← Chapters

စိမ့်ဝင်ခြင်း

Vol. 105 Ch. 1469

စိမ့်ဝင်ခြင်း

Vol. 105 Ch. 1469

ရှောင်ချီသည် လှုပ်ရှားသံကြားသည်နှင့် စားပွဲထိပ်ကိုတက်လာသည်။

“ယူယူ ကျန်းမိသားစုလား” သူမသည် ရှီမာယူယူအား တောက်ပစွာကြည့် လေသည်။

ရှီမာယူယူ ထရပ်လိုက်သည်။ “မသိသေးဘူး ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဧည့်သည်တွေလေ ရောက်လာမှတော့ ဧည့်ခံရမှာပေါ့”

ရှီမာယူယူသည် သူမ၏ ဝိညာဉ်သားရဲများကို ခေါ်ထုတ်လိုက်သည်။ အတွင်းပိုင်းဒေသတွင် ရှောင်ချီတစ်ယောက်တည်းနှင့် မလုံလောက်ပေ။

ရာဟွောင်နှင့်အဖွဲ့၏ အားသည် နည်းကောင်းနည်းနိုင်သည်။ သို့သော် သူတို့ကိုဆန့်ကျင်ဖို့အတွက်တော့ လုံလောက်သည်။

ရှီမာယူယူသည် ဝင်လာသည်နှင့် ပြန်မထွက်နိုင်ဘဲ အသံပါလုံသည့် ဝိညာဉ်အတားအဆီးကို ပြင်ဆင်ပြီးသားဖြစ်သည်။

ထို့ကြောင့် ခြံဝန်းတစ်ခုလုံးပြောင်းပြန်ဖြစ်လျှင်တောင် အပြင်မှ အသံများ မကြားနိုင်ပေ။

ရှောင်ချီတို့သည် အားလုံးကို ဖမ်းလိုက်ကြသည်။ ဧကရာဇ်အဆင့်နှင့် ကျွမ်းကျင်သူ အနည်းဆုံးအယောက်နှစ်ဆယ်လောက်သာရှိသည်။ သူတို့သည် သူမကို အထင်သေးသည့်ပုံပင်။

“ယူယူ အဲလူတွေက ကျန်းမိသားစုကဟုတ်ပုံမရဘူး” ရှောင်ချီသည် လူ တစ်ယောက်၏ ဆံပင်ကိုဆုပ်ကိုင်ပြီး ဆွဲလိုက်သည်။ သူမသည် နောက်လက် တစ်ဖက်ဖြင့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူ့သရုပ်မှန်ကို ပြနိုင် သည့်အရာ ဘာမှမတွေ့ပေ။

“အာ…” ပန်းလေး ရှေ့တိုးလာသည်။ သူမသည် ထိုလူ၏ အင်္ကျီလက်ကို ဖွင့်လိုက်ရာ အထဲတွင်ချည်ထိုးထားသော ပုံစံဒီဇိုင်းတစ်ခုကိုတွေ့လိုက်သည်  “ဒီမှာ အမှတ်အသားတစ်ခုရှိနေတယ်”

“မြောင်မိသားစု” ရှီမာလျူရွှမ်သည် တခြားအခန်းမှထွက်လာသည် “အဲလူတွေက မြောင်မိသားစုကပဲ”

“မြောင်မိသားစုဟုတ်လား မြောင်ရှီဟွာလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩမိသည် “ကြည့်ရတာ ရှီမာလျူရှီရဲ့အခြေအနေက သူတို့ကို စိတ်ဝမ်းကွဲအောင် လုပ်လိုက်ပြီထင်တယ်”

“သူတို့က ကျန်းမိသားစုကလို့ထင်တာပဲ” ရှောင်ချီသည် ထိုလူကို ပစ်ချ လိုက်သည်။ ထိုလူသည် အသံထွက်ကာ လဲကျသွားတော့သည်။

“ကျန်းမိသားစု ဟုတ်တာမဟုတ်တာ အရေးမကြီးဘူ၊ မြောင်မိသားစု လည်းအတူတူပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလူတွေကို ဖမ်းထားလိုက် နောက်နှစ်ရက်နေရင် ကောင်းကောင်းလေးသုံးပေးစရာရှိတယ်”

ရာဟွောင်တို့သည် ထိုလူများကို ဆွဲခေါ်သွားကြသည်။ ရှီမာလျူရွှမ် ရောက်လာသည် “မြောင်မိသားစုက ကျန်းမိသားစုနဲ့ ရှီမာမိသားစုလောက် မသန်မာပေမဲ့ တတိယအဆင့်အင်အားစုပဲ၊ ဒါပေမဲ့ ဒီလူတွေက မြောင်ရှီဟွာ လက်ထပ်တုန်းက လိုက်လာတဲ့လူတွေထင်တယ်”

“မြောင်ရှီဟွာနဲ့ ကျန်းရယ်တို့က တစ်လှေတည်းစီးနေကြတာလေ မြောင်မိသားစုက ကျန်းမိသားစုနဲ့အတူတူပဲ” ရှီမာယူယူ အတွေးကိုပြောပြလေ သည် “ဘိုးဘိုးကြီးနဲ့ သမီးစကားပြောတုန်းက ကျန်းမိသားစုက ရက်နည်းနည်း လောက်ကြာမှ လှုပ်ရှားလာတော့မယ်ထင်တာ၊ အစီအစဉ်က နည်းနည်းတော့ ရက်နောက်ဆုတ်သွားမှာပေါ့ အခုတော့ ကျန်းရယ်ကို ရုတ်တရက်ဖမ်းနိုင်သွား ပြီ”

သူတို့ အစီအစဉ်အရ ကျန်းရယ်သည် ကျန်းမိသားစုကိုခေါ်ပြီး သူမကို လာရှင်းမည်။ ထိုစဉ် သူတို့ဆက်ဆံရေးသည် ကွဲပြဲကြမည်။

သို့သော် ကျန်းရယ်သည် ပြင်ဆင်ထားသည့်အရာများ ရှိလိမ့်မည်။

အခု သူတို့ရောက်လာသဖြင့် အကြောင်းအရင်းတော့ရှိသွားသည်။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ဂိတ်တံခါးဝအရှေ့သို့ လူတစ်ယောက် ခေါ်သွားသည်။

သူမသည် ဝင်ပေါက်အရှေ့သို့ ထိုလူအားပစ်လိုက်ရာ ချက်ချင်းပင် အပြင်လူများ၏ အာရုံကိုဖမ်းစားမိလေသည်။

“ရှီမာမိသားစုခေါင်းဆောင်နဲ့ မြောင်ရှီဟွာတို့ကို ထွက်ခဲ့ပြီး လူကို လာ အတည်ပြုဖို့ သွားပြောလိုက်” ရှီမာယူယူသည် စောင့်ကိုပြောလိုက်သည်။

အစောင့်သည် ရှီမာယူယူအား ကြည့်လိုက်လေသည်။ သူမ ဘာဖြစ်နေ သည်ကို သူမသိသော်လည်း မိသားစုခေါင်းဆောင်၏ ညွှန်ကြားချက်အရ သူမ ပေါ်လာသည်နှင့် သူသည် ချက်ချင်းပင် သတင်းပို့ပေးရမည်။

မကြာမီတွင် ရှီမာကျိယွင်နှင့် တခြားသူများ အမြန်ရောက်လာကြသည်။ မြောင်ရှီဟွာသည် မြေပေါ်မှလူကိုမြင်သည်နှင့် တုန်ယင်သွားတော့သည်။

မနေ့ညက ထိုလူများပြန်မလာသည်နှင့် သူမသည် အဖြစ်အပျက်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော် ရှီမာယူယူရောက်လာပြီး ဆူဆူညံညံလုပ် လိမ့်မည်ဟု ထင်မထားပေ။

“ယူယူ ဘာဖြစ်လို့လဲ” ရှီမာကျိယွင်သည် အနက်ဝတ်လူကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။ တစ်ယောက်ယောက်က သူမကို တိတ်တဆိတ် ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။

သို့သော် အစောင့်များသည် မည်သည့်သတင်းမှ ပြန်မပို့ခဲ့ပေ။

“ဘိုးဘိုးကြီး မြောင်ရှီဟွာကို တာဝန်ယူခိုင်းဖို့အတွက် သမီးလာတာပါ” ရှီမာယူယူ ပြောလိုက်သည် “သမီးမနေ့ကမှ ချုံစီရင်စုနယ်ကိုရောက်တယ် မနေ့ညကပဲ သမီးကိုသတ်ဖို့ကြိုးစားတဲ့လူရှိတယ်၊ ရှင်းပြချက်တောင်းဖို့ သမီး မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ထင်တယ်”

“ဒီလူတွေက….”

“မြောင်မိသားစုပဲ”

ရာဟွောင်ရှေ့တိုးလာသည်။ သူသည် သူတို့အင်္ကျီလက်များကို အကြမ်းဖျင်း ဖြဲပြီး လက်ဖျံပေါ်ရှိ အမှတ်အသားကိုပြလိုက်သည်။

ရှီမာကျိယွင်သည် အမှတ်အသားကို မြင်သောအခါ ဒေါသထွက်ပြီး မြောင်ရှီဟွာကို အော်လေသည်။ “မင်းတကယ်ပဲ ယူယူ့ကိုသတ်ဖို့လူလွှတ်လိုက် တယ်ပေါ့၊ ငါ့စကားတွေက လေထဲမှာပျောက်သွားတာလား”

ရှီမာကျိယွင်သည် ဒေါကန်နေသည်။ ကျန်းရယ်သည် ကျန်းမိသားစုဘက် တွင်ရပ်နေသည်။ အခုတော့ မြောင်ရှီဟွာက သူမအတွက် ပြဿနာရှာပေး လိုက်ပြီပဲ။ ကျန်းမိသားစု စီစဉ်ထားသည်များ အနှောင့်ယှက်ခံရသဖြင့် ပြန်စီစဉ် ရတော့မည်ဖြစ်သည်။

“ကျွန်မ သူမကိုမသတ်ချင်ပါဘူး ရှီအာကိုကုပေးနိုင်မလားလို့ လူလွှတ်ပြီး မေးရုံတင်ပါ” မြောင်ရှီဟွာ ပြန်ချေပလေသည်။

“သူမကို ကုပေးနိုင်မလားလို့ မေးချင်တယ်ဆိုရင် ဒီလောက်လူအများကြီး လွှတ်ဖို့လိုလို့လား” ရှီမာယူယူ ချေပလေသည်။ “ဒီမတိုင်ခင်က ဖိအားပေးဖို့ မအောင်မြင်တော့ အခုသတ်ချင်နေတယ်၊ ကျွန်မအဘိုနဲ့အဘွားတို့ရဲ့ ကာကွယ် မှုကြောင့်သာမဟုတ်ရင် ကျွန်မရဲ့အသက်လေးက ပျောက်နေတာကြာနေပြီ ရှင်က ဒီလောက်လူအများကြီးလွှတ်လိုက်တာ ရိုးရိုးရှင်းရှင်းမေးရုံတင်မဟုတ် မှာကိုတောင် စိုးရိမ်နေပြီ၊ ဘိုးဘိုးကြီး သူမကို ဘက်လိုက်မပေးပါနဲ့၊ မနေ့ညက ဖြစ်ခဲ့တာကို ရှင်းပြချက်လိုပါတယ်”

“မင်းဘာလိုချင်တာလဲ”

“အသက်ပေးရမှာပေါ့ သွေးအတွက် သွေးပြန်ပေးဆပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အတင့်ရဲလိုက်တာ” မြောင်ရှီဟွာ အော်လေသည်။

“ဘာလို့ အတင့်မရဲရမှာလဲ” ရှီမာယူယူ နှာမှုတ်လေသည်။ “ရှင်က လူလွှတ်ပြီး ကျွန်မကို သတ်ရဲမှတော့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုအတွက် လက်စားချေဖို့လိုတယ်”

“ဒါကရှီမာမိသားစုအိမ်တော်ပဲ မင်းဆန္ဒမပြည့်နိုင်ဘူး”

“ဒါကရှီမာမိသားစုအိမ်တော်ရဲ့ အပြင်ဘက်လေ၊ ကျွန်မကိစ္စကို ရှီမာမိသားစုဝင်ပါလို့မရဘူး ရှင့်ကို ဒီနေ့သတ်လိုက်ရင်တောင် ရှီမာမိသားစုက ဘာမှပြောမှာမဟုတ်ဘူး”

“မောက်မာလိုက်တဲ့ လေသံပဲ” ရှီမာထူနှင့် ကျန်းရယ်တို့သည် သတင်း ကြားသောအခါ အမြန်ရောက်လာသည်။

“ရှီမာယူယူ မင်း မိသားစုဆီကိုပြန်လာချင်ရင် ကိုယ့်စိတ်အတိုင်းမလုပ်ဖို့ အကြံပေးလိုက်မယ်” လူတစ်ယောက် အော်လေသည်။

ရှီမာယူယူ ကြည့်လိုက်သည်။ သူမ သူတို့ကိုမသိသဖြင့် လျစ်လျူရှုလိုက် သည်။

“မီအာ” သူမ တိုးညင်းစွာပင် အမိန့်ပေးလိုက်သည်။

အားလုံး မှင်တက်သွားကြသည်။ မီအာမည်သို့ပေါ်လာပြီး မြောင်ရှီဟွာကို မည်သို့ဖမ်းလိုက်သည်ကို သူတို့မမြင်လိုက်ကြပေ။ သူရပ်လိုက်ချိန်တွင် မြောင်ရှီဟွာသည် ရှီမာယူယူဘေးသို့ ဆွဲအခေါ်ခံရပြီးဖြစ်လေသည်။

“အမေ” အစောပိုင်းက ပြောလိုက်သူသည် ကြောက်လန့်တကြားအော် လေသည်။

“အာ…” မြောင်ရှီဟွာသည် လည်ချောင်း အညှစ်ခံထားရကာ မသိစိတ်မှ ပင် မီအာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်မိသည်။

“သူမကိုလွှတ်လိုက်” ရှီမာထူသည် ဇနီးဖြစ်သူ အဖမ်းခံရသည်ကို မြင်လိုက်ချိန်တွင် ချက်ချင်းပင် မီအာကို တိုက်ခိုက်လေသည်။

သူသည် စိတ်အားထက်သန်သည့်လူ ဖြစ်ပုံမရပေ။

ရှောင်ချီသည် လျင်မြန်စွာပင် ကြားတွင်တားပြီး မီအာတို့နှင့် နီးကပ်ခွင့် မပြုပေ။

ရှီမာထူသည် ပုံမှန်အချိန်တွင် ခန္ဓာကိုယ်သန့်စင်မှု လမ်းစဉ်ကိုမလိုက် သဖြင့် ခန္ဓာကိုယ်မှာ သန်မာခြင်းမရှိပေ။ ရှောင်ချီနှင့် နှစ်ချီတိုက်ခိုက်ပြီးနောက် တွင် သူမသည် သူ့ကိုဖမ်းပြီး လည်ပင်းကို ညှစ်ထားလိုက်တော့သည်။

သူမ အနည်းငယ်အားထည့်လိုက်ပါက သူသေသွားနိုင်သည်။

“ရှီမာယူယူ မင်းအတင့်ရဲလှချည်လား” ကျန်းရယ်‌ အော်လေသည်။

အစပိုင်း မြောင်ရှီဟွာအဖမ်းခံရစဉ်က သူမသည် ရှေ့ထွက်ရန် အစီအစဉ် မရှိပေ။

သူမသည် အလောတကြီးမလုပ်ဆောင်ရန် ထိုငတုံးမကို သတိပေးပြီး သားဖြစ်သည်။ သို့သော် သူမသည် နောက်လှည့်လိုက်သည့်အချိန်ခဏအတွင်း တွင် သူမ ပြောခဲ့သည့်စကားများကိုမေ့သွားပြီး ပြဿနာရှာလာခဲ့သည်။

ဒီလိုအသုံးမကျတဲ့လူ သေတာကိစ္စမရှိဘူး။

သို့သော် ရှီမာထူအဖမ်းခံရချိန်တွင် သူမ၏ တန်ဖိုးရှိသောသားဖြစ်သဖြင့် သူမ လျစ်လျူရှု၍မရတော့ပေ။

“စုန်းမကြီး ဘာလို့မလုပ်ရဲရမှာလဲ” ရှီမာယူယူသည် ကျန်းရယ်ကို ကြည့် လိုက်သည် “ကျွန်မက ကျွန်မကိုသတ်ချင်တဲ့လူတွေကို အမြဲတမ်း ညှာတာမှု မရှိတတ်ဘူး၊ သူတို့က သူတို့ဘာသာရောက်လာကြတာလေ အဲဒါကြောင့် ကျွန်မကို လာအပြစ်မတင်နဲ့”

သူမသည် မိအာနှင့် ရှောင်ချီတို့ လှုပ်ရှားဖို့ပြောလိုက်သည်။

“မင်းက သေလမ်းရှာတာပဲ” ကျန်းရယ်သည် လျင်မြန်စွာပင် ဝိညာဉ်စွမ်းအင် စုစည်းကာ ရှီမာယူယူကို တိုက်ခိုက်လေသည်။

အရင်တစ်ခေါက်က သူမကို ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့ ကာကွယ်ပေးခဲ့ သည်။ သည်တစ်ကြိမ်၌ သူမဘေးတွင် မည်သူမှရှိမနေပေ။ သူမ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး။

***

All Chapters