← Chapters

ဒုတိယမြောက် အကိုင်းအခက်တစ်ခု

Vol. 16 Ch. 223

ဒုတိယမြောက် အကိုင်းအခက်တစ်ခု

Vol. 16 Ch. 223

[ရွေးချယ်မှု တစ် : တစ်လအတွင်း မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာအောင်လုပ်ဆောင်ပါ။

ဆုလာဘ်: မေးခွန်းဘောက်ချာ]

[ရွေးချယ်မှု နှစ် : တစ်လအတွင်း နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင် ဖြစ်လာအောင်လုပ်ဆောင်ပါ။

ဆုလာဘ်: ငရဲတံခါးဖြတ်သန်းခွင့်ကို အဆင့်မြှင့်တင်ခြင်း]

[ရွေးချယ်မှု သုံး: တစ်လအတွင်း ဒဏ္ဍာရီလာ သူရဲကောင်းအကယ်ဒမီ၏ ကျောင်းအုပ် ‌ဖြစ်လာအောင်လုပ်ဆောင်ပါ။

ဆုလာဘ်: ဒုတိယမြောက် မှတ်ဉာဏ်အပိုင်းအစ]

[ရွေးချယ်မှု လေး : တစ်လအတွင်း သန့်စင်ဘုရားရှိခိုးကျောင်း၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်လာအောင်လုပ်ဆောင်ပါ။

ဆုလာဘ်: အဆင့် +၁၀]

အာရန်၏ မျက်စိရှေ့၌ ထိုအသိပေးချက်ထွက်ပေါ်လာပြီးနောက်၌ ရွေးချယ်စရာ လေးခု ထပ်မံပေါ်ပေါက်လာခဲ့သည်။

သူသည် ထိုရွေးချယ်စရာများကို ကြည့်ရှုပြီးသည်နှင့် သူ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားရလေသည်။

သူ၏ မျက်လုံးအိမ်များသည် တခဏမျှ အံ့အားသင့်မှုကြောင့် ကျုံ့သွားခဲ့သည်။

ဤရွေးချယ်စရာအသစ်များသည် ဒုတိယ‌ဦးစားပေး ရွေးချယ်စရာဟုဆိုသည့်အရာများလား။

ဘာကြောင့်ထိုရွေးချယ်စရာများသည် သေခြင်းဆီသို့သွားသော ဖြတ်လမ်းတစ်ခုနှင့် တူညီနေရပါသနည်း။

ဤရွေးချယ်စရာများအားလုံးသည် အနည်းငယ် ထူးခြားလွန်းနေသည်။

၎င်းတို့တွင် ဆုလာဘ်များလည်း ပါဝင်နေလေသည်။

စနစ်မျက်နှာပြင်၌ ဖော်ပြထားသော ဆုလာဘ်တစ်ခုစီကပင် အလွန်အကျိုးအမြတ်များသော အရာများဖြစ်ကြောင်း သိသာလေသည်။

ပထမဆုလာဘ်သည် သူ့ကို စာရေးဆရာဆိုသူနှင့် နောက်တစ်ကြိမ် တွေ့ဆုံခွင့်ဖြစ်ပြီး သူ့ကို နောက်ထပ်မေးခွန်းတစ်ခု ထပ်မံမေးခွင့်ရမည်ဖြစ်လေသည်။

ဤကမ္ဘာအကြောင်း ပိုမိုသိရှိလာသောကြောင့် ထိုသူကို မည်သည့်မေးခွန်းကို အတင်းအကျပ်ဖြေခိုင်းရမည်ကို သူ စဥ့်စားထားပြီးဖြစ်သည်။

ထို့အပြင် သူသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာပါက ဂိုဏ်းတစ်ခုလုံးအပါအဝင် အရှေ့တိုက်ရှိ အင်အားစုများကို တစ်လှည့်စီ ထိန်းချုပ်နိုင်ပေလိမ့်မည်။

အရှင်သခင်တစ်ဦး မရှိတော့သောအခါ သူသည် အရှင်သခင်တစ်ဦး နှင့် တူညီသောအင်အားအဆင့်ထိရောက်စရာ မလိုအပ်ဘဲ နောက်ထပ် ထိုဒေသ၏ အရှင်သခင်အသစ်တစ်ဦးကဲ့သို့ အခွင့်အာဏာများ ရရှိနိုင်မည်ဖြစ်သည်။

၎င်းသည် ပြောရလွယ်ကူပုံရသော်လည်း အမှန်တကယ်လုပ်ဆောင်ရန်မှာ လွန်စွာခက်ခဲလွန်းမည်ဖြစ်ကြောင်း သိထားလေသည်။

အစစ်အမှန် အရှင်သခင်တစ်ပါး မရှိတော့သောအခါ နစ်မြုပ်ရန် သေချာနေသော သင်္ဘောတစ်စီး၏ ကပ္ပတိန်ဖြစ်လာခြင်းနှင့် အဓိပ္ပာယ်ချင်း အတူတူပင် ဖြစ်သည်မဟုတ်ပါလား။

ဒုတိယဆုလာဘ်မှာ သူ၌ ရှိပြီးသားဖြစ်သော ငရဲတံခါးဖြတ်သန်းခွင့် ကို အဆင့်မြှင့်တင်ခြင်းဖြစ်သည်။

သူသည် ငရဲတံခါးဖြတ်သန်းခွင့် သည် မည်သည့် အသုံးပြုမှုဖြစ်ကြောင်းကိုပင် မသိနိုင်သေးသော်လည်း ၎င်းသည် အလွန်အရေးကြီးသော အရာတစ်ခု ဖြစ်ကြောင်းကိုမူသိထားလေသည်။

၎င်းကို အဆင့်မြှင့်တင်ခြင်းသည်လည်း အရေးပါသော ဆုလာဘ်တစ်ခုဖြစ်ပုံရသည်။

၎င်းသည် ဒဏ္ဍာရီအဆင့်ရှိသော ပစ္စည်းတစ်ခုကို အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်လေ တူသည်။

အကယ်၍ သူသာ နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင်တစ်ဦးဖြစ်လာပါက တိုက်ကြီးလေးခု၌ လူအများအကြောက်ရွံ့ရဆုံးသော အင်အားစုတစ်ခုကို ပိုင်ဆိုင်ထားနိုင်မည်ဖြစ်သည့်အပြင် သန့်စင်အင်ပါယာနှင့် ရန်ငြိုးကိုပါအဆစ်အနေနှင့် အမွေဆက်ခံရလိမ့်မည်ဖြစ်လေသည်။

သူသည် ထိုရွေးချယ်မှုကို ရွေးချယ်ရန် ဆန္ဒရှိနေသော်လည်း ၎င်းသည်လည်း ပြောရလွယ်ကူသလောက် လုပ်ရသောအရာပင်ဖြစ်လေသည်။

သူ၏ လက်ရှိအခြေအနေ၌ မျှော်စင်အရှင်သခင်ကို အမှန်တကယ် အနိုင်ယူနိုင်ရန်ဖြစ်နိုင်ပါမည်လော....။

တတိယဆုလာဘ်မှာမူ သူ အမှန်တကယ် လိုချင်နေသော မှတ်ဉာဏ်အပိုင်းအစတစ်ခုပင်ဖြစ်လေသည်။

ပထမ မှတ်ဉာဏ်အပိုင်းအစသည် သူ့အား အရေးကြီးသော အရိပ်အမြွက်တစ်ခုကို ပေးခဲ့သော်လည်း ဒုတိယတစ်ခုသည် သူ့ကို ပို၍ အကူအညီ ဖြစ်စေနိုင်မည်ဟု တွေးမိလေသည်။

ထို့ပြင် တတိယရွေးချယ်မှုအတွက် အကောင်းဆုံးဆုလာဘ်မှာ ထိုမှတ်ဉာဏ်အပိုင်းအစ တစ်ခု မဟုတ်သေးပေ။

၎င်းသည် သူရဲကောင်းအကယ်ဒမီ၏ ကျောင်းအုပ်ဖြစ်သွားပါက အလိုလို ရရှိလိုက်မည့် အရာပင်ဖြစ်သည်။

သူသည် ထိုနေရာကိုသာရယူနိုင်ခဲ့ပါက သူ၏ ကျင့်ကြံမှုကို ပိတ်ဆို့ထားသော ပစ္စည်းကိုလည်း အလွယ်တကူ ပြန်လည်ရယူနိုင်သည်မဟုတ်ပါလား..။

နောက်ဆုံးရွေးချယ်မှုအတွက်မူ ၎င်းသည် အနည်းငယ် သေးငယ်ပုံရသော်လည်း အလွန်အသုံးဝင်သောဆုလာဘ်ပင်ဖြစ်ပေသည်။

ကျင့်ကြံခြင်းအဆင့် ဆယ်ဆင့်တိတိ တိုးလာခြင်းဆိုသည်မှာ သူ၏ အင်အားသည် အဆင့်တက်လာသည်နှင့်အမျှ အခြားသူနှင့် အဆင့်ခြင်းတူသူများထက် နှာတစ်ဖျားသာသွား ဦးမည်ဖြစ်သောကြောင့် ထိုအရာသည်လည်း အလွန်အသုံးဝင်သောဆုလာဘ်ပင် ဖြစ်လေသည်။

သန့်စင်ဘုရားကျောင်း၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်လာရန်မှာ သူသည် သန့်စင် ပုရောဟိတ်မကို သတ်ရမည်ဖြစ်လေသည်။

၎င်းတစ်ခုတည်းကပင် သူ့အတွက် နောက်ထပ် ကြီးမားသော အတားအဆီးနံရံတစ်ခုကို ကျော်ဖြတ်ရန် လုံလောက်သော အတွေ့အကြုံရမှတ်များဖြစ်လေသည်။

ထို့အပြင် ဆယ်ဆင့်တိတိ ဆုလာဘ်ကိုသာ ရရှိလိုက်ပါက သူသည် ပဉ္စမမြောက် ကြီးမားသော နံရံကိုပင် ကျော်ဖြတ်ကာ အဆင့် ၅၀ အထိ ကျော်ဖြတ်နိုင်မည် ဖြစ်လေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်များသည်လည်း ထိုအချိန်ရောက်သောအခါ ရှုယင်နှင့် အခြားမဟာအကြီးအကဲများထက်ပင် ပို၍ မြင့်မားလာမည့်အပြင် သူ၏ အခြား စွမ်းရည်များသည် ပို၍ပင် အဆင့်မြင့်မားလာလိမ့်မည်ဖြစ်လေသည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဤကမ္ဘာ၌ မည်သူမျှမယှဥ်နိုင်သည့်အဆင့်အထိပင် ရောက်သွားနိုင်ရန် နီးစပ်နေပြီဟုဆိုလိုခြင်းပင်မဟုတ်ပါလား...။

ရွေးချယ်မှု လေးခုစလုံးသည် ၎င်းတို့၏ အချက်အလက်တစ်ခုချင်းဆီ၌ သီးခြားစီ အရေးကြီးကြသည်ချည်း ဖြစ်သော်လည်း ထိုလေးခုထဲမှ သုံးခုသည် သူ့အား အရှင်သခင်များကို ဆန့်ကျင်ကာ ၎င်းတို့၏ ရာထူးများကို လုယူရန် အတင်းအကျပ် စေခိုင်းခြင်းပင်ဖြစ်လေသည်။

အချိန်ကန့်သတ်ချက် မရှိပါက ၎င်းသည် ဖြစ်နိုင်သေးသော်လည်း ယခုမူ အချိန်ကန့်သတ်ချက်မှာ တစ်လသာရထားလေသည်။

ယခုအချိန်အတွင်း၌ ဤရွေးချယ်စရာများထဲမှ တစ်ခုသာ အနည်းငယ်အောင်မြင်ရန် နီးစပ်လေသည်...။

လေးခုထဲမှ အလွယ်ဆုံးမှာ အရှင်သခင် ပျောက်ဆုံးသွားသော ဤမိစ္ဆာဂိုဏ်း၏ အုပ်ချုပ်သူ ဂိုဏ်းချုပ်အသစ် ဖြစ်လာရန်ဖြစ်သော်လည်း ၎င်းသည် အမှန်တကယ် ကော ဖြစ်နိုင်ပါမလား။

ထိုရာထူးကို ရယူရန် ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်ရပေဦးမည် ဖြစ်လေသည်။

သူသည် တိတ်ဆိတ်စွာ ရပ်နေပြီး ရွေးချယ်စရာများကို ထပ်ခါထပ်ခါ ကြည့်ရှုနေမိသည်။ သူ သတိပြုမိသော အခြားထူးဆန်းသောအရာတစ်ခုလည်း ရှိသေးသည်။

ထိုအရာမှာ ရွေးချယ်စရာများအောက်၌ သေးငယ်သော စာကြောင်းလေး တစ်ကြောင်းအပိုပါလာခြင်းပင်ဖြစ်သည်။

[နောက်ထပ် အသေးစိတ် အချက်အလက်များကိုသိရှိရန် ဤနေရာကိုထိလိုက်ပါ]

ဤပြောင်းလဲမှု အသစ်တစ်ခုကို အာရန်သည်အလွန် စိတ်ဝင်စားမိသောကြောင့် ထိုမျက်နှာပြင်တည်နေရာကို ချင်ချင်းပင်ထိလိုက်လေသည်။

ပုံမှန်အားဖြင့် စနစ်သည် ရွေးချယ်စရာများထက် ပို၍ အခြားအချက်အလက်များကို ဘယ်သောအခါမျှ ပေးလေ့မရှိပေ။

အာရန်သည် ထိုအရာကို ထိတွလိုက်သည်နှင့် တစ်ပြိုက်နက် ရွေးချယ်စရာ မျက်နှာ၏ ပြင်ဘေး၌ ဒုတိယမြောက် မျက်နှာပြင်တစ်ခု ထပ်မံပေါ်ပေါက်လာသည်။

.............

• အောင်မြင်သူ သူရဲကောင်းတစ်ဦး ၏ လမ်းကြောင်း၏ နှစ်ဆယ်ရာခိုင်နှုန်း အထိ ပြီးမြောက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။

• သင်သည် မှတ်တိုင်တစ်ခုဆီသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

• ဒုတိယဦးစားပေး ရွေးချယ်စရာများကို ဆုအဖြစ်ချီးမြှင့်ခံလိုက်ရပါသည်။

• ထိုရွေးချယ်စရာများကို ပြီးမြောက်ရန် အချိန်ကန့်သတ်ချက်မှာ တစ်လဖြစ်သည်။

• ဒုတိယဦးစားပေး ရွေးချယ်စရာများသည် ပထမဦးစားပေး ရွေးချယ်စရာများကို

မထိခိုက်စေနိုင်ပါ။

• ဒုတိယဦးစားပေး ရွေးချယ်စရာများကို မအောင်မြင်ခဲ့ပါကလည်း အပစ်ဒဏ်ခံရမည်မဟုတ်ပါ။ (စနစ်သည်ထိုအရာကိုမအောင်မြင်ရင်ပင် ယခင်ကဲ့သို့ ရပ်နေခြင်းမျိုး ရှိမည်မဟုတ်ဟုဆိုလိုပါသည်။)

• နောက်ဆယ်မိနစ်အတွင်း ရွေးချယ်စရာ လေးခုထဲမှ တစ်ခုကို ရွေးချယ်ရပါမည်။

• ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်ရန် ပျက်ကွက်ပါက အောင်မြင်သူသူရဲကောင်း ၏ လမ်းစဥ်နှင့် မှတ်တိုင်များ၏ အနာဂတ် ရွေးချယ်မှုများ ချိတ်ဆက်ထားမှုသည် ပြတ်တောက်သွားပါလိမ့်မည်။

• ဒုတိယဦးစားပေး ရွေးချယ်စရာများ မပြီးမြောက်နိုင်ခဲ့လျှင်လည်း ပထမ ရွေးချယ်စရာများသည် ပုံမှန်အတိုင်း ဆက်လက်ပေါ်နေဦးမည်ဖြစ်ပါသည်။

.............

အာရန်သည် မျက်နှာပြင်အသစ်ကို ဆက်လက်ကြည့်ရှုလိုက်သောအခါ အမှန်တကယ် မည်သို့ဖြစ်သွားခဲ့သည်ကို သဘောပေါက်လိုက်သည်။

သူသည် ဒုတိယဦးစားပေး ရွေးချယ်စရာများ၏ အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။

ဒုတိယဦးစားပေး ရွေးချယ်စရာများသည် သူ၏ စနစ်ဆီမှ အခြားရွေးချယ်နိုင်သော မျိုးဆက်တစ်ခုသာဖြစ်ပြီး ပထမဦးစားပေး ရွေးချယ်စရာများနှင့် တပြိုက်နက်တည်းမှာပင် လုပ်ဆောင်နိုင်လေသည်။

သူသည် ပထမဲဦးစားပေး ရွေးချယ်မှုများကို မပြီးမြောက်ခဲ့ပါက သူ၏ စနစ်သည် ထိုရွေးချယ်မှု၌ တုံ့ဆိုင်းလိမ့်မည်ဖြစ်သွားသည်။

သူသည် အခြားရွေးချယ်မှုတစ်ခုကို ထပ်မံ မရနိုင်သောကြောင့် သူရွေးချယ်ထားသော ပထမရွေးချယ်မှုများကိုသာ ပြီးမြောက်ရန် အတင်းအကျပ် ခိုင်းစေခံရသကဲ့သို့ဖြစ်နေလေသည်။

သို့သော် ဒုတိယဦးစားပေး ရွေးချယ်စရာများတွင်မူ သူ၏ အဓိက ရွေးချယ်စရာများနှင့် လုံးဝမသက်ဆိုင်သောကြောင့် ထိုပြဿနာများ ရှိမလာနိုင်ပေ။

အဓိက ရွေးချယ်စရာများကို သူသည် စနစ်နှင့်အတူ ဤကမ္ဘာသို့ ရောက်လာခဲ့သော အခါကတည်းက ဆက်တိုက်ရွေးချယ်ခဲ့ရခြင်းဖြစ်သော်လည်း ဤဒုတိယဦးစားပေး ရွေးချယ်စရာများမှာမူ သူ၏ လမ်းကြောင်း၌ အသိအမှတ်ပြုမှတ်တိုင် တစ်ခုဆီသို့ ရောက်ရှိသောအခါမှသာ အပိုဆုအဖြစ် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်လေသည်။

သူသည် လမ်းကြောင်းနှစ်ခု ရွေးချယ်ခဲ့သည်ကို သူ မှတ်မိနေသေးသည်။

ထိုလမ်းကြောင်းများ ရွေးချယ်ခဲ့မှုသည်လည်း သူ၏ ပထမဦးစားပေး ရွေးချယ်မှုများဆီမှ ကင်းကွာနေခဲ့ဆဲဖြစ်သည်။

‘ငါ သိပြီ ဒါဆို ဒီစနစ်က အကိုင်းအခက်တွေ ဆက်လက်ထွက်နေတဲ့ သစ်ပင်ကြီးနဲ့ တူနေတာပဲ အဓိက အကိုင်းအခက်တွေ ရှိနေသမျှ ပထမ ရွေးချယ်စရာတွေကို ဆုံးရှုံးမှာမဟုတ်ဘူး သစ်ပင်ကတော့ အကိုင်းအခက်အသစ်တွေ ဆက်လက်ထွက်ပေါ်နေလိမ့်မယ်’

ဤအသိဉာဏ်သည် သူ၏ စိတ်ကို လွတ်မြောက်စေနိုင်ခဲ့သည်။

ဤဒုတိယဦးစားပေး ရွေးချယ်စရာများကို သူသည် မအောင်မြင်နိုင်ခဲ့သော် အနာဂတ်တွင် သူ့အတွက် နောက်ထပ် ဒုတိယကိုင်းခွဲဆီမှ ရွေးချယ်စရာအသစ်များ ထွက်ပေါ်လာနိုင်သော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံရရုံသာရှိနေလိမ့်မည်။

‘ဒါပေမဲ့ အောင်မြင်သူသူရဲကောင်းရဲ့ လမ်းကြောင်းကို နှစ်ဆယ်ရာခိုင်နှုန်းအောင်မြင်ခဲ့တာကြောင့် ငါ့ကို ဒုတိယ အကိုင်းအခက်တစ်ခု ပေးခဲ့ရင်... ချစ်သူလမ်းကြောင်းမှာသာ အကယ်၍ နှစ်ဆယ်ရာခိုင်နှုန်း ရောက်ရှိခဲ့ရင် ဘာအကိုင်းအခက်တွေထွက်လာနိုင်ဦးမလဲ’ ဟု အာရန်သည် တွေးတောလိုက်မိသည်။

All Chapters