စွမ်းရည်ခိုးယူခြင်း
Vol. 16 Ch. 220
ထရိုင်စင်၏ မျက်လုံးများမှ အသက်ဝိညာဉ်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်ကို အာရန်သည် စောင့်ကြည့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူသည် ထိုသူရဲကောင်း၏ နှလုံးသားကို သူ၏ စနစ်သိုလှောင်ခန်းထဲ၌ သိမ်းထားလိုက်ပြီး နောက်မှ အသုံးပြုရန် ချန်ထားလိုက်သည်။
အသွင်ပြောင်းနိုင်သော စွမ်းရည်သည် အတော်လေး အသုံးဝင်သော အရာဖြစ်သောကြောင့် သူ အဆုံးရှုံးမခံချင်ပေ။
သူသည် ထိုစွမ်းရည်ကို ရရှိရန် ယခုချက်ချင်း စားသုံးလိုနေသော်လည်း အစောင့်များ မှ သူ့အား တစ်စုံတစ်ယောက်၏ နှလုံးသားကို စားနေသည်ကို မမြင်တွေ့စေလိုပေ။
သူသည် အစစ်အမှန် နတ်ဆိုးတစ်ဦးဖြစ်သည်ဟူသော ကောလာဟလများ အလွန်များပြားနေပြီဖြစ်သည်။ သူသည် ထိုကောလာဟလများကို အပြစ်တင်လိုခြင်း မရှိပေ။
ထိုလူသည် သေဆုံးသွားပြီဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် မူလအသွင်သို့ပြန်ပြောင်းသွားရန် အချိန်အနည်းငယ်သာ လိုတော့ပေသည်။
သူသည် ထိုသို့ မဖြစ်စေလိုခဲ့ပေ။ သူသည် ထိုသူအား သတ်လိုက်သည်ကို မြင်သောအခါ အစောင့်များသည် ၎င်းတို့ဆီသို့ စတင် ချဉ်းကပ်လာနေခဲ့သည်။
အာရန်၏ မျက်စိရှေ့၌ပင် ထိုလူ၏ အသွင်ပြောင်းခြင်းသည် သူ့ဘာသာသူ ပျက်ပျယ်သွားခဲ့လေသည်။
သူ၏ မျက်နှာနှင့် ရုပ်ခန္ဓာသည် တဖြည်းဖြည်း သူ၏ အစစ်အမှန်ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။
ဤလျှို့ဝှက်ချက်ကို ကာကွယ်ရန် အာရန်သည် ထိုလူ၏ ခန္ဓာကိုယ်ပေါ်၌ အဆောင်ပစ္စည်းတစ်ခုကို တင်လိုက်သည်။
ချက်ချင်းပင် ထိုသူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော မီးလျှံများဖြင့် တောက်လောင်သွားကာ မြင်ကွင်းမှ ဖုံးကွယ်လိုက်သည်။
ထိုမီးလျှံများသည် အစောင့်များမှ ထိုအသက်မဲ့သော သူရဲကောင်း၏ ခန္ဓာကိုယ်ကို မမှတ်မိနိုင်တော့အောင် လုပ်ဆောင်ပေးလိုက်လေသည်။
အာရန်သည် လီယွန်းဖန်၏ ခန္ဓာကိုယ်ကိုလည်း ဖယ်ရှားရန် ထိုမီးလျှံများကို အသုံးပြုနိုင်သော်လည်း ၎င်းသည် အလွန်သိသာလွန်းနေလိမ့်မည်ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသောအခါ ဂိုဏ်းမှတစ်စုံတစ်ယောက်သည် ထိုအဆောင်ပစ္စည်းကို အသုံးပြုခဲ့ကြောင်း လူများ သိရှိသွားကြလိမ့်မည်။
တစ်ဖက်၌မူ သူသည် ယခုဤနေရာ၌ ထိုအကြောင်းကို ဂရုစိုက်ရန် မလိုပေ။ လူတိုင်း၏ မျက်စိရှေ့၌ပင် ဤသူကို စိုးရိမ်ပူပန်မှုမရှိဘဲ သတ်ပစ်နိုင်လေသည်။
ထရိုင်စင်သည် သေဆုံးသွားပြီဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်အား မီးလျှံများဆီမှ ကာကွယ်နိုင်စွမ်း မရှိတော့ပေ။
စက္ကန့်ပိုင်းအတွင်း သူ၏ ခန္ဓာကိုယ်သည် ပြာများအဖြစ် ပြောင်းလဲ၍ လေနှင့်အတူ လွင့်ပျယ်သွားလေသည်။
မြေပြင်၌ ကျွမ်းလောင်ခဲ့သော အမှတ်အသားများသာ ကျန်ရစ်ခဲ့သည်။
“အဲဒီလူ လိမ်နေမှန်း ကျုပ် သိတယ် သူ့လိုလူက အကြီးအကဲ ရန်ကို သိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” အာရန်နှင့် မီတာအနည်းငယ်အကွာ၌ ရပ်တန့်နေသော အစောင့်တစ်ဦးက ပြောလိုက်သည်။
အာရန်သည် ထိုအရာကို ရှင်းပြရန်ပင် မလိုအပ်ပေ။ အစောင့်များသည် မိမိတို့ဘာသာ အကြောင်းပြချက်တစ်ခု ပြုလုပ်လိုက်ကြသည်။
ထိုသူသည် လိမ်ညာသူဖြစ်ပြီး အကြီးအကဲ ရန်၏ အချိန်ကို ဖြုန်းတီးခဲ့သောကြောင့် အသတ်ခံခဲ့ရသည်။ ရိုးရှင်းလွန်းသဖြင့် ထိုထက်ပို၍ ဘာမှ သိရန်မလိုအပ်ပေ။
အာရန်သည် အစောင့်များ၏ လုပ်ရပ်များကို အတော်လေး ကျေနပ်စွာ လှည့်ကြည့်လိုက်သည်။ သို့သော် သူသည် မျက်နှာ၌မူ ထိုအရာကို မပြသခဲ့ပေ။
သူ၏ မျက်နှာသည် ခံစားချက်မဲ့နေဆဲဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ အေးစက်သော အကြည့်သည် အစောင့်များကို တုံ့ဆိုင်းစေကာ ၎င်းတို့ အမှားတစ်ခု လုပ်ခဲ့သလားဟု တွေးတောမိစေသည်။
“မင်းတို့ရဲ့ တာဝန်ကို ကျေပွန်အောင် မလုပ်ခဲ့ဘူး သူ့ရဲ့ လိမ်ညာမှုတွေကို မစစ်ဆေးခဲ့ဘူးလား မင်းတို့ကြောင့် ငါ့ရဲ့ အချိန်တွေ အလဟသ ဖြစ်သွားခဲ့ရတယ် နောက်တစ်ခါ ဒီလိုဖြစ်ရင် လေထဲမှာ လွင့်သွားတဲ့ပြာတွေဟာ မင်းတို့ရဲ့ ပြာတွေဖြစ်သွားလိမ့်မယ်...”
အာရန်သည် အစောင့်များကို ဖြတ်လျောက်သွားသောအခါ အစောင့်များသည် တံတွေးများကို အတင်းမျိုချလိုက်ကြရသည်။
အာရန် ဆန္ဒရှိပါက ၎င်းတို့ကို သတ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
မိစ္ဆာဂိုဏ်းသည် အကြီးအကဲရန်အား ထိုအပြုအမူအတွက် အပြစ်ပင် ပေးမည် မဟုတ်ပေ။ အကြီးအကဲတစ်ဦး၏ အခွင့်အာဏာသည် ထိုမျှပင် မြင့်မားသည်။
အာရန်သည် သူရဲကောင်းအကယ်ဒမီမှ သူလျှိုဟုဆိုသောသူကို အခြားသူရဲကောင်းတစ်ဦး လာတွေ့မည်လားဟု မသေချာနေပေ။
ထိုသို့ဖြစ်ပါက သူသည် ပို၍ ဂရုစိုက်ရမည်ဖြစ်သည်။
ထိုအတွက် သူသည် ဂိုဏ်းဝင်ပေါက်၌ရှိသော အစောင့်များကို သူ့ဘက်သို့ ဆွဲဆောင်ရမည်ဖြစ်သည်။
အမိန့်နာခံခြင်းနှင့်ယှဥ်ပါက လိမ်ညာမှုအနည်းငယ် နှင့် ကြောက်ရွံ့မှုများ အချိုးကျရောစပ်ထားခြင်းနည်းလမ်းက ပို၍ကောင်းသည် မဟုတ်ပါလား။
“မင်းတို့ထဲက တစ်ယောက် ငါ့နောက်လိုက်လာပြီး မင်းတို့ရဲ့ တာဝန်တွေကို ဘာကြောင့် ပျက်ကွက်ခဲ့လဲ ရှင်းပြစမ်း” ဟု အာရန်သည် လေထဲသို့ မြောက်တက်သွားရင်း ပြောသည်။
အစောင့်နှစ်ဦးစလုံးသည် သူ့နောက်လိုက်ရန် ကြောက်ရွံ့နေကြပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကြည့်လိုက်ကြသည်။
သို့သော် နောက်ဆုံး၌ တစ်ဦးသည် လက်သီးကို ဆုပ်ကာ အာရန်နောက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
၎င်းတို့သည် အာရန်၏ အချိန်ကို ဖြုန်းတီးမိခဲ့ပါက နှစ်ဦးစလုံး သေဆုံးရလိမ့်မည်ဖြစ်သည်။
နောက်ဆုံး၌ တစ်ဦးသည် အန္တရာယ်ကို ယူရမည်ဖြစ်သည်။
အစောင့်သည် ရှင်းပြချက်မှာ အကြောင်းပြချက်တစ်ခု သက်သက်သာဖြစ်ကြောင်း သတိမထားမိဘဲ အာရန်နောက်လိုက်ကာ စာကြည့်တိုက်သို့ ဝင်သွားခဲ့သည်။
အမှန်မှာမူ သူသည် အာရန်အတွက် ဤနေရာတွင်တည်ရှိကြောင်း သက်သေသက်သက်သာ ဖြစ်လေသည်။
သို့သော် အာရန်သည် ဤအခွင့်အရေးကို မဖြုန်းတီးခဲ့ပေ။
ထိုသူအား ဘာဖြစ်ခဲ့သည်နှင့် အာရန်အား အသိပေးရန် ၎င်းတို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သည်ကို ရှင်းပြခိုင်းခဲ့သည်။
“သူ့ကို ကျွန်တော်တို့ မယုံကြည်ပေမဲ့ သူ အမှန်တရားကို ပြောနေဖို့ အနည်းငယ် အခွင့်အရေးပိုရှိသင့်တယ်လို့ တွေးမိခဲ့ကြတယ် နောက်တစ်ခါ အဲဒီလိုမျိုး ကြုံလာခဲ့ရင် ကျွန်တော်တို့ ပိုပြီး သေချာအောင် စစ်ဆေးပါ့မယ်”
အာရန်သည် ထိုအစောင့်၏ရှင်းပြချက်ကို စိတ်ရှည်စွာ နားထောင်နေခဲ့ပြီး သူ့ကို မနှောင့်ယှက်ခဲ့ပေ။
အကြီးအကဲတစ်ဦးအတွက် တခါတရံ တိတ်ဆိတ်နေခြင်းသည် အရေးကြီးသကဲ့သို့ ၎င်းသည် နည်းဗျူဟာတစ်ခုလည်း ဖြစ်လေသည်။
အာရန်၏ တိတ်ဆိတ်မှုသည် အစောင့်ကို ပိုမိုကြောက်လန့်စေပြီး အာရန်သည် ၎င်းတို့ကို ခွင့်မလွှတ်သေးဟု သူ ထင်မိသွားသည်။
တိတ်ဆိတ်မှု၏ တစ်စက္ကန့်တိုင်း၌ သူသည် ပို၍ပင် စိတ်မတည်မငြိမ်ဖြစ်လာရသည်။
“တချို့လူတွေက တကယ်ကို ရဲရင့်ကြတယ် အဲဒီလူက ငါ့ကို တောင်းပန်ရုံနဲ့ သူ့သားကို ဂိုဏ်းထဲ ဝင်ခွင့်ပေးမယ်လို့ ထင်နေခဲ့တယ် သနားစရာကောင်းတဲ့ လူမိုက်ပဲ”
အချိန်အတော်ကြာပြီးနောက် အာရန်သည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
သူသည် ထိုသူရဲကောင်းအား သူ့ကို သိကြောင်း လိမ်ညာပြီး သူ့သား၏ အနာဂတ်အတွက် တောင်းပန်ရန် သူ့ကို တွေ့ချင်သောသူတစ်ဦးအဖြစ် အစစ်အမှန်မဟုတ်သော လန်ကြုပ်ဇာတ်လမ်းတစ်ခုကိုပြောပြလိုက်သည်။
အစောင့်သည်လည်း ၎င်းမှာ အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်လိုက်သည်။
၎င်းတို့သည် ထိုလူ၏ ရည်ရွယ်ချက်ကို နားလည်ရန် အမှန်တကယ် ပျက်ကွက်ခဲ့ကြသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်စွပ်တစ်ခုအကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပုံပြင်များ ဖန်တီးရုံမျှဖြင့် ၎င်းတို့ကို လှည့်စားနိုင်ခဲ့သည်။
“နောက်တစ်ခါ ငါ့ကို သိကြောင်း ဒါမှမဟုတ် ငါ့ကို တွေ့ချင်ကြောင်း ပြောတဲ့သူတွေရှိရင် မင်း ငါ့ကို တိုက်ရိုက် အသိပေးစေချင်တယ် တခြားသူတွေကို သိစေဖို့အတွက် နောက်ထပ် လုပ်ဆောင်စရာတွေ မလိုဘူး”
အာရန်သည် အစောင့်အား သူထံ သတင်းစကား ပေးပို့ခွင့်ပြုသော ဆက်သွယ်ရေး ကျောက်တုံးတစ်ခု ပေးအပ်လိုက်သည်။
အခြားသူရဲကောင်းတစ်ဦး အမှန်တကယ် ရောက်လာပါက ၎င်းကို လျှို့ဝှက်စွာ ကိုင်တွယ်နိုင်ရန် ပထမဆုံး သိရှိရန်လိုအပ်လေသည်။
ယခုမှစ၍ ဤအစောင့်များသည် သူ၏ သတင်းပေးများဖြစ်သွားပြီဖြစ်လေသည်။
အစောင့်သည် ဆက်သွယ်ရေးကျောက်တုံး ကို လက်ခံယူလိုက်ပြီး ၎င်းနှင့်အတူ ထမ်းဆောင်ရမည့် တာဝန်ကိုပါ သဘောပေါက်လိုက်သည်။
တစ်ချိန်တည်း၌ အကြီးအကဲတစ်ဦးနှင့် နီးကပ်ခွင့်ရသည်မှာ မည်မျှ ကြီးမားသော အခွင့်အရေးဖြစ်ကြောင်းလည်း သူ သိထားလေသည်။
“ကျွန်တော် အကြီးအကဲကို စိတ်မပျက်စေရပါဘူး” ဟု သူသည် အလွန်အမင်း ကြည်ညိုလေးစားသောလေသံဖြင့် ပြောလိုက်သည်။
အာရန်သည် စာကြည့်တိုက်ဆီသို့ ပြန်ရောက်လာခဲ့သည်။
သူ စာကြည့်တိုက်အခန်း ထဲသို့ ဝင်ပြီးမှသာ အစောင့်သည် ပြန်လှည့်သွားခဲ့သည်။
သူသည် သက်သေအဖြစ် သူ၏ တာဝန်ကို သတိမထားမိဘဲ ပြီးမြောက်ခဲ့သည်။
....
ဤသို့ဖြင့် တစ်ရက်တာ ကုန်လွန်သွားခဲ့သည်။
လီယွန်းဖန်နှင့် သူ၏ တပည့် ပျောက်ဆုံးသွားကြောင်း မည်သူက စတင်သိရှိရန် အချိန်မည်မျှ ကြာမည်ကို တွေးတောရင်း အာရန်သည် စာကြည့်တိုက်မှ မထွက်ခွာခဲ့ပေ။
အာရန်သည် သူ၏ တပည့်မလေးမှာ မည်မျှ တိုးတက်မှုရှိသွားပြီဖြစ်ကြောင်း ကြည့်ရှုရန် သူ၏တောင်ပေါ်သို့ ပြန်သွားလိုနေခဲ့သည်။
သူသည် အနည်းငယ် စိတ်မရှည်နိုင်ဖြစ်နေပြီဖြစ်သည်။
‘ဂိုဏ်းက လူတွေ ဘယ်လောက်တောင် တုံးအကြတာလဲဟ တစ်ရက်ကျော် ကြာသွားတာတောင် ဘယ်သူမှ သတိမထားမိကြဘူးလား ငါ သူတို့ကို အထင်ကြီးလွန်းသွားပြီလား’
အာရန်သည် သူ အကုန်ဖတ်ပြီးသော စာအုပ်တစ်အုပ်ရှေ့၌ ထိုင်ရင်း တွေးတောနေမိသည်။
သူသည် ယီလန်ကို စစ်ဆေးရန် စေလွှတ်သင့်သလားဟုပင် တွေးလိုက်မိသည်။
သူသည် ထိုသို့အတွေးများနေစဥ်မှာပင် အကာအကွယ်လွှာ၏ အခြားတစ်ဖက်၌ ခပ်မြန်မြန်လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။
“အကြီးအကဲ ရန်ရှင် ဂိုဏ်းတွင်းမှာ ကြီးမားတဲ့ တစ်ခုခု ဖြစ်သွားခဲ့ပါတယ်” စာကြည့်တိုက်မှူးမလေး၏ အသံ ထွက်ပေါ်လာသောအခါ အာရန်သည် အကာအကွယ်လွှာနောက်မှနေ၍ ပြုံးမိလိုက်သည်။
နောက်ဆုံး၌ သူသည် ဤငြီးငွေ့ဖွယ်ကောင်းသော နေရာမှ ထွက်ခွာနိုင်တော့မည်ဖြစ်လေသည်။