← Chapters

သီးသန့်စကားများ တီးတိုးပြောခြင်း

Vol. 106 Ch. 1472

သီးသန့်စကားများ တီးတိုးပြောခြင်း

Vol. 106 Ch. 1472

ရှီမာခင်းသည် ကျန်းဖင်းကို လေပေါ်သို့ဆွဲခေါ်သွားရာ မြေပေါ်မှလူများ သည် ထစ်ချုန်းသည့်အသံများကိုသာ ရံဖန်ရံခါကြားရလေသည်။

တိုက်ပွဲဆက်ဖြစ်သည်နှင့် မြေပြင်မှလူများသည်လည်း ပြန်တိုက်ခိုက် တော့သည်။

ကျန်းယွန်လုံသည် သူနှင့်အတူ လူအများအပြားခေါ်လာသည်။ သို့သော် ရှီမာမိသားစုအရေအတွက်နှင့်တော့ ယှဉ်မရပေ။ ထိုအင်အားမှာ ကျန်းရယ်၏ အင်အားစုအခွဲပါ ထည့်ပေါင်းလျှင်တောင် မနိုင်‌ပေ။

ရှီမာမိသားစု၏ ဘိုးဘေးကို လက်အောက်ခံအဖြစ် အနိုင်ယူနိုင်မည်ဟု ကျန်းမျိုးနွယ်ဝင်များ အစပိုင်းကယုံထားကြသည်။

သို့သော် ရှီမာမိသားစု ဘိုးဘေးကြီးသည် အဆင့်တက်ထားသည်။

ထိုအရာမှာ သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့ ဘိုးဘေးက အဆင့်တက်ဖို့ မဖြစ်နိုင်တာကို ဘယ်လိုလုပ် တက်သွားတာလဲ။

အကြောင်းအရင်း မည်သို့ပင်ဖြစ်စေကာမူ ရလဒ်မှာအတူတူပင်။

ကျန်းမျိုးနွယ်ဝင်များသည် စိတ်ဓာတ်ကျစပြုလာသည်။

တိုက်ခိုက်ရန် စွမ်းရည်မရှိတော့သဖြင့် တိုက်ပွဲသည် အမြန်ပင် အဆုံးသတ်လေသည်။ ကျန်းရယ်၏ အဖွဲ့ခွဲမှ အဖွဲ့ဝင်တိုင်း အသတ်ခံရခြင်း မဟုတ်လျှင် အဖမ်းခံရလေသည်။

ကျန်းယွန်လုံ၏ ခန္ဓာကိုယ်မှာ အလွန်အမင်းဒဏ်ရာရထားကာ အစောင့် များမှ ဝန်းရံထားပြီး အလယ်တွင် ကာကွယ်ခံထားရသည်။ သူ အဖမ်းမခံရဘဲ ခုခံနေသော်လည်း ရှီမာမိသားစု၏ အဝိုင်းခံရပြီး မည်သည့်နေရာမှ သွားမရပေ။

“ရှီမာကျိယွင် မင်း ဒီလိုပဲနိုင်မယ်လို့ မထင်လိုက်နဲ့ ငါတို့ဘိုးဘေးပြန်လာ တာနဲ့ မင်းတို့အားလုံးသေပြီ”

“ဟား ဒီလိုအချိန်မှာတောင် မင်းက အိပ်မက်မက်နေတုန်းပဲ” ရှီမာကျိယွင် သည်လည်း အနည်းငယ်ဒဏ်ရာရထားသည်။ သို့သော် ကျန်းယွင်လုံထက် တော့များစွာ အခြေအနေကောင်းသည်။

ထိုအခါမှပင် ရှီမာယူယူသည် ဝိညာဉ်သားရဲများ၏ အကာအကွယ်မှ ထွက်လာလေသည်။ ရှီမာလျူရွှမ်နှင့် မူစစ်တို့သည် သူတို့ကာကွယ်မှုအလယ် တငွ်နေနေသဖြင့် ကျန်းမိသားစု၏ တုံ့ပြန်မှုကို မကြောက်ရွံ့ကြပေ။

“ဘိုးဘိုးကြီး ဆေးသောက်လိုက်ပါဦး” သူမ လျှောက်သွားပြီး ရှီမာကျိယွင် ကို ဆေးတိုက်လိုက်သည်။

ရှီမာကျိယွင်သည် ဆေးများကို သောက်လိုက်ရာ ခန္ဓာကိုယ်ထဲမှ ရှုပ်ထွေး နေသောချီများသည် များစွာငြိမ်ကျသွားလေသည်။

ရှိမာယူယူသည် ကျန်းရယ်ကို ကြည့်ပြီးပြောလိုက်သည် “ရှီမာထူနဲ့ မြောင်ရှီဟွာတို့က ကျွန်မတို့ကို ဆန့်ကျင်ပေမဲ့ ရှင်လည်း အရိပ်ထဲမှာ အများကြီး လှုပ်ရှားနေတယ်လို့ထင်တဘ်”

ကျန်းရယ် မျက်နှာလွှဲသွားကာ သူမအကြည့်ကိုရှောင်ဖယ်လိုက်သည်။

သူမသည် ငယ်ရွယ်သော ဂျူနီယာတစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့ အပြုအမူဖြင့် ကြည့်ရဲသည်။

ရှီမာယူယူသည် သူမ အပြုအမူကိုစိတ်ထဲမထားဘဲ ပြောလိုက်သည် “ရှင် သွားထိလို့ရတဲ့လူတချို့ရှိပြီး တချို့ကတော့ လုံးဝထိလို့မရတာတော့ နှမြော စရာပဲ”

ပြောပြီးနောက်တွင် သူမလှည့်ထွက်ပြီး သူမ တုံ့ပြန်ချက်ကို ဂရုမစိုက် တော့ဘဲ လျှောက်ထွက်သွားလိုက်သည်။

အချိန်ကုန်သည်မှာ နှေးသလိုပင်။ အချိန်တိုအတွင်းဖြစ်သော်လည်း ကျန်းယွန်လုံအတွက် ရာစုနှစ်အနည်းငယ်ကုန်ဆုံးနေသကဲ့သို့ပင်။

ရှီမာကျိယွင်နှင့် တခြားသူများကတော့ အေးအေးဆေးဆေးပင်။

ရလဒ်မှာ ထင်ရှားနေပြီသဖြင့် စိုးရိမ်ရန်မလိုတော့ပေ။

နေ့တစ်ဝက်မကုန်ခင်မှာပင် ရှီမာချင်း တစ်ယောက်တည်းပြန်လာရာ ရလဒ်မှာ ပြောစရာပင်မလိုတော့ပေ။

ရှီမာချင်းသည် ကျန်းဖင်းအားကြည့်ပြီးနောက် ပြောလိုက်သည် “ဒါကို သေချာဖြေရှင်းလိုက်” ပြီးနောက် သူသည် ရှီမာယူယူ၏ ပခုံးကိုဆုပ်ကိုင်ပြီး အားလုံးမြင်ကွင်းရှေ့မှ ပျော်ကွယ်သွားလေသည်။

“ဆရာ”

“ယူယူ”

ရှီမာယူယူ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မူစစ်နှင့် သားရဲများ သည် အော်ကြလေသည်။

“စိတ်ချပါ ဘိုးဘေးက သူမကိုဘာမှလုပ်မှာမဟုတ်ဘူး” ရှီမာကျိယွင် သည် သူတို့ကို အာမခံလေသည်။  “သူတို့ စကားပြောပြီးတာနဲ့ သူတို့ဘာသာ ပြန်လာလိမ့်မယ်”

“တကယ်လား” မူစစ်သည် စိုးရိမ်နေတုန်းပင်။

“ဒါပေါ့ ငါဘယ်တုန်းကလိမ်ဖူးလို့လဲ” ရှီမာကျိယွင်သည် သူ့ကိုသံသယ ဝင်သဖြင့် ဒေါသထွက်သွားကာ မူစစ်၏ ခေါင်းကိုလက်သီးဖြင့် ပုတ်လိုက်သည်။

“သစ္စာဖောက်တွေကို သွားရှင်းလိုက်တော့” သူသည် မျိုးနွယ်ဝင်များကို အမိန့်ပေးပြီးနောက် လက်နောက်ပစ်ကာ ထွက်သွားလေသည်။

သူသည် ထိုကိစ္စများကို ကိုယ်တိုင်ဝင်ပါရန်မလိုပေ။

ရှီမာလျူရွှမ်သည် သူနှင့်အတူ ထွက်သွားခဲ့သည်။ ယနေ့အဖြစ်အပျက်ပြီး နောက်တွင် မည်သူမှ သူ့ကိုဘာမှမလုပ်ရဲတော့ပေ။

ယနေ့အဖြစ်အပျက်အရ ရှီမာယူယူသည် အဖြစ်အပျက်အားလုံးအတွက် အထောက်အကူဖြစ်သည်ကို အားလုံးမြင်လိုက်ရသည်။

သူမသာ မြောင်မိသားစု ရောက်လာရန်ဦးမဆောင်ခဲ့လျှင် ကျန်းရယ်နှင့် တခြားသူများ ရောက်လာရန် လှည့်ဖြားလို့ရမည်မဟုတ်ပေ။ သူမ ရှီမာထူကို မသတ်ခဲ့လျှင် ကျန်းရယ်၏ ဒေါသကိုဆွနိုင်မည်မဟုတ်ဘဲ ကျန်းမိသားစုကို သွေးဆောင်နိုင်မည်မဟုတ်ပေ။

ကျန်းမိသားစုသည် ထိုနှစ်များအတွင်းတွင် ရှီမာမိသားစုကို အုပ်စိုးထား သည်။ ရှီမာမိသားစုသည် ထိုအရာကို ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သည်။

သို့သော် မည်မျှပင် လှုပ်ရှားစေကာမူ ပထမတော့ အကြောင်းပြချက်လို သည်။ သူမကို ရှီမာမိသားစုက ထိုအတိုင်းပင် ဆင်ခြင်ပေးခဲ့သည်။

ထိုကဲ့သို့ အားကောင်းသော သမီးရှိသဖြင့် ရှီမာလျူရွှမ်တွင် ဝိညာဉ် စွမ်းအင်မရှိလျှင်တောင် သူတို့ မထိရဲတော့ပေ။

ရှီမာချင်းသည် ရှီမာယူယူကို ရှီမာမိသားစုအိမ်တော်၏ အနောက်ဘက် တောင်များဆီသို့ခေါ်သွားလိုက်သည်။ သို့သော် သူမသည် သူမ၏ လုံခြုံရေးကို စိတ်မပူပေ။

“ကျွန်မကိုဘာလို့ဒီကိုခေါ်လာတာလဲ” သူမ မေးလိုက်သည်။

“ရိုင်းလိုက်တာ မင်းရဲ့ဘိုးဘေးကိုတောင် နှုတ်တောင်မနှုတ်ဆက်ဘူး” ရှီမာချင်းသည် ထိုသို့ပြေလိုက်သော်လည်း စိတ်ထဲမထားပေ။

“မဟုတ်လည်း ကျွန်မက ရှီမာမိသားစုဝင်မှမဟုတ်တာ” ရှီမာယူယူ စိတ်ကော်ကလေသည်။ သူမသည် ရှီမာမျိုးနွယ်ဝင်မဟုတ်သောကြောင့် သူ သည် သူမ၏ ဘိုးဘေးမဟုတ်ပေ။

“ကောင်မလေး အဲနှစ်ကအဖြစ်ကို စိတ်ဆိုးနေတာပဲ” ရှီမာချင်း ပြော လိုက်သည်။

“စိတ်ဆိုးတာပေါ့၊ အဲဒီအဖြစ်ကြောင့်သာမဟုတ်ရင် ကျွန်မတို့မိသားစု သုံးယောက်က နှစ်တွေအများကြီး တကွဲတပြားဖြစ်နေမှာမဟုတ်ဘူး၊ ပြီးတော့ တစ်ယောက်တည်းလည်း ကြီးပြင်းလာရမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည်။

သူမ နေထိုင်သည့်ခန္ဓာကိုယ်သည် အသက် ၅၀ ရှိပြီဖြစ်သော်လည်း သူမ လျှောက်ခဲ့သော ပြဿနာများဖြင့် ပြည့်နေသောလမ်းသည် သာမန်လူ ဖြေရှင်း နိုင်သည့်အရာမဟုတ်ပေ။

“ငါတို့မပြောင်းလဲနိုင်တဲ့ တချို့ကိစ္စတွေရှိတယ်” ရှီမာချင်း ပြောလိုက် သည် “အဲနှစ်က ငါ မင်းအဖေကိုပြောခဲ့တယ် ဒါပေမဲ့ သူက ငါ့စကားတွေကို လက်ဆင့်မကမ်းခဲ့ဘူး”

ရှီမာယူယူသည် ထိုနှစ်ကအဖြစ်အပျက်ကို ပြန်ပြောလိုစိတ်မရှိတော့ပေ။ ကိစ္စများမှာ ဖြစ်ပြီးသွားသဖြင့် မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် ဆွေးနွေးနေစရာ မလိုပေ။

“ဘာလို့ ဒီကိုခေါ်လာတာလဲ”

“မင်းရဲ့ ဇာစ်မြစ်ကို အသိအမှတ်ပြုဖို့ခေါ်လာတာပေါ့” ရှီမာချင်း သည် လေးနက်စွာပြောလေသည်။

ရှီမာယူယူယသည် သူ့ကို မျက်မှောင်ကြတုတ်ကာ ကြည့်လိုက်သည် “ကျွန်မတောင်းဆိုချက်က ဘာလဲသိလို့လား”

“သူက မင်းရဲ့တောင်းဆိုချက်မဟုတ်ဘူးလား” ရှီမာချင်းသည် တောင် အောက်တွင် လမ်းလျှောက်နေသည့်လူကို ကြည့်လိုက်သည်။

ရှီမာယူယူ ခေါင်းငုံ့ပြီးကြည့်လိုက်သည်။ ရှီမာကျိယွင်ဦးဆောင်မှု နောက်မှ ရှီမာလျူရွှမ် အထဲသို့ဝင်သွားသည်ကို မြင်ုလိက်ရသည်။

ဆိုလိုသည်မှာ သူသည် သူမနှင့် သူမ၏ ဖခင်ကို မျိုးရိုးစာရင်း မှတ်တမ်း တွင် ထည့်သွင်းပေးမည်။

“ပြီးတော့ အမေ့ကိုရော” သူမ ပြောလိုက်သည်။

“ကောင်းပြီ” ရှီမာချင်းသည် တွေဝေမှုမရှိ သဘောတူလိုက်သည်။

“ဒီကို ဘာလို့အဖေ့ကိုပါ အတူခေါ်မလာတာလဲ” သူမ မေးလိုက်သည်။

“ငါတို့ တိုးတိုးတိတ်တိတ်ပြောစရာရှိလို့ပေါ့” ရှီမာချင်းသည် သူမအား သိုဝှက်စွာကြည့်လိုက်သည်။

သူမသည် မသိစိတ်မှ ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူ့အား သံသယဖြင့် ကြည့်လိုက်သည် “ဘာပြောချင်တာလဲ”

“တကယ်တော့ ဘာမှမဟုတ်ပါဘူး မင်း ရှီမာမိသားစုကို ဆက်ခံဖို့ ဆန္ဒရှိ လားလို့ပါ၊ ငါယုံတယ် မင်းသာအလိုရှိရင် ရှီမာမိသားစုက မင်းလက်အောက်မှာ ဟိုးအမြင့်ထိရောက်သွားမှာ” ရှီမာချင်းသည် သူမအား မျှော်လင့်ချက်အပြည့် ဖြင့် ကြည့်လေသည်။

“ကျွန်မဆန္ဒမရှိဘူး” ရှီမာယူယူသည် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“ဘာလို့လဲ ရှီမာမိသားစုက အရမ်းအားမကောင်းပေမဲ့ အတွင်းပိုင်းဒေသ မှာတော့ ရပ်တည်နိုင်ပါသေးတယ်”

“မလုပ်ချင်ဘူး” ရှီမာယူယူသည် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည် “မြေခွေးအိုကြီးတွေ ကျွန်မကို ဖရိုဖရဲထဲမှာပစ်ထားဖို့စိတ်မကူးနဲ့ ဒီလိုရှုပ်ယှက် ခတ်နေတာကို ရှင်းရတာကိုမကြိုက်ဘူး”

ရှီမာချင်း နှုတ်ခမ်းတွန့်လိုက်သည်။ ဖရိုဖရဲဟုတ်လား ရှုပ်ယှက်ခတ်နေ တယ်ဟုတ်လား၊ သူမမိသားစုကို ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ။

ဒါပေမဲ့ သူမက လူငယ်မျိုးဆက်ထဲက သူသဘောကျတဲ့ တစ်ဦးတည်း သောသူလေ။

ရှီမာယူယူသည် ပခုံးပေါ်တွင် တာဝန်ဝတ္တရားများထမ်းရသည်ကို ကြောက်ရွံကာ ပြောလိုက်သည် “ကျွန်မသိပါတယ် ဘိုးဘေးကြီးက မိသားစုကို ပိုသန်မာလာ စေချင်တာကို ကျွန်မကိုသုံးလိုက်ရင် အကောင်းဆုံးကြိုးစားမှာပါ ဒါပေမဲ့ အမွေဆက်ခံမယ်လို့တော့ မတွေးလိုက်နဲ့ မဟုတ်ရင် အဲအချိန်ကျရင် ကျွန်မပျောက်သွားလိုက်မှာ လိုက်ရှာလို့ရမှာမဟုတ်ဘူး”

“နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား”

“ကျွန်မလုပ်ချင်တဲ့ကိစ္စတွေ ရှိသေးတယ်၊ မိသားစုကိုယ်စားအချိန်တွေ အကုန်မခံချင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဖေ့ဒဏ်ရာတွေ ကုသပြီးတာ နဲ့ အမေ့ကိုသွားရှာမယ်၊ ဒါကိုအရင်ကတည်းက စီစဉ်ထားတာ၊ စဉ်းစားကြည့် လိုက်ပါ ရှီမာမိသားစုကို ကျွန်မလက်ထဲထည့်တာက တကယ်ပဲ ကောင်းတဲ့ အကြံလားဆိုတာ”

***

All Chapters