← Chapters

ခင်မင်မှုအားလုံး ရှင်းထုတ်ခြင်း

Vol. 105 Ch. 1470

ခင်မင်မှုအားလုံး ရှင်းထုတ်ခြင်း

Vol. 105 Ch. 1470

တခြားသူများ ချက်ချင်းလှုပ်ရှားကြသဖြင့် ရှီမာယူယူသည် နေရာတွင်ပင် မလှုပ်မယှက်ရပ်နေသည်။

“ဘုန်း”

ဝိညာဉ်စွမ်းအင်သည် လမ်းတစ်ဝက်တင်ပင် အနှောင့်ယှက်ခံလိုက်ရပြီး မည်သူမှမရှိသည့် နေရာသို့ကျသွားကာ လမ်းတွင် အပေါက်ကြီးဖြစ်သွားလေ သည်။

ရှီမာကျိယွင် ရှီမာယူယူရှေ့တွင်ရပ်ပြီး သူမကို ကာပေးသည်ကို ကျန်းရယ် မြင်သောအခါ မည်းနက်သောအမူအရာဖြင့် ပြောလေသည် “ဒါဘာအဓိပ္ပာယ် လဲ”

“ဒါဘာအဓိပ္ပာယ်လဲဆိုတဲ့ မေးခွန်းကိုမေးရမယ့်သူက ကျုပ်ပဲ” ရှီမာကျိယွင် အော်လိုက်သည် “ခင်ဗျားက တကယ်ပဲ ကျုပ်မြေးမလေးကို သတ်ရဲတာလား”

“သူမက ငါ့သားကိုသတ်ချင်နေတာလေ” ကျန်းရယ် အော်လိုက်သည်။

“ဘာလို့လဲဆိုတာ့ မင်းသားကပဲ သေဖို့တောင်းဆိုနေတာလေ”

“ရှီမာကျိယွင် အခုအရမ်းဘက်မလိုက်နဲ့နော်၊ ထူအာက ရှီမာမိသားစုထဲ ကလူပဲ” ကျန်းရယ် ပြောလိုက်သည် “အပြင်လူတစ်ယောက်အတွက်နဲ့ ကိုယ့် မျိုးနွယ်ကို ဆန့်ကျင်ချင်တာ သေချာရဲ့လား”

“ဟင်း မင်းတို့က ပြဿနာရှာတဲ့လူတွေဆိုတာ သိသာနေတာပဲ” ရှီမာကျိယွင်သည် အေးစက်စွာနှာမှုတ်လိုက်သည် “မင်းက တခြားသူတွေကို တိုက်ခိုက်ရဲတယ် အဲဒါကြောင့် သူများတိုက်ခိုက်လာမှာကိုလည်း ပြင်ဆင်ထား သင့်တယ်”

“ငါ့သားကို ဘယ်သူထိရဲလဲ” ကျန်းရယ် အော်ဟစ်လိုက်သည်။ “သူ့ကို လွှတ်ပေးလိုက်တာ ကောင်းမယ်နော် မဟုတ်ရင်….”

“မဟုတ်ရင် ဘာဖြစ်လဲ” ရှီမာကျိယွင်သည် သူမကို စကားဖြတ်ပြော လိုက်သည် “မင်းရဲ့ အဲဒီအစီအစဉ်က တကယ်ပဲ အလုပ်ဖြစ်မယ်လို့ထင်နေ လား”

ကျန်းရယ်၏ အမူအရာသည် ပြောင်းလဲသွားကာ မေးလိုက်သည် “ဘာ အစီအစဉ်လဲ”

မြောင်ရှီဟွာပင် ရင်များခုန်လာသည်။ သူတို့က ဘယ်လိုလုပ်သိမှာလဲ။

“မင်းက ငါ့ရာထူးကိုလုပြီး မင်းသားကို မိသားစုခေါင်းဆောင်လုပ်ချင်နေ တာမဟုတ်ဘူးလား” ရှီမာကျိယွင် ပြောလိုက်သည် “ကျန်းမိသားစုကိုလည်း အကူအညီယူထားတယ်မလား အဲဒါကြောင့်ပဲ ကျန်းမိသားစု ဒီကိုအမြန်ရောက် လာဖို့ကို စောင့်နေတာမဟုတ်ဘူးလား”

“ဘာတွေ ပြောနေတာလဲ ငါ နားမလည်ဘူး” ကျန်းရယ်သည် ငြင်းဆန် နေတုန်းပင်။

သူမသည် အမှန်တကယ်ပင် မနေ့က ကျန်းမိသားစုကို သတင်းပြန်ပို့ကာ အမြန်ပင် လူလွှတ်လိုက်ရန် ပြောခဲ့သည်။ သို့သော် သူတို့ အချိန်လိုဦးမည်ဟု သတင်းပြန်ရာက်လောသည်။

သူမ လျှို့ဝှက်စွာလှုပ်ရှားနေပြီဟု ထင်ထားခဲ့သည်။ ရှီမာကျိယွင်က ဘယ်လိုလုပ်သိသွားတာလဲ။

သူမသည် မြောင်ရှီဟွာအား အလိုလိုကြည့်မလေသည်။ သူမလည်း အလွန် အံ့ဩနေသည်ကို မြင်မှပင် သတင်းပေါက်ကြားသည်မှာ သူမကြောင့် မဟုတ်ကြောင်း သိလိုက်ရသည်။

သူတို့ထဲမှာ စပိုင်များရှိလို့လား။

“ပဲစေ့ဖိတ်အောင် လုပ်တာဘယ်သူလဲဆိုတာကို သိချင်မနေနဲ့ ငြင်းဖို့ ကြိုးစားနေတာကိုလည်း ရပ်လိုက်တော့ ကျုပ်မှာသက်သေရှိတယ်” ရှီမာကျိယွင်သည် သူတို့ စကားထပ်ပြောလာမည်ကို တားလိုက်သည်။ အခု သူ ထိုသို့ပြောမှပင် သူမ ငြင်းဆန်ခြင်းသည် အဓိပ္ပာယ်မဲ့သွားမည်။

“ကျန်းရယ် မင်း တကယ်ပဲ….”

ထိုသတင်းကို ကြားလိုက်သူများသည် သူမကို အလန့်တကြားကြည့်ကြ လေသည်။

သူမသည် အမြဲတစေ သန်မာခဲ့ကာ သူမ အစွမ်းအစများကို ပြသချင် သည်။ သူတို့တွင် မျိုးနွယ်စုကို ဦးဆောင်မည့် ယောက်ျားသားမရှိသဖြင့် စည်းကျော်သည့် သူမ၏လုပ်ရပ်များကို သည်းခံခဲ့ကြသည်။

သို့သော် သူမလုပ်သည့်အရာများသည် မျိုးနွယ်ကို ဆန့်ကျင်သည်ဟု မဆိုလိုပေ။

“ဟင်း ရှီမာကျိယွင် မိသားစုခေါင်းဆောင်အနေနဲ့ မင်းက အမြဲတမ်း မမျှမတဆုံးဖြတ်တယ်၊ ရှီမာမိသားစုကိုလည်း ပြဿနာတွေအများကြီးယူလာ တယ်၊ ငါတို့က မျိုးနွယ်အတွက်အများကြီးလုပ်ခဲ့ပြီးပြီ ဒါပေမဲ့ မင်းက ငါတို့ကို မျှမျှတတမဆက်ဆံခဲ့ဘူး၊ မျှတတဲ့ အာဏာကို ဘာလို့ငါတို့ဘာသာပေးလို့မရ မှာလဲ” ကျန်းရယ် ပြောလိုက်သည်။

“ဟုတ်တယ် ရှီမာကျိယွင် မသေနိုင်တဲ့လူအိုကြီး မင်း ငါ့ကို ရာထူလွှဲပေး သင့်တာ ကြာနေပြီ၊ ငါ ရှီမာမိသားစုခေါင်းဆောင်ဖြစ်လာမှပဲ ရှီမာမိသားစုက ပြန်အသက်ဝင်ပြီး အရင်တုန်းက ဂုဏ်ကိုပြန်ရမှာ” ရှီမာထူသည် ရုတ်တရက် အော်လေသည် “ဟင် ငါ မိသားစုခေါင်းဆောင်ဖြစ်တာနဲ့ ငါ့ကို အထင်သေးတဲ့ လူအားလုံးကို ငရဲပို့ပစ်မယ်”

“ရှီမာထူ” ရှီမာထူ ညွှန်ပြသောထိုလူများသည် အော်ဟစ်ဆဲဆိုကြလေ သည် “မင်းက တကယ့်ကို ဆိုးယုတ်တဲ့သတ္တဝါကြီးပဲ”

“ငါက ဆိုးယုတ်တဲ့သတ္တဝါကြီးဟုတ်လား မင်းတို့ကသာ ဆိုးယုတ်တာ လေ ဟုတ်ပြီလား” ရှီမာထူသည် ရှီမာလျူရွှမ်နှင့်ရှီမာယူယူကို ညွှန်ပြလေသည် “တကယ်လို့ တစ္ဆေမျိုးနွယ်က မိန်းမပျက်နဲ့ ပတ်သတ်တဲ့သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့မျိုးနွယ်က ဒီလိုမျိုးဖိအားပေးခံရမှာလား၊ အကြီးမားဆုံးဟာသ က မသေနိုင်တဲ့လူအိုကြီးက သူ့ရဲ့မြေးမဖြစ်နေလို့ သူတို့ကို ကာကွယ်ပေးနေ တာပဲ”

“ကျွန်မ မျိုးနွယ်မှာရှိတုန်းက ကျွန်မကိုအဆိပ်ခတ်သတ်ချင်တဲ့သူရှိတယ် လို့ကြားတယ်၊ အဲဒါကရှင်တို့ဖြစ်ရမယ် ဟုတ်လား” ရှီမာယူယူ မေးလိုက်သည်။

“ဒါပေါ့ ဒါပေမဲ့ မင်းရဲ့ဈေးပေါလှတဲ့အသက်က ငါ ဘယ်လောက် အဆိပ် တွေသုံးသုံး မသေဘဲ ဒီလောက်အသက်ရှည်မယ်လို့ ထင်မထားဘူး၊ မင်းကသာ နတ်ဆိုးလိုပဲ” ရှီမာထူ အော်လေသည်။

“ရှီမာထူ” ရှီမာယူယူငယ်စဉ်က သူတိုက်ခိုက်ခဲ့သည်ဟု သူ၏ဝန်ခံမှုကို  ရှီမာကျိယွင် ကိုယ်တိုင်ကြားလိုက်ရသဖြင့် ဒေါသထွက်လေသည်။

“မသေနိုင်တဲ့ လူအိုကြီး အော်နေလိုက် ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကြာကြာနေနိုင်တော့မှာမဟုတ်ဘူး” ရှီမာထူသည် နားရွက်များကို လက်ဖြင့် ပိတ်ထားသည် “ငါ့အမေနဲ့ ကျန်းမိသားစုဝင်တွေ မင်းတို့အားလုံးကိုသတ်ပြီးရင် ငါက ရှီမာမိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာမှာ ငါက အဲနေ့ထိ တောင့်ခံထားရုံ ပဲ…”

“ခွပ်”

ရှီမာထူသည် စကားမဆုံးခင်မှာပင် ဒေါသကိုမထိန်းနိုင်တော့သော ရှီမာကျိယွင်သည် ပြေးပြီး ပြင်းထန်စွာထိုးလိုက်သည်။

“ထူအာ မင်း ဘာလုပ်လိုက်တာလဲ” ကျန်းရယ် အော်လေသည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး သူမကြည့်နေတဲ့အချိန်ကို မန်းဆေး တစ်လုံးကျွေးလိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်မကို အဆိပ်ခတ် တဲ့သူတွေက သူတို့ဟုတ်မဟုတ်ကို မေးချင်ပေမဲ့ သူက စိတ်ထဲမှာရှိတဲ့ဟာတွေ ပဲထုတ်ပြောနေတယ်လို့ မထင်မိဘူး”

သူမ ပြောပြီးသည်နှင့် ပခုံးတွန့်ကာ သူမ မထင်မှတ်ထားကြောင်းကို ဖော်ပြလေသည်။

“ကျန်းရယ် အိုး ကျန်းရယ် ငါတို့ရှီမာမိသားစုက မင်းကို အမြဲတမ်း ကြင်ကြင်နာနာဆက်ဆံခဲ့တယ်၊ ဘာလို့နောက်ကျောကနေ ဓားနဲ့ထိုးရတာလဲ” ရှီမာဟော်ရွှမ်းပင်လျှင်  ပါဝင်လာကာ သူ့စကားလုံးများသည် စိတ်ပျက်မှုများ ဖြင့် ပြည့်နေသည်။

“ဟင် ကြင်ကြင်နာနာဆက်ဆံတယ်ဟုတ်လား ဟားဟား ရှီမာဟော်ရွှမ်း ဒီစကားတွေပြောတာ မရှက်ဘူးလား” ကျန်းရယ်သည် ရယ်ကွဲလေသည် “မင်း ငါတို့ကို ကောင်းကောင်းဆက်ဆံရင် ငါ့အဆက်အနွယ်တွေက မျိုးနွယ်အတွင်း မှာ ဖိနှိပ်ခံနေရမှာလား”

“သူမနဲ့ ဘာလို့အဲလောက် စကားအများကြီးပြောနေတာလဲ သူမ အကျင့်နဲ့ဆို မင်းသူမအတွက် ဘာပဲလုပ်ပေးနေနေ မလောက်ဘူးလို့ပဲ သူမက စဉ်းစားမှာပဲ” ရှီမာကျိယွင် ပြောလိုက်သည် “အရင်ကဖြစ်ခဲ့တာတွေ မပြောရင် တောင် မင်က အခုဒါကိုအကွက်ချထားတယ်၊ ဒါက မင်းကိုအပြစ်ပေဖို့အတွက် လုံလောက်နေပြီ”

“အပြစ်ပေးမယ်ဟုတ်လား” ကျန်းရယ်သည် ရှီမာကျိယွင်ကို ကြည့်လိုက် သည် “မင်းတို့အတွေးနဲ့တင်လား ဟွန့်”

“ဟုတ်လားး မင်းက ရှီမာမိသားစုဝင်ဖြစ်နေတုန်းပဲ ငါတို့လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ကြည့်နေလိုက်လေ သူတို့ကိုဖမ်းလိုက်” ရှီမာကျိယွင်သည် လက်ဝှေ့လိုက်သည်နှင့် အစောင့်တစ်စုထွက်လာပြီး ကျန်းရယ်နှင့် တခြားသူ များကို ဝန်းရံလိုက်သည်။

“ရှီမာကျိယွင် ခင်မင်မှုအားလုံးကို ရှင်းထုတ်ချင်တာလား”

“ဒါက မင်းတို့အားလုံးရွေးထားတဲ့ လမ်းပဲမဟုတ်ဘူးလား” ရှီမာကျိယွင် သည် အေးစက်စွာနှာမှုတ်လေသည်။

ကျန်းရယ်သည် ထိုအစောင့်များကိုကြည့်ပြီး အောင်မြင်မည့်ရာခိုင်နှုန်းကို တွက်ချက်နေသည်။

“အဘွားကို မဖမ်းကြပါနဲ့” လူအများသည် အထဲမှပြေးထွက်လာပြီး ကျန်းရယ်ကို ဝန်းရံလိုက်ကြသည်။

ထိုလူများသည် သတင်းကြားသည်နှင့် ပြေးထွက်လာသော ဌာနခွဲမှလူ များ ဖြစ်ကြသည်။

သူတို့သည် ကျန်းရယ်ကို ဂရုမစိုက်သလိုဖြစ်သော်လည်း သူမ၏ သေရေးရှင်ရေးသည် သူတို့သေရေးရှင်ရေးကို လွှမ်းမိုးနိုင်သည်။ သူမသေသွား လျှင် သူတို့သည် ရှီမာမိသားစုအတွင်းတွင် ကောင်းမွန်သောအနာဂတ်ရှိတော့ မည်မဟုတ်ပေ။

အကြောင်းအရင်းများထဲမှ တစ်ခုမှာ ကျန်းရယ်သည် သူတို့စိတ်ထဲတွင် ဖိအားတချို့ထည့်ထားခြင်းကြောင့်ဖြစ်သည်။

ရှီမာကျိယွင်သည် မျိုးနွယ်တွင်းမှ တပည့်များကို မြင်သောအခါ ပြော လိုက်သည် “ဒီကိစ္စကို သေချာစဉ်းစားရမယ်၊ ငါတို့မျိုးနွယ်ရဲ့ နောက်ပိုင်း မျိုးဆက်အနေနဲ့ မင်းတို့ကို အခွင့်အရေးတစ်ခုထပ်ပေးမယ်၊ ကျန်းရယ်နဲ့ အတူ ဆက်သွားမယ်ဆိုပြီး ခုခံနေရင် မင်းတို့က ရှီမာမိသားစုရဲ့ အစိတ်အပိုင်းဘယ် တော့မှမဖြစ်နိုင်တော့ဘူး အခုပဲ မင်းတို့အမှားကို ဝန်ခံလိုက်ရင် ရှီမာမိသားစု ဝင်အဖြစ် ကျန်ရှိနိုင်တယ်”

“အဘွားမရှိရင် ရှီမာမိသားစုမှာ ရာထူးတစ်ခုတောင် ရပ်တည်နိုင်မယ်လို့ ထင်လို့လား” ရှီမာထူ၏ သားဖြစ်သူသည် အော်လေသည်။

ထိုလူများသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ မျက်လုံးများသည် တွေဝေမှုများကို ပြသနေသည်။

***

All Chapters