ဒုတိယဦးစားပေး ရွေးချယ်စရာများ
Vol. 16 Ch. 222
အာရန်သည် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။
ထိုဆေးလုံးကို အသုံးပြုနိုင်သည့် အရည်အချင်းပြည့်မှီသော အဂ္ဂိရက်ပညာရှင်ဟူ၍ နှစ်ဦးသာ မိစ္ဆာဂိုဏ်း၌ ရှိနေပြီး ၎င်းတို့သည် လုံလောက်သော အဆင့်သို့ ရောက်ရှိနေပြီးသားသူများဖြစ်လေသည်။
တစ်ဦးမှာ မဟာအကြီးအကဲဇီယာဖြစ်ပြီး အခြားတစ်ဦးမှာမူ သူကိုယ်တိုင်ပင်ဖြစ်သည်။
ထို့နောက် သူ၌မူ တစ်လုံးရှိပြီးသားဖြစ်လေသည်။
ထို့ကြောင့် ကျန်ရှိသော ဆေးလုံးကို သူ၏ တပည့်မတစ်ဦးဖြစ်သော ဇီယာအား ပေးလိုက်ခြင်းဖြစ်လေသည်။
သူမကို တပည့်အဖြစ် ခန့်အပ်နိုင်ရန်အတွက် မသမာသည့် နည်းလမ်းများကို အသုံးပြုခဲ့မိသော်လည်း စနစ်၏ အမြင်၌ သူမသည် သူ၏ တပည့်တစ်ဦးဖြစ်သည် ဟူသောအချက်ကို ပြောင်းလဲမသွားခဲ့ပေ။
သူသည် ရှုပ်ထွေးမှုများစွာကြား၌ နစ်မွန်းလျက်ရှိနေပြီး ၎င်းတို့ကို အာရုံစိုက်ရန် အချိန်မရှိကြောင်း သိနေသော်လည်း အဆက်မပြတ် ပြောင်းလဲနေသော အခြေအနေများနှင့်အတူ ၎င်းသည် ပို၍ ရှုပ်ထွေးလာသည်ဟု သူ ခံစားမိလေသည်။
သူသည် တပည့်တစ်ဦးကို လက်ခံခဲ့သည်မှာ လအနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အသက်ရှည်အောင် ကျင့်ကြံနေသူများအတွက်မူ ထိုလအနည်းငယ်သည် ရက်အနည်းငယ်နှင့် မခြားပေ။
သို့သော် ၎င်းသည် ဒီအတိုင်းဆက်လက်ဖြစ်ပွားနေသည်ကို သူ၏ ပင်ကို ဆရာတစ်ယောက်၏ ဗီဇအရပါ ခွင့်မပြုနိုင်ကြောင်း သဘောပေါက်ခဲ့သည်။
အာရန်သည် သူ၏တပည့်များအား ပို၍ အင်အားကြီးမားလာကြသည်ကို လိုချင်ခဲ့သည်။
အနည်းဆုံး ဇီယာကဲ့သို့သောသူတစ်ဦးကိုဖြစ်သည်။ သူသည် အနောက်တိုက်သို့ထွက်ခွာရမည့် ဤခရီးစဉ်အတွင်း၌ သူ၏ ပထမဆုံး တပည့်ကိုလည်း ပိုမိုတိုးတက်လာစေရန် လေ့ကျင့်ပေးရန်ပင် အစီအစဉ်များ ချပြီးထားပြီးဖြစ်သည်။
ဇီယာသည် သူမ၏ လက်ထဲရှိ ဆေးလုံးကို ကြည့်လိုက်သည်။
အဂ္ဂိရက်အသင်းကြီးတွင်ပင် ၎င်းဆေးလုံးကို အလွန်မြင့်မားသော ဈေးနှုန်းဖြင့် အလွယ်တကူ ရောင်းချနိုင်သော်လည်း အာရန်သည် သူမအား အခမဲ့ပင် ပေးရန် ဆန္ဒရှိနေခဲ့သည်ကို သိလိုက်ရသောအခါ သူမသည် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
သူမသည် ကျေးဇူးတင်စွာဖြင့် အာရန်အားခဏတာခန့် ငေးကြည့်နေမိလိုက်သည်။
သို့သော် သူမသည် ၎င်းကို သူမ၏မျက်နှာ၌ မဖော်ပြခဲ့ပေ။
သို့သော် သူမ၏ မသိစိတ်၌မူ အာရန်အား သူမ၏ ဆရာအဖြစ် စတင်လက်ခံပေးခဲ့ပြီး ဖြစ်လေသည်။
သူ၏ အဂ္ဂိရက်ပညာတွင် ကျွမ်းကျင်မှုအဆင့်သည် သူမထက် များစွာ မြင့်မားသည်မှာ သေချာနေသည်။
သူသည် ယခင်က သူမထင်ထားမိခဲ့သည်ထက်ပင် ပို၍ သူမအတွက်စဥ့်စားပေးခဲ့ပြီး သူမအပေါ် အမှန်တကယ် ကောင်းမွန်သော ဆရာတစ်ဦးကဲ့သို့ ဆက်ဆံပေးခဲ့သည်။
“ငါ့မျက်နှာမှာ တစ်ခုခုများ ရှိနေလို့လား”
အာရန်သည် ဇီယာ၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသောအခါ ပြန်လည် မေးလိုက်သည်။
သူသည် ဤကဲ့သို့သော အကြည့်မျိုးကို မြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် မဟုတ်ပေ။
မကြာသေးမီက အမျိုးသမီးများစွာမှလည်း သူ့အား အလားတူ အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့ကြသည်ကို အမှန်တကယ် အံ့အားသင့်စွာသတိရလိုက်သည်။
ဇီယာသည် သူမ၏ မျက်နှာကို အခြားတစ်ဖက်သို့ လှည့်လိုက်ကာ သူ့ကို မကြည့်တော့ဘဲ တိုးတိုးလေးသာ ရေရွတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ...”
သူမသည် အာရန်ကို ကျေးဇူးတင်သော်လည်း သူမ၏ အသံသည် အလွန်တိုးလွန်းလှသောကြောင့် သူမ ဘာပြောလိုက်သည်ကို ကြားရန် မဖြစ်နိုင်ပေ။
သူမသည် ကိုယ့်ဘာသာကိုယ် ရေရွတ်နေသကဲ့သို့ ဖြစ်သည်။
....
ဂိုဏ်း၏ ဗဟိုဧရိယာဒေသသည် ဤကမ္ဘာရှိ သာမန်မြို့တစ်မြို့ထက်ပင် ပို၍ ကြီးမားလေသည်။
သို့သော် အာရန်သည် ထိုဒေသ၏ အလယ်ဗဟိုအတွင်းသို့ ရောက်ရှိရန် အချိန်သိပ်မယူလိုက်ရပေ။
ထို့နောက်မကြာမှီမှာပင် ဂိုဏ်းချုပ်၏ နန်းတော်တည်ရှိရာကို လှမ်း မြင်လိုက်ရသည်။
သူသည် နန်းတော်နှင့် ပို၍ နီးကပ်လာလေလေ ဖိနှိပ်မှုတစ်ခုကို ပို၍ ခံစားလာရ လေလေ ဖြစ်သည်။
နောက်ဆုံး၌ အာရန်သည် သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ၏ ကိုယ်ပိုင်အော်ရာအငွေ့အသက်ကို ထုတ်လွှတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
အာရန်သည် နန်းတော်အနီး၌ ပျံ့နှံ့နေသော အင်အားကြီးမားသော အော်ရာအငွေ့အသက်များကို တန်ပြန်ခုခံနိုင်ရုံသာ သူ၏ အော်ရာကို ပြန်လည် ကန့်သတ်ထားခဲ့သည်။
“အခြား အကြီးအကဲတွေလည်း ဒီမှာ ရှိနေပုံရတယ်” ဟု သူသည် ထိုအားကောင်းစွာ ဖိနှိပ်ထားသော အော်ရာများ၏ အရင်းအမြစ်ကို ခန့်မှန်းရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ် ပျောက်ဆုံးသွားပြီဆိုတော့ သူတို့ ကိုယ်တိုင် လာစစ်ဆေးတာဟာ အဓိပ္ပာယ်ရှိပါတယ်” ဟု ဇီယာက ပြန်ဖြေလိုက်သည်။
သူမကိုယ်တိုင်လည်း စစ်ဆေးရန် ဤနေရာသို့ ရောက်လာခဲ့သည်မဟုတ်ပါလား။
အကယ်၍ ဂိုဏ်းချုပ်ဖန်းယုသာ အမှန်တကယ် အသတ်ခံခဲ့ရခြင်းဖြစ်ပါက ၎င်းသည် ဂိုဏ်းအတွက် အမှန်တကယ် ဆိုးရွားသော အကျိုးဆက်တစ်ခုဖြစ်ပေလိမ့်မည်။
ထိုသို့ဖြစ်ခဲ့ပါက အကယ်၍ ပြင်ပရန်သူများနှင့်ရင်ဆိုင်ခဲ့ရသောအခါများအတွက် အားနည်းသွားစေရုံသာမက နောက်ထပ်ဂိုဏ်းချုပ်သစ်တင်မြှောက်ရန် အတွက်လည်း ရက်စက်သော သွေးလွှမ်းသည့် ပဋိပက္ခများကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အရှင်သခင်အဆင့်တစ်ဦးမရှိဘဲနှင့်ပင် မိစ္ဆာဂိုဏ်းသည် အရှေ့တိုက်၌ အင်အားအကြီးဆုံး တည်ရှိမှုတစ်ခုဖြစ်နေဦးမည်ဖြစ်သော်လည်း ဤအခြေအအနေအား အခွင့်ကောင်းယူကာ ဂိုဏ်းအတွင်းရှိ အကြီးအကဲများသည် မိမိတို့၏ အကျိုးအမြတ်များကို တွေးတောရန် မဖြစ်နိုင်ဟု မဆိုလိုပေ။
အာရန်သည် အစောင့်အရှောက်များစွာဖြင့် စောင့်ကြပ်ထားသော နန်းတော်ရှေ့၌ ဆင်းသက်လိုက်သည်။
ဗဟိုဧရိယာ အစောင့်များ၏ ခေါင်းဆောင်သည် မျက်နှာတစ်ခုလုံးဖြူဖျော့လျက် ရှိနေပြီး အပြင်၌ ရပ်စောင့်နေလေသည်။
သူ၏ မျက်နှာ ညာဘက်ခြမ်း၌ သွေးများ စီးကျနေသော ဒဏ်ရာတစ်ခုလည်း ရှိနေသည်။
အာရန်သည် သူ့ကို တားဆီးရန်ပင် မကြိုးစားတော့သော အစောင့်တပ်မှူးကို ကြည့်လိုက်ပြီး သူ့ဘေး၌ အကြီးအကဲ ဇီယာ၏ တည်ရှိမှုကို ပြန်လည် သတိပြုမိလိုက်သည်။
“အဲဒီဒဏ်ရာအတွက် အနာကျက်ဆေးတစ်လုံးလောက် သောက်ထားလိုက်တာ ပိုမကောင်းဘူးလား” ဟု အာရန်က ထိုအစောင့်အား မေးလိုက်သည်။
“ဂိုဏ်းချုပ်တောင် ရင်မဆိုင်နိုင်ခဲ့တဲ့သူကို ရင်ဆိုင်ခဲ့ရပြီး မင်း အသက်ရှင်ကျန်နိုင်ခဲ့တာ ပဲ အတော်လေး အံ့သြသင့်စရာကောင်းနေပါပြီ”
“အကြီးအကဲ ရန်ခင်ဗျာ အကြီးအကဲရဲ့ စကားတွေကို ဂရုစိုက်ဖို့ ကျုပ် အကြံပေးချင်ပါတယ် ဂိုဏ်းချုပ်အကြောင်း ဘာမှ မသိပဲ မဝေဖန်ပါနဲ့ခင်ဗျာ” ပြန်ပြောရင်းဖြင့် ထိုလူ၏ မျက်နှာသည် မှောင်မဲသွားခဲ့သည်။
အာရန်သည် ဂိုဏ်းချုပ်မှာ ရှုံးနိမ့်၍ သေဆုံးသွားပြီဟူသော ကောက်ချက်ချလိုက်သည်ကို သူ မကြိုက်ပေ။
“သူအဲ့ဒီကျူးကျော်သူကို ကိုယ်တိုင် ရင်မဆိုင်မိခဲ့ဘူး တကယ်လို့သာ ရင်ဆိုင်ခဲ့ရရင် သူ အခုလိုမျိုး အသက်ရှင်နေနိုင်ဦးမယ်လို့ ရှင် တကယ် ထင်နေတာလား”
ဇီယာက အစောင့်တပ်မှူးကို အထင်သေးစွာ တစ်ချက်ကြည့်ရင်း ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
“သူ မရင်ဆိုင်ခဲ့ရဘူးလား ဒါဆို သူ့မျက်နှာက ဒီဒဏ်ရာက ဘယ်သူလုပ်တာလဲ” အာရန်သည် ထိုစကားကြောင့် အံ့အားသင့်သွားသည်။
အကယ်၍ ၎င်းအစောင့်ခေါင်းဆောင်အား ဒဏ်ရာရအောင်ပြုလုပ်ခဲ့သူသည် ဗဟိုဧရိယာထဲသို့ ခိုးဝင်ခဲ့သောသူသာ မဟုတ်ခဲ့ပါက သူ့အတွက် ရှင်းပြချက်တစ်ခုသာ ကျန်တော့သည်။
“ဒါက အခြားမဟာအကြီးအကဲတွေရဲ့ လက်ချက်များလား” အာရန်က ထပ်မံမေးလိုက်သော်လည်း ဤအကြိမ်တွင်မူ ထိုအစောင့်တပ်မှူးက ပြန်မဖြေခဲ့ပေ။
“ငါ သိပြီ”
ထိုလူ၏ တိတ်ဆိတ်မှုသည် အာရန်၏ ယူဆချက်ကို အတည်ပြုရန် လိုအပ်သော အဖြေလည်း ဖြစ်လေသည်။
ထိုအစောင့်များသည် ဂိုဏ်းချုပ်ကို ကာကွယ်ရန် သို့မဟုတ် ကျူးကျော်သူများကိုပင် သတိမထားမိခဲ့သောကြောင့် သူသည် ဤအခြေအနေသို့ ရောက်ရှိခဲ့သည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
အကြီးအကဲများ၏ အမျက်ဒေါသကို ရင်ဆိုင်ရန်မှာ သူ့အတွက် လွယ်ကူခဲ့သည့်ပုံမပေါ်ပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ သူ၏ ကျရှုံးမှုအတွက် ဤမျှသာ အပြစ်ပေးခံရပြီး အသက်ရှင်ကျန်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
အာရန်သည် အနာပျောက်နိုင်သော ဆေးလုံးတစ်လုံးကို အစောင့်တပ်မှူးဆီသို့ ပစ်ပေးလိုက်သည်။
အစောင့်တပ်မှူးသည် ထိုဆေးလုံးကို တစ်ချက်ပင်မကြည့်ပဲ အာရန်ဆီသို့သာ ပြန်ပစ်ပေးလိုက်သည်။
“သူက ဒဏ်ရာတွေကို သက်သာချင်နေမယ်မထင်ဘူး ရှင်သာ သူ့ကို သက်သာစေလိုက်ရင် မဟာအကြီးအကဲတွေက ထပ်မြင်ရင် ဂိုဏ်းချုပ် ပျောက်နေချိန်မှာတောင် သူက ဘာမှမထိခိုက်ဘဲ ရှိနေရသလားဆိုပြီး သူတို့ရဲ့ ဒေါသတွေ ပြန်ထလာရင် သူ့အတွက် ပိုဆိုးသွားလိမ့်မယ်”
ဇီယာသည် နန်းတော်ထဲ၌ စုရုံးနေသော မဟာအကြီးအကဲများကို လျော့တွက်မိမည်စိုးသောကြောင့် အာရန်အား သတိပေးလိုက်သည်။
အာရန်သည် ပြန်လည် မတုံ့ပြန်ခဲ့သော်လည်း သူမ၏ စကားများ၌ အမှန်တရားအချို့ ပါဝင်နေကြောင်း သူ သဘောပေါက်လိုက်သည်။
ထို့နောက် အာရန်သည် အနာကျက်ဆေးလုံးကို ပြန်သိမ်းကာ ထိုလူကို ကျော်သွားပြီး ဂိုဏ်းချုပ်၏ နန်းတော်အတွင်းသို့သာ ဝင်ရောက်သွားလိုက်လေသည်။
[သင့်အတွက် ဒုတိယဦးစားပေး ရွေးချယ်စရာများကို စတင်လိုက်ပါပြီ]
[ရွေးချယ်စရာများကို ဂရုတစိုက် သေခြာစွာ ရွေးချယ်ပါ]
သူ၏ ခြေထောက်များသည် နန်းတော်အတွင်းရှိ ကြမ်းပြင်ကို စတင်ထိမိသောအချိန်မှာပင် ရုတ်တရက် သူ၏ စိတ်ထဲ၌ အသိပေးချက်များ ပေါ်လာခဲ့သည်။
၎င်းသည် အချက်အလက်ပြဇယားအောက်၌ ပထမဆုံးအနေဖြင့် သတိပေးချက်တစ်ခုကို မြင်တွေ့ဘူးခြင်းလည်းဖြစ်လေသည်။
၎င်းကို ဒုတိယဦးစားပေး ရွေးချယ်စရာဟု အဘယ်ကြောင့် ခေါ်ဆိုရသည်ကို သူ နားမလည်နိုင်သေးပေ။ ၎င်းသည် တစ်ခုခုလွဲမှားနေသကဲ့သို့ ခံစားလိုက်ရသည်။
အသိပေးချက်၏ ပြောင်းလဲမှုများကို မြင်လိုက်ရသဖြင့် သူ၏ အတွေးများသည် ရှုပ်ထွေးနေပြီးဖြစ်သော်လည်း ပထမဆုံး ရွေးချယ်မှုကို ဖတ်ကြည့်ပြီးသောအခါတွင်မူ သူ၏ မျက်လုံးအိမ်များသည် အလွန်ပင် တုန်ယင်သွားမိတော့သည်။