← Chapters

မျိုးရိုးစာရင်းသွင်းခြင်းနှင့် အားလုံးဉာဏ်အလင်းရခြင်း

Vol. 106 Ch. 1473

မျိုးရိုးစာရင်းသွင်းခြင်းနှင့် အားလုံးဉာဏ်အလင်းရခြင်း

Vol. 106 Ch. 1473

ရှီမာမျိုးနွယ်ကို သူမလက်ထဲထည့်လိုက်တာ အကြံကောင်းဖြစ်ပါ့မလား။

သူတို့ ထိုအကြောင်းကို လုံးဝမစဉ်းစားမိပေ။ သူမ အရည်အချင်းနှင့် အစွမ်းအစကို သူတို့သိပြီးနောက်တွင် ရှီမာမိသားစုတွင် မျှော်လင့်ချက်ရှိသည် ဟုပင် တွေးခဲ့ကြသည်။

ဒါပေမဲ့ ရှီမာမိသားစုကို သူမလက်ထဲထည့်လိုက်တာ တကယ်ပဲ အကြံ ကောင်းဆိုတာကို သူတို့တကယ်ပဲ လုံးဝမတွေးမိတာလား။

သူမ၏ ကံကြမ္မာအရ သူမသည် အနာဂတ်တွင် များစွာသောအရာများကို သေချာပေါက် ကြုံတွေ့ရဦးမည်။ သူမကိုယ်တိုင်လည်း ဖြေရှင်းစရာကိစ္စများစွာ ရှိနေကာ ရှီမာမိသားစုကို သူမလက်ထဲသို့ထည့်လိုက်လျှင် သေချာပေါက် အကန့်အသတ်ရှိလာမည်ဖြစ်သည်။

“တကယ်တော့ ရှီမာမိသားစု ပြန်ထူမတ်လာဖို့က လက်လွှဲပေးဖို့မလိုပါ ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “မိသားစုခေါင်းဆောင်က ဘိုးဘိုးကြီးပဲ ဒါပေမဲ့ မျိုးနွယ်အတွင်း တကယ်တာဝန်ယူထားတဲ့သူက ဘိုးဘိုးဦးကြီးမလား”

ရှီမာချင်းသည် သူမကိုကြည့်လိုက်ရာ သူမ ဆန္ဒမရှိသည်မှာ သေချာသွဦး သဖြင့် သက်ပြင်းချလိုက်သည် “မင်းအကျင့်ကလည်း ဘာလို့မင်းအဖေနဲ့များ သွားတူနေတာလဲ”

“ကျွန်မက အဖေ့ရဲ့သမီးအရင်းပဲကို” သူထို့ပြောလိုက်ချိန်တွင် အလျော့ပေးလိုက်သည်ကို ရှီမာယူယူ သိသဖြင့် ရယ်မောလိုက်သည်။

“ဟင်း ရယ်မနေနဲ့ဦး အခုထိမဆုံးဖြတ်ရသေးဘူး” ရှီမာချင်းဆက်ပြော လေသည် “သူတို့ရောက်လာပြီ သွားရအောင်”

ရှီမာလျူရွှမ်နှင့် ရှီမာကျိယွင်တို့ရောက်လာပြီး ရှီမာချင်းကို တည်တံ့စွာ နှုတ်ဆက်လေသည်။

“ဘိုးဘေးကြီး”

“ရှက်စရာပဲ မင်းကိုယ်မင်းအရူးလုပ်နေတာ” ရှီမာချင်းသည် လက်ကို နောက်ပြန်ပစ်ကာ သူ့ကိုကြည့်လိုက်သည် “နောက်ဆိုရင် မျိုးနွယ်မှာနေပြီး တခြားကိစ္စတွေလုပ်ဖို့ မကြိုးစားနဲ့”

ရှီမာလျူရွှမ်သည် သဘောတူခြင်း ငြင်းဆန်ခြင်းများမလုပ်ဘဲ အသာအယာပင် ဦးညွှတ်လေသည်။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ဒီလူကြီးက အဖေ့ကို မျိုးနွယ်ထဲမှာ ပဲ ဘေးကင်းကင်းနေစေချင်တာကို ဘာလို့ ဒီလောက်နားဝင်ဆိုးအောင်ပြောရ တာလဲ။

“သွားကြမယ်” ရှီမာချင်းသည် သူတို့ကို ဝိညာဉ်အတားအဆီးအတွင်းသို့ ခေါ်သွားလေသည်။ အစပိုင်းတွင် တောင်ထိပ်တွင် ဘာမျမရှိသော်လည်း ကြီးကျယ်ခန်းနားသော ဘိုးဘေးဘီဘင်ခန်းမကြီးပေါ်လာသည်။

ဘိုးဘေးခန်းမ၏ ဝင်ပေါက်ဒီဇိုင်းသည် ရှီမာအိမ်တော်ဝင်ပေါက်နှင့် အတူတူပင်ဖြစ်ကာ ထိုဝင်ပေါက်ထက်သေးငယ်သောပုံစံရှိသည်။

ရှီမာချင်းသည် ဘိုးဘေးခန်းမရှေ့သို့ လျှောက်သွားကာ ကျောက်တုံး ရှေ့တွင်ရပ်လိုက်သည်။ သူ လက်ဆန့်ထုတ်ပြီး ဘယ်ဘက် မျက်လုံးကို နှိပ်လိုက်သည်နှင့် ဘိုးဘေးခန်းမ၏ ပင်မတံခါးမှာ အလိုအလျောက်ပွင့်လာ သည်။

“ဝင်ရအောင်”

ရှီမာချင်းနှင့် ရှီမာလျူရွှမ်တို့သည် အရင်လျှောက်ဝင်သွားကာ ရှီမာယူယူ နှင့် ရှီမာလျူရွှမ်တို့သည် အနောက်မှလိုက်လာကြသည်။

သူတို့ဝင်လုက်သည်နှင့် ပိတ်ပင်ထားသော စွမ်းအားတစ်ခုကို ရှီမာယူယူ ခံစားမိကာ သူမအား စောင့်ကြည့်နေသည့် တစ်ခုခုရှိသည်ဟုပါ ခံစားရလေ သည်။

“ရှီမာသွေးသားပဲ ဒီကိုဝင်လာနိုင်တာ” ရှီမာလျူရျွမ် ရှင်းပြလေသည်။

“အမေက ဒီကိုအရင်က တစ်ခါမှမရောက်ဖူးဘူးပေါ့” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူတို့က ဝင်ဖို့နောက်ထပ် လိုဏ်ခေါင်းသုံးခဲ့တာ ရှီမာမျိုးနွယ်ရဲ့ ရောင်ဝါ ကိုယ်မှာရှိနေသရွေ့တော့ ဝင်လာလို့ရတယ်” ထိုအကြောင်းပြောချိန်တွင် ရှီမာလျူရွှမ်၏ မျက်နှာမှာ အနည်းငယ်ရှက်သွေးဖြာနေသည်။

ဟုတ်ပြီ အဲဒီရောင်ဝါရှိတယ်ဆိုတာရဲ့ အဓိပ္ပာယ်ကို သူမ သိတယ်။

သူတို့သည် ခြံဝန်းကိုဖြတ်ကျော်ခဲ့ပြီး ဘိုးဘေးခန်းအလယ်သို့သွားလိုက် သည်။ သူတို့ တွန်းမဖွင့်ခင်မှာပင် တံခါးသည် အထဲမှပွင့်သွားလေသည်။

“ခေါင်းဆောင် ဘိုးဘေးကြီး သခင်လျူရွှမ် သခင်မလေး” ခါးကုန်းနေ သော အကြီးအကဲတစ်ယောက်သည် ထွက်လာကာ နှုတ်ဆက်လေသည်။

“ဒါက ဘိုးဘေးခန်းမရဲ့ အစောင့်လေ၊ သူ့စွမ်းအားက ခေါင်းဆောင်တွေရဲ့ အားထက်မလျော့ဘူး” ရှီမာလျူရွှမ်သည် သူ့အကြောင်းကို များများစားစား မိတ်မဆက်ပေးသော်လည်း စကားလုံးအနည်းငယ်နှင့်ပင် ထိုအကြီးအကဲ အပေါ်မည်မျှလေးစားကြောင်းကို သူမ ခံစားမိသည်။

ထိုအကြီးအကဲ၏ မျိုးနွယ်တွင်း ရာထူးမှာမနိမ့်ကြောင်းကို သူ နှုတ်ဆက် ပြီးထွက်မသွားသည်ကို ကြည့်ပြီး ရှီမာယူယူခန့်မှန်းမိလိုက်သည်။

ကမ္ဗည်းတိုင်များစွာ ပူဇော်ထားသည့် စားပွဲကိုအလယ်တွင်နေရာချထား သော ဘိုးဘေးခန်းမသို့ သူတို့ဝင်လာကြသည်။ ကြည့်လိုက်သည်နှင့် ထောင် ဂဏန်းရှိမည်စု ခန့်မှန်းနိုင်သည်။

“အဲဒီကမ္ဗည်းတိုင်တွေက ပင်မသွေးသားတွေရဲ့ အရင်တုန်းက မင်းဆက် တွေပဲ၊ ဘေးဘက်ဆက်နွယ်တဲ့ ဆွေမျိုးတွေက ဒီမှာထားခွင့်မရှိဘူး” ရှီမာလျူရွှမ် ပြောလိုက်သည်။

“ဒါဆိုရင် သူတို့ကိုဘယ်မှာထားတာလဲ”

“ဘေးမှာ ဘိုးဘေးမျှော်စင်တချို့ရှိတယ် မျိုးနွယ်အတွင်း အရေးကြီးတဲ့ သူတွေကို ဒီဘိုးဘေးခန်းမမှာထားတယ်”

ရှီမာယူယူကို ရှင်းပြနေစဉ်တွင် ရှီမာချင်းသည် အမွှေးတိုင်များ ထွန်းညှိပြီး အားလုံးကို ပေးလိုက်ကာ ဘိုးဘေးအစဉ်အဆက် ဘိုးဘေးများကို ဦးဆောင် အရိုအသေပေးလေသည်။

ရှီမာယူယူသည် အငယ်ဆုံးဖြစ်သောကြောင့် နောက်ဆုံးမှ အရိုအသေပေး ရသည်။ သူမ အမွှေးတိုင်ကို အိုးတွင်စိုက်လိုက်သည်နှင့် အရင်တုန်းက ဖြစ်ဖူး သကဲ့သို့ ခံစား၇လေသည်။

အမွှေးတိုင်ကို အိုးတွင်စိုက်လိုက်သည့်အခိုက်တန့်၌ သူမ မျက်စိရှေ့တွင် မျိုးနွယ်အစပြုသည်မှ ကျဆုံးသည်အထိ အဆုံးမရှိသော မြင်ကွင်းများ လျှပ်တပြက်ဖြစ်လာသည်။  ထိုအခိုက်တါင် သူမသည် မျိုးနွယ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သွားပြီး ခန္ဓာကိုယ်ထဲမှသွေးသည် လှိုင်းဂယက်ထလာသည်ကို ခံစား ရသည်။

သူတို့ အရိုအသေပေးပြီးသည်နှ့င် ရှီမာချင်းသည် သူတို့ကို အခန်းတစ်ခန်း ဆီသို့ခေါ်သွားလေသည်။

အခန်းဟုဆိုသော်လည်း သေးငယ်ခြင်းမရှိဘဲ ဘိုးဘေးခန်းမထက် အနည်းငယ်သေးရုံသာဖြစ်သည်။

ရှီမာချင်းသည် နံရံပေါ်မှ ဘောင်ခတ်ထားသော သေတ္တာယူလိုက်သည်။ ထိုအထဲတွင် ချည်ပိုးလိပ်များစွာရှိသည်။ သူသည် ပန်းထိုးထားသော အကြီးဆုံး ပိုးလိပ်ကိုထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်ကာ လေထဲသို့ပစ်မြှောက်လိုက်သည်။

ရှီမာချင်းသည် နေရာတစ်ခုအားညွှန်ပြလိုက်သည်နှင့် ထိုနေရာမှ စာလုံး များသည် ပိုကြီးလာသည်။ ရှီမာယူယူသည် ရင်းနှီးသောနာမည်တချို့ကိုတွေ့ လိုက်သည်။ ဥပမာဆိုရလျှင် ရှီမာကျိယွင်၊ ရှီမာဟော်ရွှမ်း၊ ရှီမာလျူရွှမ်၊ ရှီမာလျူဖန်၊ ရှီမာလျူယွမ်နှင့် ရှီမာယိဖေ အစရှိသဖြင့် ဖြစ်သည်။

ရှီမာလျူဖန်၏ နာမည်ဘေးတွင် နေရာလွတ်တစ်ခုရှိနေရာ ထိုနေရာ သည် ဖခင်ဖြစ်သူနာမည်နေရာဖြစ်မည်ဟု ရှီမာယူယူခန့်မှန်းမိသည်။

နေရာပေါ်လာသည်နှင့် ရှီမာချင်းသည် ရှီမာလျူရွှမ်သွေးထုတ်ယူပြီး မြွေပါအမွေးနှင့်ပြုလုပ်ထားသော စာရေးတံထုတ်ပြီး သွေးစွတ်ကာ သူ့နာမည် ကို နေရာလွတ်တွင်ရေးလိုက်သည်။ ထို့နောက်တွင် သူသည် မျဉ်းဆွဲကာ ရေးလိုက်သည်။ ဇနီး - ယွိခဲ့လော့… သူနှင့် ယွိခဲ့လော၏နာမည်ဘေးတွင် မျဉ်းထပ်ဆွဲကာ ဆက်ရေးလိုက်သည်… သမီး - ရှီမာယူယူ…

သူ ပြီးသွားသည်နှင့် သူသည် ရှီမာယူယူကို သွေးစက်ချခိုင်းကာ သူမ နာမည်တွင် စွန်းထင်းစေသည်။

ရှီမာယူယူသည် သူမ၏သွေးများ ပန်းထိုးထားသော ပိုးထည်ထဲသို့ စိမ့်ဝင် သွားသည်ကို မြင်ပြီးနောက် သူမသည် မျိုးနွယ်ထဲသို့ အမှန်တကယ် ပြန်ဝင် လာပြီဟု သူမဘာသာတွေးနေမိသည်။

အခု သူမက မျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီ။

ထိုသည်မှာ ရှီမာလိုင် သူမကိုပေးခဲ့သည်နှင့် လုံးဝကွဲပြားသော ခံစားချက် ဖြစ်သည်။ သူတို့သည် အဖွဲ့ဝင်နည်းပါးကာ သူမကို အဆုံးမရှိအလိုလိုက်ခဲ့ သည်။ သို့သော် ဘေးအကိုင်းအခက်များရှိသည့် မျိုးနွယ်အတွင်းဆက်ခံမှုဖြစ် သဖြင့် ပို၍စည်းလုံးသွားသလိုပင်။

ရှီမာလျူရွှမ်သည် သူ့နာမည် မျိုးရိုးစာရင်းတွင် ပြန်ပေါ်လာသည်ကိုမြင် သောအခါ စိတ်များလှုပ်ရှားလာသည်။

ပစ္စည်းများမှာ အရင်အတိုင်းဖြစ်ကာ လူများမှာ ပြောင်းလဲသွားပြီဖြစ် သည်။

အားလုံးပြီးပြီဟု ရှီမာယူယူ ထင်လိုက်ချိန်တွင် မျိုးရိုးစာရင်းမှ နွေးထွေး သော စွမ်းအားတစ်ခုထွက်လာပြီး ရှီမာယူယူကို အလယ်တွင် ထွေးပတ်လိုက် သည်။

“ဒါက…” သူတို့သုံးယောက်လုံး အလွန်အံ့ဩသွားလေသည်။

“မျိုးနွယ် အမွေဆက်ခံမှု” ရှီမာချင်း ရေရွတ်လိုက်သည် “ဘယ်နနှစ်ရှိပြီ လဲ မျိုးရိုးစာရင်းက နောက်ဆုံးတော့ အမွေဆက်ခံခြင်းစွမ်းအားကို ထုတ်လိုက် ပြီ”

မျိုးနွယ်ရဲ့ အမွေဆက်ခံခြင်းဟုတ်လား။

ရှီမာကျိယွင်နှင့် ရှီမာလျူရွှမ်တို့သည် အမွေဆက်ဆံခြင်း၏ အရင်းအမြစ် ကိုသိသည်။ သို့သော် ကိုယ်တွေ့မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် နားလည်ရင်းနှင့်ကို အံ့ဩနေမိသည်။

ရှီမာချင်း သက်ပြင်းချမိသည်။ သူသာ ရှီမာယူယူကို မျိုးရိုးစားရင်းသို့ အစောကတည်းက သွင်းလိုက်လျှင် ထိုအဖြစ်အပျက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကပင် ဖြစ်သွားမည်။

သူတို့သာ ထိုအကြောင်းကိုသိထားပါက ဖိအားပေးခံရလျှင်တောင် သူမကို ထွက်သွားခွင့်မပြုဘဲ စောင့်ရှောက်ထားမည်ဖြစ်သည်။

ထိုအလင်းဖျော့ဖျော့သည် အလျင်အမြန်ပင်ကွဲသွားကာ နံရံများကို ဖြတ်သွားကာ ဦးတည်ချက် အဘက်ဘက်သို့ စီးဆင်းသွားလေသည်။

“ဒါက…”

မျိုးနွယ်တွင်းမှ လူတိုင်းသည် ထိုစွမ်းအား၏ ဝန်းပတ်ခြင်းကိုခံလိုက်ရပြီး ထိုနူးညံ့ပြီး နွေးထွေးသော စွမ်းအားသည် စိတ်များကိုအေးချမ်းသွားစေပြီး စိတ်ထဲတွင် သစ်စေ့ပျိုးချလိုက်သလိုပင်.

“ဉာဏ်အလင်းရတာပဲ” ရှီမာဟော်ရွှမ်းသည် တိုးညင်းစွာအော်လိုက်ကာ ဘေးမှလူအားလုံးကို ပြောလိုက်သည် “အခုပဲ နားလည်အောင်ကျင့်တော့”

ထိုစကားကိုကြားပြီးနောက်တွင် အားလုံးသည် ချက်ချင်းပင် ထိုင်ချကာ ဉာဏ်အလင်း၏အစေ့ကို ဖမ်းပြီး စိတ်ထဲတွင်ပေါ်လာစေရန် ကျင့်ကြံတော့ သည်။

မျက်လုံးမှိတ်ပြီး သိမြင်ရန်ကျင့်ကြံသည့်လူများ ပိုပိုများလာသည်။ ထိုအခိုက်တါင် ရှီမာမိသားစုတစ်ခုလုံးသည် တိတ်ဆိတ်နေကာ တိတ်ဆိတ်မှု အတွင်းတွင် အပြောင်းအလဲများဖြစ်ခဲ့လေသည်။

***

All Chapters