← Chapters

မဟာအကြီးအကဲတစ်ဦး ၏ အမျက်ဒေါသ

Vol. 16 Ch. 224

မဟာအကြီးအကဲတစ်ဦး ၏ အမျက်ဒေါသ

Vol. 16 Ch. 224

“သာမန်အကြီးအကဲတစ်ယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ”

မာနကြီးသော အသံတစ်ခုကို ကြားလိုက်ရသဖြင့် အာရန်သည် ရုတ်တရက် အတွေးများဆီမှ ဆွဲထုတ်ခံလိုက်ရလေသည်။

ထိုအသံသည် မည်သူ့ကို ရည်ညွှန်းနေသည်ကို သူ သိပ်စဉ်းစားရန် မလိုပေ။

မကြာမီမှာပင် သူ၏အပေါ်သို့ ပြင်းထန်သောအော်ရာတစ်ခု ကျရောက်လာခဲ့ သောကြောင့်ဖြစ်လေသည်။

သူသည် သာမန်လူတစ်ဦးဖြစ်ပါက ထိုရော်ရာ၏ ဖိအားတစ်ခုထဲကပင် အနည်းဆုံး သူ့အား အတွင်းဒဏ်ရာရရှိရန် လုံလောက်ပေလိမ့်မည်။

ကံကောင်းစွာဖြင့် သူသည် သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော ဓားဧကရာဇ်၏ အော်ရာအလွှာ်တစ်ခုကို မဖယ်ရှားထားခဲ့ပေ။

သူ၏ ဓားဧကရာဇ် အော်ရာသည် မည်သည့် ဖိနှိပ်နိုင်သည့် အော်ရာဖိအားကိုမဆို တန်ပြန်ရန် လုံလောက်လေသည်။

တိုက်ရိုက် တိုက်ခိုက်မခံရသမျှကာလပတ်လုံး ၎င်းတို့သည် သူ့အပေါ်သို့ သက်ရောက်မှုရှိနိုင်မည်မဟုတ်ပေ။

အာရန်သည် အသံလာရာ၏ အရင်းအမြစ်ဆီသို့ လှည့်ကြည့်လိုက်သည်။

မဟာအကြီးအကဲတစ်ဦးပင်ဖြစ်ပါစေ ၎င်းတို့သည် အဘယ်ကြောင့် ထိုမျှအထိ မိုက်မဲနိုင်သနည်း။

သူသည် ဤနေရာနှင့် မသက်ဆိုင်ကြောင်း ထင်သည် တစ်ခုတည်းကြောင့် သူ့ကို သတ်ရန်အထိပင် ကြိုးစားခဲ့ခြင်းလော။

သူနှင့် မနီးမဝေးနေရာ၌ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ အာရန်ကို တစ်ကိုယ်လုံး စားတော့ဝါးတော့မည့်ဟန်ဖြင့် စိုက်ကြည့်နေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။

ထိုအဘိုးအိုသည် တစ်ယောက်တည်း မဟုတ်ဘဲ သူ့နောက်၌ အခြားမဟာအကြီးအကဲအနည်းငယ်သည်လည်း ရှိနေသေးလေသည်။

ဆူညံသံများကို ကြားလိုက်သဖြင့် အခြားမဟာအကြီးအကဲများ၏ အာရုံများသည် ပို၍ အာရန်တို့ ဆီသို့ လှည့်လာခဲ့ကြသည်။

“ဟေး အဘိုးကြီးလျန်ရေ အသက်အရွယ်က မင်းကို ထိခိုက်လာစေပုံရတယ် သာမန်အကြီးအကဲလေးတစ်ယောက်ကတောင် မင်းရဲ့ အော်ရာကို ခံနိုင်ရည်ရှိနေပုံရတယ်” ဟု လှောင်ပြောင်သော အသံတစ်ခု ထွက်လာသော်လည်း ထိုအသံ၏ ပစ်မှတ်မှာ အာရန်ကို ကြိမ်းမောင်းခဲ့သော မဟာအကြီးအကဲထံ ဖြစ်ပုံရသည်။

ထိုအဘိုးအိုသည် သူ့နောက်၌ တိုးတိုးတိတ်တိတ် ရယ်မောသံအချို့ကို ကြားလိုက်ရသည်။

အခြားလူများသည် သူ့ကို ရယ်မောနေကြသောကြောင့် အာရန်ကို ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

“မင်း ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိရတာလဲ”

အဘိုးကြီးလျန် သည် သူ၏ အော်ရာကို ပို၍ပင် အားကောင်းစေလိုက်သည်။

ယခု သူ၏ အော်ရာသည် အာရန်ကို ဖိနှိပ်မှုဖြင့် သတ်ဖြတ်မိမည်ကိုပင် သူသည် ဂရုမစိုက်တော့ပေ။

အစောပိုင်းက သူ၏ ဖိနှိပ်မှုသည် သာမန်အကြီးအကဲတစ်ဦးကို ဒဏ်ရာရရန်သာ ဖြစ်ပေါ်စေမည်ဆိုပါက ယခုမူ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အပေါက်အားလုံးဆီမှ သွေးများ စီးကျလာ၍ သေဆုံးရန်အထိပင်ဖြစ်ပွားနိုင်ရန်ပင် လုံလောက်ပေသည်။

သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် အာရန်သည် အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။

သူသည် ဒူးထောက်၍ပင် လဲကျမသွားဘဲ ထိုအော်ရာကိုပင် အားနည်းလွန်းသဖြင့် မည်သို့မျှ မခံစားရသကဲ့သို့ပင် အေးအေးလူးလူး ရပ်နေလေသည်။

“မင်း”

မဟာအကြီးအကဲလျန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။

သာမန်အကြီးအကဲတစ်ဦးသည် သူ၏ အော်ရာကို မည်သို့ ခံနိုင်ရည်ရှိနိုင်နေရသနည်း။

“ဒါက ကာကွယ်ရေးအဆောင်ရတနာတစ်ခုခု ကြောင့်ပဲ ဖြစ်ရမယ် ဟုတ်တယ် အဲ့ဒီလိုပဲ ဖြစ်ရမယ်” အဘိုးအိုသည် ထိုထူးဆန်းသော ဖြစ်ရပ်ကို အကြောင်းချက်တစ်ခုခုပေးနိုင်ရန် ကြိုးစားရင်း ပြောလိုက်သည်။

အားနည်းသူမှာ သူမဟုတ်ဘဲ ရတနာကို အသုံးပြု၍ လိမ်လည်နေသော ဤရှက်ရွံ့ဖွယ်ကောင်းသော လူငယ်သာဖြစ်လေသည်။

“ကျွန်မ သူ့ကို သတ်လိုက်ရမလား”

ယီလန်သည် မျက်လုံးများ ကျဉ်းမြောင်းကာ အာရန်ကို မေးလိုက်သည်။

သူသည် အာရန်၏ စောင့်လျှောက်သူတစ်ဦးဖြစ်သောကြောင့် အာရန်အား ကာကွယ်ရန်မှာ သူမ၏ တာဝန်သာဖြစ်လေသည်။

‘ရပါတယ် သူကသာမန် စိတ်တိုလွယ်တဲ့ အဘိုးအိုတစ်ယောက်ပါပဲ ဒီမှာ သူ့ကို သတ်လိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံတွေ့ရလိမ့်မယ်’

အာရန်သည် သူ၏ အတွေးဖြင့် ယီလန်အားဆက်သွယ်၍ ပြန်ဖြေလိုက်သည်။

သူ့ကို မထိခိုက်စေနိုင်သောကြောင့် အဘိုးအိုအကြောင်း သူ သိပ်ဂရုမစိုက်ပေ။

သူ့၌ ဝှက်ဖဲအဖြစ် အင်အားကြီးမားသော ဝိညာဉ်တစ်ဦးဖြစ်သည့် ယီလန်လည်း ရှိနေသေးသည်မဟုတ်ပါလား။

သူမသည် အရှင်သခင်တစ်ပါးကို မကိုင်တွယ်နိုင်‌သော်လည်း သာမန်မဟာအကြီးအကဲတစ်ဦးကိုမူ သူမသည် အလွယ်တကူပင် ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

ထို့အပြင် သူ့၌ သူ၏ အခြားကိုယ်ပိုင်ရတနာများလည်း ရှိနေသေးရာ မဟာ အကြီးအကဲတစ်ဦးကို သတ်ရန်မှာ နည်းလမ်းတစ်ခုထက်ပို၍ သူ၌ ရှိနေလေသည်။

နောက်ဆုံးတွင် သူ၌ အရှင်သခင်အဆင့်ရှိသူတစ်ဦးကိုပင် ဆန့်ကျင်နိုင်သော ဝှက်ဖဲတစ်ခုလည်း ရှိနေသေးသည်။ ၎င်းသည် သူ၏ ပိတ်ပင်ထားသော ကျင့်ကြံမှုကို ထုတ်ဖော်နိုင်ခွင့်ပေးထားသော ယာယီ ချိတ်စည်းဖြေအဆောင်ပင် ဖြစ်လေသည်။

သူ၌ ထိုကဲ့သို့ ဝှက်ဖဲများစွာ ရှိနေသောကြောင့် သာမန်မဟာအကြီးအကဲအဆင့်ရှိ ဘာမဟုတ်သည့် ပါမွှားလေးတစ်ဦးအတွက် မည်သည့်အရာကိုမျှ ဖြုန်းတီးလိုစိတ်ပင် မရှိပေ။

သူသည် အချိန်တဖြည်းဖြည်း ကုန်ဆုံးနေသော ဒုတိယဦးစားပေး ရွေးချယ်စရာများအကြောင်းကိုသာ ပို၍ စိုးရိမ်နေမိသည်။

သူသည် ရွေးချယ်မှုတစ်ခုကို ရွေးချယ်နိုင်သည်။

သို့မဟုတ် အချိန်ကုန်ဆုံးသည်အထိ စောင့်ဆိုင်းခြင်းဖြင့်လည်း ရွေးချယ်မှု လေးခုစလုံးကို စွန့်လွှတ်နိုင်ပေသည်။

ရွေးချယ်မှုကို ရွေးချယ်ခြင်းနှင့် ကျရှုံးခြင်း သို့မဟုတ် ရွေးချယ်မှုများကို လုံးဝ မရွေးချယ်ခြင်းတို့၌ ကွာခြားမှုများစွာ မရှိပေ။

ထိုရွေးချယ်မှုအားလုံးသည် ဒုတိယမြောက် အကိုင်းအခက်များ ပျောက်ကွယ်သွားခြင်း၌သာ အတူတူ အဆုံးသတ်လေသည်။

အချိန်ကုန်ဆုံးသည်အထိ စောင့်ဆိုင်းခြင်းဖြင့် သူသည် အလွယ်တကူပင် ဘေးကင်းစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းသည် အဆိုးရွားဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ခံစားနေရသည်။

မကြိုးစားကြည့်ဘဲ ကျရှုံးခြင်းထက် တစ်ခုခုကို ရွေးချယ်ပြီး ကျရှုံးခြင်းက ပို၍ ကောင်းလေသည်။

ဖန်းယုသည် ပျောက်ဆုံးသွားသောကြောင့် ယခုအချိန်တွင် သူ့အတွက် အနည်းငယ် ဘေးကင်းဟန်ရသော တစ်ခုတည်းသော ရွေးချယ်မှုမှာ အရှင်သခင် မရှိသော ဤမိစ္ဆာဂိုဏ်းကို ထိန်းချုပ်လိုက်ရန်သာ ဖြစ်လေသည်။

၎င်းမှရရှိသာ ဆုလာဘ်သည် မေးခွန်းဘောက်ချာတစ်ခုဖြစ်ကာ ထိုစာရေးဆရာဆိုသူ ပုဂ္ဂိုလ်နှင့် ထပ်မံ တွေ့ဆုံနိုင်ခွင့်လည်း ဖြစ်လေသည်။

မည်သည့်နည်းလမ်းဖြင့် အောင်မြင်အောင်လုပ်ဆောင်နိုင်မည်ကို သူ မသိသေးသော်လည်း ကြိုးစားကြည့်ခြင်းက ပို၍ကောင်းလေသည်။

အချိန်ကန့်သတ်ချက်သည် အဆုံးသို့ တဖြည်းဖြည်း နီးကပ်လာသောကြောင့် သူသည် ရွေးချယ်မှုတစ်ခုကို အမြန်ပင် ပြုလုပ်လိုက်သည်။

[သင်သည် ပထမ ရွေးချယ်မှုကို ရွေးချယ်လိုက်ခြင်းအတွက် ဂုဏ်ယူပါသည်။]

[ရွေးချယ်ထားသော ရွေးချယ်မှုအတွက် အရိပ်အမြွက်တစ်ခု ဆုချီးမြှင့်ခံရပါသည်။]

[သိုလှောင်ခန်းအတွင်း၌ ရှိသော ထိုအရိပ်အမြွက်ကို စစ်ဆေးကြည့်နိုင်ပါသည်။]

‘အရိပ်အမြွက်တစ်ခုလားဟုတ်လား ဒါလေးက အခမဲ့ ဆုလာဘ်လိုမျိုးလား စနစ်က ဘာလို့ ရုတ်တရက် ဒီလောက် ရက်ရောနေရတာလဲ ဒါမှမဟုတ် ဒုတိယ အကိုင်းအခက်ကပဲ ရက်ရောလွန်းနေတာလား ပထမ အကိုင်းအခက်က တစ်ခါမှ ဒီလောက် အကူအညီပေးဖူးတာ မရှိခဲ့ဖူးဘူး’

ပထမ အကိုင်းအခက်မှ ရွေးချယ်စရာများ ရရှိလာတိုင်း သူသည် မည်သည့် လမ်းညွှန်မှု သို့မဟုတ် စည်းမျဉ်းများကိုပင် ညွှန်ကြားမှုလေးတောင် မရရှိခဲ့ပေ။

သို့သော် ဤတစ်ကြိမ်၌မူ သူ တောင်းဆိုချင်ခဲ့သော အချက်အလက်အားလုံးကို သိရှိခွင့် ရရှိခဲ့သည်။

ဤအချက်၌ အာရန်သည် ဒုတိယ အကိုင်းအခက်သည် အဘယ်ကြောင့် ပထမ အကိုင်းအခက် မဖြစ်ခဲ့သနည်းဟု တွေးတောနေမိခဲ့သည်။

သို့သော် မကြာမီပင် သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ၎င်းသည် မကောင်းသော အကြံအစည်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

အကယ်၍ ၎င်းသည်သာ ပထမ အကိုင်းအခက်ဖြစ်ပါက သူသည် ပထမ ဆုံးရွေးချယ်မှု၌ပင် ဤစနစ်ကို ဆုံးရှုံးခဲ့ရလိမ့်မည်ဖြစ်လေသည်။

ဤတစ်ခေါက် ရွေးချယ်စရာများသည် ပြီးမြောက်ရန် အတော်ပင် ခက်ခဲလွန်းနေခဲ့သည်။

၎င်းတို့ထဲမှ အလုံခြုံဆုံးသော ရွေးချယ်မှုကို သူသည် ရွေးချယ်ခဲ့မိသော်လည်း ၎င်းသည်ပင် ပြီးမြောက်ရန် လုံးဝ မဖြစ်နိုင်သကဲ့သို့ ခံစားနေရသည်။

....

အကြီးအကဲ လျန်သည် အာရန်၌ ကာကွယ်ရေးရတနာတစ်ခုခု ရှိနေကြောင်း ‘ဖော်ထုတ်’ ခဲ့သော်လည်း သူ့နောက်ရှိ လူများမှာ တိုးတိုးတိတ်တိတ်ထပ်မံ ရယ်မောနေကြသံကို သူ ကြားနေရဆဲဖြစ်သည်။

သာမန်အကြီးအကဲတစ်ဦး၌ ထိုကဲ့သို့ အဆောင်ရတနာတစ်ခုရှိနေလျှင်ကော ဘာအရေးနည်း။

၎င်းသည် အဆင့်မြင့် ရတနာတစ်ခုတော့ လုံးဝ မဖြစ်နိုင်ပေ။

၎င်းသည် သူ၏ အားနည်းချက်ကို ဖုံးကွယ်ရန် အကြောင်းပြချက်တစ်ခုနှင့် ပိုတူညီနေသည်။

“မင်း... မင်းက မင်းနဲ့မသက်ဆိုင်တဲ့နေရာကို ရောက်လာရုံတင်မကဘူး ငါ့ကို အရှက်ကွဲအောင် လုပ်ဖို့အတွက်ပါ ရတနာပစ္စည်းကို အသုံးပြုခဲ့သေးတယ်ပေ့ါ” အကြီးအကဲ လျန်သည် အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းတယ် အရမ်းကောင်းတယ်... လူငယ်မျိုးဆက်တွေက သေချာပေါက် လူကြီးမျိုးဆက်ကို ကျော်တက်ချင်နေတာပဲ”

“အဲဒီရတနာက မင်းကို ဘယ်လောက် ကောင်းကောင်း ကာကွယ်ပေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

အကြီးအကဲ လျန်သည် ရှက်ရွံ့သွားသောကြောင့် ပို၍ပင် ဒေါသထွက်လာခဲ့သည်။

ထိုဒေါသ၏ ပစ်မှတ်မှာ အာရန်မှလွဲ၍ အခြားသူ မရှိနိုင်ပေ။

ထို့နောက် မဟာအကြီးအကဲသည် အလျင်အမြန်ပင် ရှေ့သို့ တိုးဝင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အာရန်ရှေ့၌ ပေါ်လာခဲ့သည်။

သူသည် တောင်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သော အင်အားများဖြင့် ပြည့်နှက်နေသော လက်ဝါးချက်တစ်ချက်ကို အာရန်ဆီသို့ပို့လွှတ်လိုက်သည်။

All Chapters