← Chapters

တွင်းထဲက မြွေကိုခေါ်ထုတ်ခြင်း

Vol. 105 Ch. 1468

တွင်းထဲက မြွေကိုခေါ်ထုတ်ခြင်း

Vol. 105 Ch. 1468

ရှီမာကျိယွင်လာရှာမည်ကို ရှီမာယူယူ ခန့်မှန်းမိပြီးသားဖြစ်သည်။ သူ၏ ဒေါသထွက်နေသော မျက်နှာကိုကြည့်ပြီး သွားဖြဲပြမိသည် “ဘိုးဘိုးကြီး သမီး တို့ ဆွေးနွေးပြီးပြီမဟုတ်ဘူးလား၊ အရင်ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ သမီးတို့ ပြန်လာကြမယ်လေ၊ ဘယ်တော့မှပြန်မလာမှာလည်းမဟုတ်ဘူး ဘာလို့ မျက်နှာကြီးက စူပုပ်နေတာလဲ”

“သမီးပြန်ပို့လိုက်တဲ့သတင်းက သူတို့ကို ခုန်ထွက်သွားဖို့ လမ်းဖောက် ပေးလိုက်တာပဲ၊ အရှေ့တံခါးကဝင်မယ့်ကစ္စကို ဘာမှမပြောခဲ့ဘူးလေ” ရှီမာကျိယွင်သည် စိတ်ဓာတ်ကျသွားသည်။ သူသည် ထိုအရာကို မျှော်လင့်ထား ပြီး ပျော်ရွှင်နေခဲ့သည်။

“ဒါပေမဲ့ သမီးအပြင်မှာမနေရင် သူတို့လှုပ်ရှားအောင် ဘယ်လိုလုပ် လုပ်လို့ရတော့မှာလဲ” ရှီမာယူယူ ပြောလိုက်သည် “သမီးပြန်လာတယ်ဆိုတာ အကုန်သိနေရင် ဘိုးဘိုးကြီးက အဘက်ဘက်မှာ ကာကွယ်ပေးထားမှာပဲလေ သူတို့မှာ တိုက်ခိုက်ဖို့အခွင့်အရေးမရှိတော့ဘူးလေ”

“ဒါက အရမ်းစွန့်စားလွန်းတယ်” ရှီမာကျိယွင်သည် သူမအား ခွင့်မပြု သလိုကြည့်လိုက်သည်။

“ဘိုးဘိုးကြီး မစိုးရိမ်ပါနဲ့ ဒါက ဘိုးဘိုးကြီးနေရာပဲလေ တစ်ဖက်လူက သမီးကို လာသတ်နိုင်မှာလား” ရှီမာယူယူသည် စိတ်မပူပေ “စိတ်ချပါ”

ရှီမာကျိယွင်၏ မျက်ခုံးများ ကြုတ်သွားသည်။ သူ သူမကို မဖျောင်းဖျနိုင် သည်ကို ကြည့်ပြီး အကူအညီမဲ့နေသည်။

သူမက တကယ်ပဲ ခေါင်းမာတဲ့ ကောင်မလေးပဲ။ ကြည့်ရတာ ဒီအောက် ကို လူတွေပိုလွှတ်ရတော့မယ်ထင်တယ်။

ရှီမာယူယူသည် သူ့အတွေးကိုနားလည်သည်။ သူမသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့်စွမ်းရည်များ ပျောက်ဆုံးနေသော ရှီမာလျူရွှမ်ကို မိသားစုကို မပြန်စေချင်သေးပေ။

သူမ အံ့ဖွယ်ဆေးသွားရှာစဉ်က ဟွမ်ရင်ရင်နှင့် သူတို့သည် ပေါ့ဆခဲ့ကြ သည်။ နောင်တရရန်ပင် နောက်ကျသွားခဲ့လေပြီ။

ထို့ကြောင့် သူမ ပြန်မသွားခင်တွင် အန္တရာယ်ကို ဖယ်ရှားရမည်။

“ဘိုးဘေးကြီးက…”

“ပြီးလုနီးပါးပဲ”

“ကောင်းပါတယ်၊ ကျန်တာတော့ အစီအစဉ်အတိုင်းလိုက်လုပ်မှာပေါ့”

“ဒါပေါ့…”

ရှီမာမိသားစု… ပင်မအိမ်တော်အနီးမှ ခြံဝန်းတစ်ခုတွင်…

ကျန်းရယ်သည် လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက် သည်။ ကွဲကျသွားသောအသံသည် အခန်းထဲမှလူအားလုံးကို တုန်သွားစေ သည်။

“ဒီကောင်မစုတ်က အခုပေါ်လာရဲသေးတယ်ပေါ့” ကျန်းရယ်သည် ကျိန်ဆဲလေသည်။

“အမေ ရှီအာက ထပ်ပြီးမေ့မြောသွားပြန်ပြီ၊ အဲကာင်မစုတ်လေးကိုရှာ ပြီးတော့ ရှီအာ့အတွက် အဆိပ်ဖြေဆေးတောင်းရအောင်” မြောင်ရှီဟွာ အကြံ ပြုလေသည်။

“ဟင်း သူမကိုသွားရှာလည်း ဘာအသုံးဝင်မှာလဲ၊ သူမသာ ဆန္ဒရှိရင် ပေးပြီးနေပြီ” ကျန်းရယ်သည် ဒေါသတကြီးပြောလေသည်။

“သမီးတို့ ရှီအာသေတာကို ဒီအတိုင်းပဲကြည့်ရမှာလား အမေ ရှီအာက သမီးတို့ မျိုးဆက်ရဲ့မျှော်လင့်ချက်နော်”

“ပါးစပ်ပိတ်စမ်း တစ်ချိန်လုံးငိုဖို့ပဲသိတယ်” ကျန်းရယ်‌ အော်လိုက်သည်။

မြောင်ရှီဟွာသည် မျက်ရည်များ အကျမခံရဲတော့ပေ။ သူမသည် လွှမ်းမိုး နိုင်သော ပြင်ပပုံစံနှင့်လုံးမဝမတူဘဲ အားနည်းကာ စိတ်ဓာတ်ကျလွယ်သည်။

“ဒါဆို ရှီအာကို ဘယ်လိုလုပ်မှာလဲ”

ကျန်းရယ်သည် သူမအား အထင်သေးစွာကြည့်လိုက်သည် “သူမကို မတောင်းပန်ဘူးလို့ ပြောပြီးပြီလေ၊ သူမကို လုပ်ပေးအောင် မလုပ်လို့ရတာ မဟုတ်ဘူး”

“အမေ လုပ်ချင်တာက…” မြောင်ရှီဟွာသည် ကျန်းရယ်အား တအံ့တဩ ကြည့်လိုက်သည် “ဒါပေမဲ့ ဦးလေးဟော်ရွှမ်းက သူမကို ထိခွင့်ပြုပါ့မလား”

“ဟင်း ရှီမာမိသားစုက သူ့ကို မျက်လုံးထဲတောင် မထည့်ဘူး၊ သူတို့စကား ကိုဘာလို့နားထောင်ရမှာလဲ၊ သူတို့က ငါတို့ကိုမှမကြင်နာတာ ငါတို့ အညှာတာ မဲ့တာကိုလည်း အပြစ်လာမတင်နဲ့” ကျန်းရယ်၏ မျက်လုံးများသည် ပြတ်သားမှု များနှင့် ပြည့်နေသည်။

“အမေ ရှီမာမိသားစုကို ဖျက်ဆီးချင်လို့လား”

“အဲဒါနဲ့မလောက်ဘူး၊ ဒါပေမဲ့ ရှီမာကျိယွင်က မိသားစုခေါင်းဆောင်ဖြစ် တာလာ အရမ်းကြာနေပြီ အစားထိုးမယ့်အချိန်ရောက်ပြီ”

မြောင်ရှီဟွာ၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် အရောင်တောက် သွားသည်။ ကျန်းရယ်သည် မိသားစုခေါင်းဆောင်မဖြစ်နိုင်သော်လည်း သူမ အမျိုးသား ရှီမာထူသည် မိသားစုခေါင်းဆောင်မဖြစ်နိုင်ဘူးလား။

ဒါဆိုရင် သူမက မိသားစုခေါင်းဆောင်ရဲ့ ဇနီးဖြစ်သွားပြီမလား။

သူတို့ မိသားစုခေါင်းဆောင်ဖြစ်လာရင် ရှီမာယူယူက ရှီအာကို အဆိပ် ဖြေဆေးပေးရမှာပဲ။

“အမေ သမီးတို့ဘာလုပ်ဖို့လိုလဲ”

“ထားလိုက်တော့ နင်က ပြဿနာပဲပိုဖြစ်စေလိမ့်မယ်” ကျန်းရယ်သည် သူမကို မျက်နှာသာမပေးပေ။ “ဒီကိစ္စကို ကျန်းမိသားစုနဲ့ စီစဉ်မယ်၊ ငါ့ကို နားအေးပါးအေးနဲ့ ဘယ်ပိုးကောင်မှဝင်မလာစေနဲ့ သွားတော့”

“ဟုတ်ကဲ့ပါ” မြောင်ရှီဟွာသည် ကျန်းရယ်ကို မကျေမနပ်ဖြစ်သွား သော်လည်း သူမ ထုတ်ဖော်မပြပေ။

သူမသည် ကျန်းရယ်ကို အရိုအသေပေးပြီး ထွက်သွားလေသည်။ သူမ မျက်လုံးထဲမှ အမုန်းတရားများကို မည်သူမှမမြင်လိုက်ပေ။

ဒီအဘွားကြီးက အမြဲတမ်း သူမကို ငေါက်ငမ်းပြီး ရိုက်နှက်နေတာပဲ။ အစေခံတွေရှေ့မှာတောင် သူမကို နည်းနည်းလေးမှ မျက်နှာသာမပေးဘူး။ သူမ မိသားစုခေါင်းဆောင်ရဲ့ ဇနီးဖြစ်လာမှ နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ နစ်နာချက် တွေအကုန်လုံးကို ပြန်ပေးခိုင်းရမယ်။

သူမ ခြံဝန်းဆီသို့ ပြန်လာလိုက်သည်။ သမီးဖြစ်သူ ပြန်မေ့မြောသွားသည် ကိုကြည့်ပြီး စိတ်ဓာတ်ကျမိသည်။

“သခင်မ သခင်မကြီးကဘာပြောလိုက်လဲ” ရှီမာလျူရှီအား သန့်စင်ပေး နေသော အပျိုတော်သည် မြောင်ရှီဟွာကိုမြင်သောအခါ မေးလေသည်။

ထိုအပျိုတော်သည် မြောင်ချောင်ဖြစ်သည်။ သူမသည် မြောင်ရှီဟွာ၏ လက်ဖွဲ့အဖြစ်ပါလာပြီးမှ ရှီမာလျူရှီ၏ အထိန်းတော်ဖြစ်လာသူဖြစ်သည်။

ထို့ကြောင့် သူမသည် မြောင်ရှီဟွာရှေ့တွင်တော့ အရာဝင်သူဖြစ်သည်။

“အမေက သူမကိုတောင်းပန်ဖို့ ခွင့်မပြုဘူး” မြောင်ရှီဟွာသည် အိပ်ရာ ပေါ်တွင် ထိုင်လိုက်သည် “သူမမှာ အစီအစဉ်ရှိလို့ ဘာမှမလှုပ်ရှားဖို့ ပြောလိုက် တယ်”

“သခင်မလေးကို ဘယ်လိုလုပ်မှာလဲ” မြောင်ချောင်သည် စိုးရိမ်တကြီး ပြောလေသည် “သခင်မလေး အခြေအနေကပိုဆိုးလာပြီ၊ သူမ မေ့မြောနေ တယ်ဆိုပေမဲ့ ဖြတ်လပ်မှုက သိသိသာသာကျဆင်းလာတာ၊ ဒီလိုမျိုးဆက်ဆွဲ သွဦးရင် သူမခန္ဓာကိုယ်က အဆိပ်ဖြေပြီးတာနဲ့ ခန္ဓာကိုယ်ပျက်စီးသွားမှာ ကြောက်ရတယ်”

မြောင်ရှီဟွာသည် သူမလက်ကိုဆန့်ထုတ်ပြီး သမီးဖြစ်သူကို ထိတွေ့ လိုက်သည်။ “ငါ မသိတာလည်းမဟုတ်ဘူး၊ အဲတုန်းက အဲကောင်မစုတ်လေးကို မယုံမိလို့ ဒါတွေဖြစ်နေတာ မဟုတ်ရင် ရှီအာဒီလောက် အများကြီးခံစားရမှာ မဟုတ်ဘူး”

“သခင်မ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ အဲတုန်းက အခြေအနေကို သိပ်အာရုံမစိုက်မိလို့ပါ” မြောင်ချောင် ရှင်းပြလေသည် “ပြီးတော့ ပြီးခဲ့တာတွေ လည်းပြီးသွားပါပြီ၊ သူမက ကျွန်မတို့ကို မုန်းနေတယ် ပြီးတော့ သခင်မလေးရဲ့ အသက်ကို ယူဖို့အခွင့်အရေးစောင့်နေတာ၊ ဒါကိုလည်း မျှော်လင့်မိထားပြီးသား ပါ”

“ဒါပေမဲ့ ရှီအာကလွဲပြီးအကုန်လုံး အဆိပ်တွေက ကုပြီးသွားပြီလေ” မြောင်ရှီဟွာ ပြောလိုက်သည်။ “မျှော်လင့်ချက် ရေးရေးရှိသေးခဲ့တာ ဒါပေမဲ့ အမေက သူတို့ကိုသတ်ဖို့ကြိုးစားခဲ့တယ် နောက်တော့ သူမက ရှီအာကို အဆိပ်ဖြေပေးဖို့ ဆန္ဒမရှိတော့တာပဲ”

“သခင်မကြီးက ဒေါသကြီးတယ် အဲဒါကိုသူမကို ပေးသိလို့မဖြစ်တာ” မြောင်ချောင် သက်ပြင်းချလိုက်သည် “သူမကြောင့်သာမဟုတ်ရင် ဒီလိုတွေဖြစ် လာမှာမဟုတ်ဘူး”

“အဲတုန်းက မိသားစုကိုမပြောရင်လည်း ဒီကောင်မစုတ်လေးက အဆိပ်ဖြေပေးဖို့ ဘယ်ကတိပေးတော့မလဲ” မြောင်ရှီဟွာ ပြောလိုက်သည် “ကိစ္စတွေ ဒီလောက်ကြီးသွားမယ်လို့ထင်မထားဘူး”

“ဒါဆိုရင် အခုဘာလုပ်ကြမလဲ သခင်မလေးက ကြာကြာမခံနိုင်တော့ ဘူး” မြောင်ချောင်သည် အားလျော့စွာပြောလိုက်သည်။

“စောင့်ဖို့တော့ ပြောထားတယ် ဒါပေမဲ့ စောင့်ဖို့ဘယ်မှာအချိန်ရှိလို့လဲ” မြောင်ရှီဟွာ ပြောလိုက်သည် “မဟုတ်ဘူး ဒီကိစ္စကို အရင်ဖြေရှင်းရမယ်”

“အခုလိုဖြစ်သွားမှတော့ သူမကိုဖမ်းတာပိုကောင်းမယ် အဲလိုဆိုရင် သခင်မလေးကို အဆိပ်ဖြေခိုင်းဖို့ နည်းလမ်းရှိလာမှာပဲ”

“ဒါပေမဲ့ မိသားစုခေါင်းဆောင်က အဲကောင်မစုတ်လေးကို ကာကွယ်ပေး ဖို့လူလွှတ်ပေးထားတယ် ပြီးတော့ သူမကို မထိဖို့ အမေကလည်း တားမြစ်ထား တယ်….”

“သခင်မ ကျွန်မတို့မှာအားရှိတယ်ဆိုတာလည်း မမေ့လိုက်ပါနဲ့” မြောင်ချောင်ပြောလိုက်သည် “မြောင်မိသားစုက ရှီမာမိသားစုလောက် မသန်မာပေမဲ့ ကိုယ်ရံတော်တွေနဲ့ရှင်းလို့ရပါတယ် အမှန်ပဲ သခင်မလေး စောင့်လို့မရဘူး”

မြောင်ရှီဟွာသည် သူမအား စိတ်အားလျော့စွာကြည့်လိုက်သည်။ သူမ မျက်လုံးများသည် ခိုင်မာနေသည် “ရှီအာအတွက်ဆိုရင် ဒါပဲလုပ်နိုင်တော့တယ် ချောင်အာ မြောင်မိသားစုကို ဆက်သွယ်လိုက်၊ အဲဒီကောင်မစုတ်လေးကို နှစ်ရက်အတွင်းရအောင်လုပ်ခဲ့”

“ဟုတ်ကဲ့ပါ သခင်မ”

ညတွင် ရှီမာယူယူသည် အပြင်မှလှုပ်ရှားသံကြားသည်နှင့် မျက်လုံးဖွင့် လာသည်။ သူတို့ သူမကို ရှာသည်မှာ မျှော်လင့်ထားသည်ထက်တော့ စောနေ သည်။

***

All Chapters