အမွေမှ သံသယများ
Vol. 106 Ch. 1476
ရှီမာယူယူသည် သူမ ဖခင်နှင့်ပတ်သတ်သည့် အကြောင်းအရာများ ရှာ မတွေ့သဖြင့် အချိန်မဖြုန်းတော့ဘဲ မျိုးနွယ်၏ အမွေနှင့်ပတ်သတ်သည့်စာအုပ် များကိုသာ ရှာရန်သွားလိုက်သည်။
ရှီမာချီချီနှင့် ရှီမာယိယွင်တို့သည် သူမကို ကူညီပေးသည့်အချိန်တွင် သူမ ဘာကြောင့် မျိုးနွယ်၏ သမိုင်းကြောင်းကို စိတ်ဝင်စားသလဲဆိုသည်ကို သူတို့ သိချင်ကြသည်။ သူမ ရယ်မောပြီးပြောလိုက်သည် “ငါမျိုးနွယ်ကိုပြန်လာမှ တော့ မျိုးနွယ်အကြောင်းကို ကောင်းကောင်းနားလည်ထားဖို့လိုတယ်လေ”
သူတို့သည် သူမ ရှင်းပြချက်ကိုလက်ခံလိုက်ကြပြီး ထူထဲသောစာအုပ်များ ကိုရှာပေးကြလေသည်။
သူမ စာဖတ်ရန်လိုသည်နှင့် သူတို့ မကူညီစရာမရှိတော့သဖြင့် ထွက်သွား ကြလေသည်။
ရှီမာယူယူသည် စာအုပ်စုစည်းရေးအဆောင်တွင် တစ်ယောက်တည်း ကျန်ခဲ့ကာ သမိုင်းကြောင်းစာအုပ်များကို ဖတ်ပြီး ရက်အနည်းငယ်ကုန်ဆုံး လိုက်သည်။
“ဒါနဲ့ပတ်သတ်ပြီး အသေးစိတ်ရှင်းပြထားတာမရှိဘူး” သူမ နောက်ဆုံး စာအုပ်ဖတ်ပြီးသည်နှင့် သက်ပြင်းချလိုက်သည်။
သူမ လက်ဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် အဖြူရောင်ပူဖောင်းပေါ်လာ သည်။
ထိုအရာသည် အမွေဆီမှရထားသော အမွေဆက်ခံခြင်းစွမ်းအားမှ အသွင် ပြောင်းထားခြင်းဖြစ်သည်။ တိုက်ခိုက်မှုစွမ်းအားမရှိတော့သလို သူမခန္ဓာကိုယ် ထဲတွင် မည်သည့်အရာကိုမှ မခံစားရတော့ပေ။ သို့သော် သူမ ဆိုးရွားစွာ မိုးကြိုး အပစ်ခံရခြင်းသည် ထိုအရာကြောင့်ဖြစ်သည်ကို အာရုံခံမိသည်။
သို့သော် ထိုအရာသည် အသိဉာဏ်ရှိသည့်ပုံမပေါ်ပေ။ စွမ်းအားမရှိသည် ကိုလည်း သူမ မသိနိုင်တော့ပေ။
ထိုစွမ်းအားသည် အနာဂတ်တွင် ကြီးမားသောသက်ရောက်မှုရှိနိုင်သဖြင့် သူမ ဆိုးဝါးစွာမိုးကြိုးအပစ်ခံရသည်ဟု တိမ်တိုက်ဝိညာဉ်ပြောခဲ့သည်။ ထိုသည် မှာ သူမ စဉ်းစားမိသော တစ်ခုတည်းသော အကြောင်းအရင်းဖြစ်သည်။
ထိုအရာကို မျိုးနွယ်၏ အမွေဆက်ခံခြင်းမှရရှိထားသဖြင့် မျိုးနွယ်သမိုင်း ကြောင်းတွင် ဖော်ပြထားမည်ဟု သူမ တွေးခဲ့သည်။ ထို့ကြောင့် မျိုးနွယ်၏ သမိုင်းကြောင်းအားလုံးကို ဖတ်ခြင်းဖြစ်သည်။
အဆုံးတွင် စာအုပ်အားလုံးထဲတွင် ထိုအကြောင်းကို မဖော်ပြထားပေ။
အဲတော့ ဒါက ရှီမာမျိုးနွယ်က မဟုတ်ဘူးလား။ မဟုတ်ရင် အရင်ကရှိဖူး တာကို ချရေးမထားတာလား။
သူမ စဉ်းစားပြီးရင်းစဉ်းစားကာ စာအုပ်ကို သူ့နေရာအတိုင်းပြန်ထားပြီး ရှီမာချင်းကိုသွားရှာလိုက်သည်။
“ဘိုးဘေးကြီးဆီမှာရှိတဲ့ အားကောင်းတဲ့ပစ္စည်းကဘာလဲ” ရှီမာချင်းသည် စဉ်းစားနေရင်းနှင့် သူမကိုကြည့်လေသည် “အဲဒါက အားကောင်းတဲ့ပုံလည်း မပေါ်ဘူး၊ အားကောင်းတယ်ဆိုရင်လည်း ဝိညာဉ်သိုင်းတစ်ခုခုဖြစ်မှာပဲ ဘာ ပြဿနာရှိလို့လဲ”
“ဘာမှတော့မဟုတ်ပါဘူး ဘိုးဘေးကြီးဆီမှာရှိတာ ဘယ်လိုအားကောင်း တဲ့ပစ္စည်းမျိုးဖြစ်မလဲလို့ သိချင်ရုံပါ”
ရှီမာချင်းသည် ရှီမာမျိုးနွယ်တွင် အကြီးဆုံးဖြစ်သည်။ သူ ထိုအကြောင်း ကို မသိလျှင် တခြားသူများ မသိနိုင်ပေ။
ဒီပူဖောင်းလေးက ဘာဖြစ်မလဲ။
သူမ စဉ်းစားပြီးနောက်တွင်လည်း မည်သည့်အရာမှ ပေါ်မလာပေ။ ဒါဆိုလည်း ထားလိုက်ပါတော့… သူမက ဖြေရှင်းမရတဲ့ကိစ္စကို စွဲလမ်းတတ်တဲ့ သူမဟုတ်ဘူးလေ။
“အားနေရင် ဝိညာဉ်သိုင်းကို နားလည်အောင်သွားကျင့်လိုက်” ရှီမာချင်း ဆက်ပြောလေသည် “ဒီဝိညာဉ်သိုင်းက လက်ရှိ ရှိနေတဲ့ဟာထက် အများကြီး နက်ရှိုင်းတယ်၊ တချို့နေရာတွေမှာ နားလည်ဖို့ခက်တယ်၊ မင်းက အမွေရထား တဲ့သူဆိုတော့ ရေစက်ပါပြီးသားပဲ နားလည်သွားရင် လွယ်သွားမလားဆိုတာ ဘယ်သူသိနိုင်မလဲ”
ထိုလအနည်းငယ်အတွင်းတွင် ကျန်းမျိုးနွယ်၏ ပြဿနာကိုဖြေရှင်းခြင်း အပြင် မျိုးနွယ်သည် ဝိညာဉ်သိုင်း၏ ဉာဏ်အလင်းရရန်ကို အာရုံစိုက်ခဲ့သည်။ သို့သော် မည်သည့်ရလဒ်မှမရခဲ့ပေ။
“အဲဒီဝိညာဉ်သိုင်းကိုကြည့်ပြီးပြီ၊ ဒါပေမဲ့ တချို့နေရာတွေက ကျွန်မ သင်ခဲ့တာနဲ့ မတူတာတွေရှိတယ်၊ တချို့က တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတယ်၊ ကြည့်ရတာ ဒါကိုသင်ချင်ရင် အားလုံးရဲ့သဘောတရားတွေ ပြောင်းဖို့လိုမယ် ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါကို ဉာဏ်အလင်းရနိုင်ပါ့မလား မသိဘူး ဒါပေမဲ့ ကြိုးစားကြည့်မှာပါ”
“မင်းကိုယုံပါတယ်” ရှီမာချင်းသည် သူမကို လိမ္မာပါးနပ်သည်ဟု ခံစားမိ ကာ ပေါ့ပါးစွာပြုံးလိုက်သည်။
ဟင်း မိသားစုတစ်ခုလုံးက မြေခွေးအိုကြီးတွေပဲ။ သူမ စိတ်ထဲမှရေရွတ် ကာ သူမ ခြံဝန်းသို့ပြန်သွားလိုက်သည်။
သူမခြံဝန်း ဝင်ပေါက်သို့ရောက်သောအခါ မူစစ်သည် လူတစ်ယောက်နှင့် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် ရင်းနှီးနေ သည့်အတိုင်း ပျော်ရွှင်စွာ စကားပြောနေကြသည်။
အစပိုင်းတွင် ထိုလူသည် ရှီမာမျိုးနွယ်ဝင်ဟု ထင်လိုက်သည်။ သို့သော် အနီးကပ်ကြည့်လိုက်သောအခါ သူ၏ အဝတ်အစားသည် ရှီမာမျိုးနွယ်နှင့်မတူ ပေ။
မူစစ်သည် သူမကို မြင်လိုက်သောအခါ မျက်လုံးများအရောင်တောက် လာပြီး အရိုအသေပေးကာ ပြောလသေည် “ဆရာ ရောက်လာပြီလား တံခါး ပိတ်ကျင့်ကြံတာထွက်လာပြီလား”
“အင်း ထွက်လာပြီ အသုံးဝင်တာ ဘာမှရှာမတွေ့ပါဘူး” ရှီမာယူယူ အသာအယာ ခေါင်းညိတ်လိုက်သည် “ဒါက…”
“ရင်ရှန်းက သခင်မလေးယူယူကို နှုတ်ဆက်ပါတယ်” ထိုလူသည် မူစစ် မိတ်ဆက်ပေးသည်အထိ စောင့်ပြီး ရှီမာယူယူကို လက်အုပ်ချီကာ နှုတ်ဆက် လေသည်။
“ရင်မျိုးနွယ်ဝင်လား” ရှီမာယူယူ မျက်ခုံးများပင့်လိုက်သည်။ ရင်မျိုးနွယ်ဝင်က ဘယ်တုန်းက မူစစ်နဲ့ ရင်းနှီးသွားတာလဲ။
“ကျွန်တော်က လိမ္မော်သီးမြို့ဝန်အိမ်တော်က ဘဏ္ဍာထိန်းပါ” ရင်ရှန်း ပြောလိုက်သည်။
ထိုအခါမှပင် သူသည် ရင်လန်ကို လာရှာြခင်းဖြစ်ကြောင်းကို သိသွား တော့သည်။
“ရင်လန်ရှိသေးတာလား” သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ခန့်မှန်း လိုက်သည်။
“ဟုတ်ပါတယ်၊ သူက သခင်မလေး တံခါးပိတ်ကျင့်တာ ထွက်လာတာကို စောင့်ပြီး ထွက်မသွားသေးတာပါ… အစ်ကိုကြီးရှန်းက သူ့ကိုလာလာပြီး သတင်းပို့ရပါတယ်” မူစစ် ရှင်းပြလေသည်။
“ရှီမာမျိုးနွယ်ကို သူ့အိမ်တော်ထင်နေတာလား” ရှီမာယူယူသည် တိုးညင်းစွာပြောလိုက်သည်။ “မင်းတို့အပြင်သွားကြတော့မလို့လား ဒါဆိုရင် မင်းတို့ကိုမနှောင့်ယှက်တော့ဘူး”
“ဒါဆိုရင် ရင်ရှန်းကိုခွင့်ပြုပါဦး” ရင်ရှန်းသည် လက်သီးဆုပ်နှုတ်ဆက် ကာ ထွက်သွားတော့သည်။
“ဆရာ ကျွန်တော် သူ့ကိုလိုက်ပို့လိုက်ဦးမယ်” မူစစ်သည် ရှီမာယူယူ တံခါးပိတ်ကျင့်ကြံသည်မှ ထွက်လာသည်ကိုမြင်သည်နှင့် အပြုံးပန်းပွင့်နေ သည်။
“သွားလေ ခဏနေရင် မင်းအိမ်စာတွေကို စစ်မယ်” ရှီမာယူယူ ပြောလိုက် သည်။
သူမ ပြောသည့်အိမ်စာဆိုသည်မှာ ထိုလအနည်းငယ်အတွင်းတွင် သူ၏ ကျင့်စဉ်အခြေအနေကို ပြောခြင်းဖြစ်သည်။
“ဟုတ်ကဲ့ မကြာခင်ပြန်လာပါမယ်” မူစစ်သည် ပေါ့ပါးသောခြေလှမ်းများ ဖြင့် အမြန်ထွက်သွားကာ သူ၏ နောက်ကျောပြင်ကိုကြည့်ပြီး ရှီမာယူယူ ပြုံးမိ သည်။ သူမ လှည့်ပြီး ခြံဝန်းဆီသို့သွားကာ ဖြေရှင်းရန်လိုသည့်လူကို သွားရှာ လိုက်သည်။
ရင်လန်သည် သူမ အိမ်တွင်ရှိကာ ခုံတန်းရှည်တွင် လှဲလျောင်းပြီး ဝိညာဉ် အသီးကို အားရစွာစားသောက်နေသည်။
ပင်မတံခါးမှပွင့်နေကာ ရှီမာယူယူ ခြံဝန်းသို့လာသည်နှင့် သူ သူမကို မြင် နေရသည်။
“ဒီမှာတော်တော်ပျော်နေတာလား ဟင်” ရှီမာယူယူသည် နှုတ်ခမ်းတွန့် လိုက်သည်။ “ရှင့်အိမ်ကို ရှီမာမျိုးနွယ်ကို ပြောင်းလာဖို့ စိတ်ကူးနေတာလား”
“မင်းပြန်မလာတာ ကြာနေတဲ့ မင်းရဲ့ရှီမာမျိုးနွယ်ပဲ” ရင်လန်သည် အစေ့ နှစ်စေ့ကိုထွေးလိုက်ရာ ထိုအစေ့များသည် အမှိုက်ပုံးထဲသို့ အတိအကျပင် ကျ သွားလေသည်။
“အဲဒါတွေ ပြောမနေနဲ့” ရှီမာယူယူသည် ခုံယူပြီးထိုင်လိုက်သည် “ရှင်က ကျွန်မ သူငယ်ချင်းဖြစ်လို့ ဘိုးဘိုးကြီးက နှင်မထုတ်ရဲတာလား”
“အဲလောက်ကြီး စိမ်းကားတာတွေ မပြောပါနဲ့” ရင်လန် ဆက်ပြောလေ သည်။ “သဘောကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ငါ့ကိုနားလည်အောင်လုပ်ပေး မယ်ဆိုတဲ့စကားကို မှတ်ထားပြီး မင်းနောက်ကိုလိုက်နေတာလို့ ပြောပြီးပြီ လေ”
“ရှင် တအားပျင်းနေတာလား” ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြ လိုက်သည် “လိမ္မော်သီးမြို့တော်မှာ ဖြေရှင်းစရာကိစ္စမရှိတော့ဘူးလား ရင်မျိုးနွယ်က ရှင့်ကိုမရှာဘူးလား”
“တကယ်တော့ ပြဿနာတွေရှိပါတယ်၊ ဒါပေမဲ့ မင်းတံခါးပိတ်ကျင့်ကြံ တာထွက်လာရင် မင်းကိုပါ ခေါ်သွားမလို့လုပ်ထားတာ”
“ဘာဖြစ်လို့လဲ”
“မင်းက ဝိညာဉ်ရှာဖွေသူသခင်မလား၊ သတ္တုကြောတွေကို စိတ်ဝင်စား လား” ရင်လန် မေးလိုက်သည်။
“သေချာတာပေါ့၊ သတ္တုကြောရှာပြီးတော့ ကျွန်မကို ပေးချင်လို့လား” ရှီမာယူယူ မေးလိုက်သည်။
“သေချာတာပေါ့” ရင်လန်သည် ပွင့်လင်းစွာဖြေလိုက်သည်။ ထိုသည်မှာ သတ္တုကြောရိုင်းတစ်ခုသာဖြစ်ကာ သူမ အပြုံးအတွက်တော့ ထိုက်တန်သည်။
“ထားလိုက်ပါတော့” ရှီမာယူယူ ငြင်းဆန်လေသည် “သတ္တုကြောက ဘာဖြစ်လို့လဲ”
“သတ္တုကြောမဟုတ်ဘူး သတ္တုဧရိယာပဲ၊ ရှေးဟောင်းသတ္တုဧရိယာ မင်း စိတ်ဝင်စားလား”
“ရှေးဟောင်း သတ္တုဧရိယာဟုတ်လား” ရှီမာယူယူသည် ငေးငိုင်သွားကာ အသက်ရှုနှုန်းများမြန်လာသည် “တကယ်ပြောနေတာလား”
“ဒါပေါ့ သွားကြည့်ဖို့စိတ်ဝင်စားလား”
“တကယ်ပဲ ရှေးဟောင်းသတ္တုဧရိယာဆိုရင် သွားကြည့်ဖို့ကောင်းတာ ပေါ့”
“ဒါဆို ကိစ္စပြတ်ပြီ ငါ မင်းကိုခေါ်သွားမဖယ်…”
“သူမ သွားချင်ရင် ငါနဲ့သွားလိမ့်မယ် အဲဒါကိုမင်းစိတ်ပူဖို့မလိုပါဘူး” ဝူလင်းယူအသံထွက်လာရာ ရှီမာယူယူ၏ မျက်လုံးများတောက်ပသွားပြီး နှုတ်ခမ်းမှာ အလိုလိုပင် တွန့်သွားမိသည်။
***