← Chapters

မထွက်ခွာခင် အကြံတစ်ခု

Vol. 105 Ch. 1466

မထွက်ခွာခင် အကြံတစ်ခု

Vol. 105 Ch. 1466

ရှီမာယူယူ နိုးလာသည့်အချိန်မှပင် ဟွမ်ရင်ရင်တို့ စိတ်အေးသွားရသည်။

“ယူယူ ဘယ်လိုနေလဲ”

“နေကောင်းပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အဘွား သမီးတို့ မိသားစု ကဘာဖြစ်လို့လဲ အဲဒီကအခြေအနေဘယ်လိုလဲ”

“သမီးရဲ့ ဘိုးဘိုးကြီးက သူတို့ကိုနိုင်သွားလို့ ကျန်းမိသားစုက ပြဿနာ လာရှာတာလေ၊ ဘာမှမဟုတ်ပါဘူး စိတ်မပူနဲ့” ဟွမ်ရင်ရင် အားပေးလေသည် “အခုဒဏ်ရာတွေ သက်သာဖို့ဘာလုပ်ဖို့လိုလဲ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “သမီးဒဏ်ရာတွေက သက်သာလုနီး ပါးဖြစ်နေပါပြီ၊ အဒေါ်ဟော်နဲ့ နောက်ဆုံးဆွေးနွေးမှုပြီးလို့ နောက်နှစ်ရက်‌ လောက်နေရင် သွားလို့ရပြီ”

“ကောင်းတာပေါ့” ဟွမ်ရင်ရင် ပြောလိုက်သည်။ “အဘွားတို့က ကျန်းမိသားစုနဲ့ တရားဝင် ပြတ်ဆဲလိုက်ပြီ၊ အဘွားတို့မိသားစုက လူတွေ လိုအပ်နေတယ် သမီးအဘိုးတို့တော့ ပြန်သွားလိုက်ပြီ သမီးကောင်းသွားရင် ပြန်ကြတာပေါ့”

“ဟုတ်ကဲ့”

နှစ်ရက်အကြာတွင် ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့သည် သူတို့ထွက် သွားတော့မည်ဆိုသည်ကို မအံ့ဩတော့ပေ။

“ယူယူ ချုံစီရင်စုနယ်က ချူးချန်းမြို့နဲ့သိပ်မဝေးဘူး ငါတို့ဆီက တစ်ခုခု လိုတာရှိရင် စာပို့လိုက်လို့ရတယ် ငါတို့ချက်ချင်းလူလွှတ်ပြီးပို့ပေးမယ်” စူးလျိုနျန်သည် သူမလက်ကိုကိုင်ပြီး ကြင်နာစွာပြောလေသည်။

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါဆိုရင် အဒေါ်တို့ကိုပဲ ဒုက္ခပေရတော့မယ်”

“သမီးတစ်ခုခုလိုတာရှိရင် ပြောသာပြောလိုက်” ဟော်ကျန့်ကျန်းသည် စူးလျိုနျန်၏ ခါးကိုဖက်ထားသည်။ “သမီးက အဒေါ်ဟော်ရဲ့အသက်ကိုကယ်ခဲ့ တာ ဦးလေးတို့မှာလည်း ကလေးမရှိတော့ သမီးကဦးလေးတို့ရဲ့ကလေးပဲ”

“ကျေးဇူးတင်ပါတယ် ဦးလေးဟော်” ရှီမာယူယူသည် ယဉ်ကျေးမနေ တော့ပေ။ အတွင်းပိုင်းဒေသတွင် ရှီမာမိသားစု၏ ရာထူးအဆင့်အတန်းမှာ နိမ့် နေသည်။ ထို့ကြောင့် အပြင်အကူအညီရှိလေ ပိုကောင်းလေဖြစ်သည်။

“အဒေါ်တော့ လျူရွှမ်ကိုတကယ်အားကျတယ် ဒီလိုမျိုး ထူးချွန်တဲ့ သမီး ရှိရတယ်လို့၊ ငါတို့ကလေးသာ အသက်ရှိနေရင် သူမ ဘယ်လိုပုံစံဖြစ်မလဲ သိချင်လိုက်တာ” စူးလျိုနျန်သည် ဝမ်းနည်းပက်လက် ပြောလေသည်။

“အဒေါ်ဟော် ဝမ်းမနည်းပါနဲ့” ရှီမာယူယူ နှစ်သိမ့်လေသည် “ဒါနဲ့ ကျွန်မ ပြောဖို့မေ့နေတာ”

“ဘာလဲ”

“အရင်ယူဆချက်က မှားသွားတယ် အဒေါ်ဟော်ရဲ့ဝိညာဉ်ကို ပိတ်လှောင် ထားတာက တစ္ဆေမျိုးနွယ်မဟုတ်ဘူး”

“တစ္ဆေမျိုးနွယ်မဟုတ်ဘူးလား၊ တစ္ဆေမျိုးနွယ်ကလုပ်တာလို့ ပြောခဲ့တာ လေ” ဟော်ကျန့်ကျန်းသည် အံ့ဩသွားလေသည်။ အဲဒါမှားနေရင် သူမက ဘယ်လိုလုပ် စူးလျိုနျန်ကို ကယ်နိုင်တာလဲ။

“ကျွန်မ သေဆုံးခြင်းရောင်ဝါကို အာရုံခံမိခဲ့တယ်” ရှီမာယူယူ ရှင်းပြလေ သည်။ “အစတုန်းကတော့ တစ္ဆေမျိုးနွယ်က တစ္ဆေရောင်ဝါလို့ထင်ထားခဲ့တာ ဒါပေမဲ့ အဒေါ်ကို သွားကယ်တဲ့အချိန်ကျတော့ တစ္ဆေရောင်ဝါမဟုတ်ဘဲ သေဆုံးခြင်းရောင်ဝါဆိုတာကို ရှာတွေ့ခဲ့တယ်”

“ဘာကွာလို့လဲ” စူးလျိုနျန်သည် နားမလည်ပေ။

“တစ္ဆေရောင်ဝါက တစ္ဆေလောက,က တစ္ဆေမျိုးနွယ်တွေဆီကလာတာ သေဆုံးခြင်းရောင်ဝါကကျ လူသေတွေဆီကလာတာ” ရှီမာယူယူ ဆက်ပြော လေသည် “ရှင်းရှင်းပြောရရင် တစ္ဆေရောင်ဝါက ဝိညာဉ်တစ်ခုက တစ္ဆေ လောကကိုသွားတဲ့အချိန်မှပဲ ပေါ်လာတာ၊ ဆိုလိုတာက အဒေါ့်ကို တိုက်ခိုက် တဲ့သူက သေလူပဲ”

“သေလူဟုတ်လား သေလူကဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ”

“ပုံမှန်ပြောရရင် လူတစ်ယောက်သေပြီးရင် ဝိညာဉ်က တစ္ဆေလောကကို ဝင်ပြီးတော့ အသစ်စဖို့ စောင့်တယ်၊ ဒါပေမဲ့ ဝိညာဉ်က လူသားလောကမှာ အကြောင်းအမျိုးမျိုးကြောင့်နေရင်တောင် ကျင့်ကြံလို့မရဘူး” ရှီမာယူယူ ရှင်းပြ လေသည်။ “ဒါပေမဲ့ အဒေါ့်ကိုတိုက်ခိုက်တဲ့သူက သေပြီးသားပဲ၊ အဲဒါတင် မကဘဲ အဲဒီဝိညာဉ်က လူသားလောကမှာနေပြီးတော့ ကျင့်ကြံနေတယ်”

စူးလျိုနျန်သည် ထိုစဉ်က ကြုံခဲ့သည့်အခြေအနေကို ပြန်တွေးပြီးပြော လိုက်သည် “ဟုတ်တယ် တကယ်တော့ထူးဆန်းတယ်၊ အဒေါ့်ကိုတိုက်ခိုက်တဲ့ သူက တကယ်လူသေလိုပဲ၊ သူတို့မျက်နှာတွေက ဖြူဖျော့ပြီး သွေးမရှိဘူး”

“အဲဒါက ဝိညာဉ်မဟုတ်ဘဲ လူဆိုတာသေချာလား” ရှီမာယူယူ မေးလိုက် သည်။

“သေချာပေါက် လူတစ်ယောက်ပဲ” စူလျိုနျန် ခိုင်မာနေသည် “ငါ့ကိုယ် ပေါ်ကရတနာက အရေးကြီးတဲ့အချိန်မှာ ဝိညာဉ်ကိုကာကွယ်ပေးတာကြောင့် သာမဟုတ်ရင် ငါ့အပျိုတော်လေးတွေလို အဆုံးသတ်သွားမှာပဲ”

“သေလူ…” ရှီမာယူယူသည် အဖြစ်အပျက်ကိုသိချင်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့က မသေနိုင်တာလည်းဖြစ်နိုင်တယ်” ရှီမာလျူရွှမ်သည် ဘေးမှ ပြောလေသည် “လူတစ်ယောက်သေသွားရင် သူတို့က ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ဝင်ပြီးတော့ ပေါင်းစပ်နိုင်တယ်လို့ ခဲ့လော့ပြောဖူးတယ်၊ အဲလူတွေက မသေလူ ဖြစ်သွားတယ်”

“အဲလူတွေက ဘာလို့မသေလူဖြစ်ချင်တာလဲ”

“မသေလူတွေရဲ့ တိုက်ခိုက်မှုစွမ်းအားက ဝိညာဉ်ရှိခန္ဓာကိုယ်ထက် သန်မာပြီးတော့ အသက်ရှင်တုန်းက အားကိုလည်း ထိန်းထားနိုင်တယ်” ရှီမာလျူရွှမ် ပြောလိုက်သည် “ဒါပေမဲ့ အဲဒါကတစ္ဆေလောကမှာ တားမြစ်ထား တဲ့ အတတ်ပညာပဲ၊ ဒီကလူကဘယ်လိုလုပ်သိတာလဲ”

“ကြည့်ရတာ ဦးလေးဟော်တော့ စုံစမ်းတဲ့နေရမှာ ပိုသတိထားသင့်ပြီ” ရှီမာယူယူ သတိပေးလိုက်သည်။

“ဂရုစိုက်လိုက်ပါ့မယ်” ဟော်ကျန့်ကျန်း၏ မျက်နှာမှာ တည်တံ့နေသည်။

ရှီမာယူယူ ပြောသည့်အရာသာမှန်ပါက မကောင်းသည့်အတတ်ပညာမှာ ပါဝင်နေသည့်လူကို စုံစမ်းရန်လိုနေပြီဖြစ်သည်။ သူတို့အလင်းထဲရှိနေချိန်တွင် ရန်သူသည် အမှောင်ထဲတွင်ရှိနေသည်။ အန္တရာယ်တော့များနေပြီ။

“အဒေါ်ဟော်နိုးလာတဲ့သတင်းကို အပြင်လူတွေကို ပေးမသိတာကောင်း မယ်ထင်တယ် မဟုတ်ရင် အဲလူတွေကို သတိပေးပြီးသားဖြစ်လိမ့်မယ်” ရှီမာယူယူ အကြံပေးလိုက်သည် “အဒေါ်ဟော်နိုးလာတဲ့ သတင်းက မပျံ့သေး ဘူးမလား”

“မပျံ့သေးဘူး သမီးလုံခြုံရေးကို ကာကွယ်ချင်လို့ ဒီခြံဝန်းကို ချိပ်ပိတ် ထားတယ်၊ လျိုနျန်လည်း ထွက်မသွားရသေးဘူး” ဟော်ကျန့်ကျန်း အတည်ပြု လေသည်။ “ဒါပေမဲ့ အပြင်ကအဲလူတွေက ကုသမှုရလဒ်ကိုစောင့်နေကြတာ သမီးရဲ့ ဆေးပညာကို သွားပြောချင်နေပြီ”

“အဲဒါက မလိုပါဘူး ကျွန်မဆေးပညာမကောင်းဘူးလို့ သူတို့ကိုပြော လည်း ကိစ္စမရှိဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှ သူတို့ကိုမသိတာ ပြီးတော့ သူတို့က ကျွန်မဆေးပညာကို အတည်ပြုဖို့မလိုပါ ဘူး၊ အဒေါ့်ရဲ့လုံခြုံမှုက ပိုအရေးကြီးတယ်”

“အင်း”

ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့သည် ရင်ထဲထိသွားကြသည်။ သူတို့ အတွက် ထိုအတိုင်းအတာထိ စဉ်းစားပေးသူမှာ နည်းပါးသည်။

“ဟုတ်ပြီ သမီးက သေဆုံးခြင်းရောင်ဝါကို ထိန်းချုပ်နိုင်တယ်၊ ဒါဆိုရင် သမီးအကူအညီကို ဦးလေးတို့ သေချာပေါက်လိုနေပြီ” ဟော်ကျန့်ကျန်း သဘောတူလေသည်။

“ကောင်းပါပြီ အဒေါ်ဟော် နေကောင်းပြီဆိုတော့ အဘွားနဲ့ကျွန်မတို့ကို သွားခွင့်ပြုပါဦး”

“ဒါယူသွားလိုက်ပါ ဦးလေးပြောတာကို မှတ်ထားပါ အကူအညီလိုရင် ဆက်သွယ်လိုက်ပါ” ဟော်ကျန့်ကျန်းသည် ပြန်ပြောလေသည်။

ရှီမာယူယူသည် ကျောက်တံဆိပ်ပြားယူလိုက်ရာ ရင်လန်ကိုပေးထား သည့်အရာနှင့်တူသည်ကို တွေ့လိုက်သည်။

“ဒီတံဆိပ်ပြားက ရင်လန်ရဲ့ဟာနဲ့အတူတူပဲ ဒါယူထားရင် ဦးလေးကို တိုက်ရိုက်ဆက်သွယ်လို့ရလိမ့်မယ်၊ မဟုတ်ရင်လည်း အပြင်က ချူမိသားစုကို အကူအညီတောင်းလို့ရတယ်” ဟော်ကျန့်ကျန်းသည် သူမအတွေးများကို ဖတ်နိုင်နေသည်။

“ကျေးဇူးတင်ပါတယ် ဦးလေးဟော်”

ရှီမာယူယူသည် တံဆိပ်ပြားကိုသိမ်းလိုက်သည်။ သူမသည် ဟွမ်ရင်ရင် နှင့် ရှီမာလျူရွှမ်တို့နှင့်အတူ ဟော်အိမ်တော်မှ ထွက်လာခဲ့လိုက်သည်။

ထွက်သွားချိန်တွင် တံခါးကိုစောင့်ကြပ်သူများကို သူမ မြင်ခဲ့သည်။ သူမကို မြင်သောအခါ ထိုလူများသည် ဟိုဟိုဒီဒီပြောကြလေသည်။ ဒီလောက် ဂယက်ကြီးလုပ်ပြီးတာတောင် ရလဒ်က အတူတူပဲမဟုတ်လား။

ရင်စူးစူးတစ်ယောက်သာ သူမကို အရင်နှင့်မတူညီစွာ ကြည့်လာသည်။ လနက်ရှိုင်းအသီးသည် သူမလက်ထဲရောက်သွားပြီကို ရှီမာယူယူ ခန့်မှန်းမိ သည်။

သူတို့သည် တည်းခိုဆောင်သို့သွားကာ မူစစ်ကိုခေါ်ကြသည်။ သူတို့ ထွက်သွားချိန်တွင် ရင်လန်နှင့်တွေ့လေသည်။

သူတို့သည် သူ့ကို ဟော်အိမ်တော်တွင် မမြင်မိပေ။ သူ ပေါ်လာသည်မှာ ရင်စူးစူးပြောလိုက်၍ ဖြစ်မည်။

“ရှင်တကယ်ပဲ ကျွန်မနဲ့အတူမလိုက်တာသေချာလား” ရှီမာယူယူ မေးလိုက်သည်။

သူသည် ရှီမာမိသားစုနှင့် ကျန်းမိသားစုကိစ္စများကို သိထားသည်။ သူသည် သူမနှင့်အတူသွားရန် ဆန္ဒရှိတုန်းပင်ဖြစ်သည်။ သူသည် ထိုကိစ္စတွင် မဖြစ်မနေဝင်ပါရမလိုပင်။

“မင်းပြောတဲ့ ခံစားချက်ကို ငါနားလည်တဲ့အထိ မင်းနောက်လိုက်မယ်လို့ ပြောပြီးပြီလေ” ရင်လန်သည် ဘာမှမပြောင်းလဲဘဲ အရင်အတိုင်းပင်။

“ဒါရှင်ပြောတာနော်” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “ဒါဆိုလည်း သွားကြတာပေါ့”

***

All Chapters