တစ္ဆေကိုမွေးစားထားသူ
Vol. 105 Ch. 1464
ရှီမာယူယူသည် ရှောင်ချီကို စတင်ရန် အချက်ပြလိုက်သည်။ နောက်တစ် ကြိမ် သူမသည် စူးလျိုနျန်၏ အသိစိတ်ပင်လယ်ထဲသို့ အံ့ဖွယ်အသိစိတ်ကို ထည့်လိုက်သည်။
သူမ စွမ်းအင်စုစည်းကာ အသွင်ပြောင်းပြီး စူးလျိုနျန်၏ အသိစိတ် ပင်လယ်သို့ ဝင်သွားချိန်တွင် ရှောင်ချီလည်း သူမဘေးတွင်ပေါ်လာသည်။
“ယူယူ လုပ်တော့ သူမရဲ့ အသိစိတ်ပင်လယ်ကို ငါကာကွယ်ထားလိုက် မယ်” ရှောင်ချီပြောလိုက်သည်။
“အင်း”
ရှီမာယူယူသည် အသိစိတ်ပင်လယ်အနက်ပိုင်းထဲသို့ ပျံသွားပြီး အနက်လုံးနားအရောက်တွင် ရပ်လိုက်သည်။
သူမ လက်ဆန့်ထုတ်ပြီး အသွင်မဲ့အတားအဆီးကို ခံစားရန် ကြိုးစားလိုက် သည်။ သူမသည် အံ့ဖွယ်အသိစိတ်ပုံသဏ္ဍာန်ဖြစ်နေသော်လည်း အရိုးထဲထိ အေးစိမ့်မှုကိုခံစားလိုက်ရသည်။
သူမ မျက်မှောင်ကြုတ်ပြီး ရပ်လိုက်သည်။ ရှောင်ချီသည် သိချင်စိတ်ဖြင့် မေးလိုက်သည် “ယူယူ ဘာဖြစ်တာလဲ”
“ငါမှားသွားတယ် ဒါကတစ္ဆေရောင်ဝါမဟုတ်ဘူး သေမင်းရောင်ဝါပဲ” ရှီမာယူယူ၏ မျက်နှာတွင် လေးလံသော အကြည့်လွှမ်းမိုးသွားသည်။
“အဲဒါဘာကွာလို့လဲ” ရှောင်ချီ နားမလည်ပေ။
“လူသေတွေမှာပဲ သေဆုံးခြင်းရောင်ဝါရှိပြီး တစ္ဆေလောကမှာပဲ တစ္ဆေ ရောင်ဝါရှိတာ” ရှီမာယူယူ ဆက်ပြောလေသည် “ရှင်းရှင်းပြောရရင် အဒေါ်ဟော်ကို တိုက်ခိုက်တဲ့သူက တစ္ဆေလောကကမမဟုတ်ဘူး လူသား လောကမှာနေတဲ့ တစ္ဆေပဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှောင်ချီသည် အလန့်တကြား ထအော် လေသည်။
“မဖြစ်နိုင်ဘူးလေ” ရှီမာယူယူသည် မျက်စိစွေကာ အနက်လုံးကို ကြည့် လိုက်သည်။ သူမ အမြင်တွင် ထိုအရာသည် အန္တရာယ်များသည့်ပုံပေါက်သည်။
လူတစ်ယောက်သေသွားလျှင် အားကောင်းသော တစ္ဆေများသည် ချက်ချင်းပျောက်ကွယ်သွားခြင်းမရှိဘဲ တစ္ဆေလောကသို့သွားကာ ထိုနေရာတွင် ပင် နေထိုင်ကြသည်။ ထိုနေရာတွင် သေဆုံးခြင်းရောင်ဝါနှင့် တစ္ဆေရောင်ဝါတို့ ရှိကြပြီး သူတို့ကို အသက်ရှင်နိုင်ရန် နောက်အခွင့်အရေးတစ်ခုပေးသည်။
ထိုတစ္ဆေများသည် တစ္ဆေလောကသို့ သွားသည်နှင့် လူ့လောကတွင်ရှိစဉ် က မှတ်ဉာဏ်များပါမသွားသော်လည်း အနည်းဆုံးတော့ အသက်ရှင်နိုင်သည်။
တစ္ဆေများသည် တစ္ဆေလောကသို့သွားသည်မှာ ယုတ္တိတန်သည်။ သူတို့ သည် ဤနေရာတွင် တစ္ဆေများကိုထိန်းချုပ်ရန် နည်းလမ်းရှိလျှင်တောင် သေဆုံးခြင်းရောင်ဝါ သို့မဟုတ် တစ္ဆေရောင်ဝါမရှိဘဲနှင့် အသက်ရှင်ရန်မဖြစ် နိုင်ပေ။
ကျင့်ကြံခြင်းလမ်စဉ်လိုက်သည့် တခြားတစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်သည်ကိုတော့ မဆိုထားနှင့်။
“ယူယူ သေချာရဲ့လား” ရှောင်ချီမေးလိုက်သည်။
ဒါသာအမှန်ဆိုရင် တကယ်ကြောက်ဖို့ကောင်းတာပဲ။
“ငါ တစ္ဆေရောင်ဝါနဲ့ သေဆုံးခြင်းရောင်ဝါကို ခွဲခြားနိုင်ပါတယ်” ရှီမာယူယူ ဆက်ပြောလေသည်။ “ဒါပေမဲ့ တစ္ဆေရောင်ဝါဖြစ်ဖြစ် သေဆုံးခြင်း ရောင်ဝါဖြစ်ဖြစ် ငါ့ကိုအရိုအသေပေးရမယ်”
သူမ ပြောလိုက်သော ထိုမောက်မာသော စကားလုံးများမှာ သူမသည် စိုးမိုးရန် မွေးဖွားလာသည်ကိုပြသနေသည်။
သူမသည် လက်ညှိုးကိုဆန့်ကာ အတားအဆီးအလွှာကို ထိကြည့်လိုက် သည်။ သူမခန္ဓာကိုယ်မှ တစ္ဆေမျိုးနွယ်ရောင်ဝါကို စိုးမိုးနိုင်မှုသည် စူးလျိုနျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။
ပုံမှန်ဆိုလျှင် တစ္ဆေရောင်ဝါတစ်ခု လူသားခန္ဓာကိုယ်ထဲသို့ဝင်သွားလျှင် ခန္ဓာကိုယ်မှ အလိုလိုခုခံသည်။ သို့သော် စူးလျိုနျန်၏ ဝိညာဉ်မှာ ပိတ်မိနေ သဖြင့် မည်သည့်တုံ့ပြန်ချက်မှမရှိပေ။
သို့သော် မည်သည့်တုံ့ပြန်မှုမှမရှိခြင်းသည် ထိခိုက်မှုမရှိသည်ကို မဆိုလို ပေ။
စူးလျိုနျန်၏ အသိစိတ်ရောင်ဝါသည် တစ္ဆေရောင်ဝါ၏ ကျူးကျော်ခြင်းကို ခံရပြီး သူမ ဦးနှောက်ထဲမှလှုပ်ရှားမှုသည် တက်ကြွလာပြီး ရှောင်ချီ၏ ကာကွယ်မှုသာမရှိလျှင် သူမ၏ အသိစိတ်ပင်လယ်မှာ အားနည်းသွားနိုင်သည်။
ထိုသေဆုံးခြင်းရောင်ဝါလုံးသည် သူမ ရောင်ဝါကို ခံစားမိသည့်အလား ညှာတာခြင်းကင်းမဲ့စွာ လှုပ်ခတ်လာပြီး အလှည့်အပြောင်းလုပ်ချင်နေသည်။ သို့သော် ရှီမာယူယူ၏ လက်ညှိုးမှလာသော ရောင်ဝါကြောင့် ပြန်ငြိမ်ကျသွား လေသည်။
“အား အီး….”
သေဆုံးခြင်းရောင်ဝါသည် လှုပ်မရတော့ဘဲ ပျာယာခတ်စွာ စတင် ခုခံ တော့သည်။ သို့သော် မည်မျှပင်လှုပ်ရှားစေကာမူ အရာမထင်ပေ။
ရှီမာယူယူသည် သူမ ရောင်ဝါကို ကြီးမားသောပိုက်ကွန်အသွင်ပြောင်း ကာ ထိုသေဆုံးခြင်းရောင်ဝါကို အုပ်လိုက်သည်။
“ဖမ်းလိုက်”
တွေးနေရင်းနှင့် ထိုကြီးမားသောပိုက်ကွန်သည် ဖြည်းညင်းစွာ စတင်ဆွဲ လာသည်။ ထိုလှုပ်ရှားမှုကြောင့် သေဆုံးခြင်းရောင်ဝါသည် ကြီးမားသော ပိုက်ကွန်၏ အစားခံရသည့်အလား သေးသွားလေသည်။
အနက်လုံးသည် သေဆုံးခြင်းရောင်ဝါ ဖျော့သွားသည်နှင့် ရှီမာယူယူသည် ပိတ်မိနေသည့်လူကို မြင်လိုက်ရသည်။
သေဆုံးခြင်းရောင်ဝါ နောက်ဆုံးအစက်ကျန်သည်အထိထားပြီးနောက် သူမ ရောင်ဝါကိုသိမ်းလိုက်သည်။ ရှောင်ချီသည် စူးလျိုနျန်၏ အသိစိတ် ပင်လယ်ကို ကာကွယ်ရာတွင် စွမ်းအားမသုံးရတော့သဖြင့် ရှီမာယူယူဆီသို့ ပြေး လာသည်။
“ဒါကတကယ်ပဲ သူမ ဝိညာဉ်ပဲ တော်တော်လေးဖြူဖျော့နေပြီ” ရှောင်ချီ သည် မေ့လဲနေသော ဝိညာဉ်ကိုကြည့်လိုက်သည်။ သူမ ထိခိုက်ထားသဖြင့် ဝိညာဉ်လေသည် အရိပ်ဖျော့ဖျော့သာရှိတော့ပြီး မကြာခင်တွင် ပျက်ပြယ်သွား တော့မည်ပုံဖြစ်နေသည် “သူမ ဘာလို့မနိုးသေးတာလဲ”
“သူမ ရောင်ဝါက အကြာကြီးပိတ်မိထားတော့ မေ့မြောနေပြီ၊ သတိပြန်ရ အောင်လုပ်ဖို့က မလွယ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် ဘာလုပ်ကြမလဲ”
“သူမကို နိုးအောင်လုပ်ရမှာပေါ့” ရှီမာယူယူသည် ပြောရင်းနှင့် စူးလျိုနျန် ၏ ဝိညာဉ်ဆီသို့ပြန်သွားပြီး သူမ မျက်ခုံးကြားတွင် လက်တင်လိုက်သည်။
နို့နှစ်ရောင် ဝိညာဉ်စွမ်းအင်သည် သူမ လက်ချောင်းထိပ်မှတစ်ဆင့် စူးလျူနျန်၏ ဝိညာဉ်ဆီသို့ စီးဝင်သွားသည်။ နို့နှစ်ရောင် ဝိညာဉ်စွမ်းအင်များ တစ်ကိုယ်လုံးအနှံ့ စီးဝင်သွားသည်နှင့် သူမ ဝိညာဉ်သည် ပုံသဏ္ဍာန်ပေါ်လာ သည်။ ပြီးနောက် ရှီမာယူယူ အစွန်းကုန် အားထုတ်တော့သည်။
“ရှောင်ချီ သူမကိုကာကွယ်ထား” သူမ ပြောပြီးသည်နှင့် လက်ချောင်း ထိပ်မှ အလင်းများပိုတောက်ပလာပြီး စူးလျိုနျန်၏ ဝိညာဉ်မှ တောက်ပသော အလင်းတန်ထွက်လာရာ နှစ်ယောက်လုံး မျက်လုံးပင်မဖွင့်နိုင်ကြတော့ပေ။
တစ်ချိန်တည်းမှာပင် ငြိမ်သက်နေသော အသိစိတ်ပင်လယ်သည် ပြင်းထန်စွာ လှုံ့ဆော်လာပြီး မိုးကြိုးလုံးများ လင်းလက်ကာ လျှပ်စီးများ လက် လာပြီး အသိစိတ်ပင်လယ်သည် လှိုင်းလုံးများ ရိုက်ခတ်လာသည်။
“ပြန်ဆုတ်ကြမယ်”
ရှီမာယူယူသည် နောက်ဆုံးစွမ်းအင်အနည်းငယ်ကို စူးလျိုနျန်၏ ဝိညာဉ် ထဲသို့ ထည့်ပြီး ရှောင်ချီကိုပြန်ဆွဲလိုက်သည်။
သို့သော် အသိစိတ်ပင်လယ်သည် လှိုင်းလုံးကြီးများ ထကာ ကြီးမားသော လှိုင်းများသည် သူတို့ဆီသို့ရိုက်ခတ်လာသည်။ ရှီမာယူယူသည် ရှောင်ရှားရန် မဖြစ်နိုင်တော့သည်ကိုသိသည်နှင့် ရှောင်ချီကို ဘေးသို့တွန်းလိုက်ရာ လှိုင်းလုံး ကြီးသည် သူမဆီသို့လာမှန်လေသည်။
“ဖူး”
အခန်းထဲတွင် ရှီမာယူယူသည် သွေးစိမ်းများ အန်ထွက်တော့သည်။ သူမ အချိန်မှီမရှောင်လိုက်နိုင်သဖြင့် သွေးများသည် စူးလျိုနျန်၏ အဝတ်များပေါ်သို့ ပေကျံကုန်သည်။
“ယူယူ” ရှောင်ချီသည် ရှီမာယူယူ တွန်းလိုက်ခြင်းကြောင့် ဒဏ်ရာမရပေ။ သို့သော် ရှီမာယူယူသည် သွေးအန်ပြီးသည်နှင့် အိပ်ရာပေါ်မှကျသွားသည်ကို သူမ ကိုယ်တိုင်မြင်လိုက်ရသည်။
ရှီမာယူယူ သတိမေ့မသွားခင်တွင် ဝိညာဉ်အတားအဆီးကို သတိတရ ဖယ်ရှားလိုက်သည်။
“ယူယူ”
အပြင်မှလူများသည် အော်သံကိုကြားသည်နှင့် အတားအဆီးဖယ်ရှား လိုက်သည်ကို သိလိုက်သဖြင့် အမြန်ဝင်လာကြသည်။
“ယူယူ”
သူတို့ဝင်သွားချိန်တွင် ရှောင်ချီသည် ရှီမာယူယူကို ပွေ့ထားသည်ကို မြင် လိုက်ရသည်။ သူမ နှုတ်ခမ်းထောင့်မှသွေးများသည် ရှောင်ချီ၏ ရင်ခွင်ထဲသို့ စီးကျနေသည်။ သူမသည် အားကုန်ခမ်းနေပြီး မေ့မြောနေကာ ဖြူဖျော့သော မျက်နှာနှင့် မျက်ခုံးတွန့်ကြောင်းများသည် သူမ၏လက်ရှိအခြေအနေကို ပြသ နေသည်။
“ယူယူ” ဟွမ်ရင်ရင် ရောက်လာပြီး ရှီမာယူယူကို ထိုအခြေအနေအတိုင်း မြင်လိုက်ရာတွင် သူမလက်ကိုမည်သည့်နေရာတွင် ထားရမှန်းမသိ လောက်အောင် စိုရိမ်သွားသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ” ရှီမာကျိယွင်၏ ရင်များနာကျင်မိ သည်။
သူမ လူတစ်ယောက်ကို ကယ်ဖို့ကြိုးစားရင်းနဲ့ ဘယ်လိုလုပ် ဒီလိုအဖြစ်ခံ တာလဲ။
“ငါကြည့်မယ်” ရင်လန်သည် သူ၏ပုံမှန် ပျော်ရွှင်တတ်သောမျက်နှာ ပျောက်ဆုံးနေသည်။
“ဟုတ်တယ် ကြည့်ခိုင်းလိုက် သူကဆေးပညာရှင်ပဲ” ဟော်ကျန့်ကျန်း သည် စိုးရိမ်နေကာ ရှီမာယူယူ သတိမေ့နေခြင်းအပေါ် အပြစ်မကင်းခံစားမိ သည်။
သူ အိပ်ရာပေါ်မှ စူးလျိုနျန်ကို ကြည့်လိုက်ရာ သူမ မျက်လုံးများ လှုပ်ရှား နေသည်ကို သတိထားမိလိုက်သည်။
“လျိုနျန်” သူ အိပ်ရာဘေးပြေးသွားပြီး စူးလျိုနျန်၏ လက်ကိုဆွဲကိုင်လိုက် သည် “လျိုနျန် နိုးလာပြီလား”
သူ့အသံမှာ တခြားသူများအာရုံကို ဆွဲဆောင်လိုက်သည်။ သို့သော် တစ်ချက်သာကြည့်လိုက်ကြပြီး လုပ်လက်စကို ပြန်လုပ်ကြလေသည်။
သူတို့သည် စူးလျိုနျန် နိုးလာသည်ကို ဂရုစိုက်ပေ။ သူတို့ဂရုစိုက်သည်မှာ ရှီမာယူယူ၏ အခြေအနေကိုပင်ဖြစ်သည်။
ရင်လန်သည် ရှီမာယူယူကို စစ်ဆေးကြည့်ပြီးပြောလေသည် “သူမက အံ့ဖွယ်အသိစိတ်ထိခိုက်ပြီး မေ့သွားတာပါ ဆေးသောက်ပြီးနားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်”
ရှီမာမျိုးနွယ်သည် ထိုစကားကြားပြီးနောက် စိတ်သက်သာရာရကာ ရှီမာယူယူကို အိပ်ရာဘေးသို့ ချီလိုက်သည်။
စူးလျိုနျန်၏ မျက်လုံးများလှုပ်ရှားနေသော်လည်း မနိုးလာသေးပေ။ ဟော်ကျန့်ကျန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင်ဝဲလာသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ” သူသည် ရင်လန်ကိုကြည့်လိုက် သည်။
“သူမက ခင်ဗျားကိုဆေးပေးလား” ရင်လန် မေးလိုက်သည်။
“ဟုတ်တယ် သူမ ဆေးတစ်လုံးပေးထားတယ်” ဟော်ကျန့်ကျန်းသည် နို့နှစ်ရောင်ဆေးထုတ်ပြီး စူးလျိုနျန်ကို တိုက်လိုက်သည်။
အမြဲတစေ အရည်များကိုသာ မျိုချခဲ့သည့် စူးလျိုနျန်သည် ဆေးကိုပင် ဝါးစားလိုက်သည်။ ခဏအကြာတွင် ငါးနှစ်ကြာအောင် ပိတ်နေသော မျက်လုံး များသည် နောက်ဆုံးတွင် ဖြည်းညင်းစွာပွင့်လာသည်။
***