မိုးကြိုးအပစ်ခံရလို့ မီးသွေးဖြစ်ပြန်ပြီ
Vol. 106 Ch. 1474
ရှီမာမိသားစုတင်မဟုတ်ဘဲ အပြင်မှလူများပါ ရှီမာမိသားစု၏ အပြောင်းအလဲကို ခံစားမိကြသည်။
လမ်းပေါ်မှလူများသည် ရပ်ပြီးကြည့်ကြရာ သူတို့စိတ်ထဲမှ ဒေါသများ ငြိမ်ကျသွားသည့် စွမ်းအားကို ခံစားမိကြလေသည်။
ဘိုးဘေးခန်းမအတွင်းတွင် ရှီမာယူယူသည် ငြိမ်သက်စွာ မျက်လုံးပိတ် ထားပြီး တိုက်ပွဲအတွင်းမှရခဲ့သော မကောင်းသည့်အတွေးများ ရှင်းလင်းသွား လေသည်။
အတန်ကြာပြီးနောက်တွင် ထိုစွမ်းအားသည် သူမခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ဝင်သွားလေသည်။ သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် ရှီမာမျိုးနွယ် ဝင်များအား ဝန်းပတ်ထားသော စွမ်းအားသည်လည်း သူတို့ခန္ဓာကိုယ် အသီးသီး ဆီသို့ဝင်သွားလေသည်။
အားလုံး မျက်လုံးဖွင့်လိုက်ချိန်တွင် သူတို့မျက်လုံးများသည် ပိုတောက်ပလာကာ ပို၍တက်ကြွလာပုံပေါက်သည်။
တချို့မှာ အလင်းရသွားသည့်အခြေအနေပင်ရှိကာ သတိပြန်မဝင်ကြ သေးပေ။
သူတို့တွင် စွမ်းအားရှိလျှင် လုံလောက်သည်။ သို့သော် သူတို့သည် လုံလောက်စွာ နားမလည်လိုက်သဖြင့် အဆင့်တက်ရန်မဖြစ်နိုင်တော့ပေ။ အမွေဆက်ခံခြင်း စွမ်းအားနှင့်ဆိုလျှင် ထိုဉာဏ်အလင်းရကာ အဆင့်တက်ရန် မျှော်လင့်၍ရသည်။
ခဏအတွင်း၌ပင် ရှီမာမိသားစုခြံဝန်းအများစုမှ အဆင့်တက်သည့် အလင်းများ ဖြာထွက်လာသည်။
ဘိုးဘေးခန်းမအတွင်းတွင် ရှီမာယူယူလည်း အဆင့်တက်လေသည်။ သည်တစ်ကြိမ်တွင် သူမစွမ်းအားမှာ အများအပြားမတက်ဘဲ အဆင့်သာတက် သွားလေသည်။ ဧကရာဇ်အဆင့် ၁ မှ အဆင့်၂ သို့တက်သွားပြီး ဧကရာဇ်အဆင့် သာရှိသေးလေသည်။
သူအဆင့်တက်ချိန်အတွင်းတွင် ဘေးသင့်မှုတိမ်တိုက်သည် ကောင်းကင် တွင် စတင်စုစည်းလာသည်။ သူမ အဆင့်တက်ပြီးနောက်တွင် ခုန်တက်ကာ ဘိုးဘေးခန်းမနှင့်အဝေးသို့ ပျံသွားပြီး ဘာမှမပြောနိုင်ခင်မှာပင် ဆင်းသက် လိုက်သည်။
“အုန်း”
သည်တစ်ကြိမ်တွင် တိမ်တိုက်ဝိညာဉ်သည် ရှီမာယူယူကို ဘာကြောင့် အလျော့မပေးသလဲဆိုသည်ကို မသိတော့ပေ။ ကံကောင်းစွာပင် သူမသည် ခန္ဓာကိုယ်ကို သန်မာစွာ သန့်စင်ထားသဖြင့် မိုးကြိုးဘေးသင့်မှု ထိုအဆင့်ကို ခံနိုင်နေသည်။
ရှီမာမိသားစုဝင်များသည် သူမ ဘေးဒုက္ခနှင့်ရင်ဆိုင်ပြီး ရင်းနှီးသော ရောင်ဝါကို ခံစားမိသောအခါ လူအများအံ့ဩကြလေသည်။
“ခုန သူမရောင်ဝါမှာရှိတာက အမွေဆက်ခံခြင်းစွမ်းအားမလား သူမက ဘယ်လိုလုပ် ငါတို့ကို ဉာဏ်အလင်းရအောင်လုပ်ပေးလိုက်တာလဲ”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သူမကို ကျေးဇူးတင်ရမယ်”
“သူမက တကယ်ပဲ မျိုးနွယ်ရဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေးလား သူမက ပြန်လာတာနဲ့ ကျန်းမျိုးနွယ်ကိစ္စကိုလည်း ဖြေရှင်းပေးပြီးတော့ အကုန်လုံးကို ဉာဏ်အလင်းရအောင်လည်း ကူညီပေးသေးတယ်”
“သူမက မျိုးနွယ်ကို ပြန်လည်ထူထောင်လာစေနိုင်တယ်”
“တကယ်လား… ဒါဆိုရင် ငါတို့အခုမျှော်လင့်ချက်ရှိပြီလို့ဆိုလိုတာ မလား”
အောက်မှလူများသည် ဆွေးနွေးကြကာ တောင်ထပ်တွင်ရှိနေသော ရှီမာယူယူသည် မကြားပေ။ ဝိညာဉ်တိမ်တိုက်သည် သည်တစ်ကြိမ်တွင် မညှာမတာ ပစ်ခတ်ခဲ့သဖြင့် ပတ်ဝန်းကျင်ကို အာရုံစိုက်ရန် သူမတွင် အားမရှိ တော့ပေ။
ထို့အပြင် မိုးကြိုးမပစ်ခင်တွင် မည်သည့်ပြင်ဆင်မှုမှမလုပ်လိုက်ရကာ မိုးကြိုးကိုကာကွယ်ရန်ထုတ်လိုက်သည့် ပစ္စည်းများသည် သူမခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် လုံလောက်ခြင်းမရှိပေ။
နောက်ဆုံးမိုးကြိုးသွား ပစ်ချပြီးသည်အထိ ဝိညာဉ်တိမ်တိုက်သည် ထွက်မသွားသေးပေ။
ရှီမာယူယူသည် မြေပြင်တွင်တွားသွားကာ လက်ချောင်းများပင် လှုပ်ရန် စွမ်းအားမရှိတော့ဘဲ တစ်ကိုယ်လုံးမှာ မီးလောင်ထားသကဲ့သို့ တူးခြစ်နေသည်။
သားရဲများအားလုံး အမြန်ပြေးလာလေသည်။ သို့သော် သူတို့ကို အပြင် မှာတင်စောင့်ရန်ပြောထားသဖြင့် မိုးကြိုးဘေးသင့်မှုပြီးမှပင် ပြေးလာကြသည်။
“ယူယူ အဆင်ပြေရဲ့လား” ရှောင်ချီပြေးလာပြီး မိုးကြိုးကြောင့် ဒဏ်ရာ ပြင်းထန်စွာရထားသော ရှီမာယူယူကို ကြည့်ပြီးအော်လေသည် “ယူယူ ဘယ်လိုလုပ် အသားကင်ဖြစ်သွားတာလဲ၊ ကိုယ့်ကိုယ်ကို အရသာရောသွင်း ပြီးပြီလား”
“တကယ်ပဲ အသားကင်အနံ့ရနေတယ်” ဟိန်းသံထောင်ချီပင် သူမကို စနောက်လေသည်။
“….”
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ ဒီလူတွေက သူမ အန္တရာယ်မရှိတော့ မှပဲ သူတို့ရဲ့ ညစ်ပတ်တဲ့သဘာဝကိုထုတ်ပြကြတာပဲ။
“ထူးဆနးလိုက်တာ တိမ်တိုက်ဝိညာဉ် ဘာလို့ဒီတစ်ခါကို အဲလောက် မညှာတာရတာလဲ” အိပ်မက်လေးသည် ထွက်မသွားသေးသော တိမ်တိုက် ဝိညာဉ်ကိုမြင်သောအခါ မေးလိုက်သည်။
တိမ်တိုက်ဝိညာဉ်ညည်းညူလေသည်။ ဒီလူတွေ နောက်ဆုံးတော့ သတိထားမိသွားပြီပဲ။
“ငါက အညှာတာမဲ့တာမဟုတ်ဘူး၊ ဒီတစ်ခေါက် အဆင့်တက်တာက နောက်ဆိုရင် အများကြီးရှုပ်ထွေးလာနိုင်တယ်၊ ငါဒါကို မဖုံးထားနိုင်ဘူး ပြီးတော့ သူမကို ငါ သက်ညှာပေးထားတာပဲ မဟုတ်ရင် သူမခန္ဓာကိုယ်က ခံနိုင် မှာကိုမဟုတ်ဘူး” တိမ်တိုက်ဝိညာဉ်သည် ဂုဏ်ယူစွာဖြင့် ရှင်းပြလေသည်။
ရှီမာယူယူ အံ့ဩသွားသည်။ သူမ အဆင့်သေးလေးတစ်ခုတက်တာကို အနာဂတ်မှာ ဘယ်လိုလုပ် ရှုပ်ထွေးသွားနိုင်မှာလဲ။
အဲဒါကြောင့်…. များလား။
သူမသည် လက်ခံရလိုက်သော အရာကို သတိရသွားပြီး ဆွံ့အလာသည်။ မိုးကြိုးသည် ဘာမှမဟုတ်သော်လည်း ဘေးဒုက္ခဖြစ်သည်။
တိမ်တိုက်ဝိညာဉ်သည် ရှင်းပြပြီးသည်နှင့် ထွက်သွားလေသည်။ သူတို့ မရင်းနှီးလျှင် ရှင်းပြရန်အတွက် နေနေမည်မဟုတ်ပေ။
ရှီမာကျိယွင်နှင့် ရှီမာချင်းတို့ ပြေးလာသည်။ မိုးကြိုးအပစ်ခံရသဖြင့် မီးသွေးခဲဖြစ်နေသော သူမကို မြင်သောအခါ သူတို့အမူအရာများ ထူးဆန်းသွား သည်။
သူမ ဘာလို့အမြဲတမ်း မိုးကြိုးအပစ်ခံနေရတာလဲ။ အတိတ်တုန်းက မကောင်းတာတွေ အများကြီးလုပ်ခဲ့လို့လား။
“သူမကို အရင်ပြန်ခေါ်ခဲ့လိုက်ဦး” ရှီမာချင်း ဆက်ပြောလေသည် “ကျိယွင် လာခဲ့”
သူသည် သူမဘေးတွင်ရှိပါလျက်နှင့် ဘာကြောင့် ရှီမာကျိယွင်ကို ချီလာ ခိုင်းသည်ကို ရှီမာယူယူ နားမလည်ပေ။ သူမ လှည့်လိုက်ချိန်တွင် ရှီမာချင်း မသဲမကွဲပြောလိုက်သည်ကို ကြားလိုက်ရသည်။
“သူမက မီးသွေးခဲလေးဖြစ်နေတာ ငါသူမကို ချီလိုက်ရင် ငါလည်း မီးသွေးခဲဖြစ်သွားမှာလား ကျွတ် ကျွတ် အဲလိုဆို ငါ့အဝတ်တွေပေသွားလိမ့် မယ်”
“….”
ရှီမာယူယူသာ အားအင်အနည်းငယ်ပင် ကျန်ခဲ့ပါက သေချာပေါက် သူ့ကို အော်လိုက်မည်ဖြစ်သည်။
နှစ်တစ်ထောင်အဘိုးကြီးက ဒီလိုလား။
ရှောင်ချီသည် ရှီမာယူယူအားချီလာပြီး ရှီမာကျိယွင်၏ ညွှန်ကြားချက် ဖြင့် အရင်ကတည်းကပြင်ဆင်ထားသော သူမ၏ ခြံဝန်းဆီသို့ရောက်လေသည်။
ရှောင်ချီ မီးသွေးခဲကိုင်လာသည်ကို ရှီမာမိသားစုများ မြင်သောအခါ သူမ ဖြစ်ရမည်ဟု ခန့်မှန်းမိကြလေသည်။
“မိုးကြိုးကလည်း အညှာတာမဲ့လိုက်တာ” လူတစ်ယောက်ပြောလေ သည်။
“သူမလို မိန်းကလေးက မီးသွေးဖြစ်သွားတာ နှမြောဖို့ကောင်းလိုက်တာ”
“ဟုတ်တယ် သူမ ပြန်ကောင်းနိုင်ပါ့မလားပဲ”
“သူမက အဆင့်တက်တိုင်းကို မိုးကြိုးအပစ်ခံရတယ်လို့ကြားတယ် သူမ က တစ်ချိန်လုံးမီးသွေးဖြစ်နေတာလား”
“သနားဖို့ကောင်းလိုက်တာ”
ရှီမာယူယူ နောက်တစ်ကြိမ် ဆွံ့အသွားမိပြန်သည်။ ဘယ်လိုဖြစ်ပြီး ရှီမာမိသားစုဝင်တွေကလည်း ရှီမာချင်းနဲ့ အကျင့်တွေ စိတ်တွေသွားတူနေတာ လဲ။
သူမက ဝိုင်းစနောက်စရာကြီးလား။
ဟွမ်ရင်ရင်တို့သည် ရှီမာယူယူကို ထိုအခြေအနေအတိုင်းမြင်ရသည်ကို စိတ်မကောင်းဖြစ်နေသည်။
သူမ အရှေ့မျှတမှုမြို့တော်တွင်ရှိစဉ်ကလည်း ဆိုးဝါးစွာ မိုးကြိုးအပစ်ခံ ရသည်ဟု ကြားခဲ့သည်။ သို့သော် သူတို့ မျက်လုံးနှင့်မမြင်ရသည်ပင် သူမ အတွက် စိတ်မကောင်းဖြစ်နေရာ သည်တစ်ကြိမ်တွင် မခံနိုင်တော့ပေ။
“ယူယူ အဆင်ပြေရဲ့လား” ဟွမ်ရင်ရင် မေးလိုက်သည်။
ရှီမာယူယူသည် အဆင်ပြေသည်ဟု ပြောချင်သဖြင့် မျက်လုံးမှိတ်ပြရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအခိုက်အတန့်သည် ဟွမ်ရင်ရင်ကို ရင်နာစေ သည်။
သူမ အဆင်ပြေရင် ဘာလို့စကားမပြောနိုင်ရတာလဲ။
သူမနှင့် တစ်ချိန်လုံးရှိနေသည့် ရင်လန်သည် သူမကိုကြည့်ရင်း မေးစေ့ ပွတ်ကာ အတွေးတချို့တွေးနေသည် “မင်းရဲ့ ဒီလိုရုပ်ဆိုးဆိုးကြီးနဲ့ဆိုရင် ငါ မင်းနောက် ဆက်လိုက်သင့်သလား”
ရှီမာယူယူသည် ပြတ်သားစွာဖြင့် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။
ငါ့ကိုသခင်မလေးက ရှင့်ကို ဘယ်တုန်းကမှ မလိုက်ခိုင်းဘူး အထင်သေး ရင်လည်း လစ်လိုက်တော့ပေါ့။
ရင်လန်သည် သူမအကြည့်ကို မြင်ပြီးနောက် ရယ်မောလေသည်။ မိန်းကလေးတစ်ယောက် မျက်လုံးလှိမ့်သည်ကို ချစ်စရာကောင်းသည်ဟု မြင်မိ သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ရှီမာယူယူသည် တစ်ချိန်လုံး ဝိုင်းကြည့်ခံရသည်ကို မပျော်ရွှင်တော့ပေ။ သူမ မပျော်တော့သဖြင့် စိတ်တိုလာသည်။
ဟွမ်ရင်ရင်နှင့် ရှီမာလျူရွှမ်ကလွဲပြီး သူမနေသည့်နေရာကို တခြားသူများ လာခွင့်မပြုပေ။
သို့သော် မကြာသေးခင်က ရှီမာမိသားစုသည် အလုပ်များနေကြသည်။ ကျန်းယွန်လုံနှင့် ကျန်းဖင်းတို့အသတ်ခံလိုက်ရသော်လည်း ကျန်းမျိုးနွယ်မှ တခြားကိစ္စများကို ကိုင်တွယ်ရန် လိုအပ်ကာ ရှီမာထူဆိုသည့် အကြောကိုလည်း ကိုင်တွယ်ရန်လိုနေသည်။
ထို့ကြောင့် ၁၀ ရက်ကြာပြီးနောက်တွင် သူမ နာလန်ထူဆဲဖြစ်သည်ဟု အားလုံးထင်နေကြသော်လည်း အမှန်တော့ သူမ သက်သာနေသည်မှာ ကြာပြီ ဖြစ်သည်။
***