသော ယုန်သူငယ်မလေးကဲ့သို့ သူမသည် နောက်သို့ ခုန်ဆုတ်သွားလိုက်သည်။

သူမ၏ မျက်နှာသည် ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲနေလေသည်။

သူမသည် အလွန်ရှက်ရွံ့နေပြီး သူမ၏ စောစောပိုင်အပြုအမူများအတွက် သူမကိုယ်သူမပင် မယုံနိုင်အောင် ဖြစ်နေမိသည်။

“ငါ ဘယ်မှာ ရှိမယ်လို့ထင်လို့လဲ”

အာရန်သည် အခြားတစ်ဖက်၌ရှိသောသူကိုပြန်လည် မေးခွန်းထုတ်လိုက်သည်။

သူသည် ထိုသူကို မမြင်နိုင်သော်လည်း ထိုနူးညံ့သော အသံလေးတစ်ခုတည်းဖြင့်ပင် ၎င်းသည် စာကြည့်တိုက်မှူးဖြစ်ကြောင်း အတည်ပြုနိုင်လေသည်။

အာရန်သည် တိတ်ဆိတ်စွာဖြင့် သူ ဤနေရာ၌ မရှိနေခဲ့ဟူသောအတွေးကို သူမအား အနည်းငယ်မျှပင် တွေးတောခွင့် မပြုနိုင်ပေ။

အာရန်သည် သူ၏ အဝတ်အစားများကို အကြီးအကဲရန် ၏ ဝတ်စုံသို့ အလျှင်အမြန်ပင် ပြန်လည် ပြောင်းလဲလိုက်သည်။

သူသည် အစောပိုင်းက လုပ်ကြံ‌ရေးသမားဝတ်စုံကိုလည်း သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ ပြန်ထည့်ထားလိုက်သည်။

ထို့နောက်အကာအကွယ်လွှာအပြင်သို့ကို မထွက်ခင် ဤနေရာ၌ အနည်းငယ်မျှပင် သံသယဖြစ်စရာများ ကျန်မနေစေရန် မည်သည့် မှားယွင်းမှုမှ မရှိကြောင်း သေချာအောင် ပြုမူလိုက်သည်။

“ခဏလောက် အကာအကွယ်လွှာကို ဖယ်ရှားလိုက်လို့ရမလားရှင်” စာကြည့်တိုက်မှူးမလေးက ထပ်မံတောင်းဆိုလိုက်သည်။

အာရန်သည် ထိုင်ခုံတစ်လုံး၌ ထိုင်လိုက်ကာ စာအုပ်တစ်အုပ်၏ ကျပန်း စာမျက်နှာတစ်ခုကို ဆွဲဖွင့်ရင်း အကာအကွယ်လွှာ ဖွဲ့စည်းထားခြင်းကို ရပ်တန့်လိုက်သည်။

နောက်ဆုံး၌ ဤနေရာ၌ တစ်ယောက်တည်းရှိသော စာကြည့်တိုက်မှူး၏ မျက်နှာကို သူ မြင်နိုင်ခဲ့သည်။

“တစ်ယောက်ယောက်ရဲ့ စာဖတ်ချိန်ကို အနှောင့်အယှက်ပေးတာဟာ မယဉ်ကျေးရာကျတယ်ဆိုတာ မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်”

“အနှောင့်အယှက်ဖြစ်စေခဲ့တာအတွက် တကယ်တောင်းပန်ပါတယ်ရှင်” စာကြည့်တိုက်မှူးမလေးက ဦးစွာ တောင်းပန်စကား ပြောလိုက်သည်။

“ဒါပေမဲ့ အကြီးအကဲကို တွေ့ဖို့ လူတစ်ယောက် ရောက်လာလို့ပါ”

“လူတစ်ယောက်က ငါ့ကို တွေ့ချင်တယ် ဟုတ်လား” အာရန်က ပြန်လည် မေးလိုက်သည်။

“ဂိုဏ်းချုပ်များလား”

“အာ ဂိုဏ်းချုပ်ကြီးမဟုတ်ပါဘူး အဲဒီလူက အကြီးအကဲရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့ သူ့ကိုယ်သူ ပြောပါတယ် အဲ့ဒီသတင်း စာကြည့်တိုက် ဝင်ပေါက်အပြင်ဘက်က အစောင့်တွေဆီက အခုလေးတင် ရောက်လာလို့ပါ”

‘ငါ့ သူငယ်ချင်းဟုတ်လား ငါ့မှာ သူငယ်ချင်းကော ရှိဘူးလို့လား’

သူမ၏ စကားများကို ကြားသောအခါ အာရန်သည် အတော်လေး စိတ်ရှုပ်ထွေးသွားရလေသည်။

သူသည် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ရရှိခဲ့သည်။

All Chapters