← Chapters

အသစ်ရောက်ရှိလာသောဧည့်သည်များ

Vol. 16 Ch. 225

အသစ်ရောက်ရှိလာသောဧည့်သည်များ

Vol. 16 Ch. 225

အကြီးအကဲ လျန် ချဉ်းကပ်လာသည်ကို စိုက်ကြည့်နေသော အာရန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲဖြစ်သည်။

ထိုအဘိုးအို၏ မျက်နှာသည် ဒေါသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူ၏ လက်ဝါးသည် အင်အားကြီးမားစွာဖြင့် အာရန်၏ ရင်ဘတ်ဆီသို့ ဦးတည်လာနေခဲ့သည်။

ခဏတာမျှပင် မတုံ့ဆိုင်းတော့ဘဲ အာရန်၏ စောင့်လျှောက်သူဝိညာဉ်ဘုရင်မဖြစ်သော ယီလန်သည် ရှေ့သို့ တိုးဝင်လာကာ သူမ၏ မျက်လုံးများသည် အေးစက်သော အကြည့်များဖြင့် စူးရှနေလေသည်။

ထိုအဘိုးကြီးလျန်သည် အလွန်အကျွံပင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

အာရန်အား သူမထိနိုင်သော လူအချို့ရှိကြောင်း သူသည် သင်ခန်းစာပေးချင်နေခဲ့သည်။

အကြီးအကဲ လျန်၏ လက်ဝါးရိုက်ချက် နီးကပ်လာသောအခါ အာရန်သည် သူ၏ လက်ကို အနည်းငယ်မျှ မြှောက်လိုက်သည်။

ကာကွယ်ရန် မဟုတ်ဘဲ ယီလန်အား တားဆီးလိုက်ခြင်းသာ ဖြစ်လေသည်။

ယီလန်မှာ နားမလည်နိုင်တော့ပေ။ အာရန်သည် ယခုပင် သူမအား အဘယ့်ကြောင့် တားဆီးနေရသနည်း။

သူက အမှန်တကယ်ပင် သူ့ကိုယ်သူထိခိုက်စေလိုနေခဲ့ခြင်းလော။

သူ၏ အမိန့်ကို လိုက်နာချင်းအားဖြင့် သူမသည် သူ၏ အသက်ကို မစွန့်စားကြည့်နိုင်ပေ။

သို့သော် သူ၏ ယုံကြည်မှုရှိသော မျက်လုံးများကို မြင်လိုက်သောအခါ သူ၌ အကြောင်းပြချက်တစ်ခုခု ရှိနိုင်သည်ဟု သူမ တွေးလိုက်မိသည်။

သူသည် ထိုကဲ့သို့သော အရာတစ်ခုအတွက် သူ၏ အသက်ကို စတေးခံမည့်သူမျိုးလည်း မဟုတ်ပေ။

အဘိုးအိုသည် သူ့ရှေ့၌ ရောက်လာသောအခါတွင်ပင် အာရန်သည် မတုန်လှုပ်ခဲ့ပေ။

ထို့နောက် အာရန်သည် သူ၏ ရင်ဘတ်မှ လက်မအနည်းငယ်သာ ကွာဝေးသော နေရာတစ်ခု၌ ရပ်တန့်သွားသော အဘိုးအို၏ လက်ဝါးချက်ကို ငုံ့ကြည့်မိလိုက်သည်။

တိုက်ခိုက်မှုသည် အာရန်အား မထိခိုက်စေခဲ့သော်လည်း ၎င်းလက်ဝါးချက်နှင့်အတူ ပါလာသော အရှိန်အဟုန်သည် လေတိုက်နှုန်းတစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်ပြီး သူ၏ ဝတ်ရုံနှင့် ဆံပင်များကို လေနှင့်အတူ တဖြတ်ဖြတ်ပင် လူးခါသွားစေသည်။

ထိုတိုက်ခိုက်မှုသည် သူ့အား မထိခိုက်စေခဲ့ခြင်းသည် အဘိုးအိုမှ သက်ညှာလိုက်သောကြောင့် မဟုတ်ပေ။

ထိုအချိန်၌ တစ်စုံတစ်‌ယောက်က အဘိုးအို၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သောကြောင့် ဖြစ်လေသည်။

“အား”

မကြာမီ အဘိုးအိုသည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသောသူက ခွန်အားအနည်းငယ်ထည့်၍ ညှစ်ချလိုက်သောကြောင့် နာကျင်စွာ ညည်းညူလိုက်မိသည်။

သူသည် သူ၏ လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။

“မင်း ငါ့လက်ကို လွှတ်လိုက်ပါ”

အာရန်ဘေး၌ ရပ်နေသော အမျိုးသမီး၏ သေးငယ်သော ရုပ်သွင်ကို မြင်လိုက်သောအခါ အဘိုးအိုက အော်ဟစ်အမိန့်ပေးလိုက်သည်။

သူ့ကို တားဆီးခဲ့သော အမျိုးသမီးသည် ဇီယာမှလွဲ၍ အခြားသူ မဟုတ်ပေ။

ဂိုဏ်းချုပ် ရှိနေသောအချိန်တုံးက ထိုမဟာအကြီးအကဲအများစုသည် ကိုယ်ထင်ပင်လာရောက် မပြသရဲကြပေ။

ဂိုဏ်းချုပ် ပျောက်ဆုံးသွားသောအခါမှသာ ထိုအင်အားကြီးမားသော ဘိုးဘေးမဟာအကြီးအကဲ အချို့အပါအဝင် ၎င်းတို့အားလုံးနီးပါး ထွက်လာခဲ့ကြခြင်း ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ယခုရင်ဆိုင်ရသော မဟာအကြီးအကဲသည် ၎င်းတို့ထဲ၌ မပါဝင်ခဲ့ပေ။

သူသည် အသက်ကြီးနေသော်လည်း အခြားဘိုးဘေးမဟာအကြီးအကဲများကဲ့သို့ ခွန်အားကြီးမားခြင်းမျိုး မရှိပေ။

မည်သို့ပင်ဆိုစေ သူ၏ အင်အားသည် မဟာအကြီးအကဲများကြားတွင် အောက်ခြေအဆင့်၌သာ ရှိနေခဲ့သောကြောင့် အခြားအားနည်းသူများကို အနိုင်ကျင့်ရသည်ကိုသာ သူသည် နှစ်သက်နေခဲ့မိသည်။

သူသည် အခြားမဟာအကြီးအကဲများကို ဘာမှ မလုပ်နိုင်သောကြောင့် နာမည်ရရန် အားနည်းသူများကိုသာ ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့သည်။

ရှင်းပြခွင့်ပင် မပေးဘဲ ဗဟိုဧရိယာအစောင့်အဖွဲ့၏ ခေါင်းဆောင်ကိုပင် အသလွတ်သွား‌ရောက် တိုက်ခိုက်ခဲ့သူလည်း ဖြစ်လေသည်။

ထိုအဘိုးအိုသည် အာရန်ကိုလည်း အလွယ်တကူ ဖိနှိပ်နိုင်သော သားကောင်ဖြစ်သည်ဟု ထင်ခဲ့မိခြင်းဖြစ်သော်လည်း ယခုမှသာ သူသည် အမှန်တကယ် အုပ်တံတိုင်းကို ခေါင်းနဲ့ဝင်တိုက်မိခဲ့သူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“သာမန်အကြီးအကဲတစ်ယောက်အတွက် မင်းက ငါ့ကို တကယ်ထိခိုက်အောင် လုပ်ချင်နေတာလား” ဟု ထိုအဘိုးအိုက သူ၏ လက်ကောက်ဝတ်ရိုး ကျိုးလုနီးပါး ခံစားနေရ ဇီယာကို မေးလိုက်လေသည်။

“ဂိုဏ်းချုပ် မရှိတာကိုအခွင့်ကောင်းယူပြီး ဂိုဏ်းရဲ့ အင်အားကို အားနည်းအောင်ပြုမူပြီး မင်းက ပုန်ကန်ဖို့ ကြိုးစားချင်နေတာလား”

ဇီယာသည် သူ့ကို မလွှတ်ပေးပါက သူသည် သူမအပေါ် စွပ်စွဲချက်တစ်ခုကိုသာ ပြောင်းလဲနိုင်ပြီး အခြားမဟာအကြီးအကဲများ ဝင်ရောက်ပါဝင်လာလိမ့်မည်ဟု သူသည် မျှော်လင့်နေခဲ့လေသည်။

ကံမကောင်းစွာဖြင့် သူ့နောက်၌ရှိသော မဟာအကြီးအကဲအများစုသည် ထိုပြပွဲကို သာ ပျော်ရွှင်စွာ ဆက်လက်ကြည့်ရှုနေခဲ့ကြသည်။

မဟာအကြီးအကဲနှစ်ဦး တိုက်ခိုက်သည်ကို ၎င်းတို့သည် မကြာခဏ မြင်ခွင့်ရနိုင်သည်မဟုတ်ပေ။

“ရှင်က ကျွန်မကိုကော စိတ်အနှောင့်အယှက်ဖြစ်စေချင်တာ သေချာပြီလား”

ဇီယာက ထိုသို့ပြန်မေးလိုက်ပြီး သူမ၏ ဆုပ်ကိုင်ထားမှုသည် ပို၍ပင် တင်းမာလာခဲ့သည်။

မဟာအကြီးအကဲလျန်သည် သူ၏ လက်ကို မချိုးပစ်ရန် လက်မောင်းကို ဖြောင့်တန်းထားနိုင်ရန် ကြိုးစားရင်း ဒူးထောက်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

သူသည် ဇီယာကဲ့သို့ကလေးမမှာ အဘယ်ကြောင့် ထိုမျှ သန်မာနေသည်ကို နားမလည်နိုင်ဖြစ်သွားရလေသည်။

သူသည် မဟာအကြီးအကဲများကြားတွင် အလွန် အားနည်းနေပုံရသော်လည်း သူသည် တစ်သက်လုံး အလွန်ကြိုးစားလေ့ကျင့်ခဲ့ရခြင်းဖြစ်လေသည်။

သို့သော် သူသည် ကလေးမလေးတစ်ဦးနှင့်တူသော မဟာအကြီးအကဲတစ်ဦးကိုပင် မယှဉ်နိုင်ခဲ့ပေ။

ထိုအရာကို သူသည် လက်သင့် မခံနိုင်ပေ။ သူ့နောက်၌ ရှိသော ဘယ်ဘက်လက်၌ သူ၏ အဖိုးတန်ဆုံးသော လက်နက်ဖြစ်သည့် ထူးခြားသည့် ဓားမြှောင်တစ်လက်သည် ပေါ်ပေါက်လာခဲ့သည်။

အခြားအကြီးအကဲများသည် ၎င်းကို မြင်သော်လည်း မည်သူမျှ ဘာမှ ဝင်မပြောကြပေ။ ၎င်းတို့သည် ပြုံးရုံသက်သက်သာ ပြုံးလိုက်ကြသည်။

ယီလန်ကြောင့် ဓားမြှောင်သည် အာရန်၏ အမြင်မှ မဖုံးကွယ်နိုင်ခဲ့ပေ။

သူ၏ တပည့်သည် သူ့ကို ကာကွယ်ရန် ကြိုးစားနေသည့်အတွက် ဝမ်းသာသော်လည်း သူမကို ထိခိုက်စေမည်ကိုလည်း သူသည် ခွင့်မပြုထားနိုင်ပေ။

“ယီလန် အခြေအနေက လုံလောက်ပြီ မင်း ဝင်ပါလိုက်....” ဟု အာရန်သည် ယီလန်အားလှမ်းပြောလိုက်သော်လည်း သူ၏ စကားမဆုံးခင်မှာပင် အခြားထူးခြားသော အော်ရာတစ်ခုသည် ထိုနေရာသို့ရောက်ရှိလာလေသည်။

ဤတစ်ကြိမ်၌မူ ၎င်းအော်ရာသည် သူ၏နောက်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ခြေသံများသည် ထိုအော်ရာနှင့်ကပ်လျက် လိုက်ပါလာခဲ့သည်။

ဤအော်ရာသည် ဤဂိုဏ်းအတွင်း၌ သူ ခံစားမိခဲ့သမျှထဲတွင် မိစ္ဆာဂိုဏ်းချုပ်၏ အော်ရာမှလွဲ၍ ယခုသည် အားအကောင်းဆုံးဖြစ်လေသည်။

တစ်နည်းအားဖြင့် ၎င်းအော်ရာသည် မိစ္ဆာဂိုဏ်းချုပ်၏ အော်ရာနှင့်ပင် အတော်လေး နီးစပ်သည်ဟု ခံစားမိလေသည်။ အံ့

အာရန်သည် အံ့အားသင့်စွာဖြင့် စိတ်ဝင်တစား လှည့်ကြည့်လိုက်မိသောအခါ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

သူမ၏ မျက်လုံးများသည် အလွန်တရာနက်မှောင်လျက်ရှိနေပြီး သူမ၏ မျက်ဝန်းသငယ်အိမ်ကဲသို့ အခြား အဖြူရောင်ဖြစ်နေသင့်သော မျက်လုံး၏ ကျန်အစိတ်ပိုင်းများအထိပင် လုံးဝမဲနက်နေခြင်းမျိုးဖြစ်လေသည်။

၎င်းသည် အစစ်အမှန်နတ်ဆိုးမတစ်ဦးကဲ့သို့ ပင် အားလုံး နက်မှောင်နေခြင်းမျိုး ဖြစ်လေသည်။

ထိုအမျိုးသမီးသည် အာရန်၏ အရပ်နှင့် အတူတူလောက်ပင်ရှိသည်။

သူ တွေ့ဆုံခဲ့ဘူးသမျှ အမျိုးသမီးများထဲ၌ သူမသည် အရပ်အရှည်ဆုံးဟု သတ်မှတ်နိုင်လေသည်။

သူမသည် ဂိုဏ်းချုပ်ဖန်းယုကဲ့သို့ ထပ်တူအင်အားကြီးမားသည်ဟု မခံစားရသော်လည်း အရမ်းကြီးကွာခြားမည့်ပုံတော့မပေါ်ပေ။

အာရန်သည် ရုတ်တရက် နားမလည်နိုင်ဖြစ်သွားရသည်။ ဤသူမကား မည်သူနည်း။

သူမ၏ တည်ရှိမှု၌ပင် သူသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေရသည်။

မူလဝတ္ထုထဲ၌လည်း ထိုကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ပုံစံရှိသူမျိုး သူမဖတ်ဘူးခဲ့ပေ။

သူမအား မြင်သောအခါ ဇီယာသည်ပင် အံ့အားသင့်သွားရသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ၎င်းတို့အနီးသို့ ချဉ်းကပ်လာသောအခါ သူမသည် အဘိုးအို၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်မိသည်။

ဂိုဏ်း၌ တပည့်တစ်ဦးကို ၎င်းတို့၏ အဝတ်အစားများပေါ်မူတည်၍ အလွယ်တကူ ခွဲခြားမှတ်မိနိုင်လေသည်။

အလားတူပင် အကြီးအကဲများနှင့် မဟာအကြီးအကဲများကိုလည်း ၎င်းတို့၏ ဝတ်ရုံအရောင်များဖြင့် ခွဲခြားမှတ်မိနိုင်လေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော်လည်း ၎င်းသည် အကြီးအကဲများ၏ ဝတ်စုံအရောင် သို့မဟုတ် မဟာအကြီးအကဲများ၏ ဝတ်စုံအရောင်များနှင့် တူညီ မနေပေ။

ထိုအမျိုးသမီးဆီမှ လာသော လူအများကို ဖိနှိပ်ထားနိုင်သော ခံစားချက်နှင့်အတူ သူမသည် သူ့အတွက် ပထမဆုံး မြင်တွေ့ဖူးသောသူဖြစ်နေသော်လည်း ထိုအမျိုးသမီးဆီမှ ရင်းနှီးသော ခံစားချက်တစ်ခုကို ရရှိနေလေသည်။

ထိုအမျိုးသမီးသည် တစ်စက္ကန့်မျှပင် မရပ်တန့်ခဲ့ပေ။

သူမသည် အာရန်နှင့် အခြားသူများကို ကျော်သွားပြီး မည်သူ့ကိုမျှ တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့လေသည်။

မကြာမီ သူမသည် ဂိုဏ်းချုပ် ပျောက်ဆုံးသွားသော အဓိက ခန်းမထဲသို့ ဝင်ရောက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အခြားသူတစ်ဦးသည်လည်း နန်းတော်ထဲသို့ ထပ်မံ ဝင်ရောက်လာသည်။

သူ၏ မျက်နှာသွင်ပြင်မှ အလွန်ကြင်နာတတ်သော လူတစ်ဦးဖြစ်ဟန်ရသော်လည်း ထိုအသွင်ပြင်အောက်ရှိ သူ၏ မျက်လုံးများ၌မူ အကြံအစည်များပြည့်နှက်နေသည့် လက္ခဏာအချို့ကို မြင်နိုင်လေသည်။

သူသည် အစောပိုင်း ဝင်လာသော အမျိုးသမီးနှင့် ဆင်တူသော အရောင်ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူသည် သူမထက် အတော်လေး အားနည်းပုံရလေသည်။

သို့သော်ထိုသို့ဆိုလျှင်ပင် သူသည် ဤနေရာ၌ ရှိသော မည်သည့် မဟာအကြီးအကဲထက်မဆို ပို၍ အင်အားကြီးမားကြောင်းသိသာနေလေသည်။

သူ့ရှေ့၌ဝင်ရောက်သွားသော အမျိုးသမီးနှင့် မတူဘဲ ထိုလူသည် အာရန်ဘေး၌ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်.....။

All Chapters