← Chapters

အမွေဆက်ခံခြင်း

Vol. 106 Ch. 1475

အမွေဆက်ခံခြင်း

Vol. 106 Ch. 1475

ရှီမာမျိုးနွယ် ကျန်းမိသားစုနှင့် နောက်ဆုံးတိုက်ပွဲပြင်ဆင်နေသည့် အတောအတွင်းတွင် ရှီမာယူယူသည် စာအုပ်စုစည်းရာအဆောင်ထဲတွင် လည်ပတ်နေသည်။

အရင်က ဟွမ်ရင်ရင်ပြောခဲ့သလိုပင် စာအုပ်စုစည်းရာအဆောင်မှာ အလွန်ကြီးသဖြင့် ထူးခြားပြီး တစ်အုပ်တည်းရှိသောစာအုပ်များ စုစည်းထား သည်မှာ အများအပြားပင်။ ရှီမာမိသားစုသည် ဟိုးရှေးကတည်းကပင် အလွန် အားကြီးသည့်ပုံပင်။

အခုနောက်ပိုင်း ကျဆင်းသွားသည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။

စာအုပ်စုစည်းရာအဆောင်ဝင်ပေါက်ပွင့်လာပြီး လူတစ်ယောက်ဝင်လာ သည်။ နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်နှင့် သူမရှိသည့်နေရာကို တွေ့ လိုက်သည်။

ရှီမာယူယူသည် လူဝင်လာသည်ကို မြင်သည်နှင့် စာအုပ်ချပြီး မေးလိုက် သည် “ယိယွင် ဘာလို့ရောက်လာတာလဲ”

“ငါ နင့်ခြံဝန်းသွားတော့ ဒီနေရာကိုသိပြီးတာနဲ့ ဒီကိုလာတယ်လို့ ဦးလေးလျူရွှမ်ပြောလို့ လာခဲ့တာ” ရှီမာယိယွင် ပြောလေသည် “ပြန်လာတာ ကို ဘာလို့ စာအုပ်စုစည်းရေးအဆောင်ကို လာရတာလဲ”

“အဖေ့စွမ်းအားပြန်ကောင်းလာဖို့ နည်းလမ်းများရှာတွေ့မလားလို့” ရှီမာယူယူ ဆက်ပြောလေသည် “အဖေက ဒီလိုဆွဲလာတာကို ပိုပိုပြီးစိတ်ပျက် နေတာ”

“ဟုတ်တယ်” ရှီမာယိယွင်သည် သူမဘေးတွင်ထိုင်ပြီး ဘေးမှ စာအုပ်ပုံ ကြီးကိုသယ်ကာ ပြောလိုက်သည် “ငါ နင့်ကိုကူရှာပေးမယ် ဘယ်လိုရှာရမလဲ”

“ရတာပေါ့” အကူအညီရှိလျှင် ပိုလွယ်ကူမည်ဟု ရှီမာယူယူတွေးလိုက် သည်။ ထို့ကြောင့် ရှာရမည့် အဓိကစာလံးများကို ပြောပြလိုက်သည်။

သူမသည် ထိုဆေးပညာစာအုပ်များကို နားလည်ရန် မဖြစ်နိုင်သော်လည်း ဆက်စပ်သည့် စာလုံးများကိုတော့ ဖတ်နိုင်သေးသည်။

ရှီမာယူယူသည် စာအုပ်စုစည်းရေးအဆောင်တွင် လအနည်းငယ် လည်ပတ်ကာ ရှီမာယိယွင်နှင့် ရှီမာချီချီတို့၏ အကူအညီဖြင့် အဆောင်တော်ထဲ မှ စာအုပ်များအားလုံးကို လှန်လှောပြီးဖြစ်လေသည်။

ရှီမာယူယူသည် နောက်ဆုံးဆေးပညာကျမ်းစာအုပ်ကို ဖတ်ပြီး လေးလံ သောစိတ်ဖြင့် ပိတ်လိုက်သည်။

“ဘာမှမရှိဘူး” သူမ သက်ပြင်းချလိုက်သည်။

ကြည့်ရသည်မှာ ဝူလင်းယူပြောသည့် နည်းလမ်းတစ်ခုသာရှိတော့သည် ထင်သည်။

“ယူယူ လက်မလျော့နဲ့ နည်းလမ်းရှိမှာပါ” ရှီမာယိယွင်သည် သူမ စိတ်ပျက်နေသည်ကို မြင်သောအခါ နှစ်သိမ့်လေသည်။

“ဟုတ်တယ် ယူယူ စာအုပ်တွေရှိတဲ့ တခြားနေရာရှိဦးမှာပါ ဇွဲရှိသရွေ့ ငါတို့လုပ်နိုင်မှာပါ” ရှီမာချီချီ ဝင်ပြောလေသည်။

“အင်း” ရှီမာယူယူသည် သူတို့ကိုပြုံးပြပြီးပြောလိုက်သည် “နင်တို့တွေ ငါနဲ့တစ်ချိန်လုံး ဒီမှာရှိနေပေးတော အပြင်ကအခြေအနေရောဘယ်လိုနေလဲ”

“ဘာမှတော့မထူးပါဘူး ကျန်းမိသားစုကို လုံးဝအပြတ်ရှင်းလိုက်ပြီ၊ ကျန်းမိသားစုက အခု ငါတို့ရှေ့ကို ထပ်ပြီးပေါ်မလာတော့ဘူး” ရှီမာချီချီသည် ထိုသို့ဖြစ်သွားသည်ကို စိတ်ခံစားချက်ကောင်းနေသည်။

“ဒါ သတင်းကောင်းပဲ ဒါပေမဲ့ ကျန်းမိသားစုရှိရင်တောင် လီမျိုးနွယ်နဲ့ ဝမ်မျိုးနွယ်လို တခြားမျိုးနွယ်တွေက ငါတို့ဆီလာမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“မျိုးနွယ်ကို ဘေးကင်းစေချင်တယ်ဆိုရင် အရမ်းအားကောင်းဖို့လိုတယ်” ရှီမာယိယွင် ဆက်ပြောလေသည် “ပြောရင်းနဲ့ နင်က ကံကောင်းစေတဲ့ကြယ်ပွင့် လေးဆိုပြီး အကုန်လုံးပျံ့နေတယ်နော်”

“ငါက ဘယ်ကံကောင်းမှုရတနာမှမဟုတ်တာ ဘယ်လိုလုပ် ကံကောင်း စေတဲ့ ကြယ်ပွင့်ဖြစ်ရမှာလဲ”

“နင်က တကယ်မျိုးနွယ်ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးလေ” ရှီမာချီချီ ဆက်ပြောလေသည် “နင်ဒီကိုရောက်တာနဲ့ ရက်တစ်ရာအိပ်ဆေး အဆိပ်ကို ဖယ်ပေးလိုက်တယ်၊ အကြာကြီးခေါင်းကိုက်စေတဲ့ ကျန်းမိသားစု ပြဿနာကို ရှင်းပေးလိုက်တယ်၊ နင်ပြန်လာပြီး ငါတို့ကို အခွင့်အရေးပေးလိုက် တယ်လေ၊ နင်ကပဲ လနက်ရှိုင်းအသီးကိုရှာတွေ့လို့ ဘိုးဘေးကြီးလည်း အဆင့် တက်ရတယ်၊ ငါတို့က ကျန်းမိသားစုပြဿနာတွေကနေ ထွက်နိုင်သွားပြီ၊ ပြီးတော့ နင် မိသားစုနာမည်စာရင်းထဲဝင်လိုက်တာနဲ့ မျိုးနွယ်ရဲ့ ဆက်ခံမှုကို ရပြီး တချို့မျိုးနွယ်ဝင်တွေဆို အဆင့်တက်တာ အောင်မြင်သွားတယ်၊ ပြောပါ ဦး နင်က ကံကောင်းစေတဲ့ ကြယ်ပွင့်မဟုတ်ရင် ဘာလဲ”

ရှီမာချီချီ သူမကို တလေးတစားကြည့်နေပုံကို ရှီမာယူယူ မြင်သောအခါ ရယ်မောလိုက်သည် “နင်ပြောသလောက် တော်နေတာလည်းမဟုတ်ပါဘူး အကုန်လုံးက တိုက်ဆိုင်သွားတာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် နင်က ပြန်လာတာနဲ့ မျိုးနွယ်ကို ကောင်းတာတွေ သယ်လာတာပဲ” ရှီမာယိယွင် ပြောလိုက်သည်။

“အိုး ဟုတ်သားပဲ ယူယူ နင်ရလိုက်တဲ့ မျိုးနွယ်ရဲ့အမွေကဘာလဲ ငါတို့ကို ပြောလို့ရလား” ရှီမာချီချီသည် သိချင်စိတ်ဖြင့်မေးလေသည်။

“ချီချီမဟုတ်တာတွေ မပြောနဲ့” ရှီမာယိယွင်သည် တိုးညှင်းစွာ ဆူလိုက် သည်။

“ဘာတွေကြီးကျယ်လို့လဲ လျှို့ဝှက်ချက်ဆိုရင် ယူယူက ငါတို့ကို ပြောမှာ မဟုတ်ဘူးလေ၊ မဟုတ်လည်း သူမက စိတ်ဆိုးမှာမှမဟုတ်တာ ဟုတ်တယ် မလား ယူယူ” ရှီမာချီချီသည် ပြုံးပြီးပြောလိုက်သည်။

“ဒါပေမဲ့….”

“ယိယွင် နင်မသိချင်ဘူးလား” ရှီမာချီချီသည် သူမကို စကားဖြတ်ပြော လိုက်သည်။

ရှီမာယိယွင်သည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမလည်း သိချင်သည်။ ဒါပေမဲ့ ရှီမာယူယူကို အဲအကြောင်းနဲ့ပတ်သတ်ပြီး မျိုးနွယ်ခေါင်းဆောင်တောင် မမေးတာ သူမက ဘယ်လိုလုပ်သွားမေးမလဲ။

“တကယ်တော့ လျှို့ဝှက်ချက်လည်းမဟုတ်ပါဘူး” ရှီမာယူယူ ဆက်ပြော လေသည် “အဲတုန်းက ငါရခဲ့တာက စွမ်းအားတွေတိုးတက်သွားပြီး ဝိညာဉ် စွမ်းအင်သိုင်းအစုံလိုက်ပဲ”

ထိုစွမ်းအားအကြောင်းပြောရင်းနှင့် နှစ်ယောက်လုံးသည် ထိုအရာမှ ရလိုက်သည်မှာများသဖြင့် ရှီမာယိယွင်နှင့် သူမတို့သည် ပိုရင်းနှီးလာသည်။

“ငါတို့အမွေက တကယ်ပဲ ဝိညာဉ်သိုင်းအစုံလိုက်လား” ရှီမာချီချီသည် သံသယဖြင့်မေးလေသည်။

“ငါတို့ ဘိုးဘေးဘီဘင်တွေက ဒီဝိညာဉ်စွမ်းအင်သိုင်းနဲ့ ကမ္ဘာကြီးကို စိုးမိုးခဲ့တာ ဒါပေမဲ့ တဖြည်းဖြည်းဒီလိုဖြစ်သွားတယ်” ရှီမာယိယွင် သက်ပြင်းချ လေသည်။

“အဲဒီဝိညာဉ်စွမ်းအင်သိုင်း အစုံကဘာလဲ”

“အဲဒီဝိညာဉ်သိုင်းက ပေါင်းစပ်မှုပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့ မျိုးနွယ်မှာ သားရဲထိန်းကျောင်းသူသခင်တွေများလို့ ဝိညာဉ်သားရဲ လည်းအများကြီးရှိတယ်၊ ဝိညာဉ်သားရဲနဲ့ပေါင်းစပ်ပြီးတော့ တခြားသူနဲ့ယှဉ်ရင် ငါတို့ရဲ့တိုက်ခိုက်မှု အားလည်းတိုးလာတယ် အဲဒါကြောင့်ပဲ ကမ္ဘာကြီးကို လှုပ်ခါနိုင်တာ”

“ငါတို့မှာ သားရဲထိန်းကျောင်းသူသခင်တွေ နည်းသွားလို့ ကျဆုံးသွားတာ လား” ရှီမာချီချီ ခန့်မှန်းလိုက်သည်။

“အဲဒါတင်တော့မဟုတ်ဘူး” ရှီမာယူယူဆက်ပြောလေသည် “အရင်တုန်း က ပေါင်းစပ်တာက အခုနဲ့မတူတော့ဘူး”

“ဘာကွာသွားတာလဲ”

“အရင်တုန်းက ပေါင်းစပ်မှုသုံးလိုက်ရင် လူနဲ့ သားရဲကတစ်သားတည်း ဖြစ်သွားရုံတင်မကဘူး ရလဒ်ကပိုကောင်းလာပြီး နှစ်ယောက်ပေါင်းလိုက်တော့ မလွယ်လှဘူး၊ အခုပေါင်းစပ်တာက အရင်ကလိုမျိုး အဆီအနှစ်လိုနေတယ်” ရှီမာယူယူ ရှင်းပြလိုက်သည် “ငါတို့ ဒီကိုမလာခင်ကို ဒီဝိညာဉ်သိုင်းက ဘိုးဘိုးကြီးဆီကို လက်ဆင့်ကမ်းပြီးပြီ နင်တို့မကြားသေးလို့နေမှာ”

“ငါတို့မျိုးနွယ်ကို ပြန်ထူထောင်ချင်တယ်ဆိုရင် သားရဲထိန်းကျောင်းသူ သခင်တွေ ထပ်ရှာရမယ်ထင်တယ်” ရှီမာချီချီသည် စကားပွဲပေါ်တွင် လက်နှစ် ဖက်ထောက်ထားသည် “ငါတို့မှာ ဝိညာဉ်သားရဲတွေမရှိရင် အဲဒီဝိညာဉ်သိုင်းက အသုံးဝင်မှာမဟုတ်ဘူး”

“အဲဒါကိုစိတ်ပူဖို့မလိုပါဘူး မျိုးနွယ်ခေါင်းဆောင်စဉ်းစားပါလိမ့်မယ်” ရှီမာယိယွင်ပြောလေသည်။

ရှီမာယူယူသည် ဘာမှမပြောဘဲ ခေါင်းငုံ့နေသည်။

သူမသည် ရှီမာကျိယွင်ကို ဝိညာဉ်သိုင်းပေးလိုက်သော်လည်း အင်ပါယာ သားရဲကျမ်းကိုတော့ မပြောပြလိုက်ပေ။ ရှီမာမိသားစုသည် ထိုနှစ်ခုပေါင်းလိုက် လျှင် သေချာပေါက် ပြန်ထူထောင်နိုင်မည်ဟု သူမယုံကြည်သည်။

သို့သော် အင်ပါယာသားရဲကျမ်းသည် မိုရှားမှပေးထားခြင်းဖြစ်သဖြင့် သူ၏ ခွင့်ပြုချက်မရှိဘဲ တခြားသူများကို မပြောနိုင်ပေ။

မိုရှားကို စဉ်းစားမိရာ ဝူလင်းယူသွားလိုက်သည်မှာ ကြာပြီကို သူမ သတိရ သွားသည်။ စည်းမျဉ်းအရ သူသည် သူမကို ဆက်သွယ်သင့်သည်မှာကြာပြီဖြစ် သည်။ သူမကို ဘာလို့အကြာကြီး မဆက်သွယ်တာလဲ။

သူ ထပ်ပြီးမေ့မြောသွားပြန်ပြီလား။

မဟုတ်ဘူး သူ နိုးလာတာမှမကြာသေးတာ အခု အိပ်ပျော်သွားတာ မဖြစ်နိုင်ဘူး။

သူက ဇာမဏီနိဗ္ဗာန်မီးဆေးကိုသွားရှာတာကို ပညာရှိစံအိမ်တော်က မိသွားတာလား။

သို့သော် သူမ အတွေးကို ချက်ချင်းပင်ငြင်းဆန်လိုက်သည်။ သူသည် ဝူလင်းယူဖြစ်ရုံသာမကဘဲ နတ်ဆိုးလောက၏ဘုရင် မိုရှားလည်းဖြစ်သည်။ သူ့ အနားတွင် များစွာသောလူများရှိသည်။ ဘယ်လိုလုပ် သူ ပိတ်မိနေမှာလဲ။ ပြီးတော့ တိုင်းပြည်ကနေလည်း ဘာသတင်းမှလည်းမရဘူး။

သူမ ရုတ်တရက်ကြီးရယ်ခလိုက်သည်။ သူမ အတွေးလွန်နေပြီ။ လနည်းနည်းလောက် သူ သူမကိုမဆက်သွယ်တာနဲ့ပဲ အတွေးရိုင်းတွေဝင်နေပြီ။

***

All Chapters