အတ္တဆန်တဲ့ဘိုးဘေးကြီး
Vol. 106 Ch. 1471
သူတို့သည် ရှီမာမိသားစုအခွဲများမှ ဖြစ်ကြသည်။ သူတို့သာ ရှီမာမိသားစု နှင့် အမှန်တကယ် တိုက်ခိုက်လိုပါက သေချာပေါက် အရှုံးနှင့်ရင်ဆိုင်ရမည် ဖြစ် သည်။
ဒါပေမဲ့ ကျန်းရယ်မရှိဘဲနဲ့ သူတို့မျိုးနွယ်က ရပ်တည်နိုင်ဦးမှာလား။
သူတို့သည် အတိတ်ကအဖြစ်မှ ကိစ္စတချို့ကိုစဉ်းစားလိုက်ရာ ရွေးချယ်မှု သည် နေ့ခင်းတစ်ခုကဲ့သို့ ကြည်လင်သွားသည်။
တစ်ဖက်မှာ ထိုနေရာတွင် သေရမည်။ တစ်ဖက်မှာ နိမ့်ကျသော တည်ရှိမှု မှဆွဲထုတ်ပေးနနိုင်သည်။ ထိုအခိုက်တွင် မည်သို့ရွေးချယ်ရမည်ကို သူတို့ မသိ တော့ပေ။
“ငါ့အဒေါ့်ကို ဘယ်သူထိရဲလဲ” အော်သံထွက်လာရာ အားလုံးကြည့်လိုက် ရာ သူ့အနောက်မှ ကန်းယွန်လုံသည် လူတစ်စုနှင့်လာနေသည်ကို တွေ့လိုက်ရ သည်။
ရှီမာယူယူ ကျန်းယွန်လုံကို ကြည့်လိုက်သည်။ ထိုလူသည် သူမ၏ ဘိုးဘိုး ကြီး တူညီသောမျိုးဆက်ဖြစ်သည်ကို သူမ မှတ်မိသည်။ ကျန်းရယ်သည် သူ၏ အဒေါ်တော်စပ်ကာ ဆိုလိုသည်မျာ ကျန်းမိသားစုထဲမှ သူ၏ရာထူးမှာ မြင့်သည် ဟု ဆိုလိုသည်။
“ရှီမာကျိယွင် ကျန်းရယ်က ငါတို့ကျန်းမိသားစုကလူပဲ၊ သူမကို ထိရဲထိ ကြည့်” ကျန်းယွန်လုံသည် ကျန်းရယ်ဘေးသို့လာပြီး ရှီမာကျိယွင်ကို မျက်နှာ ချင်းဆိုင်လိုက်သည်။
“ကျန်းယွန်လုံ ဒါကရှီမာမိသားစုရဲ့ ပိုင်နက်နော်” ရှီမာကျိယွင်သည် ကျန်းမျိုးနွယ်များ ဤနေရာသို့အမြန်ရောက်လာသည်ကို နားမလည်နိုင်ဖြစ်နေ သေးသည်။ ကြည့်ရသည်မှာ သူတို့သည် ရှီမာမိသားစုကို ရရှိရန် နှမြောမရှိဖြစ် နေသည်နှင့်တူသည်။
သူသည် သူတို့ဘက်သို့ တိတ်တိတ်လေးကကြည့်လိုက်သည်။ သူတို့သည် ဤနေရာကို ရဲတင်းစွာဝင်လာရဲသည်။ ဆိုလိုသည်မှာ သူတို့လူအင်အားများနိုင် သည်။
“ဒါက အခုတော့ ရှီမာမိသားစုရဲ့ ပိုင်နက်ပဲ ဒါပေမဲ့ ခဏနေရင်မဟုတ် တော့ဘူး” ကျန်းယွန်လုံပြောလိုက်သည်။
“ငါတို့ကို ဝါးမျိုနိုင်မယ်လို့ထင်လို့လား ဒါဆိုလည်း မင်းမှာ ဘယ်လောက် အစွမ်းအစရှိလဲကြည့်ကြတာပေါ့” ရှီမာကျိယွင်သည် သူတို့အား အထင်သေးစွာ ကြည့်လိုက်သည်။
ရှီမာယူယူသည် သူတို့ကို စိတ်မဝင်စားသလိုကြည့်လိုက်သည်။ အဲလူတွေ က ပြဿနာရှာပြီး ရှုပ်ယှက်ခတ်အောင်လုပ်ရတာ၊ မဟုတ်တရုတ်ပြောတာကို ကြိုက်နေတာ၊ ပြီးတော့ အကုန်လုံးက သူတို့ဘယ်လောက်အားကောင်း ကြောင်းကို ပြချင်နေတာ။
သူရဲဘောကြောင်လိုက်တာ…
ကြည့်ရတာ သူမ ရွေးချယ်စရာမရှိတော့ဘဲ ပွဲကောင်းကောင်းလေး ပြပေး ရတော့မယ်။
ရှောင်ချီနှင့် မီအာသည် သူမ၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူမ အမိန့်မပေးခင်မှာပင် သူတို့ လှုပ်ရှားကာ လက်ထဲမှ ထိုလူများကို ရှင်းထုတ် လိုက်လေသည်။
သူတို့အတွက် လုံလောက်နေသည်မှာ ကြာပြီဖြစ်သည်။
သူတို့သည် အသက်မရှိတော့သည့်လူများကို မြေပေါ်သို့ပစ်ချလိုက်ပြီး ခံစားချက်ကင်းစွာဖြင့် လက်များကို ခါသုတ်လိုက်သည်။
“ထူအာ”
“အမေ အမေ”
“အဘိုး အဘွား”
ကျန်းမျိုးနွယ်ဝင်များပင် ခေတ္တမျှ ကြက်သေသေသွားကြသည်။
ရှီမာထူနဲ့ မြောင်ရှီဟွာတို့က ဒီအတိုင်းသေသွားကြပြီလား။
ဒါ တကယ်မယုံနိုင်လောက်စရာပဲ။
အမြဲတမ်း အားကောင်းပြီး စွမ်းအားကြီးတဲ့ ရှီမာထူနဲ့ မြောင်ရှီဟွာတို့က ဒီလိုသေမယ်လို့ သူတို့ကိုယ်သူတို့လည်း ထင်မှာမဟုတ်ဘူး။
“ဟင်း သူတို့က ယူယူ့ကို အဆိပ်ခတ်ရဲတယ် အဲဒါကြောင့် သူတို့အသက် နဲ့ ပြန်ပေးရမှာပေါ့” ရှောင်ချီသည် ပြောရင်းနှင့် ရှီမာထူ၏ အလောင်းကို သူတို့ ဆီသို့ သာမန်ကာလျှံကာပင် ကန်ထုတ်လိုက်သည်။
“သူတို့က မိန်းမငယ်လေးတစ်ယောက်ကိုတောင် အလွတ်မပေးဘူး သေလိုက်တာတောင် သူတို့အပြစ်မရှင်းသွားဘူး” မီအာသည် ရှောင်ချီဆီမှ သင်ယူကာ မြောင်ရှီဟွာ၏ အလောင်းကိုကန်ထုတ်လိုက်သည်။
ကျန်းရယ်သည် သူမ၏ အဖိုးတန်သားလေးအသတ်ခံရပြီး အလောင်းမှာ ကြည့်မကောင်းလောက်အောင် ဖြစ်သွားသဖြင့် ဒေါသထွက်ကာ မထိန်းချုပ်နိုင် တော့ဘဲ ရှီမာယူယူကို တိုက်ခိုက်လေသည်။
ရှီမာကျိယွင်သည် ရှီမာယူယူအရှေ့တွင် အမြဲတစေရပ်နေသောကြောင့် သူမ လာချိန်လမ်းတစ်ဝက်၌ သူမနှင့် တွေ့လေသည်။
သူတို့နှစ်ယောက်လုံး စတင်တိုက်ခိုက်သည်နှင့် တိုက်ပွဲမီးတောက်များ တောက်လောင်သွားသလိုပင်။
ရှီမာယူယူသည် သူမဝိညာဉ်သားရဲများ၏ ကာကွယ်မှုအောက်တွင် တိုက်ပွဲအပြင်ဘက်ထိနောက်ဆုတ်ပြီးတိုက်ပွဲကိုကြည့်နေလိုက်သည်။
“သူတို့ကလူနည်းနည်းပဲရှိတာ သေချာပေါက် အကြာကြီးမခံနိုင်လောက် ဘူး” ရာဟွောင်ပြောလိုက်သည်။
“ဒါတော့ မသေချာဘူး ကျန်းမိသားစုက ဒီလိုမျိုးပြေးလာတာ ဆိုလိုတာ က သူတို့မှာ သေချာပေါက် အစီအစဉ်ရှိတယ်” ဟိန်းသံထောင်ချီပြောလေသည် “တပ်သားနည်းပေမဲ့ အနှစ်အရသာပြည့်တဲ့အခါလည်းရှိသေးတယ်”
“ဆိုလိုတာက ကျန်းမိသားစုရဲ့ဘိုးဘေးကြီးလား”
ဟိန်းသံထောင်ချီ မည်သည့်စကားမှ ထပ်မပြောတော့သည်မှာ ရာဟွောင် ၏ ခန့်မှန်းချက်ကို သဘောတူနေသလိုပင်။
ကျန်းမိသားစုဘိုးဘေးသည် သာမန်လူထက် စွမ်းအားကြီးသည်။ သူ တစ် ယောက်တည်းနှင့်တင် ရှီမာမိသားစုတစ်ဝက်ကို နိုင်အောင်လုပ်နိုင်သူမျိုးဖြစ် သည်။
ထိုသည်မှာ လူနည်းသော်လည်း အားကောင်းသည့် ကျွမ်းကျင်သူ မွေးထုတ်ရန်လိုသည့် ဥပမာဖြစ်သည်။
နှစ်ဖက်လုံးမှ ဘိုးဘေးများသည် အဆင့်တက်ရန် ရည်ရွယ်ထားသည်။ သို့သော် ကျန်းမိသားစုမှ ဘိုးဘေးသည် ရှီမာမိသားစုထက် အနည်းငယ်ပို သန်မာသည်။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာအတွင်းတွင် ကျန်းမိသားစုသည် ခြေတစ်လှမ်းရှေ့ရောက်နေခြင်းဖြစ်သည်။
ကျန်းမိသားစုများ အရေအတွက်များလာသည်ကို ရှီမာယူယူ ကြညည့်ပြီး ကျန်းယွန်လုံ၏ ကြိုတင်စီစဉ်နိုင်မှုကို တွေးနေမိသည်။ သူတို့လမ်း တစ်လျှောက်တွင် အများအပြားရှိနိုင်သည်။
“ရှီမာလေး ငါ့ကျန်းမျိုးနွယ်ဝင်တွေကို သတ်ရဲတယ်ပေါ့” အားအပြည့်ဖြင့် အသံသည် ဟိန်းထွက်လာရာ လူအများကို သွေးအန်ထွက်စေသည်။
“ဘိုးဘေးကြီး” ကျန်းမျိုးနွယ်ဝင်များသည် ကြည့်ပြီး ပျော်ရွှင်စွာဖြင့် အော် ကြလေသည်။
ရှီမာယူယူလည်း သွေးများလှိမ့်တက်လာသည်ကို ခံစားရသည်။ သို့သော် မီအာသည် အများစုကိုကာကွယ်ပေးသောကြောင့် တခြားသူများကဲ့သို့ ထိခိုက် သွားခြင်းမရှိပေ။
“ဒါက ကျန်းမိသားစုက ဘိုးဘေးကြီးလား” သူမသည် ရင်ဘတ်ကို ဆုပ်ကိုင်ထားကာ အံကြိတ်ပြီးပြောလိုက်သည် “သူ့ကြည့်ရတာ ယုတ်ညံ့မယ့် ပုံပဲ သူကတကယ်ပဲ ကျန်တဲ့ကျန်းမျိုးနွယ်ဝင်တွေနဲ့အတူတူပဲ”
ကျန်းဖင်းသည် အပြင်မှပျံလာပြီး ကျန်းရယ်ဘေးတွင် ဆင်းသက်လိုက် သည်။
“အဖေ လာပြီလား” ကျန်းရယ်သည် ကျန်းဖင်းအား ပျော်ရွှင်စွာကြည့် လေသည်။
“မင်းသတင်းရတာနဲ့ လာခဲ့တာပဲ” ကျန်းဖင်းသည် သမီးဖြစ်သူအား နူးညံ့ သောအကြည့်ဖြင့်ကြည့်လိုက်သည်။
“အဖေ သူတို့က ထူအာကိုသတ်လိုက်ကြပြီ” ကျန်းရယ်သည် မျက်ရည် များဖြင့် ပြောလေသည်။ သူမသည် ဖခင်ဖြစ်သူရှေ့တွင် အားကောင်းသော အကြီးအကဲမဟုတ်တော့ဘဲ သမီးတစ်ယောက်ပင်။
“မစိုးရိမ်နဲ့ အဘိုးတစ်ယောက်အနေနဲ့ အဖေဒါကိုလက်စားချေမယ် သူ့ကိုယ်စားလက်စားချေမယ််” ကျန်းဖင်း ထိုသို့ပြောပြီးနောက် ရှီမာကျိယွင် အားကြည့်ပြီးပြောလိုက်သည် “မင်းတို့က ငါတို့ကျန်းမိသားစုရဲ့သားကို သတ်ခဲ့ တယ်၊ အခု ငါ့မြေးကိုသတ်လိုက်ပြီ ဒီနေ့မင်းကို အလွတ်မပေးနိုင်တော့ဘူး”
“ဟား” ရှီမာကျိယွင်သည် ကျန်းဖင်းအား အော့နှလုံးနာစွာကြည့်လိုက် သည် “ကျန်းဖင်း ခင်ဗျားတို့ ကျန်းမိသားစုက ရှီမာမိသားစုကိုတက်မက်ပြီး ကျုပ်တို့ ပိုင်ဆိုင်မှုတွေကိုလိုချင်လို့ပဲမဟုတ်ဘူးလား၊ ခင်ဗျား ကိုယ့်ကိုယ်ကို မှန်အောင်ပြောဦးလေ၊ ဒီလိုလုပ်ရင် သန့်ရှင်းမှုလိုချင်နေတဲ့ ပြည့်တန်ဆာမလို ပဲ”
“မောက်မာလိုက်တာ” ကျန်းဖင်း မာန်ဟိန်းလိုက်ရာ သူ့အားအင်သည် အဆုံးမရှိပြန်ကန်ထွက်ကာ ရှီမာကျိယွင်ကို ဖိအားပေးလေသည်။
ရှီမာကျိယွင် ရှီမာဟော်ရွှမ်းနှင့် တခြားသူများသည် အတူရပ်ပြီး ကာကွယ် လေသည်။ သူတို့သည် အသက်မျှင်းမျှင်းမျှသာ ကျန်တော့သည်အထိ ဖိအားဖြင့် ဖိနှိပ်ခံရလေသည်။
“ကျန်းဖင်း မိသားစုရဲ့အကြီးအကဲတစ်ယောက်အနေနဲ့ ငါ့မျိုးနွယ်ဝင်တွေ ကို သတ်ဖို့ မင်းက ငါတို့ရှီမာမိသားစုဆီကို ပြေးလာခဲ့တယ်၊ နည်းနည်းတော့ နိုင်ထက်စီးနင်းမဆန်လွန်းဘူးလား” နူးညံ့သောအသံထွက်လာရာ အားလုံး သည် အေးချမ်းမှုကိုခံစားမိသည်။ သို့သော် ကျန်းဖင်း၏ ဖိအားကို အလွယ်တတူ မနိုင်ပေ။
“ရှီမာချင်း မင်းအဆင့်တက်သွားပြီလား” သူသည် သူ့ကိုယ်ပိုင်ဖိအား တချို့ထုတ်လွှတ်လိုက်ခြင်းဖြစ်သော်လည်း ကျန်းဖင်းသည် သူ၏ စွမ်းအား အဆင့်ကို အာရုံခံမိသည်။
ရှီမာယူယူ မျက်လုံးများပင့်ပြီး ကြည့်လိုက်ရာ အရိပ်တစ်ခုသည် ချက်ချင်း ပင် ရှီမာမိသားစုဆီမှ ပေါ်လာသည်။
ရှီမာချင်း… ရှီမာမိသားစု၏ ဘိုးဘေးကြီး။ နှစ်ပေါင်းထောင်ချီ နေပြီးပြီဟု ပြော၍ရသည်။ နားရွက်ဘေးမှ ဆံပင်ဖြူများမှလွဲ၍ တခြားဆံပင်များသည် မည်းနက်နေသည်။ မျက်နှာတွင် အရေးအကြောင်းတစ်ခုမှပင် မရှိပေ။
သူ့မျက်လုံးထဲမှ ရင့်ကျက်မှုကြောင့်သာမဟုတ်လျှင် သာမန်လူနှင့် မခြားနားပေ။
အဖြူရောင်ဝတ်စင်ထားပြီး အလွန်ပင် သန့်စင်ပုံပေါက်သည်။
“ယူယူ မင်းဘိုးဘေးက မျက်စိစူးလောက်တယ်” ရှောင်ချီသည် တိုးညင်း စွာပြောလေသည်။
“ငါလည်းအဲလိုပဲခံစားရတယ်” ရှီမာယူယူ သဘောတူလိုက်သည် “အနည်းဆုံးတော့ သူက အတ္တကြီးတဲ့လူပဲ”
သူတို့သည် တိုးညင်းစွာပြောနေသော်လည်း ဘိုးဘေး၏ နားရွက်များမှ ပြေးမလွတ်ပေ။ ရှီမာချင်း ကြည့်လိုက်ပြီး ရှီမာယူယူကို သဲ့သဲ့ပြုံးပြလိုက်ရာ သူမသည် “အခါတစ်သန်းကြည့်လည်း မငြီးငွေ့ဘူး” ဆိုသည့် စကားကို ရုတ်တရက် စိတ်ထဲမှပေါ်လာသည်။
သေစမ်း ဒါက ဘိုးဘေးကို ပြောရမယ့်စကားလား။
ရှီမာချင်းသည် သူမကို ပြုံးပြပြီးနောက် ပြန်လှည့်သွားကာ ကျန်းဖင်းကို ကြည့်ပြီးပြောလေသည် “မသေနိုင်တဲ့အဘိုးကြီး မင်းမှာဘာအကြောင်းပဲရှိရှိ ဂရုမစိုက်ဘူး၊ မင်းက ငါ့တံခါးရှေ့ကိုလာပြီး ငါတို့ကိုအနိုင်ကျင့်ရဲမှတော့ ငါတို့ မကြင်နာဘူးလို့ အော်နေလိုက်၊ ကြည့်ရတာ ငါတို့ရင်းနှီးမှုက အဆုံးသတ် ရောက်လာပြီထင်တယ် ထပ်ပြောဖို့မလိုတော့ဘူး ဒီအတိုင်းတိုက်ခိုက်ကြတာ ပေါ့”
ပြောပြီးနောက်တွင် သူသည် ကျန်းဖင်း၏ ဘေးသို့လျှပ်တပြက်ရောက် သွားပြီး သူ့ကိုဆုပ်ကိုင်ကာ မိုးပေါ်သို့ပျံသွားလေသည်။
***