ငရဲကို ဘေးကင်းစွာ ခရီးထွက်နိုင်ပါစေ
Vol. 16 Ch. 219
အာရန်သည် ဂိုဏ်းအပြင်ဘက်၌ သူ့ကို တွေ့ရန်လာသော သူငယ်ချင်းတစ်ဦး စောင့်ဆိုင်းနေကြောင်း သိလိုက်ရသည်။
ထိုနေရာသို့ တိုက်ရိုက်ဝင်တွေ့ခွင့် ပေး၍မရသောကြောင့် အစောင့်များသည် ထိုသူအား အတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။
အစောင့်များသည် ထိုသူမှာ ပြောသည့်အတိုင်း အမှန်တကယ်စစ်မှန်ကြောင်း အတည်ပြုနိုင်ရန် အာရန်အား သတင်းစကားပါးလိုက်ခြင်းဖြစ်လေသည်။
“သူက သူ့နာမည်ပြောခဲ့သေးလား” အာရန်သည် စာကြည့်တိုက်မှူးမလေးကို မေးလိုက်သည်။
အာရန်သည် ရန် နစ်ခရိုလိုင်း၌ ဤကမ္ဘာတွင် သူငယ်ချင်းများ မရှိကြောင်း သိထားလေသည်။
အနည်းဆုံး ၎င်းသည် သူ၏ ယူဆချက်ဖြစ်သည်။
ရန် နစ်ခရိုလိုင်းနှင့် အနီးစပ်ဆုံးတစ်ဦးတည်းသောသူမှာ နတ်ဆိုးဝါးမြိုသူဖြစ်သော်လည်း ထိုသူသည် သေဆုံးပြီးဖြစ်လေသည်။
“သူက သူ့နာမည်ကို ချီယန်လို့ ပြောပါတယ် သူက လက်စွပ်အကြောင်းပြောလိုက်ရင် အကြီးအကဲက သူ့ကို မှတ်မိလိမ့်မယ်လို့ ပြောပါတယ်” ဟု စာကြည့်တိုက်မှူးမလေးက ပြန်ပြောလိုက်သည်။
“လက်စွပ်”
အာရန်သည် သူ့လက်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သူ့လက်ချောင်း၌ သိုလှောင်လက်စွပ်တစ်ကွင်းသာ ရှိနေသော်လည်း ဤလက်စွပ်ကို သူသည် အခြားမည်သူ့ထံကမှမျှ ရရှိထားခြင်းမဟုတ်ပေ။
မမြင်နိုင်သော အခြားလက်စွပ်တစ်ကွင်းလည်းရှိနေပြီး ထိုအရာသည် သူ့အား အကြီးအကဲရန်အဖြစ် အသွင်ပြောင်းထားပေးသော လက်စွပ်ဖြစ်ကာ မူလဝါးမြိုသူက လုပ်ပေးခဲ့ခြင်းဖြစ်သည်။
‘နတ်ဆိုးဝါးမြိုသူလား အသက်ရှင်နေသေးတာလား’
အာရန်သည် ခဏတာအတွေးထဲ နစ်မြောနေရာမှ ထရပ်လိုက်သည်။ နတ်ဆိုးဝါးမြိုသူဖြစ်ပါက အကောင်းဆုံးဖြစ်သည်။
ထိုသူဖြစ်ပါက ယခုကာလပတ်လုံး သူ၏ ပြဿနာများစွာကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။
“ငါ အဲဒီလူကို သွားတွေ့မယ်” ဟု အာရန်သည် စာကြည့်တိုက်မှူးမလေးကို ပြောလိုက်သည်။
“ဒီစာအုပ်တွေကို ဒီမှာ ထားခဲ့လို့ရနိုင်မလား သွားတွေ့ပြီးရင် ငါ ပြန်လာချင်လာဦးမယ်”
အချိန်ကောင်းမဟုတ်သော်လည်း ၎င်းသည် အမှန်တကယ် ဝါးမြိုသူသာဖြစ်နေပါက သူ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
သူသည် ဤနေရာ၌ သက်သေအဖြစ် ရှိနေရန်လိုအပ်သော်လည်း ခဏတာမျှ ထွက်ခွာရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
သက်သေအတွက် သူသည် တစ်ဦးကို ဆက်လက်ထားရှိနိုင်သည်။
သူသည် စာကြည့်တိုက်မှူးကို ဖြတ်ကျော်လိုက်ကာ စာကြည့်တိုက်မှ ထွက်ခွာရန် လှေကားသို့ ချေချလိုက်သည်။
စာကြည့်တိုက်အပြင်ဘက်၌ အာရန်အား အသိပေးရန် ဤနေရာသို့ ရောက်လာသော အစောင့် ရှိနေသည်။
အစောင့်သည် စာကြည့်တိုက်သို့ ဝင်ခွင့်မရသောကြောင့် သတင်းစကားကို စာကြည့်တိုက်မှူးမှတစ်ဆင့် ပေးပို့ခဲ့ရခြင်းဖြစ်သည်။
ဤအစောင့်သည် သူ စာကြည့်တိုက်၌ မရှိသော တစ်ခုတည်းသော ယခုအချိန်၌ ရေခဲနတ်ဆိုး၏ တောင်ရှိရာနှင့် အခြားဆန့်ကျင်ဘက်တွင်ရှိသော အဓိက ထွက်ပေါက်သို့ တစ်ဦးဦးနှင့်အတူ လိုက်ပါသွားကြောင်း သက်သေပြနိုင်မည့် သူလည်းဖြစ်သည်။
အစောင့်သည် အာရန်ကို လေးစားစွာဖြင့် ဂါရဝပြုနှုတ်ဆက်လိုက်ပြီးနောက် အပြင်ဘက် ဂိုဏ်း၏ အဓိက ဝင်ပေါက်ဆီသို့ သူ့ကို ဦးဆောင်၍ခေါ်ဆောင်သွားခဲ့သည်။
အာရန်သည် မကြာမီ ထိုနေရာသို့ ရောက်သောအခါ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှေ့၌ အစောင့်အုပ်စုတစ်စု ရပ်နေကာ ထိုသူ၏ လမ်းကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်။
သတ်လတ်ပိုင်းအရွယ် ထိုအမျိုးသားကို အာရန်သည် မှတ်မိမနေပေ။
၎င်းသည် သူ့အတွက် အံ့အားသင့်စရာတစ်ခုတော့ မဟုတ်ပေ။ ရန်နစ်ခရိုလိုင်း၏ မှတ်ဉာဏ်အများစုသည် သူ့အတွက် လျှို့ဝှက်ဆန်းကြယ်မှုများသာ ဖြစ်နေသေးသောကြောင့် ဖြစ်သည်။
သူ သေချာသော တစ်ခုတည်းသောအရာမှာ သတ်လတ်ပိုင်းအရွယ် ထိုအမျိုးသားသည် အင်အားကြီးမားခြင်း မရှိပေ။
သူသည် မည်သည့် ကျင့်ကြံခြင်းမှ မရှိသော သာမန်လူတစ်ဦးနှင့်ပင် တူညီနေလေသည်။
အာရန် ဆင်းသက်လာသည်နှင့် အစောင့်များသည် နောက်သို့ ဆုတ်သွားပြီး ထိုသူကို ကိုင်တွယ်ရန် အာရန်ကိုသာ တစ်ဦးတည်း အလိုက်တသိ ထားခဲ့လေသည်။
ထိုသူသာ လိမ်ညာနေခဲ့ပါက အာရန်သည် သူ့ကို သင့်လျော်သော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်သည်ဟု ၎င်းတို့ ယုံကြည်ထားလေသည်။
အစောင့်များသည် ၎င်းတို့၏ နေရာများသို့ ပြန်သွားပြီး ၎င်းတို့နှစ်ဦးအား သီးသန့် စကားပြောရန် လုံလောက်သော ကိုယ်ပိုင်နေရာတစ်ခုကို စီစဥ်ပေးနေစဉ် အာရန်သည် ထိုသူကို စောင့်ကြည့်နေခဲ့သည်။
‘ခွဲခြားသတ်မှတ်ခြင်း’
အာရန်သည် ထိုသူအကြောင်း ပိုမိုသိရှိရန် ခွဲခြားသတ်မှတ်ခြင်း ကျွမ်းကျင်မှုအစွမ်းကို အသုံးပြုလိုက်သည်။
ဤသူသည် အသွင်ပြောင်းထားသော ဝါးမြိုသူ အမှန်တကယ် ဟုတ်မဟုတ် သူပင် မသေချာပေ။
..........
[အမည်: ထရိုင်စင်]
[အဆင့်: ၃၅]
[အချက်အလက် : သူရဲကောင်းအကယ်ဒမီမှ ပါမောက္ခ]
[သွေးမျိုးဆက်: အသွင်ပြောင်းလဲခြင်း]
[အသက်: ၄၃]
[စရိုက်လက္ခဏာများ : ဟန်ဆောင်ကောင်းသူ]
[သူရဲကောင်းအဆင့်: A အဆင့်]
[နတ်ဘုရားမ၏ ကာကွယ်မှု: မရှိ]
[ပိုင်ဆိုင်သော ထူးခြားသော ပစ္စည်းများ: မရှိ]
.........
‘သူရဲကောင်းအကယ်ဒမီကလား’
အာရန်သည် အသေးစိတ်မကျသော စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် သူသည် ထိုသူအကြောင်း အချက်အလက်များစွာ ရရှိနိုင်ခဲ့သည်။
သူသည် ထိုသူပြောခဲ့သော လက်စွပ်၏ အဓိပ္ပါယ်ကို နောက်ဆုံး၌ နားလည်သွားသည်။
၎င်းသည် ဝါးမြိုသူ ပေးသော လက်စွပ်ကိုပြောခြင်း မဟုတ်ဘဲ သူရဲကောင်းအကယ်ဒမီ၏ လက်စွပ်ကိုဖြစ်လေသည်။
‘ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ... ငါ သူလျှိုဖြစ်ကြောင်း မစ်ထ်တစ်ယောက်တည်း သိတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ပါမောက္ခတွေတောင် ဒီအကြောင်း သိနေကြတာလား ဒါက ငါထင်ထားတာထက် ပိုရှုပ်ထွေးလာပြီ’
‘သူတို့ထဲက တစ်ယောက်ယောက်က မတော်တဆ င့ါရဲ့ အစစ်အမှန်ကို ဖော်ထုတ်လိုက်မိရင် ပိုရှုပ်ထွေးသွားလိမ့်မယ် လူနည်းလေ ကောင်းလေပဲ ဒါဆို ဘာလို့လဲ’
အာရန်သည် အခြေအနေများ ဆိုးဝါးသွားပုံကို အတော်လေး စိတ်ပျက်ကာ နဖူးကို ပြန်ပွတ်လိုက်သည်။
အာရန်သည် သူ့ဘဝကို အလွန်ခက်ခဲစေခဲ့သော မစ်ထ်ကိုပင် စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။
မစ်ထ်သည် သူ၏ အစစ်အမှန်ကို လူအများအလုံအလောက် မသိသေးကြောင့် စိုးရိမ်နေသကဲ့သို့ သူမကိုယ်တိုင် အခြားသူအားလုံးကို လိုက်လံပြောပြနေခဲ့ခြင်းလား.. သူမသည် သူ့ကို အနည်းငယ် လုံခြုံလွန်းသည်ဟု ယူဆခဲ့၍လား....။
“မင်း ဘာလိုချင်တာလဲ”
အာရန်သည် ၎င်းတို့ပတ်လည်၌ အသံတိတ်စေသော အသံလုံအကာအကွယ်လွှာတစ်ခုဖန်တီး၍ ထိုသူကို မေးလိုက်သည်။
အစောင့်များသည် အဝေးတွင်သာ ရှိနေသောကြောင့် မကြားနိုင်ဟုယူဆနိုင်သော်လည်း ဤရှုပ်ထွေးသော အခြေအနေ၌ သူသည် နောက်ထပ် အန္တရာယ်များကို မယူလိုတော့ပေ။
“မင်းနေရာကို မင်းမေ့သွားပြီလား”
ထရိုင်စင်ဟု သိထားသော အမျိုးသားသည် အာရန်ကို မျက်စိစွေကြည့်ရင်းမေးလိုက်သည်။
သူသည် အဆင့် ၃၅ ခန့်ရှိနေသဖြင့် ဤနေရာ၌ပင် ထိုသူသည် စကားပြောနေရင်းဖြင့် အာရန်ကို အထင်သေးနေဆဲဖြစ်သည်။
သူ၏ အဆင့်သည် မြင့်နေသည်မှာ မှန်သော်လည်း ၎င်းသည် သူ၏ စွမ်းရည်များလည်း မြင့်မားနေသည်ဟု မဆိုလိုပေ။
အာရန်၏ စွမ်းရည်များသည် ထိုသူကို ကျော်လွန်နေပြီးဖြစ်သည်။
ထိုသူ၏ တုံ့ပြန်မှုများကို ကြည့်ရင်း အာရန်သည် မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်းမှာ
တိတ်ဆိတ်စွာဖြင့် ထိုသူရဲကောင်းအကယ်ဒမီ၌ နေထိုင်ခဲ့စဥ်တွင် မည်သို့ ဆက်ဆံခံခဲ့ရသည်ကိုပင် တွေးတောမိလိုက်သည်။
“မင်း ဘာလို့ လတိုင်း ကျောင်းအုပ်နဲ့ပြန် မဆက်သွယ်တာလဲ မင်းကို ဒီ ဘာကြောင့် လွှတ်လိုက်တာလဲဆိုတဲ့ အကြောင်းရင်းကိုတောင် မေ့သွားတာလား ဒါမှမဟုတ် မင်းကိုငါတို့ လက်လှမ်းမမီတော့ဘူးလို့ ထင်နေတာလား” ဟု ထိုလူကအနည်းငယ် မလိုမုန်းတီးဟန်ဖြင့် ပြောလိုက်သည်။
သူသည် အာရန်၏ ပခုံးပေါ်၌ သူ၏ လက်ကိုတင်လိုက်ကာ သူ့အောက်ရှိ လက်အောက်ငယ်သားတစ်ဦးနှင့် စကားပြောနေသကဲ့သို့ ပြုမူလိုက်သည်။
“မင်းတို့ကို ဒီကို လွှတ်နိုင်ရင် မင်းတို့ကိုလည်း အချိန်မရွေးပြန်ဖျက်ဆီးပစ်နိုင်တယ် ဆိုတာကို မမေ့နဲ့ ဒါကြောင့် အကဲစမ်းဖို့မကျိုးစားနဲ့”
အာရန်၏ နှုတ်ခမ်းများသည် စိတ်ပျက်စွာ တုန်ယင်သွားခဲ့သည်။
ထို ပါမောက္ခသည် သူ၏ သူလျှိုဇာတ်ရုပ်ကို သိရှိထားသောကြောင့် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ယခု ဤလူသည် သူ၏ လည်ပင်းကို ညှစ်ရန်ပင် ကြိုးစားနေခြင်းလား။
“မင်းကို သတိပေးဖို့ ငါ ဒီကို ရောက်လာတာ မင်းရဲ့ တာဝန်တွေကို လျစ်လျူမရှုနဲ့ ဒါမှမဟုတ် နောက်တစ်ခါ ငါလာတဲ့အခါ... ခုက မင်းအတွက် နောက်ဆုံးအခွင့်အရေးလဲဖြစ်တယ်” သူသည် ကလေးတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ အာရန်၏ ပါးပြင်ကို ပုတ်လိုက်ပြီး သူ၏ အသံ၌ ခြိမ်းခြောက်မှု များ ပါဝင်နေသည်။
သူသည် သတင်းစကားတစ်ခုကို ပေးပို့ပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။
သို့သော် သူ လှည့်လိုက်သည်နှင့် သူ၏ ပခုံးပေါ်သို့ရောက်လာသော အာရန်၏ လက်ကို ခံစားလိုက်ရသည်။
“မင်း ငါ့ကို သတင်းစကားတစ်ခု ပေးပို့ခဲ့တဲ့အတွက် ငါလည်း ပေးပို့ချင်တဲ့ သတင်းစကားတစ်ခုရှိတယ်” ဟု အာရန်က ပြောလိုက်ပြီး သူ၏ အတွေးများကို နားလည်ရန်မဖြစ်နိုင်ပေ။
“ဘာလဲ”
ထိုအမျိုးသားသည် အာရန်မှာ သူပေးအပ်ခဲ့သော တာဝန်ကို ပြီးမြောက်ခဲ့၍လားဟု တွေးတောရင်း လှည့်ကြည့်လိုက်သည်။
သို့သော် သူ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်နှာသည် ဖြူဖျော့သွားရသည်။
သူသည် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်မှ သွေးများ စီးကျနေသည်ကို မြင်လိုက်ရသည်။
အာရန်၏ လက်သည် သူ၏ ရင်ဘတ်ကို ဖောက်ထွင်းကာ သူ၏ နှလုံးသားကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။
“ငရဲကို ဘေးကင်းစွာ ခရီးထွက်နိုင်ပါစေ... “
အာရန်သည် ထိုသူ၏ နှလုံးသားကို ဆွဲထုတ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်သည် အားအင်မရှိဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။