ရှီမာမိသားစုထဲမှ ပြဿနာ
Vol. 105 Ch. 1465
“လျိုနျန်… လျိုနျန်…” ဟော်ကျန့်ကျန်းသည် စူးလျိုနျန်၏ လက်ကို ပျော်ရွှင်စွာ ဆုပ်ကိုင်လေသည်။ သူမ မျက်လုံးများပွင့်လာသည်ကို သူ မြင် သောအခါ မျက်ရည်များသည် အဆက်မပြတ်ကျလာတော့သည်။
“ကျန့်ကျန်း…” စူးလျိုနျန် စကားမပြောသည်မှာ အတော်ကြာပြီဖြစ် သည်။ သူမ ပါးစပ်ဟပြီး လေကိုရှုသွင်းလိုက်သော်လည်း အသံမှာ ထွက်မလာ ပေ။
“ကောင်းတယ် မင်းနောက်ဆုံးတော့ နိုးလာပြီ ကိုယ် အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ” ဟော်ကျန့်ကျန်းသည် သူမလက်ကို သူ့မျက်နှာနှင့် ဆွဲကပ်လိုက် သည်။ သူ့အကြည့်များသည် ချစ်ရည်ရွှမ်းလဲ့ကာ ပျော်ရွှင်နေသည်။
စူးလျိုနျန်သည် နူးညံ့စွာပြုံးလိုက်သည်။ သူမ မျက်လုံးများသည် တစ်စုံ တစ်ခုကိုရှာဖွေနေသကဲ့သို့ ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
“လျိုနျန် ဘာတွေရှာနေတာလဲ” ဟော်ကျန့်ကျန်း မေးလိုက်သည်။
“ကျွန်မ မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်တယ် သူမက ကျွန်မကို အဲဒီအမှောင်နေရာကနေ ခေါ်ထုတ်ပေးတာ” စူးလျိုနျန် ပြန်ဖြေလေ သည်။
“ယူယူက မင်းနိုးလာအောင် ကူညီပေးခဲ့တာ” ဟော်ကျန့်ကျန်း ပြန်ဖြေ လေသည်။ “သူမ ဒဏ်ရာအကြီးအကျယ်ရထားပြီး ဘေးကခုံပေါ်မှာ နားနေ တယ်”
“တကယ်ပဲ တစ်ယောက်ယောက်ရှိနေတာပဲ….” သူမ အိပ်မက်မက်တာ မဟုတ်ဘူးပဲ။
“မင်းကောင်းကောင်းနားလိုက်ပါဦး ထနိုင်သွားမှပဲ သူမကို သွားကြည့်ရ အောင်” ဟော်ကျန့်ကျန်း နှစ်သိမ့်ပေးလေသည်။
စူးလျိုနျန်သည် လက်ရှိတွင် အားအလွန်နည်းနေသဖြင့် မျက်လုံးများကို ပြန်ပိတ်လိုက်သည်။
ဟော်ကျန့်ကျန်းသည် သူမမျက်လုံးမှိတ်ပြီး အနားယူသည်ကို စိတ်အား ထက်သန်စွာကြည့်လေသည်။ ခဏအကြာတွင် သူ မတ်တတ်ရပ်ပြီး ရှီမာယူယူ ဆီသို့လာလေသည်။ ရှီမာယူယူ မေ့မြောနေဆဲဖြစ်သည်ကို မြင်သောအခါ မေး လိုက်သည် “သူမ အခြေအနေဘယ်လိုလဲ”
“သူမ ဆေးသောက်ထားတယ် ယာယီတော့ တည်ငြိမ်သွားပြီ” ရင်လန် ပြန်ဖြေလေသည်။
ခဏအကြာတွင် တံခါးမှအမှုထမ်း သတင်းပို့လေသည် “သခင် ဘေးက အခန်းပြင်ပြီးပါပြီ”
အကြောင်းမှာ သူတို့သည် ရှီမာယူယူ ထိခိုက်သွားလိမ့်မည်ဟု ထင်မထား သဖြင့် သူမအတွက် အခန်းမပြင်ထားမိပေ။ သူထိုအရာကိုသိသည်နှင့် အမိန့် မပေးရသေးခင်မှာပင် အမှုထမ်းသည် ချက်ချင်းပင် အခန်းကိုရှင်းလင်းခိုင်း လိုက်သည်။
ရှောင်ချီသည် ရှီမာယူယူကို နောက်အခန်းတစ်ခန်းသို့ ချီလာသည်။ ရှီမာမိသားစုဝင်များသည်လည်း အမြန်ရောက်လာကြသည်။ သူတို့သည် တစ်ဖက်အခန်းမှ အခြေအနေကို ဂရုမစိုက်ကြတော့ပေ။
ရှီမာယူယူသည် သူမ မည်မျှကြာအောင် မေ့မြောသွားသည်ကို မသိတော့ ပေ။ သူမ နိုးလာချိန်တွင် ခေါင်းထဲမှ စူးရှသော နာကျင်မှုကို ခံစားရလေသည်။
သူမ အသာအယာလှုပ်ရှားကြည့်ရာ ခေါင်းထဲမှ အကြောမျှင်များ တင်း နေသည်ကို ခံစားမိသည်။
“ကျွတ်”
သူမ လက်ဆန့်ထုတ်ကာ နားထင်ကိုပွတ်လိုက်သည်။ သူမသည် ထရန် အားအင်ပင်မရှိတော့ပေ။
“နိုးလာပြီလား” နူးညံ့သောအသံသည် အထက်မှထွက်လာသည်။ နူးညံ့ပြီး လှပသော အမျိုးသမီး ပေါ်လာကာ ရှီမာယူယူကို ပြုံးပြလေသည်။
“အဒေါ်ဟော် ဘယ်လိုနေသေးလဲ” ရှီမာယူယဓသည် သူမ နိုးလာချိန်တွင် အံ့ဩသွားသဖြင့် မသိလိုက်ခင်မှာပင် မေးမိသွားသည်။
ရှီမာယူယူ၏ ပထမဆုံး တုံ့ပြန်ချက်မှာ သူမကို စိုးရိမ်ပေးမှုဖြစ်မည်ဟု စူးလျိုနျန် ထင်မထားပေ။ သူမ ကြည့်ရသည်မှာ သက်တောင့်သက်သာ မဖြစ် သည်မှာ သေချာနေသည်။ သူမ မျက်နှာမှအပြုံးမှာ ပိုပို၍ အသက်ဝင်လာသည်။
“ပြန်ကောင်းလုနီးပါးပါပဲ” သူမသည် ရှီမာယူယူကို ထူပေးလိုက်သည် “ကျေးဇူးတင်ပါတယ် မင်းကြောင့်သာမဟုတ်ရင် ငါတော့ သတိမေ့နေဦးမှာပါ ပဲ”
“အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်” ရှီမာယူယူအား အားယူပြီးထ ကာ ဆေးထုတ်လိုက်သည်။
“ငါက နေကောင်းသွားတယ် ဒါပေမဲ့ မင်းက ငါ့ကိုကယ်ဖို့ ဒဏ်ရာရသွား တယ်လေ” စူးလျိုနျန်သည် နူးညံ့စွာ တောင်းပန်လေသည်။
စူးလျိုနျန်၏ နူးညံ့မှုနှင့် လှပသောအပြုံးသည် ရှီမာယူယူ၏ အရင်ဘဝ ကျန်းနန်မှ နာမည်ကြီးအလှမယ်များကို သွားသတိရစေသည်။ ဤတိုင်းပြည် တွင်မြင်ရခဲလှသည်။
ထိုအချိန်တွင် ရင်လန်ဝင်လာသည်။ ရှီမာယူယူနိုးလာသည်ကို သူ မြင် သောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ “မင်းအိပ်နေတာ ၁၀ ရက်ရှိပြီ နောက်ဆုံးတော့ နိုးလာပြီပေါ့”
ရှီမာယူယူ သူမ ခေါင်းကိုပွတ်လိုက်သည် “ရှင်ကဘာလို့ အခုထိ ဒီမှာရှိ နေတာလဲ”
“မင်းကို ဂရုစိုက်ဖို့နေခဲ့တာပေါ့” ရင်လန် ပြောလေသည် “မင်း သတိမေ့ နေတုန်းကို ငါ ဆေးကောင်းတွေ ဘယ်လောက်တောင် ဖြုန်းမိလိုက်လဲ မင်း မသိဘူး”
“ကျွန်မ နေရခက်နေတုန်းပဲ၊ ကြည့်ရတာ ရှင့်ဆေးတွေက အဲလောက် မကောင်းလို့ထင်တယ်” ရှီမာယူယူသည် အားမနာတမ်း တုံ့ပြန်လိုက်သည်။
သို့သော် သူ့ကို စိတ်ထဲမှ ကျေးဇူးတင်မိသည်။
သူမ ဒဏ်ရာ မည်မှပြင်းထန်ကြောင်းကို သူမ သိသည်။ ထိုမျှ ကောင်းသော ပစ္စည်းများသာ အသုံးမပြုခဲ့ပါက သူမသည် ထိုအခိုက်တွင် နေရခက်သည်ထက်ပင် ပိုဆိုးမည်။ ထို့အပြင် အံ့ဖွယ်အသိစိတ်ထဲမှ နာကျင်မှု သည် ပြဿနာအရှိဆုံးဖြစ်သည်။
“ဟင်း ဟင်း အဲဒါတွေက ငါ့သိုလှောင်ရုံထဲက ဆိုတာသေချာနေတာကို ဘယ်တုန်းက မင်းဟာဖြစ်သွားတာလဲ” ဟော်ကျန့်ကျန်း နှာခေါင်းရှုတ်လေ သည်။
သူသည် စူးလျိုနျန်ဘေးသို့ လာလိုက်သည် “နားမနေဘူးလား ဘာလို့ ထပ်ထွက်လာပြန်တာလဲ”
“ရှီမာမိသားစုက သွားလိုက်ပြီလေ သူမကို ကြည့်ဖို့လာရမှာပေါ့” စူးလျိုနျန် ပြောလိုက်သည် “ပြီးတော့ သူမက ကျွန်မရဲ့ ကျေးဇူးရှင်လေ၊ သူမ ဒဏ်ရာရနေတာကို ကျွန်မဘာမှမလုပ်နိုင်ရင် အားနာတာပေါ့”
“ရှီမာမိသားစုကဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။
ပြဿနာကြောင့်သာမဟုတ်လျှင် အဘွားတို့၏ သဘောထားအရ သူမကို တစ်ယောက်တည်းထားသွားမည်မဟုတ်ပေ။
ဟော်ကျန့်ကျန်းသည် ခေတ္တမျှတိတ်သွားသည် “ရှီမာမိသားစုအိမ်တော် မှာ ကိစ္စတစ်ခုဖြစ်သွားတယ် ဒါပေမဲ့ အရမ်းတော့မပြင်းထန်ပါဘူး အန္တရာယ် များတဲ့ကိစ္စမို့လို့သာ မင်းကို ဒီမှာထားသွားကြတာ”
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူ့စကားမျးသည် တစ်ခုခုကို ဖုံးကွယ်ထားပုံပေါက်နေသည်။ သူမသည် ဤအခြေအနေနှင့် မည်သည့်အရာမှ မလုပ်နိုင်ပေ။
“ရှောင်ချီရော”
“သူမက ခုနလေးတင် အခန်းထဲရှိသေးတယ် ခဏကြတော့ ပျောက်သွား တာပဲ” စူးလျိုနျန်သည် ဝေ့ဝဲကြည့်လိုက်ရာ ရှောင်ချီကို ရှာမတွေ့ပေ။
ရှီမာယူယူ ထပ်မံ မျက်မှောင်ကြုတ်ပြန်သည်။ ရှောင်ချီသည် သူမ မနိုးခင် တွင် မည်သည့်နေရာမှ သွားမည်မဟုတ်ပေ။ သူမမှာ တစ်ခုခုများဖြစ်လို့လား။
“ယူယူ” ရှောင်ချီသည် အပြင်မှပြေးဝင်လာပြီး ရှီမာယူယူနိုးနေသည်ကို မြင်သောအခါ အပြေးလေးရောက်လာသည် “ယူယူ နောက်ဆုံးတော့ နိုးလာပြီ ပဲ”
ရှီမာယူယူ သူမကို ဖက်ထားလိုက်သည် “ဘယ်တွေသွားနေတာလဲ”
“အပြင်မှာ လှုပ်လှုပ်ရှားရှားအသံတွေကြားလိုက် ထွက်သွားကြည့်တာ အခုတော့အဆင်ပြေသွားပါပြီ” ရှောင်ချီ ပြောလိုက်သည်။
“အဘိုးတို့ရော ရှိလား” ရှီမာယူယူ တစ်စုံတစ်ခုကို ခန့်မှန်းမိသွားသည်။
“ပြဿနာရှာတဲ့သူတွေက ကျန်းမိသားစုတွေလေ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ အဲဒါကိုစိတ်မပူပါနဲ့” ရှောင်ချီ ဖျောင်းဖျလေသည်။
ရှီမာယူယူ လက်ခံလိုက်ပြီး မေးခွန်းများထပ်မမေးတော့ပေ။
ရှောင်ချီတောင် သွားပြေးကူညီရမှတော့ ရှီမာမိသားစုကိစ္စက သေးပါ့ မလား။
သူမသည် ထိုကိစ္စကိုဖြစ်စေသည်ဟု သတ်မှတ်ထားသည်။ သို့သော် ထိုနေရာတွင် ဘာမှမလုပ်နိုင်ဘဲရှိနေသဖြင့် သူမ အပြစ်မကင်းသလိုခံစားရ သည်။
“အများကြီးမစဉ်းစားပါနဲ့ ဒါကချူးချန်းမြို့တော်ပဲလေ၊ တစ်ခုခုဖြစ်ရင် ငါတို့က ထိုင်နေမှာမဟုတ်ပါဘူး” စူးလျိုနျန်သည် သူမကိုနှစ်သိမ့်ပေးလေ သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်ဟော် ကျွန်မနိုးလာမှတော့ အကုန်လုံးကို မနှောင့်ယှက်တော့ပါဘူး” သူမသည် တည်းခိုဆောင်သို့ ပြန်သွားချင်သည်။
“ပြန်သွားချင်လို့လား”
“ဟုတ်တယ် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မပြန်သွားရမယ်” ရှီမာယူယူ ခိုင်မာနေသည်။
“မဟုတ်သေဘူး မင်းရဲ့အဘိုးက မသွားခင်ကို ဂရုစိုက်ပေးဖို့မှာထားခဲ့ တယ်၊ မင်းက ဒဏ်ရာတောင် အပြည့်အဝပြန်ကောင်းသေးတာမဟုတ်ဘူး၊ ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ မင်းတစ်ခုခုဖြစ်ရင် မင်းအဘိုးတို့ကို ဘယ်လို ရှင်းပြရမလဲ” ဟော်ကျန့်ကျန်း ငြင်းဆန်လေသည်။
ရှီမာရှုံ့ချီသည် သူမကို ကာကွယ်ရန် သူတို့ကို အထူးတလည်မှာကြား ထားခဲ့သည်။ ထို့ကြောင့် သူမကို ဟော်အိမ်တော်မှ ထွက်သွားရန် ခွင့်မပြုနိုင် ပေ။
“ယူယူ မစိုးရိမ်ပါနဲ့” ရှောင်ချီ ထပ်ပေါင်းပြောလေသည် “ပြဿနာကို ရှင်းပြီးသွားပြီ ရှောင်ချီ အဲလူတွေကို ရိုက်ပြီးသွားပြီ အဘွားက ယူယူ့အကြောင်း အရမ်းတွေးပူနေတာ၊ အဲဒါကြောင့် ရှောင်ချီအရင်ပြန်လာတာ ဟုတ်ပြီ ဘာမှ မစဉ်းစားနဲ့တော့ ကိုယ့်ဒဏ်ရာကိုသာ ဂရုစိုက်”
“တကယ်ကြီးလား”
“ရှောင်ချီက ဘယ်တုန်းကလိမ်ဖူးလို့လဲ” ရှောင်ချီ နှုတ်ခမ်းဆူလေသည်။
ရှီမာယူယူ မသေချာသေးပေ။ ဟွမ်ရင်ရင်နှင် ရှီမာလျူရွှမ်တို့ ပြန်လာမှပင် ရှီမာမိသားစုအဆင်ပြေသည်ကို သူမ ယုံသွားတော့သည်။
***