ဖြတ်သွားခြင်း
Vol. 105 Ch. 1467
ချုံစီရင်စုနယ်သည် ယဲ့စီရင်စုနယ်၏ ပင်မမြို့တော်များထဲမှ တစ်ခု အပါအဝင်ဖြစ်ကာ ရှီမာမိသားစုနေထိုင်ရာနေရာဖြစ်သည်။ ထိုမြို့တွင် နေထိုင် သူတစ်ဝက်လောက်မှာ ရှီမာမိသားစုဝင်များ သို့မဟုတ် မိသားစုနှင့်ပတ်သတ် ဆက်နွယ်နေသူများဖြစ်ကြသည်။
ကျန်တစ်ဝက်မှာ ရှီမာမိသားစု၏ စိုးမိုးမှုကို အားထားနေရသူများဖြစ်ကြ သည်။ ထို့ကြောင့် ထိုနေရာတွင်ရှီမာမိသားစုသည် လုပ်ပိုင်ခွင့်အာဏာအပြည့် အဝရှိသည်။
ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့ ရောက်သွားချိန်တွင် အုတ်အော်သောင်း တင်း ဖြစ်ကြလေသည်။
အားလုံးသည် တစ်ချိန်က ချီးမွမ်းခဲ့သည့် ပါရမီရှင်သည် တစ္ဆေမျိုးနွယ်၏ မင်းသမီးနှင့် ငြိတွယ်မိခြင်းကြောင့် ပြိုလဲသွားသည် ရှီမာလျူရွှမ်ကို ကြည့်ကြ သည်။
ရှီမာလျူရွှမ်ကို လှောင်ပြောင်နေသည်များကို မြင်သောအခါ ဟွမ်ရင်ရင် သည် ဒေါသထွက်ပြီး ပြန်တုံ့ပြန်ချက်သည်။ သို့သော် ရှီမာလျူရွှမ်က သူမကို တားထားလိုက်သည်။
“အမေ အဲလူတွေက ဘာမှမမှားပါဘူး ကျွန်တော် ဂရုမစိုက်ဘူး အဲဒါကြောင့် စိတ်ထဲမထည့်နဲ့တော့” သူ သူမကို ဖျောင်းဖျလိုက်သည်။
“အဲလူတွေက ရှီမာထူရဲ့ ပိုင်းကပဲ၊ ငါနဲ့ မင်းအဖေတို့ မိသားစုထဲမှာ အာဏာကို လက်လျော့လိုက်တာနဲ့ပဲ လာအာကျယ်ရဲသေးတယ်” ဟွမ်ရင်ရင် သည် တည့်တိုးပင်။ သူမသည် ထိုလူများကို မြင်သောအခါ ဒေါသထွက်လာ သည်။
“အဘိုး စိတ်မဆိုးပါနဲ့ ကိုယ်ကဒေါသထွက်လေ သူတို့ပျော်လေပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက အဲလောက်အားကောင်းမှတော့ သူတို့ သခင်မလေးရဲ့အဆိပ်ကို ဖယ်နိုင်တဲ့အစွမ်းအစရှိရမှာပေါ့၊ သမီး နည်းလမ်းက နှစ်လ သုံးလလောက်ပဲ ထိန်းချုပ်နိုင်မှာ အဆိပ်စမိတဲ့အချိန်ကိုပါ တွက်ရင် သူတို့သခင်မလေးက နှစ်လ သုံးလတောင်မကျန်တော့ဘူး သူတို့က ရှီမာလျူရှီရဲ့အသက်ကို ဂရုမစိုက်ကြဘူး၊ သူတို့ ကြိုက်သလောက်အော်ကြပါ စေ”
သူမ ပြုံးထားသော်လည်း လေသံမှာအေးစက်နေသည်။ ထိုအသံမှာ မကျယ်လှသော်လည်း လမ်းတစ်လျှောက် ပျံ့နှံ့သွဦးသည်။ ထိုလူများသည် ရပ်တန့်သွားကာ မည်သူမှ ဘာမှမပြောရဲကြတော့ပေ။
ကျန်းရယ်သည် ရှီမာလျူရှီနှင့်အတူ လွန်ခဲ့သည့်ရက်ပိုင်းက ပြန်လာခဲ့ သည်။ ချူးချန်းမြို့တော်မှဖြစ်ခဲ့သည့်ကိစ္စသည် မြို့တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့ သည်။
ရှီမာလျူရွှမ်၏ သမီးသည် သခင်မလေးရှီကို ကုသရန်ငြင်းဆန်သည်ဟု သူတို့ ကြားသည်နှင့် ထိုလူများသည် မပျော်မရွှင်ဖြစ်ကာ သူတို့ပြန်လာသည်နှင့် အရှက်ခွဲချင်သည်။
မထင်မှတ်စွာပင် ရှီမာယူယူသည် သူတို့ကို ဖြတ်ရိုက်လိုက်သည်။
လက်ရှိတွင် သူမသာ ရှီမာလျူရှီ၏ အိပ်ကို ကုသနိုင်သူဖြစ်သည်။
ရှီမာယူယူသည် သူတို့ငြိမ်ကျသွားသည်ကို မြင်သောအခါ နှုတ်ခမ်းတွန့် ပြီး ဆက်ပြောလေသည် “မြို့ဝန်လန် သူတို့က ရှင့်ကိုပြန်လာရှာတယ်လို့ကြား တယ် သူတို့ကို အဆိပ်ဖြေဆေးပေးပြီးတော့ ကျွန်မကို နောက်ထပ် မနှောင့်ယှက်နိုင်အောင် လုပ်လိုက်ပါ”
“ဘယ်လိုလုပ် အဲလိုလုပ်နိုင်မှာလဲ” ရင်လန်သည် ချက်ချင်းပင် ငြင်းဆန် လေသည် “ဆေးနည်းကို မင်းနဲ့အလဲအလွယ်လုပ်ပြီးမှတော့ ငါတို့ သဘော တူညီချက်အရ တခြားသူကို ပေးလို့မရဘူးလေ မဟုတ်ရင် ငါက မရိုးသားတဲ့ လူဖြစ်မသွားဘူးလား”
“သူများကို မပေးနဲ့လို့ ကျွန်မကဘယ်တုန်းက ပြောလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“မင်း မပြောပေမဲ့ ငါ့ဘာသာငါ သတ်မှတ်လိုက်တာလေ” ရင်လန်သည် လေးနက်စွာ ပြောလေသည် “ငါကအမြဲတမ်း ကိုယ့်ကတိကိုယ်တည်ပါတယ် အဲဒါကြောင့် တခြားသူကိုပြောမှာမဟုတ်ဘူး”
ရှီမာယူယူသည် ရင်လန်ကို စိုက်ကြည့်လိုက်သည်။ သူမ သက်ပြင်းချပြီး ဘာမှမပြောတော့ဘဲ အကူအညီမဲ့စွာဖြင့် ကြည့်လိုက်သည်။
သူတို့ စကားများကို ကြားသူများသည် ပူပန်လာကြသည်။ သခင်မလေးရှီ ကို ကယ်နိုင်သည်မှာ သူမတစ်ယောက်သာဖြစ်သည့်ပုံပင်။
ဒါက ဝမ်းနည်းစရာသတင်းပဲ။
ရှီမာယူယူသည် ရှီမာလျူရွှမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ရှီမာလျူရွှမ်သည် သူမလက်ကို ပုတ်ပေးသည်။ သူမ သူ့အတွက် ရပ်တည်ပေး သည့် နွေးထွေးမှုကို သူ ခံစားရသည်။
သူ ထိုအရာများကို ဂရုမစိုက်တတ်သော်လည်း သမီးဖြစ်သူအတွက် အလဲအလှယ်လုပ်ခဲ့ရသည့်အချိန်များမှာ တန်ဖိုးရှိသည်။
သူတို့ မြို့တစ်ဝက်ကိုဖြတ်ပြီးနောက်တွင် ရှီမာမိသားစုအိမ်တော်သို့ ရောက်လေသည်။
ရှီမာအိမ်တော်သည် ရီလင်းတိုင်းပြည်က အိမ်တော်ထက်ပင် ပို၍ ခမ်းနား သည်။ အခန်းအရေအတွက်မှာလည်း များပြားလှသည်။ အဝင်ပေါက်မှာ မီတာ တစ်ရာကျယ်ဝန်းကာ အစောင့်များရှိသည့်နေရာများတွင် ကာကွယ်ရေး တည်ဆောက်မှုကျောက်တုံးများရှိသည့်နေရာပင်။ စံတင်အဆင့်များကြားမှ တိုက်ပွဲပင်လျှင် ဝင်ပေါက်ကို သက်ရောက်မှုမရှိနိုင်ပေ။
“ခမ်းနားလိုက်တာ” ရှီမာယူယူသည် ဂိတ်ပေါက်တွင်ရပ်ကာ အပေါ်မှ ကျောက်မျက်ရတနာများကို ကြည့်ပြီး ရေရွတ်လိုက်သည်။
“ရှီမာမိသားစုအိမ်တော်ဝင်ပေါက်ကာ ငါတို့ထက်တောင် ခမ်းနားသေး တယ်” ရင်လန်သည်လည်း ရှီမာအိမ်တော်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ် သည်။ စီရင်စုနယ်တွင် ထိုမျှလောက်ခမ်းနားသည့် အိမ်တော်ရှိလိမ့်မည်ဟု သူ ထင်မထားပေ။
“ဒါကို ဒီလိုလာတဲ့ငါတို့ဘိုးဘေးတွေ ဆောက်ခဲ့တာ အဲတုန်းက မိသားစု က ဒီကိုရောက်စပဲရှိသေးတာ၊ သူတို့အင်အားလည်း သန်မာကြတယ် နေရာ ပြောင်းရွှေ့တဲ့ ဆုံးရှုံးမှုတွေကို ကာဖို့အတွက် ဒီလိုဝင်ပေါက်ကို ဆောက်ခဲ့ကြ တယ်” ဟွမ်ရင်ရင် ရှင်းပြလေသည်။
“ဝင်ပေါက်က နည်းနည်းအိုဟောင်းနေပုံပဲ၊ ဒါပေမဲ့ ကျောက်မျက်ရတနာ တွေတော့ ထည့်ထားတာမကြာသေးသလိုပဲ” ရင်လန် စစ်ဆေးလိုက်သည်။
ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ “သွားရအောင်”
ရင်လန်သည် နှာခေါင်းကိုပွတ်လိုက်သည်။ သူ အမှန်ကိုပြောတာပဲကို။
ရှီမာမိသားစုနှင့် ကျန်းမိသားစုတို့အကြားတွင် အက်ကြောင်းထင်သွား လေပြီ။ မိသားစုကိုကာကွယ်သည့် ကာကွယ်ရေးတည်ဆောက်မှု စွမ်းအား လုံလောက်ရန်အတွက် ရှီမာမိသားစုသည် ဝိညာဉ်ကျောက်များကို လဲလှယ်ခဲ့ သည်။
ရှီမာလျူရွှမ်နှင့် ရှီမာယူယူတို့ပြန်လာသည်ဆိုသည့် သတင်းသည် ရှီမာမိသားစုတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ သူတို့သည် အိမ်တော်သို့ တိုက်ရိုက်လာမည်ဟုထင်ထားကြသဖြင့် သတင်းရသည်နှင့် ဝင်ပေါက်အပြင် တွင် အားလုံး စောင့်ကြည့်လေသည်။ သို့သော် သူတို့စောင့်သော်လည်း မည်သူ မှဝင်လာသည်ကို မတွေ့ရပေ။
“သခင်မလေး… သခင်မလေးရော” ရှီမာကျိယွင်သည် အိမ်ထဲမှ စိတ်လှုပ်ရှားစွာဖြင့် စောင့်နေသည်။ သူသည် အပြင်သွားပြီး သူတို့ကို ရှာချင်မိ သည်။
သို့သော် အပြင်ဘက်ဝင်ပေါက်တွင် ဘာမှမရှိပေ။ ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့၏ အရိပ်အယောင်ပင် မမြင်ရပေ။
“ရှီမာမိသားစုဝင်ပေါက်က ခမ်းနားလွန်းတယ်၊ ဒါပေမဲ့ ရှီမာမိသားစုက ဖိတ်ကြားတဲ့ ဖိတ်စာလည်ညးမရှိဘူး၊ သူမက အလည်အပတ်ကတ်လည်းမယူ လာခဲ့ဘူး အဲဒါကြောင့် ဒီနေ့မလာတော့ဘူး၊ နောက်ထပ် လည်ပတ်ဖို့ အခွင့်အရေးရှိမှပဲ လာတော့မယ်လို့ သခင်မလေးကပြောပါတယ်” အစောင့် သည် တုန်ယင်စွာဖြင့် ပြန်ဖြေလေသည်။
ရှီမာယူယူ သွားရအောင်ဟု ပြောသည်ကို ကြားလိုက်ချိန်တွင် သူမ ဝင်တော့မည်ဟု ထင်ထားလိုက်သည်။ သို့သော် သူမသည် လှည့်ထွက်သွားခဲ့ သည်။
အစောင့်များ မှင်တက်စွာဖြင့် ကြည့်နေခဲ့ရသည်။ ချက်ချင်းပင် တစ်ယောက်မှာ တုံ့ပြန်ပြီး ဘာကြောင့်မဝင်သလဲဟု မေးရာတွင် သူမ ပြန်ဖြေခဲ့ ခြင်းဖြစ်သည်။
ရှီမာကျိယွင်နှင့် အနောက်မှပါလာသူသည် ရှီမာယူယူ၏ အဖြေကို ကြား လိုက်ချိန်တွင် နှုတ်ခမ်းတွန့်မိကြသည်။ သူမသည် ရှီမာမိသားစုဝင် မဟုတ်သဖြင့် ရှီမာမိသားစု၏ ဝင်ပေါက်ကို လက်လွတ်စပယ် မဝင်သင့်ဟု ပြောသွားခြင်းဖြစ်သည်။
“ဒီကောင်မလေးက ဘာတွေလုပ်နေတာလဲ” ရှီမာကျိယွင် ပြောလိုက် သည်။ သူမ မည်သည့်ဘက်သို့ ထွက်သွားသည်ကို သူ အစောင့်ကိုမေးလိုက် သည်။ သူသည် သူမကိုသွားရှာရန် ဟန်ပြင်လေသည်။
“စိတ်မပူနဲ့” ရှီမာဟော်ရွှမ်းသည် သူ့အား တားထားလိုက်သည် “ယူယူ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိမှာပါ”
“သူမမှာ ဘာအစီအစဉ်ရှိမှာလဲ၊ သူမ ဝင်ပေါက်ဆီကိုလာဖို့တောင် သူမကို ချော့ပြောရတာ သူမ မဝင်လာချင်ဘူးဆိုရင် သူမကိုပြန်သွားခေါ်ရမှာပေါ့”
“သူမက ရှီမာမိသားစုကလူမဟုတ်ဘူးလေ သူမကိုသွားခေါ်ရင်တောင် ပြန်လာမှာမဟုတ်ဘူး” ရှီမာဟော်ရွှမ်း ပြောလိုက်သည် “သူမ ဝင်လာဖို့ တည့်တိုးအဖြစ်ဆုံးနည်းလမ်းကတော့ လျူရွှမ် မိသားစုဆီပြန်လာတာကို အသိအမှတ်ပြုဖိုပဲ၊ လျူရွှမ် ပြန်လာမှပဲ သူမပါ ပြန်လာလိမ့်မယ်”
ရှီမာလျူရွှမ် မိသားစုသို့ဝင်မှပင် သူမ ဝင်ရန်ဆန္ဒရှိသည်။ ထိုသည်မှာ အားလုံးနားလည်ထားသည့်အရာဖြစ်သည်။
“ဟူး….” ရှီမာကျိယွင် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ ထခုန်လေ သည်။ “မနက်ဖြန် သူတို့နှစ်ယောက်ကို မိသားစုစာရင်းထဲသွင်းမယ်”
ပြီးနောက်တွင် သူ ရှီမာယူယူနောက်လိုက်သွားလေသည်။
“အခုဘယ်သွားကြမလဲ” တစ်ယောက်သည် အနောက်မှအော်လေသည်။
“သွားလိမ့်မလို့” ရှီမာကျိယွင်သည် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
သူမက အခုပြန်လာဖို့ငြင်းဆန်နေတော့ သူက သူမဆီကို သွားလိုက်ရုံပဲ မဟုတ်ဘူးလား။ သူမကို အိမ်ပြန်ခေါ်ဖို့ သူအားထုတ်ရမှာပေါ့။
သူသည် ကျန်းရယ်တို့ဘက်ကို အပြစ်တင်ရုံသာရှိသည်။ သူမ ငယ်စဉ်က ယူယူ့ကို သူတို့တိုက်ခိုက်ခဲ့တာကြောင့်သာမဟုတ်ရင် အခုချိန် သူမက ပြန်လာ ဖို့ဘယ်လိုလုပ်ငြင်းဆန်တော့မှာလဲ။
အခု သူတို့က ကျန်းမိသားစုကို ဆက်သွယ်ရဲသေးတယ်။ နောက်မှပဲ သူတို့ကို သေချာပေါက် အပြစ်ပေးရမယ်။
***