← Chapters

ဂိုဏ်းချုပ်ဘယ်ရောက်....

Vol. 16 Ch. 221

ဂိုဏ်းချုပ်ဘယ်ရောက်....

Vol. 16 Ch. 221

“ဒီလောက်အသဲအသန်ဖြစ်သွားရ‌အောင်ဘာတွေများဖြစ်သွားလို့လဲ”

အာရန်သည် တည်ငြိမ်ဟန်ဆောင်ကာ အကာအကွယ်လွှာကို ဖယ်လိုက်သည်။

သူသည် အဖြေကို ခန့်မှန်းပြီးသားဖြစ်လေသည်။

သူထင်ထားသည်ထက်ပိုမို ကြာမြင့်ခဲ့သော်လည်း နောက်ဆုံး၌ ၎င်းတို့သည် လီယွန်းဖန်း ပျောက်ဆုံးသွားသည့် အကြောင်းကို ရှာဖွေတွေ့ရှိ သွားခဲ့ကြပြီ ဖြစ်သည်မဟုတ်ပါလား။

“ဂိုဏ်းချုပ်... သူမ.... ပျောက်ဆုံးနေပါတယ်”

စာကြည့်တိုက်မှူးမလေးသည် အလန့်တကြား လေသံဖြင့် အာရန်အားအစီရင်ခံလိုက်သည်။

“ဟင်”

အာရန်သည် အံ့အားသင့်စွာဖြင့် ထရပ်လိုက်မိသည်။

သူမသည် ရေခဲနတ်ဆိုး လီယွန်းဖန် ပျောက်ဆုံးသွားသည်ဟု ပြောသင့်သည် မဟုတ်ပါလား။

ဘာကြောင့် ထိုသို့ဖြစ်ရမည့်အစား ဂိုဏ်းချုပ်က မည်သို့ ပျောက်ဆုံးသွားရသနည်း။

“သူက အခြားသူတွေကို အသိမပေးဘဲ ဂိုဏ်းပြင်ပကို ထွက်သွားတာလား” ဟု အာရန်က မေးလိုက်သည်။

၎င်းသည် အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသောအကြောင်းပြချက်ပင်ဖြစ်သည်။

ဂိုဏ်းချုပ် ပျောက်ဆုံးသွားသည်ဆိုခြင်းက သူမသည် အခြားသူများကို မပြောဘဲ ထွက်သွားခြင်းသာ ဖြစ်နိုင်လေသည်။

သို့သော်.....

“ဂိုဏ်းချုပ်ရဲ့ နန်းတော်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ပြောတယ် နန်းတော်ပတ်ဝန်းကျင်က အစောင့်တွေအားလုံးလည်း ဒီနေ့ အဲ့ဒီနေရာမှာ သေဆုံးနေတာကို တွေ့လိုက်ရတယ်”

စာကြည့်တိုက်မှူးမလေးသည် အလွန် စိတ်မတည်မငြိမ်ဖြစ်နေဟန်ဖြင့် ပြန်လည်ပြောပြလိုက်သည်။

တိုက်ကြီးတစ်ခုအတွက် အရှင်သခင်တစ်ပါး၏ တည်ရှိမှုသည် တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးသော အချက်လည်းဖြစ်လေသည်။

အကယ်၍ မိစ္ဆာဂိုဏ်းချုပ် ဖန်းယုသာ တစ်ခုခုဖြစ်သွားခဲ့ပါက အခြားအရှင်သခင်များသည် ဤတိုက်ကြီးသို့ ကျူးကျော်ရန် ဆုံးဖြတ်လိုက်ပါက မည်သူက တားဆီးနိုင်တော့မည်နည်း။

ဤကိစ္စသည် သာမန်လူတစ်ဦး ပျောက်ဆုံးသွားသည့် ကိစ္စသက်သက် မဟုတ်ပေ။

အရှေ့တိုက်၏ အဓိက ကျောထောက်နောက်ခံကြီးတစ်ဦး ပျောက်ဆုံးသွားခြင်း ဖြစ်လေသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော လက္ခဏာများ ရှိနေခဲ့သောကြောင့် သူမသည် အပန်းဖြေခရီး တစ်ခု ထွက်သွားခြင်း မဟုတ်ကြောင်းမှာ ရှင်းလင်းနေလေသည်။

ဤအချိန်၌ တစ်စုံတစ်ဦးသည် ဗဟိုဧရိယာရှိ မိစ္ဆာဂိုဏ်းချုပ်၏ နန်းတော်ကို ဖောက်ထွင်းဝင်ရောက်ကာ မည်သူမျှ မသိရှိဘဲ ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်လေသည်။

အာရန်သည်လည်း ဖြစ်လာမည့် အကျိုးဆက်များကို သဘောပေါက်လိုက်သည်။

သူသည် ဇာတ်လိုက်ကို ကိုင်တွယ်လိုက်နိုင်ပြီဖြစ်သဖြင့် အရှေ့တိုက်၌ သူ၏ဘဝသည် တည်ငြိမ်မှုရရှိသွားပြီဖြစ်သည်ဟုတွေးမိရုံရှိသေး ဤကဲ့သို့သော အရာတစ်ခု ထပ်မံဖြစ်ပွားခဲ့လေပြီ။

၎င်းသည် သူ လီယွန်းဖန်နှင့် ဇာတ်လိုက်ရဲ့လန်ကို ရှင်းလင်းခဲ့သော အချိန်နှင့် တိုက်ဆိုင်စွာ တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သာမန်တိုက်ဆိုင်မှု သက်သက်ဖြစ်နိုင်ပါ့မလား။

သို့မဟုတ် ဤနေရာ၌ တစ်စုံတစ်ယောက်၏ အကွက်ချစီစဥ်ထားခြင်းများ ပါဝင်ပတ်သတ်နေမလား။ သူ မသေချာနေပေ။

“ငါ ဗဟိုဧရိယာထဲကို သွားပြီး ကိုယ်တိုင် စစ်ဆေးကြည့်မှဖြစ်မယ်”

ထို့နောက် အာရန်သည် စာကြည့်တိုက်ဆီမှ အလျင်အမြန်ပင် ထွက်လာခဲ့ကာ သူ၏ မျက်နှာအမူအရာသည် အတော်လေး တင်းမာလျက်ရှိနေသည်။

လမ်းတစ်လျှောက်လုံး၌လည်း သူ၏ စိတ်ထဲ၌ အတွေးများစွာ ပြည့်နှက်နေခဲ့သည်။

ဗဟိုဧရိယာဒေသသို့ပင် ဝင်ရောက်နိုင်ပြီး အရှင်သခင်တစ်ပါးကို ထိခိုက်စေခဲ့သော သို့မဟုတ် သတ်ပစ်နိုင်သောသူ...... ထိုသည်သည် အခြားအရှင်သခင် သုံးဦးထဲမှ တစ်ဦးသာ ဖြစ်နိုင်ပေမည်။

“ကျောင်းအုပ် မစ်ထ်လား” ဟု သူသည် စာကြည့်တိုက်မှ ထွက်လာစဉ် တစ်ချက် တွေးတောမိလိုက်သည်။

တောင်ပိုင်းတိုက်မှ အရှင်သခင်တစ်ဦးတည်းသာ ဖန်းယုကို ထိုမျှအထိ မုန်းတီးနေခြင်းဖြစ်သည်။

သူသည် ယီလန်နှင့်အတူ အနားယူခြင်းမရှိဘဲ ဆက်တိုက်ပင် ဗဟိုဧရိယာအတွင်းသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။

စက္ကန့်တိုင်း၌ သူ၏ စိတ်အတွင်းသည် ဖြစ်နိုင်ခြေများ ရာနှင့်ချီ၍ တွေးတောနေမိခဲ့လေသည်။

သူသည် မစ်ထ်အကြောင်း တွေးတောနေခဲ့သော်လည်း တစ်ဖက်တွင် ၎င်း မဖြစ်နိုင်သလောက်ပင်ဖြစ်ကြောင်းလည်း သူတွေးမိလိုက်ပြန်သည်။

မစ်ထ်သည် ဤနေရာ၌ ရှိနေပါက သူမသည် သူ့အားလည်း လာရောက်တွေ့ဆုံ လိမ့်မည်ဖြစ်သည်။

သူမကိုယ်တိုင် ဤနေရာသို့ လာရောက်ခဲ့ခြင်းဖြစ်ပါက သူ့ကို ဆက်သွယ်ရန် သာမန် သံတမန်တစ်ဦးကို အဘယ်ကြောင့်ထပ်မံ စေလွှတ်မည်နည်း။

“သန့်စင်ပုရောဟိတ်မက ငါတို့ကို ဖိတ်ခေါ်ခဲ့တယ် သူမဆိုရင်လည်း ဒီလိုမျိုး ရုတ်တရက်ထလုပ်ရအောင်က ဒါကလဲ အဓိပ္ပာယ်ရှိမနေပြန်ဘူး ပြီးတော့ သူမအစွမ်းတွေက နတ်ဘုရားမကို မယုံကြည်တဲ့ အခြားတိုက်ကြီးတွေမှာ သိသိသာသာ အားနည်းသွားတဲ့ တစ်ဦးတည်းသော အရှင်သခင်ပဲ”

“ဒါဆို နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အရှင်သခင်ကိုယ်တိုင် ဖြစ်နေမလား” ဟု အာရန်သည် ထပ်မံ တွေးတောမိလိုက်သည်။

သူသည် ဇာတ်လိုက်ကို သတ်ခဲ့သော်လည်း ၎င်းသည် တစ်ရက်ခန့်သာ ကြာညောင်းခဲ့သေးသည်။

၎င်းသည် အနာဂတ်ကို ထိုမျှတိုတောင်းသော အချိန်အတွင်း၌ ဤမျှအထိ ပြောင်းလဲသွားစရာ အကြောင်းမရှိပေ။

သူ၏ ပေါ်ပေါက်လာခြင်းသည် ဤဇာတ်လမ်းအား နည်းလမ်းပေါင်းများစွာဖြင့် ပြောင်းလဲစေမိခဲ့သော်လည်း ၎င်းသည် ဤမျှအထိ လျှင်မြန်စွာ ပြောင်းလဲရန် လုံလောက်နိုင်ပါသလား။

ဤသို့ဖြင် သူသည် မကြာမီ အကာအကွယ်လွှာတစ်ခုဖြင့် ဝန်းရံထားသော ဗဟိုဒေသ၏ ဝင်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။

ပုံမှန်အားဖြင့် ဤနေရာသို့ ရောက်သောအခါ အစောင့်များကို မမြင်နိုင်ပေ။

ကျူးကျော်သူတစ်ဦးကို တွေ့ရှိသောအခါမှသာ ဗဟိုဧရိယာရှိ အစောင့်များသည် ထွက်ပေါ်လာကြခြင်း ဖြစ်လေသည်။

သို့သော် ဤတစ်ကြိမ်၌ ဗဟိုဧရိယာ ဒေသတစ်ခုလုံးကို အစောင့်များ ဖြင့် ဝန်းရံထားသည်ကို မြင်လိုက်သည်။

၎င်းတို့၏ အင်အားကြီးမားသော အရှိန်အဝါကြီးသည် သူ့ကိုပင် အနည်းငယ် ဖြုံသွားစေသည်။

အာရန်သည် ဗဟိုဧရိယာအနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဗဟိုအစောင့်အနည်းငယ်မှ သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

“အကြီးအကဲ ရန် ဒီအထဲကို လောလောဆယ်ဘယ်အကြီးအကဲမှ ဝင်ခွင့် မရသေးပါဘူး” ဟု အစောင့်က ပြောလိုက်သည်။

ပုံမှန်အခြေအနေ၌ပင် သာမန်အကြီးအကဲများသည် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်မရှိဘဲ ထို‌‌ဒေသအတွင်းသို့ ဝင်ခွင့်မပြုပေ။

ယခုအချိန်၌မူ အခြေအနေသည် ပို၍ပင် ထူးခြားသောကြောင့် မည်သည့်အကြီးအကဲကိုမျှ အတွင်းသို့ ဝင်ခွင့်မပြုတော့ပေ။

အာရန်သည် ဤကဲ့သို့သော တုံ့ပြန်မှုကို မျှော်လင့်ထားပြီးဖြစ်သည်။ အစောင့်များကို ကျော်ဖြတ်ရန် မလွယ်ကူပေ။

သူသည် ရှုယင်နှင့်အတူ လိုက်ပါခဲ့မှသာ ဖြစ်နိုင်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမသည် ရက်အနည်းငယ်ခန့်ကပင် အပြင်သို့ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။

ရှုယင်သည် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးသွားသည်ကိုပင် သိဟန်မတူသေးပေ။

သို့သော်လည်း အာရန်သည် ထိုအခြေအနေကို အလွန်အမင်း စိတ်ဝင်စားသောကြောင့် လွယ်လွယ်နှင့် လက်လွှတ်မခံချင်ခဲ့ပေ။

သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။

“မင်းက င့ါကို.......”

“သူက ကျွန်မနဲ့အတူ လာခဲ့တာ”

အာရန်မှ စကားမဆုံးခင် မှာပင် နောက်မှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီအသံ...”

အာရန်သည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ အလွန်ငယ်ရွယ်ပုံရသော မိန်းကလေးတစ်ဦးကို သတိပြုမိလိုက်သည်။

သို့သော် ၎င်းသည် အပြင်ပန်းသာဖြစ်ပြီး ထိုအမျိုးသမီးသည် ရှုယင်ထက်ပင် အသက်အများကြီး ပိုကြီးလေသည်။

သူမသည် အကြီးအကဲ ဇီယာဖြစ်ပြီး အာရန်၏ တတိယမြောက် တပည့်မလဲ ဖြစ်လေသည်။

ဂိုဏ်း၌ သူမသည် အကောင်းဆုံးသော အဂ္ဂိရက်ပညာရှင်အဖြစ်လည်း အသိအမှတ်ပြု ခံထားရလေသည်။

အာရန်သည သူမအား သူ၏ တပည့် ဖြစ်စေနိုင်ခဲ့ခြင်းအားဖြင့် သူရရှိခဲ့သော စနစ်ဆီမှ ဆုလာဘ်ကြောင့် အာရန်သည် အဂ္ဂိရက်ပညာ၌ သူမ၏ အဆင့်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း လူအများစုမှာ မသိကြ‌သေးပေ။

ဇီယာကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော မဟာအကြီးအကဲတစ်ဦးမှ အာရန်ဘက်တွင် ရပ်တည်ပေးနေသောကြောင့် အစောင့်များသည် အာရန်ကို တားဆီးနိုင်ခြင်း မရှိတော့ပေ။

သူသည် သူမနှင့်အတူ လိုက်ပါသွားကာ ၎င်းတို့သည် ဘေးသို့ ဖယ်ပေးရုံသာ တတ်နိုင်ခဲ့လေသည်။

........

“ဂိုဏ်းချုပ် ပျောက်ဆုံးသွားတာကို ရှင်လည်း ကြားပြီးပြီမလား” ဇီယာက အာရန်အား မေးလိုက်သည်။

ပုံမှန်အားဖြင့် သူမသည် အဂ္ဂိရက်ပညာနှင့်ပတ်သတ်သည်များကို မေးမြန်းရန် သို့မဟုတ် သူ၏ အိမ်၌ တွေ့ရှိခဲ့သော နဂါး၏ သွေးအကြောင်း မေးခွန်းများ မေးလိမ့်မည်ဖြစ်လေသည်။

သို့သော် လက်ရှိတွင် သူမ၏ စိတ်၌ ပို၍ အရေးကြီးသော ကိစ္စတစ်ခုဖြင့် ပြည့်နှက်နေလေသည်။

“ငါ ဒါကို ယုံကြည်ဖို့ ခက်နေတုန်းပဲ ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်မှပဲလက်ခံနိုင်မယ်” အာရန်က ပြန်ဖြေလိုက်သည်။

“အော်ဒါနဲ့ ကြုံတုံး နောက်တစ်ခု..”

အာရန်သည် သူ၏ လက်ကိုင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် ထိုဆေးလုံးကို ဇီယာဆီသို့ ပစ်ပေးလိုက်သည်။

ဇီယာသည် အံ့အားသင့်နေရာမှ ထိုဆေးလုံးကို လှမ်းဖမ်းလိုက်သည်။ ၎င်းသည် သူမမှ ယခင်က အာရန်နှင့် ယခင်က လဲလှယ်ခဲ့သော အရောဖြင့် ပြုလုပ်ထားသော ဆေးလုံးဖြစ်သည်။

သူမသည် ထိုဆေးလုံးကို ပြုလုပ်ရန် သူမကိုယ်သူမ ယုံကြည်မှုမရှိသေးသည့်အတွက် ထိုဆေးလုံးကိုမလုပ်ရသေးပေ။

သူမသည် ကျရှုံးသွားမည်ကို ကြောက်ရွံ့သောကြောင့် ထိုအရာကို ပြုလုပ်ရန် သင့်တော်သော အချိန်တစ်ခုကို စောင့်နေခဲ့ခြင်းဖြစ်လေသည်။

ဤဆေးလုံးသည် အဂ္ဂိရက်ပညာရှင်တစ်ဦးအတွက် သူတို့၏ အဆင့်ကို မြှင့်တင်ရန် လိုအပ်သော အစိတ်အပိုင်းတစ်ခုလည်းဖြစ်လေသည်။

သူမ လုပ်ရမည့်အရာမှာ ၎င်းကို စားသုံးရန်သာဖြစ်လေသည်။

“ဘာလို့ ဒီဆေး ကျွန်မကို ပေးရတာလဲ ဆေးပင်နဲ့ အပေးအယူကိစ္စက ပြီးသွားပြီမဟုတ်ဘူးလား” ဟု သူမသည် ရှုပ်ထွေးစွာြဖင့် ပြန်မေးလိုက်သည်။

“ဘာ အပေးအယူကိစ္စလဲ မင်းက ငါ့တပည့်ပဲလေ ဆရာတစ်ယောက်အနေနဲ့ သူ့တပည့် တိုးတက်ဖို့ ကူညီပေးဖို့မှာ အပေးအယူကိစ္စတွေ လုပ်ဖို့ လိုသေးလို့လား” ဟု အာရန်က ပျင်းရိစွာဖြင့် ပြန်ဖြေလိုက်သည်။

All Chapters