လူသားနှင့်တစ္ဆေတို့၏ ပေါင်းစည်းမှု
Vol. 105 Ch. 1463
အားလုံးသည် သူမအဖြေကိုစောင့်ရင်း ကြည့်လိုက်ကြသည်။
သတင်းကြားသည်နှင့် ဟော်မျိုးနွယ်အိမ်တော်တွင် နေကြသော သမားတော်နှင့် အဂ္ဂိရတ်ပညာရှင်များသည် ပြေးလာကြပြီး ခြံဝန်းထဲတွင် နေ နေကြသည်။
သူတို့အဖြေရှာမရချိန်တွင် မိန်းကလေးငယ်တစ်ဦးမှ ရောဂါအကြောင်း အရင်းကို ရှာနိုင်မည်ဟု သူတို့မယုံကြပေ။
သူတို့သည် ခြံဝန်းဘေးတွင်ရပ်ကာ သူမကိုကြည့်ပြီး အဖြေကို စောင့်ဆိုင်းနေကြသည်။
ရှီမာယူယူ ထွက်လာချိန် အပြင်ဘက်တွင် ထိုမျှလူများလိမ့်မည်ဟု ထင်မထားသဖြင့် မသိစိတ်မှ မျက်ခုံးပင့်မိသည်။
“ဘာလို့ ဒီလောက်လူများနေတာလဲ” သူမ စိတ်မပျော်ပေ။
ဟော်ကျန့်ကျန်း၏ အမှုထမ်းသည် ချက်ချင်းပင် ပြန်ဖြေလေသည် “သခင် ကျွန်တော် သူတို့ကိုခေါ်သွားလိုက်ပါမယ်”
ဟော်ကျန့်ကျန်းသည် လက်ကိုဝှေ့ပြလိုက်ရာ အမှုထမ်းသည် ချက်ချင်း ပင် သူတို့ကိုခေါ်သွားလေသည်။
ခြံဝန်းအေးချမ်းသွားသည်နှင့် ရှီမာယူယဓသည် ဟော်ကျန့်ကျန်းကို ပြောလိုက်သည် “အခန်းထဲသွားပြောကြမယ် ဘယ်သူ့ကိုမှ အနားမလာခိုင်းပါ နဲ့”
ဟော်ကျန့်ကျန်း ဘာမှမပြောခင်မှာပင် အမှုထမ်းသည် ချက်ချင်းပင် ခြံဝန်းထဲမှလူများကို ရှင်းလင်းလိုက်သည်။
ရှီမာမိသားစုဝင်များ လိုက်ဝင်လာကြသည်။ ဟော်ကျန့်ကျန်း မည်သည့် စကားကိုမှ မပြောပေ။
“ယူယူ စစ်ဆေးကြည့်ပြီးပြီလား” သူ ထပ်မေးပြန်သည်။
“စစ်ကြည့်ပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်လား” ထိုစကားမှာ ပြီးခဲ့သည့်နှစ်များတွင် ဟော်ကျန့်ကျန်း အတွက် အကြိမ်ပေါင်းများစွာ အမျှော်လင့်ရဆုံးဖြစ်သည်။ သူသည် ရှီမာယူယူ ၏ လက်ကိုဆုပ်ကိုင်လိုက်သည် “လျိုနျန်ကဘာဖြစ်တာလဲ ရောဂါကိုရှာတွေ့ပြီ ပဲကို ဘာလို့သူမက နိုးမလာသေးတာလဲ”
“အကြောင်းအရင်းကိုရှာတွေ့ပေမဲ့ သူမကို မကုသရသေးဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ” ကျန့်ကျန်း နားမလည်ပေ “ပင်ပန်းနေလို့လား”
“မဟုတ်ဘူး” ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “အဲမတိုင်ခင်ကို သိဖို့ လိုတာရှိတယ် အဒေါ်ဟော်က ဘယ်လိုလုပ် သတိမေ့မြောသွားတာလဲ”
“သူမ ဘယ်လိုလုပ် သတိမေ့သွားတာလဲ” ဟော်ကျန့်ကျန်းသည် အဖြစ် အပျက်ကို ပြန်တွေးတောပြီး ပြောလေသည် “အဲတုန်းက သူမက အစေခံတချို့ နဲ့ အပြင်သွားတာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရတယ် ငါအဲဒီကို အမြန်သွား လိုက်တော့ သူမကလွဲပြီး အကုန်လုံးသေသွားကြပြီ၊ သူမကိုတော့ အမြဲတမ်း သယ်သွားနေကျဖြစ်တဲ့ ဝိညာဉ်ကျောက်စိမ်းက ကာကွယ်ပေးထားတယ်၊ ပြီးတာနဲ့ ဆေးအများကြီးသုံးလိုက်တော့ သူမခန္ဓာကိုယ်က ဒဏ်ရာတွေ သက်သာလာတယ် ဒါပေမဲ့ ဒီလိုပုံစံဖြစ်သွားတာပဲ”
“အဲလိုဆိုရင် သူမကို တိုက်ခိုက်တဲ့သူကို မမြင်လိုက်ရဘူးပေါ့” ရှီမာယူယူ မေးလိုက်သည်။
“မမြင်လိုက်ရဘူး ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရှာတာကို လက်မလျော့ခဲ့ဘူး၊ ငါ စုံစမ်းပြီးတော့ အကြမ်းဖျင်းတော့သိရပြီ” ဟော်ကျန့်ကျန်း ဆက်ပြောလေသည် “ဘာလို့လဲ ဒါက စူးလျိုနျန် သတိမေ့ တာနဲ့ ဆက်စပ်နေလို့လား”
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒီတိုက်ခိုက်မှုက တစ္ဆေမျိုးနွယ်နဲ့ ပတ်သတ်တယ်လို့ သံသယရှိတယ်”
“တစ္ဆေမျိုးနွယ်ဟုတ်လား ဘာလို့တစ္ဆေမျိုးနွယ်က ပတ်သတ်နေတာလဲ” ဟွမ်ရင်ရင် မျက်မှောင်ကြုတ်လေသည်။
ရှီမာလျူရွှမ်ကြောင့် ရှီမာမျိုးနွယ်သည် တစ္ဆေမျိုးနွယ်နှင့် ကြီးမားသော ပတ်သတ်မှုရှိခဲ့သည်။ သူတို့သည် တစ္ဆေမျိုးနွယ်နှင့် မပတ်သတ်ချင်တော့ပေ။
ဟော်ကျန့်ကျန်းသည် အလွန်အံ့ဩသွားသည်။ အကြောင်းမှာ သူ စုံစမ်း ရသလောက် တစ္ဆေမျိုးနွယ်နှင့် ပတ်သတ်မှုမရှိပေ။
“အဒေါ်ဟော်က သူမရဲ့အတွင်းပိုင်း ဒဏ်ရာကြောင့် သတိမေ့နေတာက နေ မနိုးလာနိုင်တာပဲ၊ ဘာလို့လဲဆိုတော့ သူမ ဝိညာဉ်ကို အသိစိတ်ပင်လယ် အနက်ပိုင်းမှာ ချုပ်ထားတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ သူမ ဝိညာဉ်ကို ချုပ်ထားတဲ့နေရာက တစ္ဆေမျိုးနွယ်ရဲ့ရောင်ဝါနဲ့ပြည့်နေတယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟော်ကျန့်ကျန်း ငေးငိုင်သွားသည် “သူမကို ကူညီနိုင်ဖို့ နည်းလမ်းရှိလား”
“နည်းလမ်းတော့ရှိတယ် ဒါပေမဲ့စွန့်စားရမယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ပြီးတော့ ပြင်ဆင်ဖို့လည်းလိုတယ်”
အနည်းဆုံးတော့ သူမကို အသိဝင်လာအောင် လုပ်ရမည်။
သူမသည် ပင်ပန်းနေပြီဖြစ်ကာ စူးလျိုနျန်ကို ကုသနိုင်သည့် အခြေအနေ ကောင်းမဟုတ်ပေ။
“ပြဿနာရှိလို့လား” ဟွမ်ရင်ရင် မေးလိုက်သည်။
“မလွယ်ဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဒေါ်ဟော်ရဲ့ ဝိညာဉ် က အားနည်းနေပြီ ပြီးတော့ သူမက အခုအဆိပ်လည်းမိထားတယ်… အဆိပ်ကို ထုတ်ဖို့လည်း မလွယ်ဘူး၊ ကံကောင်းလို့ သမီးခန္ဓာကိုယ်က… ထူးခြားလို့ စမ်းကြည့်ရဲတာ တခြားသူသာဆိုရင် သူမ ဝိညာဉ်ကို ကယ်ဖို့မပြောနဲ့ သူတို့အနားကပ်လိုက်တာနဲ့ ဒဏ်ရာရနိုင်တယ်”
သူမ ထူးခြားသည်ဟု ပြောလိုက်ချိန်တွင် အားလုံးနားလည်လိုက်ကြ သည်။ သူမခန္ဓာကိုယ်ထဲတွင် တစ္ဆေမျိုးနွယ်၏ သွေးသားရှိနေခြင်းကို ဆိုလို ခြင်းဖြစ်သည်။
“သခင်မက ဘယ်လိုလုပ် တစ္ဆေမျိုးနွယ်နဲ့ သွားဆက်နွယ်တာလဲ” ရှီမာရှုံ့ချီ မေးလိုက်သည်။
“မဟုတ်သေးဘူး ကျုပ်တို့ရတဲ့သတင်းအရ တစ္ဆေမျိုးနွယ်နဲ့ ဘာမှ မပတ်သတ်ဘူး၊ အတွင်းပိုင်းဒေသက အင်အားစုတချို့ပဲပါဝင်နေတာ” ဟော်ကျန့်ကျန်း ပြောလိုက်သည်။
“ဘာအင်အားစုလဲ”
ဟော်ကျန့်ကျန်းသည် ခေတ္တမျှတွေဝေပြီးနောက် ပြောလိုက်သည် “ပြည်နယ် ၁၆ ကယန်းမျိုးနွယ်”
ရှီမာယူယူ ရင်များခုန်သွားသည်။ ယန်းမျိုးနွယ်… ယန်းရှီရဲ့မျိုးနွယ်များ ဖြစ်မလား။
“ယန်းမျိုးနွယ်ဆိုတာ သေချာလား” သူမ မေးလိုက်သည်။
“အခုထိရထားတဲ့ သဲလွန်စအရတော့ သေချာတယ်” ဟော်ကျန့်ကျန်း သည် ခိုင်မာစွာပြောလေသည်။
“ယန်းမျိုးနွယ်က တစ္ဆေမျိုးနွယ်နဲ့ ပူးပေါင်းလိုက်တာလား” ရှီမာကျိယွင် သည် အားလုံးတွေးနေသည့်အရာကို ထုတ်မေးလိုက်သည်။
အဲဒါအရမ်းဖြစ်နိုင်တယ်။
“ဒါပေမဲ့ ယန်းမျိုးနွယ်က ဘာလို့ အဒေါ်ဟော်ကို တိုက်ခိုက်ရတာလဲ” ရှီမာယူယူ နားမလည်ပေ။
“ငါ့မှာ သဲလွန်စမရှိဘူး သူမ နိုးလာမှပဲသိရမှာပဲ” ဟော်ကျန့်ကျန်း ပြောပြးနောက်တွင် အိပ်ရာပေါ်တွင်လှဲနေသည့် စူးလျိုနျန်ကို အပြစ်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူမ ဝိညာဉ်သည် တစ္ဆေမျိုးနွယ် ကြောင့် ပိတ်မိနေသည်ကိုပင် သူ မသိခဲ့ပေ။
သူကပဲ သူမကို ဆုတ်ယုတ်အောင်လုပ်လိုက်တာပဲ။
ရှီမာယူယူသည် ဟော်ကျန့်ကျန်း၏ အကြည့်ကြောင့် ရင်ထဲထိသွားရ သည်။
“ဦးလေးဟော် အပြစ်မခံစားပါနဲ့ ဦးလေးရဲ့ဇွဲကြောင့်သာမဟုတ်ရင် အဒေါ်ဟော်က အခုထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး”
ဟော်ကျန့်ကျန်းသည် လူငယ်မျိုးဆက်ဆီမှ နှစ်သိမ့်စကားကြားရမည်ဟု ထင်မထားပေ။ သို့သော် သူမ မျက်လုံးထဲမှ စိတ်ရင်းသည် သူ့ကိုအရှက်မရစေ ပေ။
သူမသည် စဉ်းစားချင့်ချိန်တတ်သော လူငယ်မျိုးဆက်ဖြစ်သည်။ အဲဒါ ကြောင့်လည်း ရှီမာကျိယွင်က သူမကို ချစ်တာကိုး။
“သူမကိုနိုးအောင် ဘယ်တော့လုပ်နိုင်မလဲ”
“ကျွန်မ အသိဉာဏ်ကို ပြန်ကောင်းအောင်လုပ်ပြီး သူမနိုးလာဖို့ လိုအပ် တဲ့ဆေးတချို့ကို ပြင်ဆင်ရမယ်၊ အဲဒါကြောင့် ပြင်ဆင်ဖို့အချိန်တစ်ခုလိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သိုလှောင်ခန်းမှာ အကုန်ရှိပါတယ် တစ်ခုခုလိုတာရှိရင် အဲဒီကနေသာ ယူလိုက်ပါ”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူသည် အားမနာတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ ဇနီး ဖြစ်သူကို ကုသရန်ဖြစ်သောကြောင့် သူပေးရန်လိုအပ်သည်။
ဘဏ္ဍာထိန်းသည် သူမကို လိုအပ်သည့် ဆေးပစ္စည်းများရှာရန် ခေါ်သွား ပေးသည်။ သူတို့ သိုလှောင်ခန်းသို့ရောက်သည်နှင့် ဟော်မျိုးနွယ်သည် ချမ်းသာ မှုများဖြင့် ပြည့်ကာ စုဆောင်းထားသည်များ သိုလှောင်ရုံနှင့်အပြည့်ရှိသည်ကို တွေ့လိုက်ရသည်။
သိုလှောင်ခန်းမှာ ရတနာများစွာဖြင့် ပြည့်နေသောကြောင့် သူမဘာသာ ပင်တွေးလိုက်သေးသည်။ ယန်းမျိုးနွယ်က စူးလျိုနျန်ကို ချမ်းသာလို့များ တိုက်ခိုက်တာလား။
သူမဘာသာ ရယ်မိသည်။ ထိုရတနာစုဆောင်းခြင်းသည် သူမအတွက် များကောင်းများနိုင်သော်လည်း တခြားသူများအတွက် များချင်မှများမည်။ ယန်းမျိုးနွယ်သည် ထိုအရာကြောင့် တိုက်ခိုက်မည်မဟုတ်ပေ။
သူမသည် အမှုထမ်းကိုခေါ်ပြီး ဆေးပစ္စည်းတချို့ယူကာ သူမဘာသာ မသယ်ဘဲ သူတို့ကိုသယ်ခိုင်းလိုက်သည်။
သူမ ဆေးပစ္စည်းများ ရွေးချယ်ပြီးသည်နှင့် ဟော်ကျန့်ကျန်း သူမအတွက် ပြင်ပေးထားသောအခန်းသို့သွားပြီး ယူလာသော ဆေးပစ္စည်းများကိုသုံးကာ ဆေးအဖြစ် သန့်စင်တော့သည်။
ပြီးသည်နှင့် သူမ ဝိညာဉ်အရည်သောက်ပြီး တရားထိုင်ကာ သူမ၏ အသိ စိတ်ကို အကောင်းဆုံးအခြေအနေဖြစ်ရန် ထိန်းညှိတော့သည်။
သူမသည် စူးလျိုနျန်၏ အခန်းသို့သွားချိန်တွင် သူမကို မြင်သည်နှင့် ဟော်ကျန့်ကျန်းသည် ပျော်ရွှင်စွာထရပ်ပြီး ပြောလေသည် “ငါတို့စလို့ရပြီလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ပြီးခဲ့သည့် အခေါက်က အတိုင်းပင် အားလုံးကို အခန်းထဲမှနှင်ထုတ်ပြီး ဝိညာဉ်အတားအဆီး တည်ဆောက်ကာ ရှောင်ချီကို ဆင့်ခေါ်လိုက်သည်။
“ရှောင်ချီ အရင်တစ်ခေါက်ကလိုပဲ သူမရဲ့ အသိစိတ်ပင်လယ်ကို ကာကွယ်ပေးရမယ်” ရှီမာယူယူ ဆက်ပြောလေသည် “နောက်ပိုင်းကျရင် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေရှိလာနိုင်တယ် မင်းအရမ်းသတိထားမှရမယ်”
“ယူယူ မစိုးရိမ်ပါနဲ့” ရှောင်ချီသည် တည်ငြိမ်စွာခေါင်းညိတ်လေသည်။
သူမသည် ယူယူ ကယ်ချင်သရွေ့တော့ သေချာပေါက် ပူးပေါင်းမည်ဖြစ် သည်။
***